ဒီကောင်လေးကို ကျနော့်စက်မှာ အသုံးလိုလို့လိုက်ရှာရင်း ရလာတာလေးပါ.. ခုတလော ကျနော့်စက်က ဘယ်လိုပဲလုပ်လုပ် လေးနေတာ.. လုပ်နည်းလည်း တော်တော်စုံနေပြီ.. အကြာကြီး မစောင့်နိုင်တဲ့ အတွက် Rescue Disk တွေနဲ့ မလုပ်ချင်လို့ တခြားမြန်မယ့် ပရိုဂရမ်လေးတွေ လိုက်ရှာနေတာ.. သုံးလေးရက်လောက်ရှိနေပြီ.. ဒီနေ့တော့ ဒီကောင်လေးနဲ့ အဆင်ပြေသွားပါတယ်.. ကျနော်တို့ စက်တွေကို ထစ်အောင်၊ လေးအောင် လုပ်တတ်တဲ့ ဗိုင်းရပ်စ်တမျိုးဖြစ်တဲ့ Anti Malware တွေကို ဒီကောင်လေးက ထိထိရောက်ရောက် ရှင်းလင်းပေးနိုင်ပါတယ်..။ အကြာကြီးလည်း စောင့်နေစရာမလို ၁၅မိနစ်လောက်ဆို ရပြီ.. Malwarebytes Anti-Malware PRO Final နောက်ဆုံးထွက်လေးပါ.. သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်.. အောက်မှာတော့ ကျနော်သုံးထားတာကို မလုပ်တတ်သေးတဲ့ သူများအတွက် အဆင်ပြေအောင် ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်.. ဒီကောင်လေးကို ကျနော်သုံးတဲ့ အတိုင်း သုံးပြီးတဲ့အခါ မိမိတို့ရဲ့စက်ကို Restart ချပေးလိုက်ရင် Malware တွေကြောင့် ထစ်နေ၊ လေးနေတဲ့စက်တွေ အခုကျနော့်စက်လို မြန်ဆန်သွက်လက်လာပါလိမ့်မယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..
ဒီဖိုင်လေး ကြာကြာခံအောင် ဒီစာမျက်နှာလေး ကြားမှာ ထည့်ပေးထားပါတယ်.. ပုံမှာ ပြထားတဲ့ အတိုင်း ဆော့ဝဲလ်ကို ဒေါင်းယူနိုင်ပါတယ်..
မိမိတို့စက်ထဲကို Install ဆွဲထည့်ပြီးတဲ့ အခါ ဒီပုံလေးအတိုင်း ပေါ်လာရင် ပြထားသလို သူ့ရဲ့ Key လေးထည့်ပေးလိုက်ပါ.. Trial ကနေ အောက်ကပုံတွေရောက်ရင် Pro ဗါးရှင်းပြောင်းသွားရင် ဒီကောင်လေးကို Full သုံးလို့ ရသွားပါပြီ..
အပေါ်က ဘောက်စ်လေးပေါ်လာရင် OK ပေးလိုက်ပါ.. ဒါဆိုရင် ဖူးသုံးလို့ ရသွားပါပြီ.. အောက်ကပုံလေးတွေ အတိုင်း အရင်လုပ်ပေးလိုက်ပါ..
အပေါ်ကပုံတွေအတိုင်း လိုက်ပြောင်းပြီးသွားရင်တော့ အောက်ကပုံမှာ စပြီး Malware တွေကို လိုက်ပြီး စစ်ပါပြီ.. ဒီမှာတော့ ကျနော်က အောက်ကပုံမှာပြထားတဲ့ အတိုင်း Perform Flash Scan နေရာကနေ စပြီး စစ်ပါတယ်.. အချိန်ရတဲ့သူများကတော့ Flash Scan မှာလုပ်ပြီးသွားရင် နောက်တခါ Perform Full Scan နဲ့ ထပ်လုပ်ပေးလိုက်ပါ..
အပေါ်ပုံအတိုင်း လုပ်ပေးပြီးသွားရင် အောက်ကပုံအတိုင်း အလုပ်လုပ်နေပါလိမ့်မယ်..
အောက်ကပုံမှာတော့ Malware တွေ ရှာတွေ့ထားပါပြီ..
အပေါ်ပုံအတိုင်း ပေါ်လာရင် OK ပေးပြီး Show Results ကို ကလစ်လိုက်ပါ..။ အောက်ကပုံလိုမျိုး ပေါ်လာတဲ့ အခါ Malware တွေနေရာမှာ အမှန်ခြစ်ပေးပြီး Remove Selected နေရာကို ကလစ်ပါတယ်..။
Yes ပေးပြီး မိမိတို့ရဲ့စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာတဲ့ အခါမှာတော့ Malware တွေ မရှိတော့တဲ့ အတွက် အရင်ကထက် စက်ပိုမြန်လာတာကို လက်တွေ့ မြင်ရပါလိမ့်မယ်.. အောက်ကပုံကတော့ ဒီကောင်လေးက သူ့အလုပ်ကို အောင်မြင်စွာပြီးသွားတဲ့ အတွက် အကြောင်းကြားပေးတာပါ.. ဒီလောက်ဆိုရင် ဒီကောင်လေးကို သုံးရအဆင်ပြေသွားပါပြီ..
-------------------------------------------------------------------------------------------------------
----------------------------------------------------------------------------------------------
ဒီအောက်ကပုံတွေက နောက်တနေ့မှ Full Scan နဲ့ လုပ်ထားတဲ့ ပုံလေးတွေကို လွယ်၂ကူ၂ အသုံးပြုတတ်အောင် ထပ်မံဖေါ်ပြပေးလိုက်ပါတယ်.. Full Scan နဲ့ စစ်ချင်တဲ့သူများ ပုံမှာပြထားတဲ့ အတိုင်း လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်.. အပေါ်ကအပိုင်းက အမြန်စစ်ချင်တဲ့ အခါသုံးဖို့နဲ့ အောက်ကတပိုင်းကတော့ အချိန်ပေးနိုင်တဲ့ အခါ Full Scan နဲ့ စစ်တတ်အောင်လို့ပါ..။ မိမိတို့စက်ထဲမှာရှိတဲ့ ဆော့ဝဲလ်တွေ ၊ ဖိုင်တွေပေါ်မူတည်ပြီး အချိန်ကြာပါလိမ့်မယ်.. ကျနော့်စက်မှာတော့ Full Scan စစ်တာ ၃နာရီကျော်ကြာပါတယ်..။
Full Scan နဲ့ စစ်ဖို့ဆိုရင် အောက်ကအတိုင်း လုပ်ပေးလိုက်ပါ..။
အောက်က OK ဘောက်စ်လေးပေါ်လာရင် Full Scan စစ်လို့ ပြီးသွားပါပြီ.. သူဖမ်းမိထားတဲ့ Malware တွေကို ကျနော်တို့က Remove နဲ့ ဖယ်ရှားခိုင်းဖို့ပဲ ကျန်ပါတော့တယ်..။ အောက်မှာ ဆက်ကြည့်လိုက်ပါ..
အားလုံးကို အမှန်ခြစ်ပေးပြီး Remove Selected ကို ကလစ်ပေးလိုက်ပါ..
အောက်ဆုံးပုံအတိုင်း ပေါ်လာရင် Yes ပေးပြီး စက်ကို Restart ချပေးလိုက်ပါ..။ ဒါဆိုရင် မိမိတို့ စက်မှာ Malware တွေ မရှိတော့တဲ့ အတွက် စက်ပြန်တက်လာပြီး အသုံးပြုတဲ့ အခါမှာတော့ အရင်ကလို ထစ်မနေ၊ လေးမနေ တော့ပဲ သွက်လက်မြန်ဆန်နေတာကို လက်တွေ့ မြင်ရပါလိမ့်မယ်..
အကိုရေ သူ့ရဲ့ ကီးတွေကိုထည့်တာမရဘူး ဖူးမဖြစ်သေးဘူး အကိုရ ဘယ်လိုလုပ်ရမှာလဲမသိဘူး..
ReplyDelete