Photo Effect - Photoshop ဖြင့်ဓါတ်ပုံများဖြတ်ကပ်ပြုလုပ်ခြင်း



ဒါလေးကတော့ Photoshop နဲ့ ဓါတ်ပုံလေးတွေကို ဘယ်လိုဖြတ်ကပ် လုပ်လဲဆိုတာ ပြပေးသွားပါ့မယ်..။ သူငယ်ချင်းတို့ အတွက်အများကြီး အဆင်ပြေမယ့် နည်းလေးလို့ ထင်ပါတယ်..။ Photoshop နဲ့ဓါတ်ပုံပြင်တာ အရမ်းတတ်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်..။ ဖုန်းဆက်ပြီးတော့လည်း ခဏခဏမေးတယ်..။ သူ့ကိုလည်း ဒီနည်းလေးနဲ့ အခြေခံစပေးခဲ့တာ.. အခုတော့ သူကတော်တော်လေး လုပ်တတ်နေပါပြီ.. ဒါကြောင့် မလုပ်တတ်သေးတဲ့သူများအတွက် Photoshop အခြေခံရအောင် ရိုးရိုးရှင်းရှင်းနဲ့ လွယ်တဲ့ ဒီနည်းလေးကို တင်ပေးလိုက်ပါတယ်..
အရင်ဆုံး  Photoshop ရဲ့ File >> Open ကနေ မိမိတို့ ပြုလုပ်ချင်တဲ့ ပုံကိုယူလိုက်ပါ..။ အောက်မှာတော့ ကျနော်က အဆင်ပြေမယ်ထင်တဲ့ ပုံနှစ်ပုံကို တခါတည်း ရွေးယူလိုက်ပါတယ်..






အပေါ်ပုံအတိုင်း ပုံတွေရောက်လာပြီိဆိုရင် ဖြတ်ရလွယ်တဲ့ 1 နေရာက Pen Tool (P) နဲ့ ဖြတ်ပါမယ်.. အောက်ပုံအတိုင်း နံပါတ်စဉ်လိုက် ကြည့်သွားလိုက်ပါ.. ဒီနေရာမှာ တခုမှာချင်တာက ပုံတွေကို ဖြတ်တော့မယ်ဆိုရင် မိမိတို့ ဖြတ်မယ့်ပုံကို ကီးဘုတ်က Ctrl+(+) နဲ့ ပုံကြီးဆွဲချဲ့ပြီးမှ ဖြတ်ပါ.. ပုံကြီးချဲ့ပြီး ဖြတ်တဲ့အတွက် ပုံရဲ့အနားစတွေ ညီနေမှာဖြစ်ပါတယ်.. အောက်ပုံမှာဆက်ကြည့်ပါ..



ဖြတ်ပြီးရင်တော့ ပုံနှစ်ပုံကို ယှဉ်ထားပါ.. ဖြတ်ထားတဲ့ပုံကို Move Tool နဲ့ တခြားပုံပေါ်သို့ ဒရော့ဆွဲ ထည့်လိုက်ပါ.. အောက်ပုံမှာ ဆက်ကြည့်ပါ..


အပေါ်ပုံအတိုင်း တခြားပုံပေါ်သို့ ရောက်သွားပြီဆိုရင်.. အောက်ပုံအတိုင်း  ဆက်လုပ်ပါ..





ကီးဘုတ်မှ Enter ခေါက်ပြီးရင် အောက်ပုံအတိုင်းမြင်ရပါပြီ.. ပြီးရင်တော့ ပုံနှစ်ခုဆက်တဲ့နေရာဖြစ်တဲ့ လည်ပင်းနေရာကို Eraser Tool ဖြင့် ညီအောင် ဖြည်းဖြည်းချင်း ပွတ်တိုက်၍ ဖျက်ပေးပါ.. 


အောက်ပုံအတိုင်း Eraser Tool ကလစ်ပြီးရင် သူနဲ့ သက်ဆိုင်တဲ့ တူးများကို လိုက်ချိန်ပေးပါ.. ဒီနေရာမှာ ကျနော်ပြတဲ့အတိုင်း လုပ်ရမယ်လို့ မဆိုလိုပါဘူး.. မိမိတို့ ပုံနဲ့ အဆင်ပြေမယ့်  Brush Size , နဲ့ Opacity  ကို အဆင်ပြေသလို ချိန်ယူပါ.. အဓိက,က ပုံကြည့်ကောင်းဖို့ လိုပါတယ်.. ကျနော်လုပ်ပြတဲ့ ပုံကလည်း ကြည့်ကောင်းချင်မှ ကြည့်ကောင်းလိမ့်မယ်.. ဒီနေရာမှာ အခြေခံ တတ်ဖို့ကိုသာ အဓိကထားတဲ့အတွက် ကျနော်လုပ်ပြတဲ့ပုံ ကြည့်မကောင်းခဲ့ရင် နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်.. အောက်ပုံတွေအတိုင်း ဆက်ကြည့်ပါဗျာ..



အပေါ်ပုံအတိုင်းဆိုရင် ကြည့်လို့ အဆင်ပြေလောက်ပြီထင်ပါတယ်.. အောက်ပုံကတော့ ခေါင်းကို ရှေ့နည်းနည်းငိုက်ပေးလိုက်တ်ာပါ.. Ctrl+T နဲ့ ဘောင်ပေါ်လာရင် မောက်စ်ဖြင့် ထောင့်လေးတွေကို ထောက်ပြီး.. လှည့်ပေးနိုင်ပါတယ်.. စိတ်ကြိုက်ဖြစ်ရင် Enter ခေါက်ပါ..


 ပြီးရင်တော့ ပုံကို Ctrl+(-) နဲ့ Zoom ပြန်ချုံ့လိုက်တာပါ.. ဒီလောက်ဆိုရင် ကြည့်ရတာ အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်..



အပေါ်ပုံအတိုင်း ပုံကိုသိမ်းလိုက်ရင် အောက်ပုံအတိုင်း ရလာပါပြီ...


ဒီလောက်ဆိုရင်တော့ ပုံတွေကို ဖြတ်ကပ် လုပ်တတ်လောက်ပါပြီ .. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...

6 comments:

  1. ကျေးဇူးပဲကိုလွင်ရေ နောက်လည်းအဆင်ပြေတဲ့အခါ နောက်ထပ်လေ့ကျင့်ခန်းလေးတွေတင်ပေးပါအုံး ဆရာတစ်ယောက်လိုအစဉ်လေးစားလျှက်ပါ

    ReplyDelete
  2. အစဉ်လေး စားလျှက်ပါ

    ReplyDelete
  3. စမ်းလုပ် ကြည့်လိုက်မယ်

    ReplyDelete
  4. ခေါင်းငုံနေတဲ့ပုံကိုမော့တာတို....တစ်ချမ်းစောင်းနေတာကို တည့်နေတာတို့...ဘယ်လိုtool ကိုသုံးပြီး..ဘယ်လိုSelect လုပ်လဲဆိုတာပြောပြပေးပါဗျာ..ကျေးဇူးတင်ပါတယ်

    ReplyDelete
  5. အိုင်ဖုန်း နဲ့ လုပ်လို့ရလားဟင်??

    ReplyDelete
  6. ကျေးဇူးအရမ်းတင်ပါတယ် ခုလိုအသေးစိတ် သင်ပြပေးတာ။ သူများကို မေးစရာမလိုပဲ သိခွင့်ရတာ အရမ်းပဲ ကျေးဇူးတင်မိပါတယ်။

    ReplyDelete

Related Posts Plugin for WordPress, Blogger...