Internet Cyclone v2.03 , v2.12 and v2.14


20 Jul 12, 09:34 AM
ကိကိ: အကိုေ၇.....ပူဆာဦးမယ်နော်.....Internet cyclone 2.14 လေး၇ချင်လို့ ပါ...ကွန်အ၇မ်းစုတ်လို့ ပါ
တောင်းထားတဲ့လူရှိလို့ လိုက်ရှာရင်း ရလာတာလေးတွေ တင်ပေးလိုက်ပါတယ်..။ Internet ဆွဲအားကို 200% ထိပိုပြီး ဆွဲပေးနိုင်တယ်လို့ သူ့ဆိုဒ်မှာ ရေးထားပါတယ်..။ ဆွဲအားပိုကောင်းတော့ လိုင်းပိုမြန်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ..။ ဟုတ်မဟုတ် မိမိတို့ ကိုယ်တိုင်သာ စမ်းသုံးကြည့်ကြပါ..။ မိမိတို့ အသုံးပြုတဲ့ အင်တာနက်လိုင်း အမျိုးအစားပေါ်မူတည်ပြီး ရွေးပေးရပါမယ်.. MODEM (Dial-Up) နဲ့လား ၊ ISDN (WIFI ကိုဆိုလိုတာပါ) နဲ့လား၊ CABLE / DSL နဲ့လားဆိုတာ ရွေးပေးပြီး Optimize တချက်ကလစ်ပြီး ပေါ်လာတဲ့ ဘောက်စ်ထဲမှာ OK နှိပ်ပေးလိုက်ရင် စက်ပိတ်ပြီး ပြန်ပွင့်လာတဲ့အခါ အင်တာနက်ဆွဲအား ပိုမြန်လာပါလိမ့်မယ်..။  Internet Cyclone 2.03 မှာ Serial Key လေးပါပါတယ်..။ Internet Cyclone 2.12 မှာတော့ Patch ဖိုင်လေးပါပါတယ်..။ Internet Cyclone 2.14 မှာတော့ ဘာကီးမှ မပါပါဘူး.. အရင်ဆုံး 2.03 ကို Install ဆွဲထည့်ပြီးရင် သူ့ထဲမှာ ပါတဲ့ ကီးလေးကို ထည့်ပေးလိုက်ပါ..။ ဖူးဖြစ်သွားရင် ၎င်း Internet Cyclone 2.03 ကို Uninstall နဲ့ ပြန်ထုတ်လိုက်ပါ..။ Uninstall နဲ့ ထုတ်ပြီးရင် သူ့ရဲ့ဖိုဒါလေးကျန်နေတဲ့ စီထဲမှာ သွားပြီး Internet Cyclone လို့ရေးထားတဲ့ ဖိုဒါလေးကို (Local Disk (C:) >> Programs Files >>  Internet Cyclone ဖိုဒါကို) Delete နဲ့သွားဖျက်ပေးလိုက်ပါ..။ ပြီးမှတခြား ဗါးရှင်းတွေကို Install ဆွဲထည့်လိုက်ရင် 2.12 ရော၊ 2.14 ပါ Registered ဆိုတဲ့ စာသားလေးနဲ့ ဖူးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်..။ လိုအပ်ရင်သုံးဖို့ 2.12 အတွက် Patch ဖိုင်လေးနဲ့ Serial Key အပိုလေးပါ  2.12 နဲ့ 2.14 ဖိုင်တွေထဲမှာ ထည့်ပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 1 MB တောင်မပြည့်ပါဘူး..။ စမ်းသုံးကြည့်ချင်တဲ့ သူများကတော့ အောက်ကလင့်တွေမှာ ယူထားလိုက်ပါဗျာ.. ကီးထည့်ရမယ့်နေရာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..

 Internet Cyclone 2.03 (932 kb)

 Internet Cyclone 2.12 (1 MB)

 Internet Cyclone 2.14 (934 kb)

Internet Cyclone v2.12 မှာ ဆော့ဝဲလ်ကို Install ဆွဲပြီး Keygen ကို၂ချက်တောက် ဖွင့်ရင် ဖူးဖြစ်နေပါတယ်..။ (အောက်ပုံ) ဆော့ဝဲလ်ရဲ့ ရှော့ကပ်နဲ့ ဖွင့်ရင် ဖူးမဖြစ်ပါဘူး.. ( အောက် ဒုတိယပုံ)



ဒီအောက်ကပုံလေးကတော့ Install ဆွဲတဲ့ အခါ ပေါ်လာတဲ့ ဘောက်စ်လေးမှာ မိမိတို့ကြိုက်သလို ဖြည့်ပေးလိုက်ပါ..။


အောက်ကပုံတွေကတော့ Internet Cyclone v2.03 မှာ ဖူးဖြစ်အောင် သူ့ထဲမှာ ပါတဲ့ ကီးနဲ့ လုပ်ပြထားပါတယ်.. 





အသုံးပြုရမယ့် ပုံလေးကတော့ အပေါ်ကပုံလေးအတိုင်းပါပဲ..။ ကျနော်က Wifi နဲ့ သုံးနေလို့ ISDN ကို ရွေးပေးလိုက်ပါတယ်..။ Yes ကိုနှိပ်ပေးလိုက်ရင် စက်ပိတ်ကျပြီး ပြန်ပွင့်လာရင် Internet ဆွဲအား 200% ပိုတက်လာပါလိမ့်မယ်တဲ့.. သူ့ဆိုဒ်မှာ ရေးထားတာပါ..။ အောက်မှာတော့ Video ဖိုင်လေးပါ ချိတ်ပေးလိုက်ပါတယ်..။


အဆင်ပြေကြပါစေ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...