Cyberlink Powerdirector 9.00.2330

21 Nov 12, 06:14 PM
ဇော်ဇော်:
cyberlink powerdirector 9.0 software လေးလိုချင်လို့ အကိုဆိုဒ်မှာတင်ပေးထားပေမဲ့ ဒေါင်းမရဘူး
25 Nov 12, 06:12 PM
ဇော်ဇော်:
အကိုအားရင် powerdirector videoediting software လေးပြန်တင်ပေးပါလားအကိုရေ
Powerdirector 9 Video Editing ဆော့ဝဲလ်ကို ပြန်တင်ပေးလိုက်ပါပြီ.. အပိုင်းအားလုံး ၇ပိုင်း ခွဲပြီး တင်ပေးထားပါတယ်.. ဖိုင်ဖြည်ရင်တော့ New Folder တခုဖွင့်ပြီး အပိုင်းအားလုံးကိုထည့် ပြီးရင် အပိုင်းတစ်ကနေ ဖြည်ချလိုက်ရင် ကျန်တဲ့အပိုင်းတွေပါ ပြည်သွားပါလိမ့်မယ်. အောက်မှာလည်း လုပ်တတ်အောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. လိုအပ်တဲ့သူများကတော့ တခါတည်း ဒေါင်းယူထားလိုက်ပါဗျာ.. နောက်တခါပြန်တင်ပေးဖို့ မလွယ်လို့ပါ.. ဒီဖိုင်တွေအားလုံးကို ရတဲ့အချိန်လေးမှာ တင်ပေးထားတာဖြစ်လို့ ၃ရက်လောက် အချိန်ပေးရပါတယ်..
အခုတလော ဖိုင်တင်ရတာ အတော်လေး အဆင်ပြေတာကတော့ Rapidshare ဆိုဒ်ပါပဲ.. အရင်တင်နေကျ ဆိုဒ်တွေက ဖိုင်ဆိုဒ်ကြီးရင် သိပ်အဆင်မပြေတော့ဘူး.. ဒါကြောင့် ဒီဖိုင်တွေအားလုံးကို Rapishare မှာပဲ တင်ပေးလိုက်ပါတယ်.. သူ့ရဲ့ဆိုဒ်ကို Update လုပ်ထားတာဖြစ်လို့ ဒေါင်းရတာလည်း အရင်ကထက်ပို အဆင်ပြေပါတယ်.. ဖိုင်တင်ရတာလည်း ပိုကောင်းသွားတယ်.. တောင်းထားတဲ့ Photoshop တွေကိုလည်း အဲ့ဒီဆိုဒ်မှာပဲ တင်ပေးဖြစ်တော့မယ် ထင်ပါတယ်.. အခုဒီ Cyberlink Powerdirector 9 Video Editing ဆော့ဝဲလ်ကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ အပိုင်းတပိုင်းကို 100 MB စီခွဲပြီး ၇ပိုင်းတင်ပေးထားပါတယ်..။ ဒီဆော့ဝဲအသုံးပြုပုံကို စာအုပ်လေးတင်ပေးထား ရှိပါတယ်.. ဒီလင့်ကနေ ဝင်ယူလိုက်ပါ..။

Xilisoft Video Converter Ultimate v7.6.0 build 20121027


 23 Nov 12, 10:14 PM
Hein Htet: အစ်ကိုရေ Defraggler key လေး နဲ့ software များအတွက် Keys လေးလိုချင်လို့
23 Nov 12, 03:28 PM
Hein Htet:
အစ်ကို ရေ xillisoft video ultimate Key လေးပေးပါ
 Defraggler ဆော့ဝဲလ်ကိုတော့ နောက်ရက်တွေ အဆင်ပြေတဲ့အခါ တင်ပေးထားပါမယ်..။ အခု ဒီဆော့ဝဲလ်ကို Key သက်သက်မပေးတော့ပဲ ဆော့ဝဲလ်နဲ့ အသုံးပြုပုံပါ တွဲတင်ပေးလိုက်တာ ဖြစ်တဲ့အတွက် တခြားလိုအပ်တဲ့သူများလည်း အသုံးပြုရ အဆင်ပြေသွားပါလိမ့်မယ်.. ဒီကောင်လေးရဲ့ အသုံးပြုပုံက Any Video Converter နဲ့တူပါတယ်.. ဒီကောင်လေးမှာက ပိုပြီး Format စုံတာ တွေ့ရပါတယ်.. Apple ကထုတ်တဲ့ Iphone, Ipad, Tablet မျိုးစုံ၊ Android ဖုန်းတွေအတွက် ဖေါ်မတ်မျိုးစုံ၊ Windows Phone, Black Berry, Mobile Phone ဖေါ်မတ်မျိုးစုံ ပြောပြလို့တောင် ကုန်မှာမဟုတ်တော့ပါဘူး.. ဒီကောင်လေး တခုရှိနေယုံနဲပ ဖေါ်မတ်အားလုံးနီးပါး ပြောင်းပေးလို့ ရပါတယ်.. အောက်မှာ ကျနော်သီချင်းတပုဒ်ကို နမူနာလုပ်ပြထားပါတယ်.. သူ့ရဲ့အညွှန်းအတိုင်း လုပ်ပြပေးထားတာပါ.. အသုံးပြုရတာလည်း လွယ်လို့ အားလုံးကြိုက်ကြမယ်လို့ ထင်ပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 35.1 MB ရှိပါတယ်..

TeamViewer 8 Beta and TeamViewer 7 Portable

ဒီ TeamViewer ဗါးရှင်း၂ခုက ဒီလထဲမှာမှ ရှေ့ဆင့်နောက်ဆင့် အသစ်ထွက်လာတဲ့ နောက်ဆုံးထွက် Version တွေပါ.. ဒီဗါးရှင်း၂ခုစလုံးကို မိမိတို့စက်ထဲ ထည့်ပြီး တန်းသုံးယုံပါပဲ.. Free ပေးသုံးတဲ့ ကောင်လေးတွေပါ.. အရင်တုန်းက တင်ပေးခဲ့တဲ့ TeamViewer Enterprise 7.0.14563 က ဖရီးမဟုတ်တဲ့အတွက် crack နဲ့ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုကြရတာပါ.. crack တွေ patch တွေ မထည့်တတ်တဲ့သူများအတွက် ဒီလို Free Version တွေကလည်း အသုံးဝင်လှပါတယ်.. မိမိတို့ကွန်ပျူတာကနေ တခြားကွန်ပျူတာတလုံးကို အင်တာနက်ကနေ လှမ်းကြည့်ပေး၊ ပြင်ပေးလို့ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ ဒီဗါးရှင်းမှာ ကျနော် တော်တော်များများ စမ်းသုံးမိပါတယ်.. အများကြီးအသုံးပြုလို့ ရတဲ့အတွက် အရင်ကထက် ပိုသဘောကျမိပါတယ်.. အောက်မှာ ကျနော် အသုံးပြုထားတာတွေကတော့ Chat Room တွေပါ ပါတယ်.. စာရိုက်လို့ရမယ် (မြန်မာလို မရသေးပါ) ၊ Voice Call ရတယ်၊ Video Call လည်းရတယ်.. နောက်တခုက ဟိုဘက်ကစက်ကို မိမိစက်ကနေ Restart ချပြီး Safe Mode ထဲထိ ဝင်ပြီး လိုက်လုပ်ပေးလို့ ရပါသေးတယ်.. အောက်မှာ ကျနော်အသုံးပြုပြထားပါတယ်.. ဒါပေမယ့် တခု သတိပြုရမှာက ဒီကောင်လေးကို Install ထည့်ခါနီး၊ ဖိုင်ဖြည်တဲ့ အခါတွေနဲ့ ဒီကောင်လေးကို အသုံးပြုတော့မယ့်အချိန်တွေမှာ မိမိတို့စက်ထဲမှာ ရှိတဲ့ Antivirus Programs တွေကို လုံးဝပိတ်ပေးထားရပါမယ်.. နောက်ပြီး မိမိတို့ စက်ရဲ့ Windows FireWall ကိုလည်း ပိတ်ပေးထားရပါမယ်.. အဲ့ဒီကောင်တွေ ပိတ်ထားပြီးမှ ဒီဆော့ဝဲလ်ကို ကောင်းကောင်းအသုံးပြုလို့ ရမှာ ဖြစ်ပါတယ်.. အဲ့လိုမှ မဟုတ်ရင်တော့ ဆော့ဝဲလ်ကို ဖိုင်ဖြည်လိုက်တာနဲ့ Antivirus က ဒီဆော့ဝဲလ်ကို ဗိုင်းရပ်စ်ဆိုပြီး မှားဖျက်ပါလိမ့်မယ်.. အသုံးပြုတဲ့အခါမှာလည်း Antivirus က ခဏခဏပိတ်ပစ်မှာမို့ ၁၀ မိနစ်တခါလောက် Connection ပြတ်ကျနေပါလိမ့်မယ်.. နောက်ပြီး FireWall ကလည်း အင်တာနက်ကနေ ဒီဆော့ဝဲလ်လှမ်းချိတ်တဲ့အခါမှာ လက်မခံတဲ့အတွက် ချိတ်လို့မရ ဖြစ်နေပါလိမ့်မယ်.. ဒီဆော့ဝဲလ်ရဲ့ ဖွဲ့စည်းပုံက ဟတ်ကာဆော့ဝဲလ်တွေနဲ့ တူနေလို့ Antivirus တို့ Windows FireWall တို့က ဗိုင်းရပ်စ်ထင်ပြီး ဖျက်ပစ်တာတို့ ၊ အသုံးပြုတာကို လက်မခံတာတို့ ပြုလုပ်နေခြင်းပဲ ဖြစ်ပါတယ်.. အဲ့လိုမျိုး ကြုံရပါလိမ့်မယ်.. ဒါကြောင့် ဒီ TeamViewer ဆော့ဝဲလ်ကို အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး Antivirus ပရိုဂရမ်နဲ့ Windows FireWall ကို ပိတ်ထားပြီးမှ အသုံးပြုပါ.. အဲ့လိုဆိုရင် ဒီဆော့ဝဲလ်ကို ကောင်းကောင်းမွန်မွန် အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ..

Wise Folder Hider 1.2.9

ဒီကောင်လေးကတော့ Folder တွေ File တွေနဲ့ USB Drive တွေကို Password နဲ့ လော့ချပြီး သိမ်းထား ၊ ဝှက်ထားလို့ ရတဲ့ ကောင်လေးပါ.. Free ဆော့ဝဲလ်လေးရလာလို့ ဖိုင်ဆိုဒ်လည်း သေးတဲ့ အတွက် ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုလို့ ကောင်းတဲ့ ဆော့ဝဲလ်လေးမို့ တင်ပေးလိုက်ပါတယ်.. အရင်တုန်း တင်ပေးထားပြီးသား Folder Lock 7.0.6 လည်း အသုံးပြုလို့ ရပါတယ်..။ ဒီကောင်လေးက ဖရီးလေးမို့ ထပ်တင်ပေးလိုက်တာပါ.. အောက်မှာ အသုံးပြုပုံကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 1.6 MB ရှိပါတယ်..

ChrisTV Online! Free Edition 8.10 and Real Player 15.0.6.14


ဒီကောင်လေးကို အရင်တုန်းကလည်း တင်ပေးဖူးပါတယ်.. အရင်တုန်းက တင်ပေးထားတဲ့ Version က christv online premium edition 7.30 ပါ.. ဒီကောင်လေးကတော့ နောက်ထပ်ထွက်လာတဲ့ Free Edition လေး.. ဖရီးပေးသုံးတဲ့ ကောင်လေးပါ.. တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတကာက TV လိုင်းပေါင်းများစွာကို ဒီကောင်လေးနဲ့ အင်တာနက်ကနေ တိုက်ရိုက်ကြည့်လို့ ရမှာဖြစ်ပါတယ်.. နိုင်ငံတကာ TV လိုင်းတွေကြည့်ချင်တဲ့သူများအတွက် အဆင်ပြေစေမယ့် ကောင်လေးပါ..။ သူ့အတွက် လိုအပ်တာကတော့ Real Player ပဲဖြစ်ပါတယ်.. Real Player မိမိတို့စက်ထဲ Install ထည့်ပေးလိုက်ရင် ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။ အောက်မှာတော့ ChrisTV Online နဲ့ Real Player ၂ခုစလုံးကို တင်ပေးလိုက်ပါတယ်..။ အသုံပြုမယ့်သူများကတော့ ဒီဆော့ဝဲလ် ၂ခုစလုံးကို မိမိတို့စက်ထဲ Install ထည့်ပေးရမှာပါ.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ကျနော် အသုံးပြုထားလေးတွေကိုလည်း အောက်မှာ ပုံလေးတွေနဲ့ ဖေါ်ပြထားပါတယ်..

Norton Antivirus 2012 to 2013 - 180 Days (6 Month) Free


20 Nov 12, 10:28 PM 
phyo: update Norton antivirus လေးတင်ပေးပါအုံး ဆရာလွင်ရေ
Norton Product တွေက များသောအားဖြင့် ရက်၃၀၊ ရက်၉၀ပဲပးလေ့ရှိပါတယ်.. အခုတော့ ဒီကောင်လေးကို 180 days Free ပေးသုံးတာလေး ရလာလို့ စမ်းကြည့်ရင် အဆင်ပြေတာနဲ့ ပြန်တင်ပေးလိုက်ပါတယ်.. ရက်၃၀ထက်စာရင်တော့ ရက်ပေါင်း၁၈၀ဆိုတော့ နှစ်ဝက်အသုံးပြုလို့ရတဲ့အတွက် အတော်လေးအဆင်ပြေမယ်ထင်ပါတယ်..။ ဒီမှာတင်ပေးထားတာက ဒီကောင်လေးကို ဒေါင်းယူလို့ရမယ့် သူ့ရဲ့ Norton Downloader လေးပါ.. ဒီကောင်လေးကို ၂ချက်တောက်ပြီး Install ထည့်ပေးပြီးရင် Norton 2012 ဆော့ဝဲလ်ကို ဒေါင်းပေးပါလိမ့်မယ်.. ဒေါင်းပြီးသွားရင်တော့ တခါတည်း Install ထည့်ပေးလိုက်ပါ.. install ပြီးသွားတာနဲ့ Norton မူရင်းဆိုဒ်မှာ အကောင့်တခု သွားဖွင့်ပေးရပါမယ်.. Free Account ပါ.. အဲ့ဒီအကောင့်ကို Norton Account မဖွင့်ရသေးတဲ့သူများကတော့ မိမိတို့အဆင်ပြေမယ့် Email နဲ့ ဖွင့်ပါ.. Norton Account ရှိခဲ့ဖူးတဲ့သူများကတော့ တခြား Email ပြောင်းသုံးပါ.. အရင်အသုံးပြုခဲ့တဲ့ Email နဲ့ ဒီအကောင့်ကို ဖွင့်လို့ လက်မခံပါဘူး.. ဒါကြောင့် တခြား Email ဖြစ်ဖြစ်၊ Email အကောင့်အသစ်တခု ထပ်ဖွင့်ပြီးမှ ဒီ Norton Account ကို အသစ်ပြန်ဖွင့်ပါ.. ဒါမှ ဒီကောင်လေးကို ရက်ပေါင်း ၁၈၀ အပြည့်အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်.. မသိသေးတဲ့သူများကတော့  အောက်မှာ ကျနော် အသုံးပြုထားတဲ့အတိုင်း တဆင့်ချင်းစီ လိုက်လုပ်ပြီး ဒီိ Norton Antivirus ကို ရက်ပေါင်း ၁၈၀ အပြည့်အဝအသုံးပြုလို့ ရမှာဖြစ်ပါတယ်.. ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်မှာ သူ့ရဲ့ဒေါင်းလော့ဒါလေးနဲ့ ဒေါင်းယူလိုက်ပါဗျာ.. Norton Antivirus ရဲ့ဖိုင်ဆိုဒ်ကတော့ 106 MB ရှိပါတယ်.. သူ့ရဲ့ဒေါင်းလော့ဒါလေးကတော့ 422 kb ရှိပါတယ်..

Kav-Kis 2013 Key Files - Nero 9 Serial Key - Cyberlink Powerdirector 9 Serial Key

21 Nov 12, 02:22 PM
Hein Htet:
အစ်ကို ကူညီပါအုံး ကျွန်တော့် Nero 9 ထဲက Nero Show Time ကိုဖွင့်တိုင်း Third Party Patent Activationဆိုပြီး ပေါ်နေတယ် ပြီးတေ့activation လုပ်ခိုင်းတယ် key လေးပေးပါအုံး
21 Nov 12, 06:14 PM
ဇော်ဇော်:
cyberlink powerdirector 9.0 software လေးလိုချင်လို့ အကိုဆိုဒ်မှာတင်ပေးထားပေမဲ့ ဒေါင်းမရဘူး
21 Nov 12, 11:57 PM
ရဲကိုဦး:
အကိုေ၇ KIS 2013 တင်ထားပြီးသားကီးဖီုငိတွေက licening block ပဲဖြစ်နေလို့ပါအကိုေ၇။ ကျေးဇူးပါ။
အခုဒီပိုစ့်မှာ အပေါ်က အစ်ကိုတွေ တောင်းထားတဲ့ Key တွေသက်သက်ပဲ လိုက်ရှာစုပြီး တင်ပေးလိုက်တာပါ.. ဆော့ဝဲလ်မပါပါဘူး.. ဆော့ဝဲလ်ရှာရသလိုပဲ Key တွေလိုက်ရှာရတာလည်း အတော်လေး အချိန်ပေးရပါတယ်.. နောက်ပြီး အစ်ကိုတစ်ယောက် တောင်းထားတဲ့ Norton Antivirus နဲ့ Norton Internet Security လည်း ရထားပြီးပြီ.. စမ်းနေတုန်းပါ.. အဆင်ပြေတာနဲ့ နောက်တင်မယ့်ပိုစ့်မှာ  တင်ပေးထားပါ့မယ်.. ဒီနေ့တင်ပေးလိုက်တဲ့ ဖိုင်ထဲမှာပါတဲ့ ဆော့ဝဲလ်နာမည်နဲ့ Key တွေကို အောက်မှာ ပုံလေးနဲ့ ပြပေးထားပါတယ်.. မိမိတို့လိုအပ်တဲ့ ဆော့ဝဲလ်ရဲ့ Key တွေပါခဲ့ရင် ဒေါင်းယူလိုက်ပါဗျာ.. နောက်တခုက Cyberlink Powerdirector 9 ကို အဆင်ပြေတဲ့အခါ ပြန်တင်ပေးပါမယ်.. ဖိုင်ဆိုဒ်တော့ နည်းနည်းများတဲ့အတွက် တခြား Blog တွေရဲ့ ဒေါင်းလို့ရတဲ့ လင့်တွေရှာတွေ့ခဲ့ရင် ပြန်ချိတ်ပေးပါမယ်..။ အခုတော့ Key  သက်သက်ပဲ တင်ပေးလိုက်ပါတယ်.. ဖိုင်ဆိုဒ်ကတော့ အားလုံးပေါင်းမှာ 943 kb ပဲရှိပါတယ်..

Internet Download Manager 6.12 Final Build 26

Internet Download Manager 6.12 Final Build 26 Update အသစ်လေး ထွက်လာလို့ IDM ကို Update ပေးမိတဲ့သူများနဲ့ တခြားလိုအပ်တဲ့သူများအတွက် တင်ပေးလိုက်ပါတယ်..။ ဒီဖိုင်ထဲမှာ ထည့်ပေးထားတဲ့ Patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကို IDM 6.12 Built 3 ပိုစ့်မှာ ပုံနှင့်တကွ ရှင်းပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်.. Patch ထည့်နည်းအတူတူပါပဲ.. ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..
Related Posts Plugin for WordPress, Blogger...