Platinum Super Hide IP 3.2.8.2 Final


 ကျနော့် Blog မှာ တင်မပေးဖူးသေးတဲ့ ဆော့ဝဲလ်လေးမို့ ကျနော်လည်း စမ်းသုံးချင်နေတာ ကြာပါပြီ..။ မကြုံကြိုက်ခဲ့ပါ..။ မနေ့ကတော့ သူငယ်ချင်းတစ်ယောက်က ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ရှာခိုင်းနေလို့ ကျနော်စမ်းသုံးရင်း အဆင်ပြေတဲ့အတွက် ဒီ Platinum Super Hide IP 3.2.8.2 Final ဗါးရှင်းလေးကို အားလုံးလည်း အသုံးပြုလို့ ရအောင် ဒီနေ့တော့ ပြန်လည် မျှဝေပေးလိုက်ပါတယ်..။ 
ဒီကောင်လေးက မိမိတို့ အသုံးပြုနေတဲ့၊ IP လို့ခေါ်တဲ့ အင်တာနက်လိပ်စာတွေကို ဖျောက်ထားပေးနိုင်ပါတယ်..။ တနည်းအားဖြင့် တခြားနိုင်ငံတခုရဲ့ IP လိပ်စာကို အစားထိုးပေးနိုင်တဲ့ IP ပြောင်းပေးနိုင်တဲ့ ကောင်လေးပါ..။ လိုအပ်တဲ့သူတွေအတွက် ဒီကောင်လေးက အတော်လေးအသုံးဝင်တဲ့ ဆော့ဝဲလ်လေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ Antivirus တွေကို ပိတ်ထားပြီးမှ ဒီ patch ဖိုင်လေးကို ဖွင့်သုံးလို့ ရပါလိမ့်မယ်..။ patch နဲ့ ဖူးလုပ်နည်းကတော့ အားလုံးလည်း သိပြီးလောက်ပြီမို့ အများကြီး မပြတော့ပါဘူး..။ IDM ဖူးလုပ်နည်းနဲ့ အတူတူပါပဲ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အောက်မှာကျနော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.6 MB ပဲ ရှိပါတယ်..။

ပါတ်စ်ဝါ့ဒ်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ဆော့ဝဲလ်တွေ ဒေါင်းယူလို့ အဆင်မပြေသေးတဲ့ သူများကတော့ Blog ညာဘက်မှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်ကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။


 Install ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း ပိတ်ပြီး patch နဲ့ အရင် ဖူးသုံးလို့ ရအောင် လုပ်ပေးလိုက်ပါ..



အပေါ်ပုံမှာ patch စာသားကို နှိပ်လိုက်ရင် နောက်ထပ်ပေါ်လာတဲ့ ဘောက်စ်ထဲမှာ ဒီကောင်လေး Install ဝင်တဲ့ နေရာထိ လိုက်ပြီး ပုံမှာ ပြထားတဲ့ ကောင်လေးကို တချက်ကလစ် Open ပေးလိုက်ရင် patch ဖမ်းပြီးသားဖြစ်သွားလို့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ 
ဖူးသုံးလို့ ရသွားရင်တော့ ဒီကောင်လေးကို ဖွင့်လိုက်ပါ..။ အောက်ကပုံမှာ မိမိတို့ရဲ့ IP လိပ်စာက ဘယ်လောက်လဲဆိုတာ အရင်ကြည့်တတ်အောင် Check IP Info ကိုနှိပ်လိုက်ပါတယ်..။ ဒါဆိုရင်တော့ အောက်ဒုတိယ ပုံအတိုင်း မြင်ရမှာပါ..။



ဒီကောင်လေးကို Update မတက်အောင် အောက်ကပုံလေးအတိုင်း သွားပိတ်ထားလိုက်ပါ..။



အပေါ်ပုံမှာ မြင်နေရတဲ့ Real IP ကို Fake IP ဖြစ်အောင် အောက်ကပုံအတိုင်း သွားပြောင်းလိုက်ပါတယ်..။  ဒီအောက်ကအကွက်ထဲမှာ မိမိတို့ IP ပြောင်းသုံးလိုတဲ့ နိုင်ငံကို ရွေးပြီး OK ပေးလိုက်ယုံပါပဲ..။



Fake IP ပြောင်းထားလိုက်ပြီဖြစ်လို့ Check IP Info ကနေ သွားကြည့်လိုက်ရင် အောက်ကပုံအတိုင်း မြင်နေရပါပြီ..။


ကျနော်က IP ပြောင်းလိုက်တာ တကယ်ဟုတ်၊ မဟုတ်.. ပိုပြီး သေချာအောင် အောက်ကပုံအတိုင်း ကျနော့် Blog ကို ဖွင့်ကြည့်လိုက်ပါတယ်..။ ပုံမှာ မြင်နေရတဲ့အတိုင် လက်ရှိနိုင်ငံအလံမပေါ်တော့ပဲ ကျနော်ပြောင်းသုံလိုက်တဲ့ နိုင်ငံအလံနဲ့ စာသားပါပြောင်းသွားတာ မြင်နေရပါပြီ..။




ဒါကတော့ နောက်နိုင်ငံတခုနဲ့ ဝင်ကြည့်တာပါ..။ မကြာခဏဆိုသလို အဲ့ဒီနိုင်ငံတွေရဲ့ IP လိပ်စာတွေလဲ ပြောင်းလဲပေးနေတာ မြင်ရပါတယ်..။ 


နောက်တခုကတော့ လိုအပ်ရင် လိုင်းပေါ်တက်လို့ မရတတ်တဲ့အခါမျိုးတွေမှာ အောက်ကပုံအတိုင်း Antivirus တွေနဲ့ FireWall တွေကို ပိတ်ထားပြီးမှ ဒီ IP ပြောင်းသုံးတဲ့ ကောင်လေးကို အသုံးပြုလို့ ရနိုင်မှာ ဖြစ်ပါတယ်..။ 


ဒါဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...