Mozilla Firefox မှာ IDM အလုပ်လုပ်ဖို့ ဆိုရင်


12 Oct 12, 11:25 AM
thannaing:
ကိုလွင်မင်းဗိုလ်ရေ ကျွန်တော်firefoxမှာIDM အလုပ်မလုပ်ဘူးအစ်ကို ဘယ်လိုလုပ်ရလဲဆိုတာ ကျေးဇုးပြုပြီးပြောပြပေးပါနော် firefox 13.0 beta4ပါ IDM က6.9.7ပါ ကျေးဇူးပြုပြီးရှင်းပြပေးပါနော်
Mozilla နဲ့ပါတ်သက်လို့ ဒီနည်းလေးကို ရေးပေးဖို့ ကျန်နေပါသေးတယ်.. ဒီနေ့ ဒီအစ်ကိုမေးလာမှပဲ သတိယတော့တယ်.. ကိုthannaing သုံးတဲ့ IDM က ဗါးရှင်း နှိမ့်လွန်းလို့ Firefox 13.0 မှာ အလုပ်မလုပ်တာပါ.. ကျနော် မနေ့ တင်ပေးထားတဲ့ IDM 6.12 built 22 နောက်ဆုံးထွက် Update ကို Install ဆွဲထည့်လိုက်ရင် Mozilla မှာ IDM အလုပ်လုပ်ပါပြီ..။ IDM ကို Patch နဲ့  ဖူးဗါးရှင်း ဖြစ်အောင်လုပ်နည်းကို IDM 6.12 Beta Built 3 ပိုစ့်မှာ ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ Patch ဖိုင်ထည့်နည်း အတူတူပါပဲ.. 
နောက်တခုက Mozilla ရော IDM ပါ  နောက်ဆုံးဗါးရှင်းတွေကို သုံးပေမယ့်လည်း Mozilla မှာ IDM အလုပ်မလုပ်သေးတဲ့သူများ ရှိခဲ့ရင် ဒီမှာ ပြထားတဲ့ နည်းနဲ့ လုပ်ပေးလိုက်ရင် Mozilla မှာ IDM အလုပ်လုပ်ပါလိမ့်မယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်ပေးပါ..


Mozilla Firefox ကို ဖွင့်ပါ.. အောက်မှာပြထားတဲ့ Add-ons ကို ကလစ်ပါ..


အောက်ကပုံအတိုင်း Extensions ကနေ သွားပြီး IDM CC နေရာမှာ Disable ကို Enable ဖြစ်ဖို့  တချက်ကလစ်ပေးလိုက်ပါ..


အောက်ကပုံအတိုင်း Restart now ကို ထပ်ကလစ်ပေးလိုက်ပါ..


မိုဇီလာ ပိတ်ကျသွားပြီး ပြန်ပွင့်လာရင်တော့ မိုဇီလာမှာ IDM အလုပ်လုပ်ပါပြီ.. အပေါ်ဆုံး ပုံအတိုင်း Add-ons ကနေ သွားပြန်ဝင်ကြည့်လိုက်ရင်တော့ အောက်မှာပြထားတဲ့ အတိုင်း IDM CC နေရာမှာ Enable ဖြစ်နေပါပြီ..


နောက်တခုက မိုဇီလာမှာ.. Error ခဏခဏပေါ်တဲ့ စက်တွေမှာ Plugins တွေကို Update လုပ်ပေးဖို့ လိုအပ်ပါတယ်.. ကြုံတုန်း ကျနော့်စက်မှာ လုပ်ဖြစ်သွားတာလေးကို ပြပေးလိုက်ပါတယ်.. အောက်ကပုံလိုမျိုး မိုဇီလာကို ဖွင့်သုံးနေတဲ့ အခါမှာ Update Plugins စာသားပေါ်လာပါက ကလစ်ပြီး Plugins တွေကို Update လုပ်ပေးလိုက်ပါ..


နောက်ပေါ်လာတဲ့ပုံလေးက အောက်ကအတိုင်းမြင်ရပါလိမ့်မယ်.. အဲ့ထဲမှာ Up to Date လို့ပြထားတဲ့ အစိမ်းရောင် ဖြစ်နေတဲ့ ကောင်လေးတွေကို လုပ်ပေးဖို့ မလိုပါဘူး.. အနီရောင်ပြထားတဲ့ ဟာနဲ့ အဝါရောင်ပြထားတဲ့ ဟာတွေကို ကလစ်ပြီး Update လုပ်ပေးလိုက်ပါ.. နောက်ပေါ်လာမယ့် အဆင့်ဆင့်နှိပ်ပေး ရမယ့် အဆင့်တွေကိုတော့ မပြတော့ပါဘူး..။ ပေါ်လာတဲ့ အတိုင်းသာ ဒေါင်းယူပြီး လုပ်ပေးလိုက်ရင် ရသွားပါပြီ.. အောက်ဆုံးပုံမှာ Shockwave Flash ပလောယာလေးကို Update လုပ်ပြီး ပြပေးလိုက်ပါတယ်.. အောက်ကပုံမှာ ကြတ်ခြေခတ်ပြထားတဲ့ ကောင်လေးတွေကိုတော့ Up to Date လုပ်ပေးဖို့ မလိုပါဘူး.. ဆန္ဒရှိရင်တော့ လုပ်ပေးလိုက်ပါ.. ကျနော်တော့ အဲ့ကြတ်ခြေခတ်လေးတွေကို Up to Date မလုပ်တော့ပါဘူး..။


အောက်ဆုံးပုံမှာတော့ Shockwave Flash ပလောယာလေး Up to Date ဖြစ်သွားပါပြီ.. တခြား Up to Date မဖြစ်သေးတဲ့ ကောင်လေးတွေကိုလည်း Up to Date ဖြစ်အောင် လုပ်ပေးလိုက်ရင် မိုဇီလာမှာ ခဏခဏပေါ်နေတဲ့ Plugins တွေနဲ့ ပါတ်သက်တဲ့ အယ်ရာတွေ ကောင်းသွားပါလိမ့်မယ်..


ဒီလောက်ဆို မိုဇီလာနဲ့ ပါတ်သက်တာလေးတွေ ကျနော့် Blog မှာ တော်တော်စုံသွားပါပြီ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...