Malwarebytes' Anti-Malware Pro 1.70.0.1100 Final

ဒီ Malwarebytes ဆော့ဝဲလ်လေးကတော့ စက်ကိုလေးအောင် ၊ ဟမ်းအောင်လုပ်တတ်တဲ့ ဗိုင်းရပ်စ်တွေကို ကာကွယ်ရှင်းလင်းပေးနိုင်တဲ့ နေရာမှာ အတော်လေး အသုံးဝင်ပါတယ်.. အရင်တုန်းကလည်း ဗါးရှင်းအဟောင်းတခု တင်ပေးထားဖူးပါတယ်..။ တချို့က ပြန်ဒေါင်းယူလို့ မရတော့တဲ့ အကြောင်း Cbox မှာ ခဏခဏ ရေးပေးထားပါတယ်..။ ဒီနေ့တော့ နောက်ထပ်အသစ်ထွက်လာတဲ့ ဗါးရှင်းအသစ်လေးကို ထပ်တင်ပေးလိုက်ပါတယ်..။ အသုံးပြုပုံ အစအဆုံးကို အရင်ပိုစ့်ဖြစ်တဲ့ Malwarebytes Anti-Malware PRO 1.65.0 ပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ ပြန်ကြည့်ပေးပါ..။ အသုံးပြုနည်း အတူတူပါပဲ..။ ဒီပိုစ့်မှာတော့ ဒီကောင်လေးကို ဖူးသုံးလို့ ရမယ့် Keygen လေး ထည့်ပေးထားပါတယ်..။ ဆော့ဝဲလ်ကို Install ထည့်ပြီးတာနဲ့ ပိတ်ပစ်လိုက်ပါ..။ Minimize ကျနေတဲ့ Task Bar မှ Trail Icon ထဲမှာပါ Exit နဲ့ ထွက်ပစ်လိုက်ပါ..။ ပြီးတော့မှ Keygen ကိုအရင်ဖွင့်ပါ.. Keygen ဖွင့်ပြီးမှ Install ထည့်ထားတဲ့ ဒီ Malwarebytes' Anti-Malware Pro 1.70.0.1100 Final ဗါးရှင်းကို ဖွင့်ပါ..။ Keygen ထဲက Key တွေကို copy-paste နဲ့ ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ.. အောက်မှာလည်း ပုံလေးတွေနဲ့ Keygen ထည့်တာကို ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.8 MB ရှိပါတယ်..။ 
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..



ဒီအောက်ကပုံကတော့ ကျနော် သူ့အတွက် Keygen ကို ဒီတိုင်းဖွင့်လို့ ရမယ်ထင်လို့ အမှန်ခြစ်တွေ ပေးပြီး Finish ပေးလိုက်တာပါ..။ ပြီးမှ Keygen ဖွင့်တော့ ဒီကောင်က ပိတ်ထားပါတယ်..။ Keygen ကိုဗိုင်းရပ်စ်ဆိုပြီး ပေးမဖွင့်ပါဘူး..။ အဲ့ဒီတော့ ဒီကောင်လေးကို ပြန်ပိတ်ရပါတယ်..။ Task bar က Trail Icon ထဲမှာလည်း သွားပိတ်ရပါတယ်..။ ပိုပြီးအလုပ်ရှုပ်ကုန်ပါတယ်..။ ဒါကြောင့် ဒီကောင်လေးကို Install ထည်ြ့ပီးတာနဲ့ အမှန်ခြစ်တွေဖြုတ်ပြီးမှ Finish ပေးလိုက်ပါ..။ နောက်တခုက Antivirus တွေကို ခဏပိတ်ထားလိုက်ပါ..။ ဒါမှ Keygen ကို ဖွင့်လို့ ရမှာပါ.. မဟုတ်ရင်တော့ Keygen ကို ဖျက်ပစ်ပါလိမ့်မယ်..။ အောက်ကပုံတွေ အတိုင်း ဆက်လုပ်သွားပေးပါ..။


Finish ပေးပြီးတဲ့ အချိန် (OR) ပြန်ဖွင့် အချိန်မှာ Database ကို Yes နှိပ်ပြီး Update လုပ်ပေးလိုက်ပါ..။




Update ပြီးသွားရင်တော့ Keygen နဲ့ ဖူးမလုပ်ရသေးဘူး ဆိုရင်တော့ အောက်ကပုံအတိုင်း Exit နဲ့ ထွက်လိုက်ပါ..။ Antivirus တွေကိုလည်း ပိတ်ထားလိုက်ပါ..။ အဲ့ဒါဆိုရင်တော့ သူ့အတွက် ထည့်ပေးထားတဲ့ Keygen ကိုဖွင့်လို့ ရသွားပါပြီ..။ အောက်ကပုံမှာ ဆက်ကြည့်ပါ..။



Keygen ကို ဖွင့်ပြီးတဲ့ အချိန်မှာ အပေါ်ပုံအတိုင်း ကျနော် လိုရမယ်ရ Notepad မှာ copy ကူးပြီး မှတ်ထားတာပါ..။ ဒီ Malware Byte ကို ပြန်ဖွင့်တဲ့အခါ Keygen ကို ဖျက်ပစ်မှာ စိုးတဲ့အတွက် ဒီလို မှတ်ထားလိုက်တာပါ.. အောက်ကပုံမှာတော့ ဖွင့်ထားပြီးသား keygen ကို ဒီကောင်လေးက မဖျက်ပစ်တော့ပါဘူး..။ အပေါ်နားမှာတော့ Trail ဆိုတဲ့ စာသားလေး ပေါ်နေတာ သတိထား ကြည့်ပါ..။ သူ့ရဲ့ Key တွေထည့်ပြီးသွားရင်တော့ Pro ဗါးရှင်းဖြစ်သွားပါလိမ့်မယ်.. အောက်ကပုံမှာ ပြထားပါတယ်..။ Active စာသားနေရာကနေ Key ထည့်ရမယ့် ဘောက်စ်ကို ဖွင့်လိုက်ပါ..။ ပြီးရင် keygen ထဲက keys တွေကို ထည့်ပေးပြီး Active ကို ဆက်နှိပ်သွားလိုက်ပါ..။


Full ဖြစ်သွားတဲ့အတွက် PRO ဆိုတဲ့စာသားလေး ပြောင်းသွားပါပြီ..။ ကျနော်တို့ကို ဝယ်သုံးလို့ Thank you လုပ်နေတာပါ.. ဟား ဟား ..။ OK ပေးလိုက်ပါ..။


ပြီးရင်တော့ အောက်ကပုံမှာ ပြထားတဲ့ အလယ်နေရာကို ကလစ်ပြီး Scan နဲ့ စစ်လို့ ရသွားပါပြီ..။ အသုံးပြုပုံအစအဆုံးကို အရင်ပိုစ့်မှာ ပြန်ကြည့်ပေးပါ..။ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။


Protection မှာ ဝင်ကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း ပေါ်နေပါလိမ့်မယ်..။ Scan အားလုံးပြီးသွားရင်တော့ Exit နဲ့ ထွက်လိုက်လို့ ရပါပြီ..


အားလုံးပဲ အဆင်ပြေကြပါစေဗျာ..။

2 comments:

  1. ကိုလွင်ရေ ဒေါင်းလို့မရဘူးဖြစ်နေတယ် ပတ်ဝပ်ကိုလည်းကော်ပီ ပေ့နဲ့ထည့်တာဘဲဘာမှကိုပေါ်မလာတာ ဘာဖြစ်တယ်မသိဘူးအစ်ကို

    ReplyDelete
  2. ဒေါင်လို့ရပြီအစ်ကိုရေ ကျေးဇူးအထူးပါ လိုချင်တာ၇ှိရင်အစ်ကိုဆီဘဲလာလာမနေတာကြာပြီ ကိုလွင်ထာဝရကျမ်းမာပျော်ရွှင်ပါစေဗျာ အလုပ်တွေလည်းအဆင်ပြေပါစေနော်

    ReplyDelete