Windows 8.1 အသုံးပြုသူများအတွက် USB Pendrive (or) SD Card ဖြင့် Recovery Files ပြုလုပ်ဖန်တီးနည်း

 ကျနော် စာမရေးတာ ကြာသွားလို့ ကျနော့် Reader တွေလည်း ပိုစ့်တွေ မျှော်နေလောက်ပြီ ထင်ပါတယ်..။ ကျနော်အသုံးပြုနေတဲ့ အင်တာနက်က ဖိုင်တွေတင်လို့ အဆင်မပြေတာရယ် ၊ တခြား အကြောင်းလေးတွေကလည်း အနည်းငယ် ရှိနေလို့ စာမရေးဖြစ်တာပါ..။ မကြာခင်တော့ ပိုစ့်တွေ ပြန်လည်တင်ပေး နိုင်လိမ့်မယ် ထင်ပါတယ်..။ ဒီနေ့ လုပ်နည်း ပိုစ့်လေးကတော့ Windows 8.1 အသုံးပြုသူများအတွက်ပါ..။
Windows 8.1 တွေမှာ ဝင်းဒိုးပျက်သွားတဲ့အခါ ပြန်လည်ပြီး Repair နဲ့ Image Files တွေ ပြန်လည် Restore ပြုလုပ်နိုင်ဖို့အတွက် ဒီ Recovery လုပ်နည်းလေးကလည်း တတ်ထား၊ သိထားသင့်တဲ့ နည်းလေးတခုပါပဲ..။ ဒီနည်းကို ပြုလုပ်ဖန်တီးယူဖို့အတွက် ဆိုဒ်အသေးဆုံးဖြစ်တဲ့ USB Pendrive တစ်ချောင်း (သို့မဟုတ်) 512 MB ရှိတဲ့ SD Card တခုတော့ ရှိဖို့ လိုပါတယ်..။ ဒီထက် ဆိုဒ်ကြီးလို့လည်း ရပါတယ်..။ ဒီ့ထက်ဆိုဒ်သေးလို့တော့ မရပါဘူး..။ SD Card နဲ့ အသုံးပြုမယ်ဆိုရင်တော့ Card Reader နဲ့ တွဲပြီး Windows 8.1 တင်ထားတဲ့ မိမိတို့ရဲ့ ကွန်ပျူတာမှာ အရင်ဆုံး တပ်ဆင်ထားပါ..။ ဒီနည်းကို မပြုလုပ်ခင် မိမိတို့ရဲ့ SD Card (or) Pendrive တွေထဲမှာ ဘာဖိုင်၊ ဘာ Data မှ ရှိမနေရပါဘူး..။ ဝင်းဒိုးက အထဲက ဖိုင်တွေအားလုံး ရှင်းပြီးမှ ဖန်တီးပြုလုပ်မှာမို့.. Data တွေ ရှိနေတယ်ဆိုရင်တော့ အရင် နေရာပြောင်း ပြီး သိမ်းထားလိုက်ပါ..။ ပြီးရင်တော့ အောက်မှာ ရှင်းပြပေးထားတဲ့ ပုံလေးတွေအတိုင်း တဆင့်စီ လိုက်လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ လုပ်နည်းကလည်း လွယ်ပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။
ဒီလုပ်နည်းကိုတော့ Windows 8.1 DVD ခွေ မရှိ သေးတဲ့သူများအတွက် ပိုပြီး ပြုလုပ်ဖန်တီးထားသင့်တဲ့ လုပ်နည်းပဲ ဖြစ်ပါတယ်..။ Windows 8.1 DVD ခွေ ရှိပြီးသား သူများကတော့ ဝင်းဒိုးတင်တဲ့အခွေနဲ့တင် Repair နေရာကနေ ဝင်ရောက်ပြီး အသုံးပြနိုင်ပါတယ်..။
အရင်ဆုံး USB Pendrive (or) SD Card ကို မိမိတို့ စက်မှာ တပ်ထားလိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံလေးအတိုင်း Start မှာ Right Click ထောက်ပြီး Control Panel ထဲကို ဝင်လိုက်ပါတယ်..။



ပြီးရင်တော့ အပေါ်ပုံအတိုင်း File History ကနေ အောက်ပုံမှာ ပြထားတဲ့ Recovery နေရာကို ဆက်ဝင်လိုက်ပါတယ်..။ ကျနော်ကတော့ File History Off ဖြစ်နေတာကို Turn on နဲ့ အရင် ဖွင့်ပြီးမှ ဆက်လုပ်ပါတယ်..။



အောက်ကပုံအဆင့်မှာတော့ မျှားပြထားတဲ့ Create a recovery drive ကို ဆက်သွားပါတယ်..။



နောက်တဆင့်မှာတော့ Next နှိပ်ပါ..။ အောက်ကပုံလေးအတိုင်း USB ပေါက်တွေကို လိုက်ရှာစစ်နေပါလိမ့်မယ်..။ ခဏစောင့်နေပေးလိုက်ပါ..။

 

USB ပေါက်တွေမှာ တပ်ထားတဲ့ Pendrive (or) SD Card တွေမရှိသေးရင်တော့ အပေါ်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ တပ်ထားပြီးသား ရှိနေရင်တော့ အောက်ပုံလေးအတိုင်း ကျနော် နာမည်ပေးထားတဲ့ Pendrive လိုမျိုး ပေါ်နေမှာပဲ ဖြစ်ပါတယ်..။ ကျနော်က ဒီပိုစ့်မှာ USB 4GB နဲ့ လုပ်ပြပေးထားတာ ဖြစ်ပါတယ်..။
နောက်အဆင့်တွေမှာတော့ Next နဲ့ Create စာသားတွေကို ဆက်နှိပ်ပေးလိုက်ရင် ရပါပြီ..။



Creating the recovery drive စာသားပေါ်လာရင်တော့ Finish စာသားပေါ်တဲ့အထိ ခဏစောင့်နေပေးလိုက်ပါ..။ သိပ်မကြာပါဘူး.. ၅ မိနစ်လောက်ပဲ ကြာမှာပါ..။


 


ပြီးသွားရင်တော့ Computer ကနေ ဖွင့်ကြည့်လိုက်ရင် အပေါ်ကပုံလေးအတိုင်း 4GB နေရာမှာ Recovery စာသားနဲ့ ပေါ်နေမှာပဲ ဖြစ်ပါတယ်..။ ဒါဆိုရင် အောင်မြင်သွားပါပြီ..။ 
ဝင်းဒိုးတွေ ပျက်လို့ အသုံးပြုတဲ့အခါမှာတော့ အခုဖန်တီးလိုက်တဲ့ ကောင်လေးကို စက်မှာတပ်ပြီး စက်ကို Restart ပေး ၊ Boot ထဲ ဝင်တဲ့ ကီးတွေအတိုင်း Esc, Del, F2, F12 စဖြင့် ဝင်ပြီး Boot Menu မှာ အောက်ကပုံလေးအတိုင်း USB စာသားကို ရွေးပေးလိုက်ရင် မိမိတို့ရဲ့ Windows 8.1 ကို အလွယ်တကူ ပြန်လည် ပြုပြင် ယူလို့ ရသွားမှာပဲ ဖြစ်ပါတယ်..။


နောက်ထပ်ပေါ်လာမယ့် စာသားတွေနဲ့ လုပ်နည်းတွေကတော့ အရင်လက တင်ပေးခဲ့ပြီးတဲ့ Restore ပြန်ထည့်နည်း ပိုစ့်အတိုင်း အတူတူပဲ ဆက်လုပ်ပေးရမှာပဲ ဖြစ်ပါတယ်..။ အရင်ပိုစ့်မှ ပုံအနည်းငယ်ကို အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီလောက်ဆိုရင်တော့ ဒီနည်းကို ပြုလုပ် အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။

 
 


5 comments:

  1. ကျေးဇူးတင်ပါတယ်ကိုလွင် အခုလိုပို့တွေပြန်တင်လားတော့အရမ်းကိုဝမ်းသာပါတယ်။ မြန်မာနည်းပညာဘလော့တွေထဲမှာ လွင်မင်းဗိုလ်ဘလော့ကို ကျွန်တော်အကြိုက်ဆုံးပါ။အားပေးနေပါတယ်အကို ကျန်းမာပျော်ရွှင်ပါစေ။

    ReplyDelete
  2. အစ်ကိုတင်တဲ့ပို့စ်တွေကိုpdfဖိုင်အဖြစ်ပါတင်ပေးပါလားအစ်ကို ဒေါင်းပြီးသိမ်းထားချင်လို့ပါ

    ReplyDelete
  3. ကျွန်တော်သာ ချမ်းသာသူဖြစ်ရင် ဆရာကို့ အထောက်ပံ့ပေးပြီး ပို့စ်ထ်တွေပဲ ရေးခိုင်းမိမလားပဲဗျာ..တော်လို့မို့ပါ..ကျေးဇူးလည်း တင်ပါတယ်ဆရာ...ဆရာ့ကျေးဇူးကိုပြန်ဆပ်တဲ့နည်းဟာ ဆရာ့ဆိုက်ဒ်ကို လူသိများအောင် ပြောပေးခြင်း ပဲလို့ယုံကြည်ပါတယ်.. ဒါကြောင့် pcသုံးသူတိုင်းကို ဆရာ့ဆိုက်ကိုပဲ ကျွန်တော်ညွှန်ပါတယ်...ဆရာ ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  4. ကျေးဇူးတင်ပါတယ် အစ်ကို

    ReplyDelete