Mozilla နှင့် Chrome - Bookmarks များကို ဘယ်လို Backup လုပ်မလဲ


ဒီနည်းလေးကတော့ သိပြီးသားလူများလည်း ရှိသလို၊ မသိသေးတဲ့ သူများလည်း အများကြီး ရှိမှာပါ..။ ဟိုတနေ့ Mozilla Update အသစ် တင်ပေးပြီး နောက်တနေ့မှာ Google Chrome Update အသစ် ထပ်တင်ပေးပါတယ်..။ အဲဒီမှာ ဘာပြဿနာပေါ်လာလဲ ဆိုတော့ သူငယ်ချင်း တစ်ယောက်က Browser အဟောင်းတွေကို ဖြုတ်ချပြီး Update ထွက်လာတဲ့ Browser အသစ်တွေကို ပြောင်းသုံးလိုက်ပါတယ်..။ အရင် Browser အဟောင်းတွေရဲ့ Bookmark ထဲက နေ့စဉ်ကြည့်နေတဲ့ ဝဘ်ဆိုဒ် လိပ်စာတွေကို Backup ထုတ်ပြီး သိမ်းဖို့ သူမသိခဲ့တဲ့ အတွက် Browser အသစ်တွေ ပြောင်းသုံးလိုက်တဲ့ အခါမှာ Bookmark အသစ်ထဲမှာလည်း ဘာမှမရှိတော့ပါဘူး..။ သူကတော့ သိမ်းတဲ့နည်း မသိလို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ကျနော့်ဆီရောက်တော့ မေးလာပါတယ်..။ Backup လုပ်နည်းကိုပါ..
Backup လုပ်တယ်ဆိုတာ သိမ်းတာကို ပြောတာပါ.. ကျနော်တို့ Bookmark ကို ရိုးရိုး Backup လုပ်တာထက် HTML ပြောင်းပြီး Backup လုပ်တာက ပိုပြီးတော့ အဆင်ပြေပါတယ်..။ Mozilla မှာတော့ ရိုးရိုး Backup လုပ်တာရော HTML Backup လုပ်တာပါ ၂မျိုး စလုံးပါပါတယ်..။ Chrome မှာတော့ HTML တမျိုးပဲ တွေ့ရတယ်.. ဒါဆိုရင် ရပါပြီ..။ HTML Backup လုပ်နည်းကိုပဲ ဒီပိုစ့်မှာ တင်ပြပေးသွားပါမယ်..။ ဘာကြောင့် HTML Back လုပ်တာကို ပြရလဲဆိုတော့.. တကယ်လို့ Mozilla နဲ့  Bookmarks ကို HTML ပြောင်းပြီး Backup လုပ်ထားမယ်ဆိုရင်.. ဘယ် Browser နဲ့ပဲ ဖြစ်ဖြစ် Backup လုပ်ထားတဲ့ HTML ဖိုင်ကို ပြန်သွင်းပြီး အသုံးပြုလို့ ရမှာဖြစ်ပါတယ်..။ HTML ပြောင်းပြီး Backup လုပ်နည်းနဲ့ ပြန်သွင်းနည်းကို Google Chrome နဲ့ရော Mozilla Firefox နဲ့ပါ ၂မျိုးစလုံး အသုံးပြုတတ်အောင် အောက်မှာပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..
Bookmarks ထဲမှတ်တာတော့ အားလုံးသိပြီးဖြစ်မှာပါ.. မိမိတို့ ကြိုက်တဲ့ ဝဘ်ဆိုဒ်တွေကို Bookmark ထဲမှာ မှတ်ချင်ရင်.. ကီးဘုတ်က Ctrl+D ကိုတွဲနှိပ်ပြီး Enter တချက်ခေါက်လိုက်ရင် မိမိတို့ လက်ရှိကြည့်နေတဲ့ ဆိုဒ်ကို Bookmark ထဲမှာ မှတ်ပြီးသား ဖြစ်သွားပါပြီ..
အဲလို Bookmark ထဲမှာ မှတ်ထားပြီးသား ဝဘ်ဆိုဒ်လိပ်စာတွေကို Backup လုပ်ပြီး ပြန်သိမ်းချင်ရင်တော့ အောက်ကနည်းလေးနဲ့ အဆင်ပြေပါတယ်.. Google Chrome နဲ့ အရင်ပြပါမယ်.. ပြီးမှ Mozilla နဲ့ ပြပါမယ်..
Chrome Browser ကိုအရင်ဖွင့်လိုက်ပါ.. Bookmark Bar မပေါ်သေးရင် အောက်က ပုံလေးအတိုင်း နံပါတ်စဉ်တိုင်း သွားပြီး ဖေါ်လိုက်ပါ..။ 


Bookmarks ဘားတန်း ပေါ်လာပြီ ဆိုရင်တော့ (အောက်ပုံ) အဲဒီဘားတန်းပေါ်မှာ မောက်စ်မျှားလေးကို တင်ပြီး တချက်ကလစ်လိုက်ပါ..။ ဘောက်စ်လေး ကျလာပါလိမ့်မယ်.. ပုံမှာပြထားတဲ့ အတိုင်းနှိပ်ပါ..


Chrome မှာ Bookmarks Manager ပေါ်လာရင် အောက်ပုံအတိုင်း မြင်ရပါပြီ.. ဒါဆိုရင် 1, 2 အတိုင်း နှိပ်သွားလိုက်ပါ..


နောက်ထပ် ဘောက်စ်တခု ပေါ်လာရင်တော့ သိမ်းမယ့်နေရာကို ရွေးပေးပြီး Save ကိုကလစ်ပါ.. ကျနော်ကတော့ Partation (E:) ထဲမှာ သိမ်းလိုက်ပါတယ်..။ အောက်ပုံ..



အပေါ်ပုံအတိုင်း Patition (E:) ထဲမှာ Mozilla ပုံလေးနဲ့ HTML Bookmarks ဖိုင်လေး ရောက်သွားပါပြီ.. ဒီနေရာမှာ မေးစရာတခု ရှိလာပါလိမ့်မယ်..။ ဘာလဲဆိုတော့.. Google Chrome နဲ့ သိမ်းတာ ဘာလို့ Mozilla ပုံနဲ့ ပေါ်လာတာလဲ ဆိုတာပါ..။ ဘာလို့ Mozilla ပုံနဲ့ ပေါ်ရလဲဆိုတော့ ကျနော့်စက်မှာ Default Browser က Mozilla Firefox နဲ့ ပြောင်းထားလို့ပါ.. တကယ်လို့ Default Browser ကို Google Chrome လို့ ပြန်ပြောင်းလိုက်ရင် စောစောန သိမ်းလိုက်တဲ့ ဖိုင်လေးဟာ Mozilla ပုံမဟုတ်တော့ပဲ.. Chrome ပုံလေးနဲ့ ပေါ်လာပါလိမ့်မယ်..။ ဒီလောက်ဆိုရင် သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်..
မိမိတို့ သိမ်းလိုက်တဲ့ Bookmarks ဖိုင်လေးကို ဒီ Browser ထဲကို ပြန်ထည့်ချင်တယ်.. ဒါမှမဟုတ် တခြား Browser ထဲကို ပြန်ထည့်ချင်တယ်ဆိုရင်တော့ Bookmarks Manager ကိုပြန်ဖွင့်ပြီး Organize ကနေ ကလစ်ပြီး Import Bookmarks From HTML File.. အောက်ပုံ အနီဝိုင်းထားတဲ့ နေရာကို ကလစ်ပြီး သိမ်းထားတဲ့ ဖိုင်ရှိရာကို သွားရွေးပေးပြီး ပြန်ထည့်လို့ ရပါတယ်..။



အပေါ်ပုံကတော့ သိမ်းထားတဲ့ Bookmarks ဖိုင်ကို ပြန်ထည့် ပြတာပါ..။ ပြီးရင်တော့ အောက်ပုံ အတိုင်း မြင်ရပါလိမ့်မယ်..


Google Chrome နဲ့ လုပ်ပြတာပြီးသွားပြီဆိုတော့ Mozilla Firefox နဲ့ HTML Bookmarks Backup လုပ်နည်းလေး ဆက်ပြထားတာ ကြည့်လိုက်ပါအုန်း.. Mozilla Update အသစ်တွေမှာ Menu ဘားတန်း မပေါ်ပါဘူး.. ပျောက်နေတဲ့ Menu ဘားတန်းလေးကို အောက်ကပုံလေး အတိုင်း ဖေါ်ကြည့်လို့ ရပါတယ်..


Menu ဘားတန်း ပေါ်လာရင်တော့ အောက်ကပုံလေး အတိုင်း A, B ကနေ သွားလိုက်ပါ..။


နောက်ထပ် ဘောက်စ်လေး ပေါ်လာရင် အနီဝိုင်း ပြထားတဲ့ နေရာကို ကလစ်ပါ.. အောက်ပုံ..



အပေါ်ပုံ အတိုင်း 1, 2 ကနေ သွားလိုက်ရင်.. နောက်ထပ် ဘောက်စ်တခု ထွက်လာပါလိမ့်မယ်.. Backup လုပ်လိုက်တဲ့ ဖိုင်ကို သိမ်းဖို့ နေရာရွေးပေးပြီး.. သိမ်းလိုက်ပါ.. အောက်ပုံ .. ကျနော်က Patition (E:) ကိုပဲ ရွေးလိုက်ပါတယ်.. ရွေးပြီးရင်တော့ Save ကိုနှိပ်လိုက်ပါ


မိမိတို့ သိမ်းထားတဲ့ Bookmark ဖိုင်ကို ပြန်ထည့်ချင်တယ် ဆိုရင်တော့ Mozilla Bookmarks ကနေ Show All Bookmarks ကို ကလစ်ပြီး ဖွင့်လိုက်ပါ.. အောက်ကပုံ အတိုင်း ပေါ်လာရင် 1, 2 အတိုင်း ကလစ်ပြီး HTML Bookmarks ဖိုင် ရှိတဲ့ နေရာကို သွားရွေးပေးလိုက်ပါ.



အပေါ်ပုံကတော့ HTML Bookmarks ဖိုင်ရှိရာကို သွားရွေးပေးပြီး.. ပြန်ထည့်လိုက်ရင် အောက်ကပုံ အတိုင်း Bookmarks ထဲမှာ ဝဘ်ဆိုဒ် လိပ်စာတွေ ရောက်လာတာကို မြင်ရပါပြီ..


အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..

4 comments:

  1. ကျေးဇူးအများကြီးတင်ပါတယ်အစ်ကို အခုလိုနည်းပညာတွေပြန်လည်မျှဝေပေးတဲ.အတွက်
    ကျန်းမာချမ်းသာပါစေလို.ဆုတောင်းပေးလိုက်ပါတယ်ဗျာ

    ReplyDelete
  2. အစ်ကိုရေကျေးဇူးအများကြီးတင်ပါတယ်ဗျာ နောက် windows တင်ရင်လင်.တွေ၇ှာရတဲ.ပြသာနာတွေအခုမှပဲ ကင်းဝေးတော.တယ်
    ကျန်းမာချမ်းသာပါစေဗျာ

    ReplyDelete
  3. ကိုလွင်တခုလောက်အကူအညီတောင်ပါရစေ ဒီ Bookmarks ပို့စ်နဲ့တိုက်ဆိုင်သွားလို့ပါ
    Firefox Menu ဘားတန်းမှာ F E V တွေရဲ့အောက်မှာ ( _ )အနူတ်သင်္ကေတလိုမျိုးပေါ်နေ
    တယ် Desktop , Icon တို့မှာ Right Click ထောက်လဲဖြစ်နေတယ် အဲတာဘယ်လိုလုပ်
    ရမလဲ။ အစက ၀င်ဒိုးမှာတခုခုလွဲမှားတယ်ထင်ပြီး ၀င်ဒိုးအသစ်ပြန်တင်လိုက်သေတယ်။
    ဒါပေမယ့်ဒီအတိုင်းပဲပြန်ဖြစ်နေတယ် နည်းပညာဘလော့တွေမှာလိုက်မွှေတာလဲစုံနေပြီ
    အခုဒီပို့စ်ကိုဝင်ကြည့်မှ ကိုလွင်စက်မှာဖြစ်ဖူးမှန်သိလို့အကူအညီတောင်းရတာပါ။
    တခုတော့အရင်မေးပါရစေ ဒီလိုဖြစ်နေရင်စက်ကိုအန္တရယ်ဖြစ်နိုင်မလား မဖြစ်နိုင်ဘူး
    ဆိုရင် ကိုလွင်အဆင်ပြေတဲ့အချိန်ကျမှဖြေရှင်းတဲ့နည်း ရေးပေးပါလို့တောင်းပန်ပါရစေ။
    ကိုလွင် ကိုကျေးဇူးတင်ပါတယ်

    ReplyDelete
  4. Bookmarks မှာ Zawgyi Font မပေါ်တာ ဘယ်လိုလုပ်ရမလဲ ခင်ဗျာ။ ကူညီပေးပါအုံး။

    ReplyDelete

Related Posts Plugin for WordPress, Blogger...