BOOTMGR is missing Error - လက်တွေ့ဖြေရှင်းနည်း


ဒီဖြေရှင်းနည်းကို အရင်တုန်းကလည်း ပိုစ့်တခုတင်ပေးခဲ့ဖူးပါတယ်..။ အဲ့ဒီတုန်းက ပိုစ့်မှာ Microsoft ကုမ္ပဏီက ထုတ်ပေးခဲ့တဲ့ နည်းနဲ့ လုပ်ပြပေးခဲ့တာဖြစ်ပြီး.. အခုဒီပိုစ့်မှာတော့ Microsoft ရဲ့ နည်းအပြင် ကျနော်တခြားနည်းတခုနဲ့ ထပ်ပေါင်းလိုက်လို့ အဆင်ပြေပြေ ဖြေရှင်းလို့ ရသွားတဲ့ နည်းလမ်းလေးမို့ လက်တွေ့ဖြေရှင်းနည်းလို့ ခေါင်းစဉ်တပ်လိုက်တာပါ..။ ဟိုးအရင်တုန်းက ဒီလိုနည်းလမ်းလေးတွေကို မသိခဲ့၊ မလုပ်တတ်ခဲ့စဉ်တုန်းက ဒီလိုဖြစ်လာရင် ဝင်းဒိုးအသစ်ပြန်တင်ပစ်လိုက်ပါတယ်.. ကျနော်ကိုယ်တိုင် ဒီလိုလုပ်ခဲ့တာပါ.. အခုဒီနည်းကို ရခဲ့တော့ ကျန်ခဲ့တဲ့ ၂ပါတ်လောက်က သူငယ်ချင်း တစ်ယောက်ရဲ့ စက်မှာ ဒီလို BOOTMGR is missing အယ်ရာပေါ်တဲ့အခါမှာ ဒီနည်းနဲ့ လက်တွေ့ဖြေရှင်းပေးလိုက်တာ အောင်မြင်ခဲ့ပါတယ်.. ဒါကြောင့် ဒီလို အယ်ရာမျိုးဖြစ်ပေါ်ခဲ့ရင် ဝင်းဒိုးထဲက မိမိတို့ရဲ့ Data တွေ မဆုံးရှုံးစေပဲ ဒီနည်းလေးနဲ့ ဖြေရှင်းလို့ ရအောင် ဒီနေ့ဒီပိုစ့်ကို အားလုံးအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေး တခုအဖြစ် ဖေါ်ပြပေးလိုက်ပါတယ်..။
နောက်တခုက ဒီလို BOOTMGR is missing အယ်ရာဖြေရှင်းဖို့ မိမိတို့စက်ကောင်းနေတဲ့ အချိန်မှာ မိမိတို့ကိုယ်တိုင် ဖန်တီးထားခဲ့တဲ့ System Repair Disc CD တချပ်လိုအပ်ပါတယ်..။ ဒီပိုစ့်ကို တင်ပေးရတဲ့ ရည်ရွယ်ချက်ထဲမှာ System Repair Disc ဖန်တီးထား၊ လုပ်ထားကြဖို့ သိစေချင်တဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်..။ System Repair Disc ပြုလုပ်ဖန်တီးနည်းကို အရင်တင်ပေးခဲ့တဲ့ ဝင်းဒိုး Recovery ပိုစ့်တွေမှာ ပုံလေးတွေနဲ့ ရှင်းပြပေးခဲ့ပြီးသားပါ.. လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်တွေကို ပြန်ကြည့်ပြီး ကိုယ်တိုင် System Repair Disc တွေဖန်တီးထားကြပါ..။ အရင်တုန်းက တင်ပေးခဲ့တဲ့ BOOTMGR is missing Error ပိုစ့်ကို ဒီပိုစ့်ကနေလည်း ပြန်ကြည့်လို့ ရပါတယ်..။ ဒီဖြေရှင်းနည်းလေးကို လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။
BOOTMGR is missing အယ်ရာပေါ်ခဲ့ရင် အောက်ကပုံမျိုး မြင်တွေ့ရပါလိမ့်မယ်..။ ဘာမှနှိပ်လို့ မရတော့ပါဘူး.. ကွန်ပျူတာထဲလည်း ဝင်လို့မရ၊ Safe Mode ထဲလည်းဝင်လို့မရ၊ F8 ကီးလည်း အလုပ်မလုပ်တော့ပါဘူး.. အဲ့လိုအခါမျိုးမှာ System Repair Disc CD နဲ့ Safe Mode နေရာက Repair နေရာကို ဝင်လို့ရမှာ ဖြစ်ပါတယ်.. ဒါကြောင့် အောက်ကပုံလိုမျိုး အယ်ရာပေါ်ခဲ့ရင် မိမိတို့စက်ရဲ့ DVD Drive ထဲကို System Repair Disc အခွေအရင်ထည့်လိုက်ပါ.. ပြီးရင် ပုံမှာပြထားတဲ့ အတိုင်း ကီးဘုတ်မှ Ctrl+Alt+Del ကီးတွေကို တွဲနှိပ်ပြီး စက်ကို Restart ချပေးလိုက်ပါ..


မိမိတို့စက်မှာပေါ်တဲ့ အပေါ်ပုံအတိုင်း Ctrl+Alt+Del ကီးတွေကို နှိပ်ပြီး စက်ကို Restart ချလိုက်ပါ.. စက်ပိတ်သွားတာနဲ့ မိမိတို့စက်မှာ ပေါ်ပေါ်ချင်း စာလေးအတိုင်း F2, F12, Esc, Del,  မိအောင်လိုက်နှိပ်ပြီး Boot Menu ထဲကို ဝင်လိုက်ပါ.. Boot နေရာကို သွားပြီး CD/DVD စာသားကို ရွေးပေးပြီး အပေါ်ဆုံးကို ကီးဘုတ်မှ မျှားနဲ့တင် F10 >> Enter နဲ့ ထွက်လိုက်ပါ..


F12 နဲ့ ဝင်လို့ ရတဲ့စက်တွေမှာ အောက်ကပုံမျိုး ပေါ်တတ်ပါတယ်.. ပိုလွယ်ပါတယ်.. ပုံမှာ ရေးထားတဲ့ အတိုင်း လုပ်ပေးလိုက်ပါ..


 စက်ပြန်တက်လာလို့ အောက်ကပုံမှ စာသားပေါ်လာရင် ကီးဘုတ်မှ ကီးတခုခုကို အမြန်မိအောင် လိုက်နှိပ်ပေးလိုက်ပါ..


အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. DVD Drive ထဲက System Repair Disc အခွေထဲကို ဝင်သွားတာ ဖြစ်ပါတယ်.. 



အပေါ်ပုံအတိုင်း နှိပ်ပေးပြီး အောက်ကပုံအတိုင်း ပေါ်လာရင် Command Prompt ကို နှိပ်ပြီးဝင်သွားလိုက်ပါ.. 


ဒီအောက်က စာကြောင်းတွေကို ပေါ်လာတဲ့ Comment Prompt (cmd.exe) ဘောက်စ်ထဲမှာ တကြောင်းချင်းစီ ရိုက်ထည့် Enter ခေါက်.. နောက်ကြောင်းထပ်ရိုက် Enter ခေါက်.. စာကြောင်းအားလုံး မှန်အောင် ရိုက်ပေးရမှာပါ.. စာဆက်ရေးတဲ့ နေရာမှာ ဆက်ပြီး.. စာလုံးခြားတဲ့နေရာမှာ မှန်အောင် စာလုံးချဲထားပေးရပါမယ်.. မှားလို့ မရပါ.. ဒီနေရာက စာကြောင်းတွေကို သေချာ ရိုက်ထည့်ပေးလိုက်ပါ.. အောက်မှာ ပုံလေးတွေနဲ့ တကြောင်းစီး ခွဲပြပေးထားပါတယ်..

    bcdedit /export C:\BCD_Backup
    c:
    cd boot
    attrib bcd -s -h -r
    ren c:\boot\bcd bcd.old
    bootrec /RebuildBcd


အပေါ်ကလုပ်နည်းနဲ့ ပုံတွေက အရင်တုန်းကတင်ပေးခဲ့တဲ့ ပိုစ့်အတိုင်း ကျနော်လုပ်ခဲ့တာ တွေကို ဒီနေရာမှာ ပြန်လည်ဖေါ်ပြပေးထားတာပါ.. ဒီလိုအယ်ရာဖြစ်လာရင် ဒီအပေါ်ကလိုမျိုး အရင်လုပ်ပေးပါ.. ဒီလိုလုပ်ပေးလိုက်တဲ့အတွက် BCD Backup ဖိုင်တွေ ဝင်းဒိုး C: ထဲကို ပြန်လည်ရောက်ရှိနေပါလိမ့်မယ်.. BCD Backup ဖိုင်တွေ ပြန်ရောက်သွားတဲ့ အတွက် အောက်တပိုင်းမှာ ဆက်ပြပေးထားတဲ့ လုပ်နည်းကို လုပ်တဲ့အခါမှာတော့ အလွယ်တကူ လုပ်လို့ရသွားပါလိမ့်မယ်.. အပေါ်ကလိုမျိုး Comment Prompt ထဲမှာ စာတွေရိုက်ထည့်ပြီးသွားရင်တော့ မိမိတို့ရဲ့စက်ကို Restart ချပေးလိုက်ပါ.. ဝင်းဒိုးပြန်တက်လာကို ကြည့်ကြည့်ပါ..။ ကျနော့်လုပ်ပေးတဲ့ စက်မှာတော့ ဝင်းဒိုးမတက်သေးပါ.. ဒါကြောင့်စက်ကို Restart ပြန်ချပါတယ်.. စက်ထဲမှာတော့ System Repair Dics အခွေကို ထည့်ပေးထားပါ.. ပြီးရင်အပေါ်ကနည်းအတိုင်း Boot ကနေ အခွေထဲကို ရောက်အောင်ပြန်ဝင်ပါ.. DVD Drive ထဲကို ပြန်ဝင်လို့ ရပြီဆိုရင်တော့ အပေါ်မှာ ပြပေးထားပြီးသားဖြစ်တဲ့ ပုံတွေထဲက အောက်ကပုံမျိုးကို ပြန်မြင်ရပါလိမ့်မယ်.. Next ကိုနှိပ်ပြီး နောက်တပုံ ထပ်ပေါ်လာတဲ့အခါမှာတော့ Next ကိုထပ်မနှိပ်ပါနဲ့..



Load Drivers ကိုနှိပ်ပါ.. ဒီအဆင့်မှာ Next ကိုထပ်မနှိပ်မိဖို့ သတိပြုပါ.. တကယ်လို့ Next ကိုထပ်နှိပ်လိုက်ရင်တော့ အပေါ်ပိုင်းပုံတွေမှာ ပြထားတဲ့ Comment Prompt ထဲဝင်တဲ့ နေရာကို ရောက်သွားပါလိမ့်မယ်.. ဒီလိုဖြစ်ခဲ့ရင် နောက်ပြန်ဆုတ်ဖို့ စက်ကို Restart ချပြီး ဒီနေရာကို ပြန်လာဖို့ပဲ ရှိပါတယ်..။ ဒါကြောင့် ဒီအဆင့်ရောက်ရင် Load Drivers ကိုနှိပ်ပြီး ဝင်သွားလိုက်ပါ..


Load Drivers ကနေ ဝင်လိုက်ရင် အောက်ကပုံမျိုး မြင်ရပါလိမ့်မယ်.. အဲ့ဒီလို ပေါ်လာရင် Computer ကိုကလစ်ပြီး မျှားပြထားတဲ့ နေရာ DVD Drive ရှိတဲ့ နေရာကို နှိပ်ပြီး ဝင်သွားလိုက်ပါ.. 


အောက်ကပုံမျိုး ပေါ်လာရင် bootmgr ဆိုတဲ့ ဖိုင်လေးကို Right Click ထောက်ပြီး copy ယူလိုက်ပါ.. ဒါဟာ System Repair Disc ထဲက bootmgr ဆိုတဲ့ ဖိုင်ကို copy ယူလိုက်တာ ဆိုတာကိုတော့ ရှင်းပြဖို့ မလိုလောက်တော့ဘူး ထင်ပါတယ်.. အောက်မှာ ဆက်ကြည့်ပါဗျာ..


ပြီးရင်တော့  အောက်ကမျှားပြထားတဲ့ အတိုင်း Computer ကိုကလစ်ပြီး OS (C:) ထဲကို နှိပ်ပြီးဝင်လိုက်ပါ..


(C:) ထဲကို ရောက်လို့ အောက်ကပုံအတိုင်း ပေါ်လာရင် နေရာလွတ်တခုမှာ Right Click >> Paste နဲ့ ဟိုဘက်က copy ယူလာတဲ့ bootmgr ဖိုင်လေးကို ထည့်ပေးလိုက်ပါ.. အဲ့ဒီဖိုင်လေး ရောက်သွားရင်တော့   Open တို့၊ OK တို့ မနှိပ်ပါနဲ့.. အောက်မှာပြထားတဲ့အတိုင်း Cancel နှိပ်ပြီးထွက်လိုက်ပါ..။ နောက်ထပ်ပေါ်လာတဲ့ ဘောက်စ်တွေမှာလည်း Cancel တို့ No တို့ပဲ နှိပ်ပြီး စက်ကို Restart ချဖို့မေးလာရင် Yes နှိပ်ပြီး.. Restart ချပေးလိုက်ပါ.. စက်ပြန်တက်လာရင်တော့ မိမိတို့ကွန်ပျူတာဟာ BOOTMGR is missing အယ်ရာက ပြန်ကောင်းသွားပါပြီ..။ ပုံမှန်ဝင်းဒိုးကို ပြန်ရသွားတာ လက်တွေ့မြင်ရပါပြီ.. 


ဒီလို အယ်ရာမျိုး ဖြစ်ခဲ့ရင် ဖြေရှင်းလို့လွယ်အောင် လက်တွေ့ အောင်မြင်ခဲ့တဲ့ နည်းလမ်းကို ပြန်လည်မျှဝေလိုက်ပါသည်..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

5 comments:

  1. ကျေးဇူးတင်ရှိပါကြောင်း သတင်းကောင်း အကိုအမြဲတိုးတက်ပါစေ...

    ReplyDelete
  2. computer နဲ့ပတ်သက်ပြီး self learning လုပ်နေရတဲ့ဘဝ မှာ ကိုဗိုလ် ရဲ့ ကျေးဇူးကအများဆုံးပါ.....
    ဆက်လက်ပြီး ပညာ့ဝန်၊ အမျိုးသားဝန်ကို လွယ်ကူစွာ ဆောင်ရွက် နိုင်ပါ စေ။။။။။။။။။။။

    ReplyDelete
  3. အကို ကျနော့ ကွန်ပြူတာမှာ dmwu.exe has encountered a problem and need to close.We are sorry conveniennce. send Error Report and don't send လို့ အမြဲတန်းပေါ်နေတာပါ အဲဒါဘယ်လိုဖျောက်၇ပါသလဲ ကျေးဇူးပြုဖြေကြားပေးစေချင်ပါတယ်

    ReplyDelete
  4. အကို ကျွန်တော့်ကို ၀င်းဒိုးXPတင်တာလေးပြောပြပေးပါလား

    ReplyDelete
  5. ကျနော့်စက် blue screen error တက်နေလို့  ပြောပြပါလားဗျာ ကိုယ်တိုင်လုပ်ကြည့်ချင်လို့ ..

    ReplyDelete

Related Posts Plugin for WordPress, Blogger...