Internet Download Manager 6.15 Build 14 Final နှင့် IDM ကို ခရက်ခ်ဖိုင်ဖြင့် ဖူးလုပ်နည်း (ဒုတိယနည်း)


Internet Download Manager 6.15 Build 14 Final ဗါးရှင်းကို ကျနော် patch ဖိုင်အပြင် crack ဖိုင်လေးပါ တခုစီခွဲတင်ပေးထားပါတယ်..။ Patch နဲ့ IDM ကို ဖူးဖြစ်အောင် မလုပ်နိုင်တဲ့ ဝင်းဒိုးတွေ အတွက် နောက်ထပ် တင်ပေးလိုက်တဲ့ crack ဖိုင်လေးကို IDM Installed Folder ထဲမှာ အစားထိုးထည့်ပြီး ဖူးလုပ်၍ အသုံးပြုနိုင်ပါတယ်..။ crack ဖိုင်ထည့်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစ၊အဆုံး ပြပေးထားပါတယ်..။ အရင်လက တင်ပေးခဲ့တဲ့ IDM ကို crack နဲ့ ဖူးလုပ်အသုံးပြုနည်းက ပထမနည်း ဖြစ်ပြီး ၊ အခုဒီ crack ထည့်နည်းကတော့ ဒုတိယနည်းပဲ ဖြစ်ပါတယ်..။ အရင်နည်းတွေနဲ့ အဆင်မပြေတဲ့ သူများရှိခဲ့ရင် အခုဒီနည်းနဲ့ ပြောင်းသုံးတဲ့အခါ အဆင်ပြေသွားပါလိမ့်မယ်..။ IDM လိုအပ်နေတဲ့ သူများနဲ့ မရှိသေးတဲ့ သူများကတော့ အောက်ကလင့်ကနေ နောက်ဆုံး Update နဲ့ အတူ crack ဖိုင်လေးကိုပါ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ IDM နဲ့ patch တွဲတင်ပေးထားတဲ့ ဖိုင်ကတော့ 5 MB ရှိပြီး ၊ crack နဲ့ အတူ အခုဒီပိုစ့်က ပုံတွေကိုပါ တွဲတင်ပေးထားတဲ့ ဖိုင်ကတော့ 2 MB ရှိပါတယ်..။ IDM ကို crack ထည့်နည်း ကြည့်ဖို့ လိုအပ်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။

ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ပါတ်စ်ဝါဒ့်ထည့်တဲ့ နေရာမှာ အစိမ်းရောင်နဲ့ ပြထားတဲ့ စာလုံးတွေကို အတိအကျ copy-paste နဲ့ ယူပြီးထည့်ပါ..။ ရှေ့၊နောက် နေရာအပို (Space) တွေပါလို့ မရပါ..။ ဖူးစ်ဒေါ့ တလုံးမှ အပိုပါလို့ မရပါ..။ အဲ့ဒါတွေ ပါသွားရင် ပါတ်စ်ဝါဒ့်မှာ ထည့်ပြီးဝင်လို့ရမှာ မဟုတ်တော့ပါ..။ ဒါကြောင့်သေချာဂရုပြုပြီး ပါတ်စ်ဝါဒ့်ထည့်ပေးကြပါ..။ Comments နဲ့ Cbox နေရာတွေမှာ ခဏခဏ ပါတ်စ်ဝါဒ့်ထည့်လို့ မရဘူးလို့ ရေးထားတာ တွေ့နေရလို့ ဒီလိုသေချာအောင် ဒီနေရာမှာ ထပ်ရေးပေးလိုက်ရပါတယ်..။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ..။ ဒေါင်းလော့ယူလို့ အဆင်မပြေတဲ့သူများကတော့ ဒေါင်းလော့ယူနည်းပိုစ့်ကို ပြန်ကြည့်ပေးပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။


အောက်ကပုံလေးကတော့ သူငယ်ချင်း တစ်ယောက်ရဲ့ စက်မှာ ဖြစ်နေတာလေးပါ..။ OK ပေါ်နေတဲ့ ဘောက်စ်လေးကို မပိတ်ရင် ဖိုင်တွေကို ဒေါင်းယူလို့ ရနေပါတယ်..။ ပိတ်လိုက်ရင်တော့ အောက်ဒုတိယပုံအတိုင်း ပေါ်လာပြီး ဒေါင်းယူလက်စ ဖိုင်ကို ဖျက်ချပစ်လိုက်ပါတယ်..။ အဲ့ဒီစက်ကို ဒီပိုစ့်မှာ ပြပေးထားတဲ့ နည်းအတိုင်း crack နဲ့ ဖူးလုပ်ပေးလိုက်တာ IDM ကို အသုံးပြုလို့ ရသွားပါတယ်..။ လုပ်နည်းကို အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။



ကျနော်တို့ Install ထည့်ထားပြီးတဲ့ IDM ရဲ့ Installed Folder လေးထဲကို အောက်ကပုံအတိုင်း ဝင်သွားလိုက်ပါတယ်..။ ဒီပုံမှာ ပြထားတာကတော့ IDM နောက်ဆုံးဗါးရှင်းရယ်လို့ မဆိုလိုပါဘူး..။ ဘယ်ဗါးရှင်းကိုပဲ ဖြစ်ဖြစ် ဒီနည်းနဲ့ လုပ်ပေးလိုက်ရင် အသုံးပြုလို့ ရသွားပါပြီ..။ အရေးကြီးဆုံးတချက်ကတော့ IDM ကို ဘယ်သောအခါမှ Update မလုပ်ပါနဲ့..။ Update တောင်းတဲ့ ဘောက်စ်ပေါ်လာရင် Cancel နှိပ်ပြီး ပိတ်ပစ်လိုက်ပါ..။ 



အပေါ်ပုံအတိုင်း Open File Location ကနေ သွားပြီး IDMan ဆိုတဲ့ အစိမ်းရောင် ပုံလေးကို Delete နဲ့ သွားဖျက်ပစ်လိုက်ပါ..။ 
ပြီးရင်တော့ အောက်ကပုံမှာ ပြထားတဲ့ crack ဖိုဒါထဲက crack ဖိုင် IDMan ပုံလေးကို copy-paste သို့မဟုတ် မောက်စ်မျှားနဲ့ ဖိဆွဲပြီး အပေါ်က ဖျက်ပစ်လိုက်တဲ့ ဖိုဒါထဲမှာ ထည့်ပေးလိုက်ပါ..။ 



နောက်ထပ် crack ၂ခုထဲက မိမိတို့ ဝင်းဒိုးရဲ့ ဗါးရှင်းအလိုက် 32-bit သို့မဟုတ် 64-bit တခုကိုပဲ အပေါ်ကနည်းအတိုင်း copy-paste နဲ့ ထည့်ပေးပါ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း Right Click >> Merge ကို တချက်ကလစ်ပေးလိုက်ပါ..။ နောက်ပေါ်လာတဲ့ ဘောက်စ်တွေမှာ OK တို့ Yes တို့ ပေးလိုက်ရင် ရသွားပါပြီ..။


ပြီးရင်တော့ IDMan ပုံလေးပေါ်မှာလည်း Right Click >> Run as Administrator နဲ့ တချက် Run ပေးလိုက်ပါ..။



အပေါ်ကအဆင့်တွေ အးလုံးပြီးသွားရင်တော့ Apply >> OK ပေးလိုက်ရင် IDM ကို ဖူးသုံးလို့ ရသွားပါပြီ..။ ပထမဆုံး စသုံးတဲ့ တကြိမ်မှာ အောက်ကပုံအတိုင်း Update တောင်းတဲ့ ဘောက်စ်ပေါ်လာရင် Cancel နှိပ်ပေးဖို့ သတိရပါ..။ ဒါဆိုရင် Update မလုပ်မချင်း မိမိတို့ရဲ့ ဝင်းဒိုးတွေမှာ IDM ကို အမြဲတမ်း ဖူးသုံးလို့ ရသွားပါပြီ..။  


အားလုံးပဲ လုပ်တတ်၊ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..။

2 comments:

  1. ကျေးဇူးပါ bro စိတ်ရှည်ရှည်ရှင်းပြထားလို့

    ReplyDelete
  2. ကျေးဇူး အများကြီးတင်ပါတယ်ဗျာ..

    ReplyDelete

Related Posts Plugin for WordPress, Blogger...