Ashampoo Slideshow Studio HD 3.0.0.17 Beta Final

 ဓါတ်ပုံဆလိုက်ရှိုးတွေ ဖန်တီးလိုရင်တော့ ဒီ Ashampoo Slideshow Studio နဲ့လည်း အသုံးပြုရ အဆင်ပြေစေပါတယ်..။ မိမိတို့ရဲ့ ဓါတ်ပုံတွေကို နောက်ခံသီချင်းလေးတွေထည့်ပြီး ဖန်တီးယူလို့ ရပါတယ်..။ ဒီကောင်လေးကို အလွယ်တကူ အသုံးပြုတတ်အောင်နဲ့ ဖူးသုံးလို့ရအောင် crack ဖိုင်ထည့်တတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 27 MB ရှိပါတယ်..။




Install ထည့်ပြီးရင် ပိတ်ပစ်လိုက်ပါ..။ အောက်ကပုံမှာ ပြထားတဲ့ crack ဖိုင်လေးကို copy ယူပြီး C: ထဲက ဒီကောင်လေးရဲ့ ဖိုဒါလေးထဲမှာ ထည့်ပေးလိုက်ပါ..။


ဒီကောင်လေးရဲ့ C: ထဲက ဖိုဒါလေးကို အောက်ကပုံလေးအတိုင်း ဖွင့်ပါတယ်..။


ပြီးရင်တော့ crack ဖိုင်လေးကို အောက်ကပုံလေးအတိုင်း paste နဲ့ ထည့်ပေးလိုက်ပါ..။




အပေါ်ပုံအတိုင်း crack ဖိုင်လေး ရောက်သွားရင်တော့ ပိတ်ပစ်လိုက်ပါ..။ ပြီးရင် အောက်ကပုံမှာ ပြထားတဲ့ x64 / x86 ဖိုင်၂-ခုမှ မိမိတို့ ဝင်းဒိုးဗါးရှင်းနဲ့ ကိုက်ညီတဲ့ ဖိုင်လေးကို ၂-ချက်တောက် Run ပေးလိုက်ပါ..။ ကျနော့်စက်က 64-bit ဖြစ်တဲ့အတွက် x64 ကို အသုံးပြုပါတယ်..။ 32-bit ဝင်းဒိုးတွေကတော့ x86 ကို အသုံးပြုပါ..။




အပေါ်ပုံလေးတွေအတိုင်း Yes >> OK ပေးပြီးရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အောက်ကပုံအတိုင်း ဖွင့်ပြီး အသုံးပြုပါတယ်..။




အပေါ်ပုံမှာ No ပေးပါတယ်..။ ကျနော်တို့ ကြိုက်တဲ့ပုံတွေကိုပဲ ရွေးထည့်မှာ ဖြစ်လို့ပါ..။ အောက်ကပုံလေးအတိုင်း ကလစ်ပြီး ပုံတွေကို ယူထည့်ပါ..။ ပုံတွေကို ကြိုက်တဲ့ပုံ တပုံချင်းစီ စလက်ပေးလိုရင်တော့ ကီးဘုတ်မှ Ctrl ကီးကို ဖိထားပြီးမှ မိမိတို့ ကြိုက်တဲ့ ပုံတွေကို တခုစီ ကလစ်ရင် အဆင်ပြေပါတယ်..။




ပုံတွေ ထည့်ပြီးရင်တာ့ Music ကနေ မိမိတို့ ကြိုက်တဲ့ MP3 သီချင်းကို ယူထည့်ပေးလိုက်ပါ..။


မျှားအပြာနဲ့ ပြထားတဲ့ အောက်ကပုံနေရာမှာတော့ Effects တွေကို ထည့်သုံးလို့ ရပါတယ်..။ ဒီအပိုင်းကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ လေ့လာကြည့်ပေးပါ..။


အောက်ကပုံလေးအတိုင်း Video ဆလိုက်ရှိုးဖိုင် ထုတ်လို့ရသွားပါပြီ..။



မထုတ်ခင် ကြည့်လိုရင်တော့ အပေါ်ပုံအတိုင်း ကလစ်ပြီး ကြည့်နိုင်ပါတယ်..။





Produce စာသားကို နှိပ်လိုက်ရင်တော့ Video ဆလိုက်ရှိုးကို အောက်ကပုံတွေအတိုင်း ထုတ်ပေးပါပြီ..။ 100% ပြည့်တဲ့အထိ စောင့်နေပေးလိုက်ပါ..။


ပြီးသွားရင်တော့ အပေါ်ပုံက နေရာကို ကလစ်ပြီး Video ဖိုင်ကို ကြည့်လို့ ရသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

No comments:

Post a Comment