Skype 6.13.0.104 Final (Off-Line Installer)

Skype နောက်ဆုံး Update လေးကို ဒေါင်းယူပြီး သိမ်းထားခြင်းဖြင့် အလွယ်တကူ အင်တာနက် မရတတ်တဲ့ နေရာတွေမှာ ဒီကောင်လေးကို Install ထည့်ထားလို့ အဆင်သင့် အသုံးပြုဖို့ အဆင်ပြေစေပါတယ်..။ အင်တာနက်မှာ လိုက်ရှာ ဒေါင်းယူရင်တော့ ဒီကောင်လေးရဲ့ ဒေါင်းလော့ဒါလေးကိုပဲ ရမှာ ဖြစ်ပြီး၊ အသုံးပြုလိုတဲ့ အခါတိုင်း အင်တာနက်ကနေ ၎င်းဒေါင်းလော့ဒါလေးနဲ့ ဒေါင်းယူပြီးမှ အသုံးပြုလို့ ရတာပါ..။ ဆော့ဝဲလ်ဖိုင်ကိုလည်း ပြန်သိမ်းလို့ မရပါဘူး..။ အခု ဒီ Off-Line ဆော့ဝဲလ်လေးကတော့ တခါဒေါင်းယူပြီး သိမ်းထားခြင်းဖြင့် အင်တာနက်မရှိလည်းပဲ မိမိတို့ရဲ့ စက်ထဲကို Install ထည့်ထားလို့ ရပါတယ်..။ နောက်တခုက အရင် Skype ဗါးရှင်းတွေကို အသုံးပြုနေဆဲပဲ ဆိုရင်တော့ ဖွင့်လိုက်တဲ့ အခါတိုင်း အလိုလိုရပ်ရပ်သွားတတ်ပါတယ်..။ အဲ့လိုဖြစ်နေတဲ့ စက်တွေမှာတော့ ဒီလို Skpye နောက်ဆုံး Update လေးကို Install ထပ်ထည့်ပေးလိုက်ရင် ပြန်လည် အသုံးပြုလို့ ရသွားပါလိမ့်မယ်..။
Skype ဆော့ဝဲလ်လေးက Video Call / Voice Call နဲ့ Chatting တွေပါ အဆင်ပြေလို့ လူသုံးများ၊ လူကြိုက်များတဲ့ ဖရီးဆော့ဝဲလ်လေး တစ်ခုပါပဲ..။ ပိုပြီးလူကြိုက်များစေတဲ့ အချက်ကတော့ ကွန်ပျူတာကနေ (သို့မဟုတ်) ဖုန်းအချင်းချင်း ၊ WIFI သုံးလို့ရတဲ့ ဖုန်းတွေနဲ့ပါ Skype အကောင့်ရှိယုံနဲ့ ဆက်သွယ်လို့ရတဲ့အတွက်၊ Chat လို့ရတဲ့အတွက် သုံးဖူးသူတိုင်း ကြိုက်ကြပါတယ်..။ Skype အကောင့် ဖွင့်တတ်အောင်နဲ့ မြန်မာစာ ရေးလို့ရအောင် ဖေါင့်ပြောင်းပေးရမယ့် နေရာတွေကို အရင်ပိုစ့်တခုမှာ ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပါတယ်..။ Skype အကောင့် မဖွင့်တတ်သေးသူများနဲ့ မြန်မာစာပေါ်အောင် မလုပ်တတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို  ဒီနေရာကနေ ပြန်ကြည့်နိုင်ပါတယ်..။  ဒီနောက်ဆုံးထွက် Skype ဗါးရှင်းကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 34 MB ရှိပါတယ်..။


(OR)


No comments:

Post a Comment