Browser တွေ ဘာကြောင့် လေးရသလဲ၊ နှေးရသလဲ - Browser များ မြန်အောင် လုပ်နည်း


ဒီနေ့ပိုစ့်လေးကတော့ ကွန်ပျူတာနဲ့ အင်တာနက် သုံးတဲ့လူတိုင်းအတွက် သိထားသင့်တဲ့ Browser တွေ မြန်အောင်လုပ်တဲ့ နည်းပါပဲ..။ ဒီပိုစ့်ကို တင်ပေးဖို့ ကျနော် အချိန်ယူနေတာ တလလောက်ရှိပါပြီ..။ ဘာလို့လဲဆိုတော့ ဆော့ဝဲလ်တွေ ထည့်တဲ့အခါ ပါလာတတ်တဲ့ Toolbar တွေကို လိုချင်လို့ပါပဲ..။ အဲ့ဒီ Toolbar တွေ များလာမှ ဒီပိုစ့်ကို တင်ပေးဖို့ အဆင်ပြေမှာမို့ပါ..။ နေ့စဉ်နဲ့အမျှ ကျနော်တို့လို ဆော့ဝဲလ်တွေကို ထည့်လိုက်၊ ထုတ်လိုက်လုပ်နေတဲ့ သူများအတွက် ဒီ Toolbar တွေကို မရှင်းလင်းဘူး ဆိုရင် ကြာလာတဲ့အခါမှာ မိမိတို့ အသုံးပြုနေတဲ့ Browser တွေဟာလည်း လေးလံပြီး နှေးကွေးလာပါတယ်..။ ဒီ့ထက်ထပ်ကြာတဲ့ နောက်ပိုင်းမှာတော့ Browser တွေဟာ ဖွင့်ဖို့တောင် ခက်ခဲတဲ့အဆင့်ထိ ဖြစ်လာတတ်ပါတယ်..။ အဓိကကတော့ ဆော့ဝဲလ်တွေ Install ထည့်တဲ့အခါ ပါလာတတ်တဲ့ Toolbar တွေကြောင့်ပါပဲ..။ ဆော့ဝဲလ်တွေမှာ အများဆုံးတွေ့ ရတတ်တဲ့ Ask Toolbar ၊ Babylon Toolbar တွေကို ဆော့ဝဲလ်တခု Install ထည့်တဲ့အခါ ၎င်းနေရာတွေမှာ အမှန်ခြစ်ဖြုတ်ပြီးမှ Install ထည့်ရမှာပါ..။ ဒါမှသာ ဒီ Toolbar တွေ ဝင်းဒိုးထဲကို မဝင်တဲ့အတွက် Browser တွေလည်း လေးလံ နှေးကွေးခြင်း မဖြစ်တော့မှာပါ..။ ဒီ Toolbar တွေသာ ဝင်းဒိုးထဲ Install ထည့်မိရင်တော့.. Browser တွေ သွားလေရာမှာ ဒီ Toolbar တွေက ခိုကပ်လိုက်နေတဲ့အတွက် Browser ဟာ သွားလိုရာကို လွတ်လွတ်လပ်လပ် မသွားနိုင်ပဲ Toolbar တွေကိုပါ တွဲခေါ်နေရလို့ Browser တွေ လေးရခြင်း ၊ နှေးရခြင်းပါပဲ..။ Toolbar တွေ အရမ်းများတဲ့ စက်တွေမှာတော့ Browser တွေဟာ အသုံးပြုနေရင်းကနေ လုံးဝရပ်သွားပါတယ်..။ အဲ့လိုတွေ ဖြစ်လာရင်တော့ ၊ အဲ့လိုမျိုးဖြစ်နေတဲ့ စက်တွေမှာဆိုရင်တော့ ဒီပိုစ့်မှာ ပြပေးထားတဲ့နည်းနဲ့ Browser တွေမှာကပ်နေတဲ့ Toolbar တွေကို ထုတ်ပစ်ပေးလိုက်ရင် မိမိတို့ ကွန်ပျူတာရဲ့ Browser တွေ ပြန်လည်မြန်ဆန် လာပါလိမ့်မယ်..။
ဒီ၂-ရက်၊ ၃-ရက်မှာ ကျနော်အသုံးပြုနေတဲ့ Browser တွေဟာလည်းပဲ အဲ့လိုမျိုး ဖြစ်လာပါတယ်..။ အသုံးပြုနေရင်းနဲ့ ကြာလာရင် လေးလာ၊ နှေးလာ၊ ဟမ်းလာပြီး ရပ်သွားပါတယ်..။ ဘာမှနှိပ်လို့မရတော့ပါဘူး..။ ဒါနဲ့ပဲ ဒီပိုစ့်ကို တင်ပေးဖို့ ပုံတွေယူဖို့ Browser မှာ တွယ်ကပ်နေတဲ့ Toolbar တွေကို ရှင်းလင်းရေး လုပ်ရပါတော့တယ်..။ ကွန်ပျူတာကို လနဲ့ နှစ်နဲ့ ချီပြီး အသုံးပြုနေပြီး.. Toolbar တွေ တခါမှာ မရှင်းသေးဘူးတဲ့ သူများကတော့ ကျနော်အပေါ်မှာ ပြောခဲ့သလို Browser တွေ လေးလံ နှေးကွေးပြီး ရပ်ရပ်သွားတာကို ခဏခဏကြုံရပါလိမ့်မယ်..။ ပြီးခဲ့တဲ့လတွေက Cbox နဲ့ Comments တွေမှာ ဘယ်လိုမြန်အောင် လုပ်ရမလဲလို့ မေးခဲ့တဲ့သူများ ရှိခဲ့ပါတယ်..။ လုပ်နည်းကတော့ မခက်ပါဘူး..။ ဒါပေမယ့် ဆော့ဝဲလ်သုံးပြီး Toolbar တွေ ထုတ်ရမှာမို့.. Browser မှာ နေ့စဉ် လနဲ့ချီပြီး အသုံးပြုခဲ့တဲ့ အမှိုက်လို့ပြောရမယ့် Browsing Data (History) တွေကို ရှင်းလင်းပေးရမှာ ဖြစ်တဲ့အတွက် အချိန်တော့ အများကြီး ပေးရပါလိမ့်မယ်..။ Toolbar တွေ များရင် များသလို ကြာမှာမို့ မိမိတို့ အလုပ်အားတဲ့ အချိန်မှာမှ  ဒီနည်းကို အသုံးပြုသင့်ပါတယ်..။ အားလုံးရှင်းလင်းပြီးသွားရင်တော့ စက်ကို Restart ချပေးပြီးမှ အသုံးပြုရင် အရင်ကထက် Browser တွေ ပိုမိုမြန်ဆန်နေတာ လက်တွေ့မြင်ရပါလိမ့်မယ်..။ ကျနော်တို့တွေ အသုံးအများဆုံးဖြစ်တဲ့ Mozilla Firefox နဲ့ Google Chrome Browser တွေနဲ့ လုပ်ပြပေးထားပါတယ်..။ တဆင့်စီ အသုံးပြုတတ်အောင် ရှင်းပြပေးထားတာမို့ ပုံတွေတော့ များပါတယ်..။ Browser တွေ မြန်အောင် လုပ်နည်းကို မသိသေး၊ မလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။
ကျနော် ဒီပိုစ့်မှာ ပြပေးထားတဲ့ ပုံတွေထဲက ဆော့ဝဲလ်တွေကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူနိုင်ပါတယ်..။


CCleaner 4.0.0  - 4.1 MB

အောက်ကတခုကတော့ ပါတ်စ်ဝါဒ့် http://lwinminbo.blogspot.com/ ကို ထည့်ပေးပြီး ဒေါင်းယူနိုင်ပါတယ်..။ Your Uninstaller ကို ကျနော် အရင်ပိုစ့်တွေအတိုင်း ဖိုင်နာမည်ပြောင်း တင်ပေးထားပါတယ်..။


CCleaner နဲ့ အမှိုက်တွေ ရှင်းတဲ့အခါ အောက်ကပုံအတိုင်း မျှားပြထားတဲ့ နေရာက Windows နဲ့ Applications နေရာတွေမှာ အမှန်ခြစ် အားလုံးပေးပြီးမှ Run Cleaner ကို နှိပ်ပါ..။




အပေါ်ပုံအတိုင်း CCleaner နဲ့ ပြီးသွားရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Mozilla ကို ဖွင့်ပါ..။ ပုံမှာပြထားတဲ့ အတိုင်း Add-ons Manager ကို ထပ်ဖွင့်ပါတယ်..။



Plugins နေရာမှ Shockwave Flash တခုကို ချန်ထားခဲ့ပါ..။ ကျန်တာတွေ အားလုံး Disable ပေးလိုက်ပါ..။ အပေါ်ပုံနဲ့ အောက်ပုံ ၂ခုကို ယှဉ်ပြပေးထားပါတယ်..။


ပြီးရင်တော့ Extensions ကို ကလစ်ပြီး အောက်ကပုံတွေအတိုင်း ဆက်လုပ်ပေးပါ..။


IDM CC တခုကိုသာ ချန်ထားခဲ့ပါ..။ ကျန်တာတွေကို Remove / Disable ပေးလိုက်ပါ..။ အပေါ်ပုံနဲ့ အောက်ပုံ ယှဉ်ပြပေးထားပါတယ်..။


အပေါ်ကတော့ Mozilla အတွက် ပြီးသွားပါပြီ..။ အောက်ကပုံတွေကတော့ Google Chrome အသုံးပြုသူများအတွက် ဒီပုံလေးတွေ အတိုင်း ဆက်ပြီး လုပ်ပေးလိုက်ပါ..။ 


အောက်ကပုံလိုမျိုး မျှားအပြာရောင် ပြထားတဲ့ ပုံလေးနဲ့ IDM ပုံရှိခဲ့ရင် ချန်ထားခဲ့ပါ..။ တခြား Toolbar တွေကိုတော့ မျှားနီပြထားတဲ့ ပုံတွေအတိုင်း Remove နဲ့ရှင်းထုတ်ပစ်လိုက်ပါ..။ 


ကျနော် အောက်ကပုံတွေအတိုင်း Remove နဲ့ ထုတ်ပစ်လိုက်ပါတယ်..။





Chrome Browser အတွက် တကယ်လိုအပ်တဲ့ Font Tagger နဲ့ IDM ၂မျိုးပဲ ထားပေးလိုက်ပါ..။ ကျန်တဲ့ Toolbar တွေကို Remove နဲ့ ရှင်းထုတ်လိုက်ပါတယ်..။
အောက်ကပုံကတော့ Advanced System Care ထဲမှာ ပါလာတဲ့ IObit Uninstaller လေးပါ..။ ဒီကောင်လေးနဲ့ ကျနော် ကွန်ပျူတာထဲမှာ ရှိနေတဲ့ Toolbar တွေကို ရှာကြည့်လိုက်တာပါ..။ သူ့ရဲ့ Uninstaller နဲ့ ထုတ်ပစ်လည်း ရပါတယ်..။ ဒါပေမယ့် Toolbar တွေရဲ့ Registry ကီးတွေကို အကုန်ထုတ်ပစ်မပေးနိုင်ပါဘူး..။ ဒါကြောင့် ကျနော့် Your Uninstaller နဲ့ ပြောင်းသုံးပါတယ်..။ Your Uninstaller ကတော့ ဆော့ဝဲလ်တခုစီရဲ့ Registry ကီးတွေကို အားလုံးနီးပါး ပြန်ထုတ်ပစ်ပေးနိုင်ပါတယ်..။ ဒါကြောင့် ကျနော် အခုနောက်ပိုင်းတော့ ဆော့ဝဲလ်တွေ ထုတ်တဲ့အခါ Your Uninstaller လေးပဲ အမြဲသုံးဖြစ်နေတာပါ..။ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။



အပေါ်ပုံက IObit ဆော့ဝဲလ် Toolbar နေရာမှာ မြင်နေရတဲ့ Toolbar အများစုကို Your Uninstaller ဆော့ဝဲလ်ထဲမှာတော့ အားလုံးကို မမြင်ရနိုင်ပါဘူး..။ ဒါကြောင့် ကျနော် အောက်ကပုံအတိုင်း အပေါ်ပုံမှာ မြင်နေရတဲ့ Toolbar နာမည်တခုကို ရိုက်ထည့်လိုက်တဲ့အခါ ပေါ်လာပါတယ်..။ အဲ့ဒီ Toolbar ကလစ်ပြီး ဘေးက အမှိုက်ပုံးကို နှိပ်လိုက်ပါတယ်..။ အောက်ကပုံတွေ အတိုင်းပါပဲ..။



အမှိုက်ပုံးကို နှိပ်ပြီးတဲ့အခါ အောက်ကပုံအတိုင်း Super Mode နဲ့ သွားလိုက်ပါတယ်..။




အပေါ်ပုံတွေအတိုင်း ဆော့ဝဲလ်တိုင်း ပေါ်လာမှာ မဟုတ်ပါဘူး..။ ဒီပိုစ့်မှာ ကျနော်က Toolbar တခုကို ထုတ်တတ်အောင် အစမ်းလုပ်ပြပေးထားခြင်းသာ ဖြစ်ပါတယ်..။ ပြောချင်တာကတော့ အောက်ကပုံမှာ ပေါ်လာတဲ့ Registry entries ကီးတွေကိုပါပဲ.. ဆော့ဝဲလ်တိုင်း ဒီလို ကီးတွေ ပေါ်လာမှာပါ..။ ဒါကတော့ ဒီဆော့ဝဲလ်ရဲ့ ဒီ Toolbar ရဲ့ ကီးတွေပါပဲ..။ အဲ့ဒါတွေကို အားလုံးကို အမှန်ခြစ်တွေပေးပြီး Next ကိုနှိပ်၍ ဖျက်ထုတ်ပစ်ပေးရမှာပါ..။ ဒီ Your Uninstaller ဆော့ဝဲလ်လေးက ဆော့ဝဲလ်တခုစီရဲ့ Registry entries ကီးတွေကို လိုက်ရှာပေးရတဲ့အတွက် Toolbar တခုထုတ်တိုင်း ၊ ဆော့ဝဲလ်တခု ထုတ်တိုင်း အချိန်တော့ နည်းနည်းပေးရပါတယ်..။ 



Complete ဆိုရင်တော့ Finish ပေးလိုက်လို့ ရသွားပါပြီ..။ အောက်ကပုံတွေကတော့ နောက်ထပ် တခြား Toolbar တွေကို ထပ်ထုတ်ပြပေးထားတာပါ..။ လုပ်နည်းကတော့ အပေါ်ကနဲ့ အတူတူပါပဲ..။ ဆက်ကြည့်လိုက်ပါဗျာ..။




အောက်ကပုံကတော့ နောက် Toolbar တွေကိုပါ ထုတ်ပြပေးထားတာပါ..။ ဒီဆော့ဝဲလ်ထဲမှာ ပေါ်လာတဲ့ Toolbar တွေကိုတော့ တခါတည်း ကလစ်ပြီး ထုတ်ပစ်လို့ ရပါတယ်..။





အပေါ်မှာ ဖွင့်ပြထားတဲ့ IObit Uninstaller ကို ပိတ်ပစ်လိုက်ပြီး ပြန်ဖွင့်လိုက်တဲ့အခါမှာတော့ အောက်ကပုံအတိုင်း မြင်နေရပါပြီ..။ IDM ကတော့ ကျနော်တို့အတွက် တကယ်လိုအပ်တဲ့အတွက် မထုတ်ပဲ ထားခဲ့လိုက်ပါပြီ..။


ကျနော် ကွန်ပျူတာကို Restart ချပြီး Browser ကို ပြန်ဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ အောက်ကပုံအတိုင်း မြင်နေရပါပြီ..။ ဒီနေ့တော့ ကျနော့် ကွန်ပျူတာရဲ့ Browser တွေကို အသုံးပြုရတာ အရင်ရက်တွေကထက် ပိုမြန်လို့ နေပါပြီ..။ ကျနော့် မိတ်ဆွေများလည်း Browser တွေ မြန်ချင်ရင် ဒီနည်းလေးနဲ့ အသုံးပြု ရှင်းလင်းပေးလိုက်ပါ..။ တကယ်မြန်လာပါလိမ့်မယ်..။



Shockwave Flash နဲ့ IDM CC စာသားပါတဲ့ ကောင်လေးတွေကိုတော့ လုံးဝဖျက်ပစ်ဖို့ မလိုပါဘူး..။ ကျနော်တို့အတွက် မရှိမဖြစ် တကယ်အသုံးလိုတဲ့ ကောင်လေးတွေမို့ Browser မှာ ထည့်ပေးထားရမှာပါ..။ ဒီလောက်ဆိုရင်တော့ Browser တွေအတွက် အတော်လေး စုံသွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..။

6 comments:

  1. ကျေးဇူးပါ အကိုရေ အခုလိုအသေးစိတ်စေတနာထားပြီးရှင်းပြပေးတဲ့အတွက် ကျွန်တော်တို့လို အခြေခံသမားတွေအတွက်တကယ်ကိုအဆင်ပြေပြီးပညာရပါတယ် အကိုလွင်ဒိထက်အောင်မြင်နိုင်ပါစေဗျာ အကို့ကို ကျွန်တော့်ရဲ့ဆရာတယောက်လိုထာဝရလေးစားလျှက်ပါ

    ReplyDelete
  2. ဆိုက်တွေအားလုံးထဲမှာအကို့ ၇ဲ့ဆိုက်လောက်၇ှင်းတာ ဘာမှမ၇ှိဘူးသိပ်ကောင်းတယ် ကျေးဇူးအထူးတင်ပါတယ်ဗျာ အားလုံးကိုယ်စား

    ReplyDelete
  3. ကျေးဇူးပါအကို့ ရေခုမှပဲအဆင်ပြေသွားတယ်ကျွန်တော့ firefox ကအရမ်းလေးနေတာခုတော့အဆင်ပြေသွားပါပြီ
    ကျေးဇူးပဲဗျာ

    ReplyDelete
  4. Your Uninstaller က (The file you requested has not been found or may no longer be available.) အဲ့ဟာပဲ ပြနေတယ် အကို

    ReplyDelete
  5. cookies တွေ တခြား history တွေ
    browsing data တွေကြောင့်လဲပါပါတယ် ဖြစ်နိုင်ရင် manual ရှင်းပါ
    ကိုတကယ်လိုလို့ ထည့်ထားတာတွေ ပါသွားရင်တခါတခါရှာရခက်ပါတယ်
    ဥပမာ developer tool လိုဟာမျိုး

    ReplyDelete

Related Posts Plugin for WordPress, Blogger...