Windows 8 ရဲ့ Folder ၊ Icon တွေမှာ မြန်မာစာ (Zawgyi-One နှင့်) ပေါ်အောင်လုပ်နည်းနှင့် တခြားအသုံးဝင် အတိုအထွာများ


 Windows 8 သုံးတဲ့ မြန်မာပြည်သားများအတွက် အသုံးဝင်မယ့် လုပ်နည်းလေး အနည်းငယ်ကို ဒီပိုစ့်မှာ ဖေါ်ပြပေးသွားပါ့မယ်..။ အဲ့ဒါကတော့ Windows 8 64-bit ဝင်းဒိုးတွေမှာ အဖြစ်များတဲ့ ဇော်ဂျီဝမ်းနဲ့ Folder ၊ Icon တွေမှာ မြန်မာစာ မပေါ်ခြင်း ပြဿနာရယ်၊ Restore Point တွေကို Windows 8 မှာ ရှာလို့မရတဲ့ ပြဿနာရယ်၊ ဟတ်ဒစ်မှာ အလွယ်တကူ Password မပေးမိအောင် သတိပြုရမယ့် နေရာ၊ User Account မှာ Password နံပါတ်အပြင် ၊ မိမိတို့ရဲ့ ပုံလေးနဲ့ပါ Windows 8 မှာ Picture Password ပေးပြီး အသုံးပြုတတ်အောင်နဲ့ နောက်တခုကတော့ Windows 8 ကို Recovery အနေနဲ့ Windows 7 မှာမပါခဲ့တဲ့ 32 GB ရှိတဲ့ USB ထဲမှာ ထည့်တတ်အောင် နေရာအပိုလေးတခုပါလာလို့ အသုံးပြုတတ်အောင်ပါ ဒီပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီအပေါ်မှာ ဖေါ်ပြပေးထားတဲ့ လုပ်နည်းလေးတွေနဲ့ တိုက်ဆိုင်လာလို့ လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်းစီ ဆက်ကြည့်နိုင်ပါတယ်..။ အရင်တုန်းကလည်း ဒီလို Windows 8 အသုံးပြုသူများအတွက် Desktop မှာ Computer အိုင်ကွန်ထုတ်သုံးတတ်အောင်နဲ့ Windows Media Player အသုံးပြုတတ်အောင် ပိုစ့်တခုတင်ပေးခဲ့ဖူးပါတယ်..။ မသိသေးတဲ့၊ မလေ့လာရသေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ဒီနေရာကနေ ဝင်ပြီး လေ့လာလို့ ရပါတယ်..။

မြန်မာစာ ဇော်ဂျီဝမ်းနဲ့ မပေါ်ခြင်းပြဿနာကတော့ Windows 8 64-bit ဗါးရှင်းတွေမှာ အဖြစ်များတယ်လို့ ထင်ပါတယ်..။ ကျနော်စမ်းသပ်ခဲ့တဲ့ စက်တွေကလည်း Windows 8 64-bit တွေပဲ ဖြစ်နေလို့ပါ..။ Windows 8 မှာပါတဲ့ မြန်မာစာဖေါင့်က ဒီတိုင်းရိုက်လို့ မြန်မာစာ မပေါ်ပါဘူး..။ ယူနီကုဒ်လက်ကွက်တခုခုထည့်ပေးပြီးမှ မြန်မာစာရိုက်လို့ ရတာပါ..။ ဒါကြောင့် ကျနော် Windows 8 64-bit အတွက် ဇော်ဂျီလက်ကွက် 64 ကို ထည့်လိုက်တော့ Windows 8 မှာပါတဲ့ မြန်မာစာ ရိုက်လို့ ရသွားပါတယ်..။ ဇော်ဂျီနဲ့ကျပြန်တော့ ရိုက်လို့ ဖတ်လို့တော့ရပြီ.. ဖိုဒါတွေနဲ့ Icon တွေကအစ မိုဇီလာ Bookmark အဆုံး Windows 8 မှာပါတဲ့ Myanmar Text နဲ့ပေါ်နေပြန်တော့ ဇော်ဂျီပြန်ပြောင်းဖို့ အတော်လေး ရှာခဲ့ရပါတယ်..။ အရင်သုံးခဲ့တဲ့ Windows 8 မှာကျတော့ ဘာမှမလို ဇော်ဂျီထည့်ပေးပြီးတာနဲ့ အားလုံးဇော်ဂျီဖေါင့်ပြောင်းပြီးသား တန်းသုံးယုံပဲ..။ Windows 8 32-bit ဟုတ်လို့ထင်ပါတယ်..။ ဇော်ဂျီဖေါင့်အတွက် Windows 8 64-bit နဲ့ 32-bit ကွာခြားချက် သေချာမပြောပြတတ်သေး..။ ဘာပဲဖြစ်ဖြစ် ကျနော်ဒီနည်းနဲ့ လိုက်ပြောင်းကြည့်လို့ အဆင်ပြေသွားခဲ့တဲ့အတွက် အားလုံးလည်းအဆင်ပြေမယ်ထင်လို့ ဒီနည်းလေးကိုပဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

 ဒီအောက်ကပုံအတိုင်း Icon တွေမှာ မြန်မာစာ ဇော်ဂျီဝမ်းနဲ့ မပေါ်သေးပါ..။ ပုံလေးတွေအတိုင်း အဆင့်ဆင့် လုပ်ပေးလိုက်ရင် ရသွားပါပြီ..။ ဒီစက်မှာ ဇော်ဂျီဝမ်းဖေါင့်ထည့်ထားပြီးသားပါ..။ ဒီလိုလိုက်ပြောင်းပြီးသွားရင်လည်း ဇော်ဂျီဝမ်းဖေါင့်ကို ပြန်ပြီး Install ထည့်ပေးရပါမယ်..။ ဇော်ဂျီမထည့်ရသေးတဲ့ စက်တွေမှာတော့ ဒီအောက်ကအတိုင်း အရင်လိုက်ပြောင်းပြီးမှ ဇော်ဂျီဝမ်းဖေါင့်ကို ထည့်ပေးပြီး စက်ကို Restart ချပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။



အပေါ်နဲ့ အောက်ကပုံအတိုင်း Control Panel >> Fonts ထဲကို ဝင်လိုက်ပါ..။


Fonts ထဲမှာ Myanmar Text  Regular ဆိုတဲ့ ပုံလေး ပျောက်နေ၊ မြုပ်နေရင် Right Click >> Show နဲ့ ဖေါ်လိုက်ပါ..။




အပေါ်ပုံအတိုင်း  Myanmar Text  Regular ဖေါင့်ကို Show ပေးလိုက်လို့ ပေါ်လာပြီဆိုရင် ဇော်ဂျီဝမ်းဖေါင့်ကို Install ထည့်ပြီး စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင် ဇော်ဂျီဖေါင့်နဲ့ ဖိုဒါတွေ ၊ Icon တွေမှာ ပေါ်နေပါပြီ..။



အောက်ကပုံအတိုင်း မြန်မာစာကို ဇော်ဂျီဝမ်းနဲ့ ရေးလို့ ဖတ်လို့ ပေါ်လာပါပြီ..။


======================================================

နောက်တခုကတော့ Windows 8 မှာ Restore Points တွေကို ရှာလို့မရတာပါပဲ..။ ဘာလို့လဲဆိုတော့ Windows 8 မှာက Windows 7 လို တခါတည်း ဝင်းဒိုးတင်ပြီးတာနဲ့ တန်းပြီး Restore Points တွေ အလုပ်မလုပ်ပါဘူး..။ OFF ဖြစ်နေလို့ပါ..။ အဲ့ဒါကို ကျနော်တို့က Windows 8 မှာ Restore Points တွေ အလုပ်လုပ်နိုင်အောင်လို့ သွားပြီး ON လုပ်ပေးရပါမယ်..။ ဒါဆိုရင် Restore Points တွေ ရှိနေပြီဖြစ်လို့ တခုခု ဝင်းဒိုး Error ပေါ်ခဲ့တဲ့အခါ အလွယ်တကူ Restore Points တွေနဲ့ နောက်ပြန်ဆုတ်ယူလို့ အဆင်ပြေ လွယ်ကူမှာ ဖြစ်ပါတယ်..။ လုပ်နည်းကို အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။ Restore Points ကို ON လုပ်ပြီးတဲ့အခါမှာလည်း မကြာမကြာ ၊ တပါတ်တစ်ခါလောက် Restore Point ကို Create နဲ့ မိမိတို့ကိုယ်တိုင် ဖန်တီးပေးထားတတ်ဖို့ပါ.. သတိပြုပေးပါ..။ ဒါမှ ဝင်းဒိုးနောက်ပြန်ဆုတ်တဲ့အခါ အလွယ်တကူ အဆင်ပြေမှာပါ..။
အောက်ကပုံအတိုင်း Windows 8 မှာ မြင်ရတဲ့အတိုင်း Computer Properties ကနေ သွားလိုက်ပါ..။



System Protection ကို ကလစ်လိုက်ရင် အောက်ဒုတိယပုံပေါ်လာပါလိမ့်မယ်..။ အောက်က ပထမပုံကတော့ Restore Point တွေမရှိတဲ့အခါမှာ ဒီလို ကြတ်ခြေခတ်အနီရောင်နဲ့ ပြနေပါလိမ့်မယ်..။ Restore Points တွေကို ON လုပ်ပြီးသွားလို့ Create ဖန်တီးပြီးသွားပြီဆိုရင် ဒီလိုပုံမျိုးမပေါ်တော့တာ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။



အပေါ်ပုံမှာ OFF ဖြစ်နေတဲ့ Windows 8 ကို အရင်တချက်ကလစ်ပြီးမှ Configure ကို ကလစ်ပါ..။ အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် Turn on system protection ကို အမှန်ခြစ်ပေးပြီး Max Usage မှာတော့ ကျနော်က 50% လို့ပြောင်းထားပေးလိုက်ပါတယ်..။ ပြီးရင် Apply >> OK ပေးလိုက်ပါတယ်..။



စောန OFF ဖြစ်နေတဲ့ နေရာမှာ ON ဖြစ်သွားပြီဆိုရင် Create ကိုနှိပ်ပြီး Restore Points တခုကို အရင် ဖန်တီးထားလိုက်ပါ..။ အောက်ကပုံအတိုင်း ကျနော် ဖန်တီးထားလိုက်ပါတယ်..။
 အပေါ်အကွက်လေးထဲမှာတော့ မိမိတို့ မှတ်ရလွယ်မယ့် စာတခုခုရေးထည့်လိုက်ပါ..။ ကျနော်ကတော့ အဲ့ဒီနေ့က ရက်စွဲကိုပဲ ရေးထည့်လိုက်ပါတယ်..။ ပြီးရင်တော့ Create ကို နှိပ်လိုက်ပါတယ်..။




Successfully ဆိုရင်တော့ ဖန်တီးလို့ ရသွားပါပြီ..။ Close နဲ့ ပိတ်လိုက်ပြီး အဲ့ဒီအပေါ်က System Restore ကို ပြန်ဖွင့်ကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း အဆင်ပြေစွာနဲ့ System Restore ကို ဖွင့်သုံးလို့ ရသွားပါပြီ..။ ဒီနည်းနဲ့ Restore Point တွေကို မကြာမကြာဖန်တီးထားခြင်းဖြင့် ဝင်းဒိုး Error တွေကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်..။


Restore Points အသုံပြုနည်းက Next နှိပ်ပြီးသွားယုံပါပဲ..။ ဒီမှာတော့ ဒီလောက်ပဲ ပြပေးထားပါတယ်..။ ဒါကြောင့် ကျနော်က Cancel နဲ့ ပိတ်ပစ်လိုက်ပါတယ်..။


======================================================

နောက်ထပ်တခုက User Account ကို Windows 7 မှာလို သွားရင် ဝင်လို့တော့ ရတယ်.. ဒါပေမယ့် စာကိုသေချာဖတ်ဖို့တော့ လိုပါတယ်..။ စာကိုသေချာမဖတ်ရင်တော့ User Account Password နဲ့ Hard Disk Password မှားပြီး ပေးမိရင် နောက်တခါဝင်းဒိုးတင်တဲ့အခါမှာ အကြီးအကျယ်ပြဿနာပေါ်ပါလိမ့်မယ်..။ ဒါကြောင့် Hard Disk Password ကို ဒီနေရာမှာ မထည့်မိဖို့ အထူးသတိပြုရမှာပါ..။ User Account Password နဲ့ Hard Disk Password မှားမထည့်မိဖို့ အောက်ကပုံအတိုင်း ကျနော်ဝင်သွားပြီး ပြပေးထားပါတယ်..။
Control Panel ထဲကနေ User Account ကို အောက်ကပုံအတိုင်း ဝင်သွားလိုက်ပါတယ်..။


အောက်ကပုံအတိုင်း အပြာရောင်နဲ့ ပြထားတဲ့ နေရာကတော့ Hard Disk Password ပေးရမယ့် နေရာပါ..။ လုံးဝ Password မထည့်ပဲ အဲ့ဒီနေရာကို ကျော်ခဲ့လိုက်ပါ..။ အနီရောင်နဲ့ ပြထားတဲ့ နေရာကတော့ User Account အတွက် ဝင်းဒိုး Password ပေးရမယ့် နေရာပါ..။ အဲ့ဒီကနေ သွားရင် PC Setting ထဲကို ရောက်သွားပါတယ်..။


ကျနော်တို့ PC Setting ကို Desktop ပေါ်ကနေလည်း သွားလို့ ရပါတယ်..။ အောက်ကပုံအတိုင်း ဝင်သွားလို့ ရပါတယ်..။ Setting ကိုနှိပ်လိုက်ရင် PC Setting ပေါ်လာပါလိမ့်မယ်..။




Change PC Setting ကို ဝင်လိုက်ရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ User >> Create Password ကို နှိပ်ပြီး Password ထည့်လို့ ရပါပြီ..။


Add a user ကတော့ နောက်ထပ် User Account တွေ ထပ်ဖွင့်ဖို့ နေရာတခုပါ..။ ကွန်ပျူတာ တလုံးထဲနဲ့ User Account တွေခွဲဖွင့်ပြီး သုံးလေးယောက် ခွဲသုံးဖို့ အဆင်ပြေစေမယ့် နေရာပါ..။ 
အောက်ကပုံအတိုင်း Password ပေးပြီး Next ကိုနှိပ်ပေးလိုက်ပါတယ်..။



 Finish ပေးလိုက်ရင်တော့ User Account တခုကို ရသွားပါပြီ..။ အောက်ကပုံကတော့ မိမိတို့ရဲ့ ပုံလေးတွေနဲ့ Password ပေးထားချင်တယ်ဆိုရင်တော့ အောက်ကပုံအတိုင်း Create a picture password ကို နှိပ်ပြီး သွားလိုက်ပါ..။
 


အပေါ်ပုံကတော့ အရင်ထည့်ထားတဲ့ ပါတ်စ်ဝါဒ့်ကို Confirm လုပ်ခိုင်းတာပါ..။ ပါတ်စ်ဝါဒ့်ထည့်ပြီး Ok ပေးလိုက်ရင် အောက်ကပုံအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်..။ Choose Picture ကနေ မိမိတို့ရဲ့ ပုံလေးကို သွားရွေးပေးလိုက်ပါ..။ အောက်ကပုံလေးတွေအတိုင်းပါပဲ..။



တကယ်အသုံးပြုမယ်ဆိုရင်တော့ Use this picture ကိုနှိပ်ပေးလိုက်ပါ..။



 1-2-3 အတိုင်း မိမိတို့ပုံရဲ့ နေရာလေး သုံးနေရာကို တချက်စီကလစ်ပေးလိုက်ပါ..။ ကျနော်ကတော့ အောက်ကပုံအတိုင်း အစွန်သုံးနေရာကို ကလစ်ပေးလိုက်ပါတယ်..။ အဲ့ဒီသုံးနေရာက ပါတ်စ်ဝါဒ့်ဖြစ်သွားပါပြီ..။



Congratulation ဆိုရင်တော့ Finish ပေးလိုက်လို့ ရသွားပါပြီ..။ ဒါဆိုရင် မိမိတို့ရဲ့ ပုံလေးနဲ့ရော ၊ စာလုံး ပါတ်စ်ဝါဒ်နဲ့ပါ Password ပေးပြီးသား ဖြစ်သွားပါပြီ..။ ဝင်းဒိုးထဲဝင်တဲ့ အခါမှာတော့ ၂ခုစလုံးနဲ့ ဝင်လို့ ရသွားပါပြီ..။ ကျနော် လက်ရှိဒီ၂မျိုးစလုံးနဲ့ အသုံးပြုနေတာပါ..။ အဆင်ပြေပါတယ်..။ 
Password တွေမလိုတော့ရင်တော့ အောက်ကပုံအတိုင်း Remove နဲ့ ပြန်ထုတ်ပစ်လို့ ရပါတယ်..။


 ======================================================

နောက်ဆုံးတခုကတော့ Windows 7 မှာ မပါခဲ့တဲ့ Tool လေး Windows To Go တူးလေးနဲ့ USB 32 GB ထဲမှာ ဝင်းဒိုးတခုလုံးကို ထည့်ပြီး သိမ်းထားလို့ ရမယ့် နေရာလေးပါ..။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Control Panel ထဲမှာပဲ ရှိပါတယ်..။ 



ဒီပိုစ့်မှာတော့ ဒီတူးလေး အသုံးဝင်ပုံကို ပြပေးချင်ပေမယ့် 32 GB ရှိတဲ့ USB Pendrive တချောင်းလိုအပ်ပါတယ်..။ ကျနော်မှာလည်း 16 GB ပဲရှိပြီး.. 32 GB အဆင်သင့်မရှိသေးတဲ့အတွက် ဒီအဆင့်တွေကို ပုံလေးတွေနဲ့ ပြပေးဖို့ အဆင်မပြေတော့ပါဘူး..။ ဒါကြောင့်နောက်ပိုင်း ကြုံကြိုက်ခဲ့ရင် ဒီပိုစ့်ကို ထပ်ဆက်ပေးပါမည်..။ 32 GB ရှိတဲ့သူများကတော့ မိမိကိုယ်တိုင်ပဲ ဒီအဆင့်တွေကို စမ်းသပ်အသုံးပြုကြည့်ပါ..။ သိပ်တော့မခက်ပါဘူး..။ သူမေးထားတာနဲ့ သူပြထားတာတွေကို ရွေးပေးတတ်ရင် လုပ်လို့ ရပါတယ်..။ အားလုံးပဲ စမ်းသပ်ရင်း အဆင်ပြေကြပါစေဗျာ..။

16 comments:

  1. ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ကျွန်တော့စက် Windows 8 ၆၄ bit မှာ မြန်မာစာရိုက်လို့မရဖြစ်နေတာ ကိုလွင်မင်းဗိုလ် ကျေးဇူးကြောင့် အဆင်ပြေသွားပါပြီ။

    ReplyDelete
  2. ပြန်ရှယ်သွားပါတယ်အကိုရေ.ကျေးဇူးပါ

    ReplyDelete
  3. အစ်ကိုရေ... "Windows To Go" ကို ရှာလို့မတွေ့ဘူးဗျ။ ကျွန်တော် Computer က Window 8 ပါ။ Windows To Go ကို ပေါ်အောင် ဘယ်လိုလုပ်ရမလဲဗျ။ ပြောပေးပါအုံး။

    ReplyDelete
  4. ကျွန်တော့်ကိုလဲ ကူညီပါအုံးခင်ဗျ။
    Windows 8 စသုံးကတည်းက သုံးရတဲ့အချိန်ထက် ဟို error, ဒီ error လိုက်ရှင်းနေရတာက ပိုများတယ်ဗျာ။ ကျနော်သုံးတာက Aspire V5-571PG 64Bit ပါ။ 5 လပိုင်းလောက်ကတည်းက စသုံးနေတာ ခုထိကို အသားမကျနိုင်သေးဘူးဆရာရေ။ တစ်မျိုးကောင်းသွားရင် နောက်တစ်မျိုး ထထဖောက်နေလို့ အတော်လေးစိတ်ညစ်ရတယ်ဗျာ။

    1) Windows Store က ခနခန ၀င်လို့မရဖြစ်ဖြစ်နေပါတယ်။ Microsoft Account ကို အပြီး Delete လုပ်ပြီး နောက်တစ်ကြိမ်ပြန်ဝင်ရင် ပြန်ရပါတယ်။ တစ်ရက်တစ်ကြိမ်နှုန်းလောက်ကို ဖြစ်နေတယ်ဗျ။ ခနခနဒီလိုဖြစ်နေတော့ စိတ်မရှည်ဘူးဗျာ။ ဆရာကူညီပါအုံး။

    2) Windows Store ရဲ့ Applications တွေမှာ မြန်မာစာ ရိုက်လို့၊ ဖတ်လို့မရဘူးဗျ။ Internet Explore, Outlook, People, Mail, Message အဲဒီ Applications တွေမှာဖြစ်တာပါ။ Windows Store က မဟုတ်တဲ့ Internet Explore, Firefox, Gtalk, Gmail တွေမှာတော့ အိုကေပါတယ်။ Original ကသုံးမရဘဲ မအော်တဲ့ဟာက တစ်ဆင့်ပြန်သွားနေရလို့ပါ။ ဆရာကူညီပါအုံး။

    3) Windows Store မှာ Application တစ်ခုခုဒေါင်းတိုင်း ""YOUR PURCHASE COULD NOT BE COMPLETED..............."" ဆိုတာကြီးက ခနခန ဒုက်ခပေးတယ်ဗျာ။ Windows Update ကို ""Install update automatically (Recommended)"" လို့ ချိန်းလိုက်ရင် ပြန်ရသွားပြန်ရော။ ဒါပေမယ့် 2 နာရီ၊ 3 နာရီလောက်ခြားပြီး ပြန်ဝင်လိုက်ရင် ဒီလိုပြန်ဖြစ်သွားတယ်။ ပြန်ချိန်းရင် ပြန်ရတယ်။ ""Install update automatically (Recommended) ကို Default ထားလို့ရအောင်ဘယ်လိုလုပ်ရမလဲခင်ဗျ။ ဆရာကူညီပါအုံး။

    ဒီပြင်မေးစရာလေးတွေလဲ ရှိသေးတယ်။ နောက်လဲထပ်မေးပါရစေခင်ဗျ။
    အားလဲနာတယ်။ ကျေးဇူးလဲတင်ပါတယ်ခင်ဗျာ။

    ReplyDelete
    Replies
    1. ဝင်းဒိုး Firewall ကို ပိတ်ထားဖို့ လိုပါတယ်..။ နောက်တခုက တချို့ Antivirus တွေမှာ Download တွေကို လိုက်ပိတ်တတ်တာ ဖြစ်လို့.. မိမိဒေါင်းလော့ဆွဲမယ့် အခါတိုင်း ဝင်းဒိုး Firewall နဲ့ Antivirus တွေကို ပိတ်ထားပြီးမှ ဒေါင်းလို့ ရမှာ ဖြစ်ပါတယ်..။ အဲ့ဒါတွေ မပိတ်ရင်တော့ ဒီလိုပဲ ဖြစ်နေအုန်းမှာပါ..။ ရှာဖွေစမ်းသပ်ရင်း အဆင်ပြေပါစေဗျာ..။

      Delete
  5. အကိုရေကျေးဇူးပါ နောက်ဆုံးတော့ Myanmar font ရသွားပြီ။ :)

    ReplyDelete
  6. ကိုလွင်မင်းဗိုလ်ရေပြန်ရှယ်လိုက်ပြီနော်...

    ReplyDelete
  7. ပုံ​တွေနဲ့ ပက်​စဝက်​​ပေးလို့မရဘူး browse မှိန်​​နေလို့

    ReplyDelete
  8. အကို ကျွန်တော့် ဝင်းဒိုး ၈ မှာ windows to go ကို control panel မှာ ဘယ်လိုမှ ရှာမတွေ့ဘူး ဖြစ်နေတယ် အကို..
    ဘယ်လို လုပ်လို့ရနိုင်လဲ ဆိုတာ ပြောပြပေးပါလားခင်ဗျာ..
    ကျေးဇူးတင်ပါတယ်..

    ReplyDelete
  9. windows 8 or 8.1 Enterprise edition မှ windows to go function ပါတာပါ

    ReplyDelete
  10. Window 8 မှာ babylon myanmar dictionary က myanmar text နဲ့ပဲပေါ်နေတာ ဘယ်လိုပြောင်း ရ မလဲ ဆိုတာ သိ ရင် ကူညီပေး ပါ ရှင့်.ကျေးဇူးပါ

    ReplyDelete
  11. အကိုရယ် တစ်ခေါက်လောက် ကူညီပါအုံး windows 8.1 မှာမြန်မာစာ မမှန်ဘူးဖြစ်နေတယ် ရေးလို့လဲရတယ် တချို့နေရတွေမှာဆို မြန်မာစာက အမျိုးမျိုးပေါ်နေတယ်ဗျာ.... ((Windows 8 အသုံးပြုသူများအတွက်
    Feb 8, 2013 - အရင်ဦးဆုံး Zawgyi Font an Keyboard မရှိသေးသူများ ...Windows 8/ 8.1 မွာ Zawgyi Font ပေါ်အောင် ...)) ဒီလိုဖြစ်နေတယ် နေရာတိုင်းတော့မဟုတ်ဘူး တစ်ခေါက်လောက်ကူညီပါအုံး လုပ်တာလဲမရနိင်ဘူး
    နောက်ပြီ microsoft word ကိုသုံးပြီး မြန်မာစာတွေ၇ိုက်ထည့်ပြီး pdf ဖိုင်လုပ်ပြီးသိမ်းတိုင်းလဲ မြန်မာစာတွေက အကုန်ပြောင်းပြန်ဖြစ်နေတယ် ဘယ်လိုဖြေရှင်း၇မလဲ သိရင်တစ်ခေါက်လောက် ကူညီပေးပါလားဗျာ ကျေးဇူးတင်ပါတယ်

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  12. ဟုတ်တယ် 8.1 မှာ မရသေးဘူး ဘယ်ဖောင့်သုံးရမလဲ ကူညီပါဦး

    ReplyDelete
  13. ဟုတ်တယ် 8.1မှာမရဘူး
    myanmar text regular မပါဘူး
    zawgyi one နဲ့ smart zawgyi ပဲပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...