Internet Cyclone 2.19 Final

ဒီကောင်လေးက နောက်ဆုံးထွက် Update ဖြစ်ပြီး Internet ဆွဲအားကို 200% ထိပိုပြီး ဆွဲပေးနိုင်တယ်လို့ သူ့ဆိုဒ်မှာ ရေးထားပါတယ်..။ ဆွဲအားပိုကောင်းတော့ လိုင်းပိုမြန်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ..။ ဟုတ်မဟုတ် မိမိတို့ ကိုယ်တိုင်သာ စမ်းသုံးကြည့်ကြပါ..။ မိမိတို့ အသုံးပြုတဲ့ အင်တာနက်လိုင်း အမျိုးအစားပေါ်မူတည်ပြီး ရွေးပေးရပါမယ်..။ MODEM (Dial-Up) နဲ့လား ၊ ISDN (WIFI ကိုဆိုလိုတာပါ) နဲ့လား၊ CABLE / DSL နဲ့လားဆိုတာ ရွေးပေးပြီး Optimize တချက်ကလစ်ပြီး ပေါ်လာတဲ့ ဘောက်စ်ထဲမှာ OK နှိပ်ပေးလိုက်ရင် အင်တာနက်ဆွဲအား ပိုမြန်လာပါလိမ့်မယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အရင်က အသုံးပြုနည်းပိုစ့်မှာ (ဒီမှာ)  Video ဖိုင်လေးနဲ့အတူ ပြန်လည် လေ့လာကြည့်နိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ ဒီနောက်ဆုံးထွက်လေးကို ဖူးသုံးလို့ ရအောင် keygen လေးနဲ့ လုပ်ပြပေးထားပါတယ်..။ ကီးတွေကိုလည်း Notepad လေးနဲ့ ရေးထည့်ပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1 MB ပဲရှိပါတယ်..။
 
 
Install ထည့်ပြီးရင်တော့ အောက်ကပုံလေးအတိုင်း ဖွင်ြ့ပီး ကီးတွေကို ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။
 





 
 အောက်ဆုံးပုံလေးအတိုင်း Registered စာသားလေး ပေါ်လာရင်တော့ ဖူးသုံးလို့ ရသွားပါပြီ..။ အရင်ပိုစ့်မှာ Video ဖိုင်လေးနဲ့ပါ တွဲတင်ပေးထားလို့ ပြန်လည်လေ့လာရင်း အဆင်ပြေကြပါစေ..။

2 comments: