Folder Colorizer 1.3.2 Final

 မိမိတို့ ဝင်းဒိုးထဲမှာ ရှိတဲ့ ဖိုင်အဝါရောင်တွေကို ဒီဆော့ဝဲလ်လေးနဲ့ ဝါစိမ်းနီပြာ ခရမ်း စသဖြင့် အရောင် မျိုးစုံ ပြောင်းထားလို့၊ အသုံးပြုလို့ ရပါတယ်..။ ဒီကောင်လေးက ဖရီးဆော့ဝဲလ်လေး ဖြစ်ပြီး Install ထည့်ပြီးတဲ့ အခါမှာတော့ ပျောက်သွားပါတယ်..။ Desktop မှာလည်း Icon မပေါ်ပါဘူး..။ ဒါပေမယ့် Right Click Menu မှာတော့ ဒီဆော့ဝဲလ်လေးက ပေါ်နေမှာပဲ ဖြစ်ပါတယ်..။ ဒါဆိုရင်တော့ ကျနော်တို့ ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဖိုင်တွေ၊ ဖိုဒါတွေကို အရောင် အမျိုးမျိုးနဲ့ ဒီဇိုင်းတမျိုး ပြောင်းကြည့်လိုတဲ့၊ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1 MB ပဲ ရှိပါတယ်..။




Windows 8 မှာ ဖိုဒါတွေကို အကြီးအသေး စသဖြင့် ပြောင်းယူလိုရင်တော့ အပေါ်ကပုံအတိုင်း လုပ်ပေးလိုက်ပါ..။ ဒီဆော့ဝဲလ်ကို install ထည့်ပြီး အသုံးပြုတဲ့ အခါမှာတော့ မိမိတို့ အရောင်ပြောင်းလဲ လိုတဲ့ ဖိုင်တခုပေါ်မှာ Right Click ထောက်ပြီး အောက်ကပုံလေးအတိုင်း အရောင်တွေ ရွေးယူသုံးလို့ ရပါတယ်..။ ချက်ချင်း အရောင် မပြောင်းခဲ့ရင် ပိတ်ပြီး ပြန်ဖွင့်ပါ.. သို့မဟုတ် နောက်ပြန်ဆုတ်ပြီးမှ ပြန်ဝင်လိုက်ရင် ဖိုင်တွေ အရောင် ပြောင်းနေတာကို အောက်ကပုံလေးတွေ အတိုင်း မြင်ရပါပြီ..။ မူရင်းအရောင်တွေကို ပြန်လိုချင်ရင်တော့ မျှားအပြာပြထားတဲ့ စာသားလေးကို တချက်ကလစ်ပေးလိုက်ပါ..။ အဆင်ပြေပါတယ်..။ 


အောက်ကပုံလေးအတိုင်း ပေါ်လာရင်တော့ အမှန်ခြစ်ပေးပြီး ပိတ်ပစ်လိုက်ပါ..။ အားလုံးပဲ အဆင်ပြေပါစေ..။

2 comments:

  1. ဒေါင်းမရဘူးဗျာအကို ကူညီပါအုံး အီးမေလ်တွေဘဏ်ကတ်တွေတောင်းနေတယ်ဗျ

    ReplyDelete
  2. ဒေါင်းလို့မရပါကူညီပါအုံး

    ReplyDelete