Original Windows ဟုတ်၊မဟုတ် ဘယ်လို စမ်းစစ်မလဲ - Original Windows တွေမှာ Recovery Partation ကို Restore လုပ်နည်း

စာများလို့ စိတ်မညစ်ပါနဲ့ - ဗဟုသုတနဲ့ နည်းပညာလိုချင်ရင် စာများများဖတ်ပါ


ကျနော်ဒီလို ပိုစ့်လေးတွေကို တင်ပေးချင်နေတာ ကြာပါပြီ.. ဒါကတော့ ဗဟုသုတအတွက်ရော၊ မိမိတို့ကွန်ပျူတာမှာ မူရင်း(Original)ဝင်းဒိုး ဟုတ်မဟုတ်အတွက်ပါ.. စမ်းစစ်လို့ ရမယ့် နည်းလေးပါ.. တချို့က မိမိအသုံးပြုနေတဲ့ ဝင်းဒိုးဟာ မူရင်းလား.. ကော်ပီလားဆိုတာတောင် မသိကြပါဘူး.. ဒီလိုပဲ သုံးနေကြတာ သူများ Partation အပိုင်းခွဲဆိုခွဲတာပဲ၊ သူများက ဟတ်ဒစ်ကို Format ချဆိုချတာပဲ..၊ မိမိတို့ဝင်းဒိုးဟာ ဆိုင်ကဝယ်ကတည်းက ပါလာတဲ့ ကုမ္ပဏီက ထည့်ပေးလိုက်တဲ့ မူရင်းဝင်းဒိုးဆိုရင်တော့ Format ချတာတို့ ၊ Partation ခွဲတာတို့ လုပ်တာ အများကြီး သတိထားရပါတယ်.. ဘာလို့လဲဆိုတော့ ဟတ်ဒစ်အပိုင်းထဲမှာ မူရင်းဝင်းဒိုးအတွက် Recovery လုပ်ထားပေးတဲ့ Hidden Partition လို့ခေါ်တဲ့ Recovery Partation အပိုင်းကို မှားပြီး မဖျက်မိဖို့ပါပဲ.. မိမိတို့ဝင်းဒိုးဟာ အသုံးပြုတာ ကြာလာလို့ ဘယ်လောက်ပဲ ပျက်ပျက် ဒီမူရင်း ဝင်းဒိုးအတွက် Hidden Partition ထဲကနေ Recovery ဝင်းဒိုးကို ပြန်ခေါ်လိုက်ရင် ဝင်းဒိုးအသစ်တင်လိုက်သလိုပါပဲ.. မူရင်း(Original)ဝင်းဒိုးကို ပြန်ရမှာပါ.. အချိန်လည်း ကုန်တာသက်သာသလို Drivers တွေ လိုက်ရှာရတဲ့ ဒုက္ခကလည်း ကင်းဝေးပါတယ်..။ ဒီလိုမှ မဟုတ်ပဲ Partation တွေ Format ချပစ်လိုက်လို့ Hidden partition (Recovery) အပိုင်း ပါသွားရင်တော့ ဒီမူရင်းဝင်းဒိုးကို ဘယ်လိုမှ ပြန်ရှာလို့ မရနိုင်တော့ပါဘူး.. ကိုယ်က ဗဟုသုတရှိလို့ Image Backup File လုပ်ထားရင်တော့ နည်းနည်းတော်သေးပါတယ်.. ဘာမသိ၊ ညာမသိ သူများပြောတိုင်း Format ချုပစ်လိုက်ရင်တော့ မူရင်းဝင်းဒိုးကို ဆုံးရှုံးသွားပါပြီ.. အဲ့လိုဆိုရင်တော့ မူရင်းဝင်းဒိုးအတွက် တကယ်ပဲ နှမြောဖို့ ကောင်းပါတယ်.. တကယ်တော့ မူရင်းဝင်းဒိုးတွေဟာ ကော်ပီဝင်းဒိုးတွေထက် အများကြီး အားသာပါတယ်.. ဘယ်လိုတွေအားသာလဲဆိုတော့ ကျနော်စမ်းသပ်မိသလောက် ပြန်လည် ဝေမျှပေးခြင်းသာ ဖြစ်ပါတယ်.. မူရင်းဝင်းဒိုးတွေဟာ ကော်ပီဝင်းဒိုးတွေထက် စက်အဖွင့်၊ အပိတ် ပိုမြန်ပါတယ်.. ကော်ပီဝင်းဒိုးတွေထဲ Error တက်တာ နည်းပါတယ်.. ကော်ပီဝင်းဒိုးတွေမှာ Error ပိုများပါတယ်..။ နောက်ပြီး အမေရိကန်လို ဥရောပ နိုင်ငံမျိုးတွေမှာ ကော်ပီဝင်းဒိုး သုံးစွဲခွင့်မရှိပါဘူး.. အာရှမှာ အသုံးပြုနေတဲ့ ကော်ပီဝင်းဒိုးတွေ မေရိကန်လို နိုင်ငံမျိုးကို သယ်ဆောင်သွားခွင့် မရှိပါဘူး.. ကော်ပီဝင်းဒိုးတွေမှာ Activator တွေနဲ့ ကာပြီး အသုံးပြုကြတာ ဖြစ်တဲ့အတွက် ဝင်းဒိုး Update တွေကို ပိတ်ထားတတ်ကြပါတယ်.. Windows Update ပိတ်ထားတဲ့အတွက် ကော်ပီဝင်းဒိုးတွေမှာ Original Windows ထက် Error ပိုများရပါတယ်.. Windows Update လုပ်မိတာနဲ့ ကာထားတဲ့ Activator ကို ဖျက်ပစ်လိုက်လို့ Product Key တွေတောင်းပြီး Key မပေးနိုင်ရင် ရက်၃၀ ကြာတဲ့ အခါ Desktop မှာ မည်းသွားပါတယ်.. မူရင်းဝင်းဒိုးတွေမှာ ကျတော့ ဝင်းဒိုး Update လုပ်ပေးနိုင်လေ ကွန်ပျူတာရဲ့ အယ်ရာတွေ၊ ဗိုင်းရပ်စ်တွေနဲ့ Hack Tools တွေကို ပိုမိုကာကွယ်နိုင်လေ ပါပဲ..။ Windows Update က ဝင်းဒိုးကို ပိုမို Strong ဖြစ်စေပါတယ်..။
မိမိတို့ ကွန်ပျူတာ အသစ်တလုံး ဝယ်တဲ့အခါ မူရင်းဝင်းဒိုးလား၊ ကော်ပီဝင်းဒိုးလားဆိုတာ ကွန်ပျူတာ ပေါ်မှာ ကပ်ထားတဲ့ Windows 7 စတေကာ တဆိပ်ကို ကြည့်ပါ.. နောက်ပြီး ကွန်ပျူတာရဲ့ နောက်ကျောဘက်မှာ Producted Key ပါတဲ့ တဆိပ်ပြားကို ရှာကြည့်ပါ.. (အောက်မှာ ပုံနဲ့ပါ ပြထားပါတယ်) တချို့စက်တွေမှာ ဘက္ကထရီနေရာရဲ့ အတွင်းဘက်မှာ Producted Key တဆိပ်ပြားကို ကပ်ထားတတ်ပါတယ်..။ ရှာကြည့်ပါ.. မူရင်းဝင်းဒိုးတွေမှာ ဒီလိုတဆိပ်၂မျိုးပါပါတယ်.. အခုနောက်ပိုင်း တချို့က အတုတွေလုပ်လာကြပါတယ်.. အဲ့ဒီတော့ ကျနော်တို့က မဝယ်ခင်ကတည်းက အရင်မေးထားရပါမယ်.. မူရင်းဝင်းဒိုးလား ကော်ပီဝင်းဒိုးလားဆိုတာ မေးပါ.. အားမနာပါနဲ့.. မူရင်းလို့ပြောပေမယ့် တချို့က ကော်ပီဝင်းဒိုးတွေ ထည့်ပေးတတ်ကြပါတယ်.. မူရင်းဝင်းဒိုးအတိုင်းပဲ Cracked လုပ်ပြီး ထည့်ပေးတာပါ.. အဲ့လိုဆိုရင် ဝင်းဒိုးတင်တာ ဆော့ဝဲလ်ထည့်တာ တစ်နာရီလောက်တော့ စောင်းခိုင်းပါလိမ့်မယ်.. အဲ့လိုတစ်နာရီ စောင့်ခိုင်းရင်ကိုပဲ ဝင်းဒိုးအတုဆိုတာ သိလိုက်ပါ.. မူရင်းစက်ရုံထုတ်၊ ပါကင်ဖွင့်ဖွင့်ချင်း ပါလာတဲ့ မူရင်း ဝင်းဒိုးတွေဟာ ၅ မိနစ်ကျော်လေးပဲ ကြာပါတယ်.. စက်ကို ပါဝါဖွင့် Setting မှာ နာမည်ပေးယုံပဲ.. မိမိတို့ ရှေ့တင် လုပ်ပေးပါလိမ့်မယ်.. ဒါဆိုရင် မူရင်းဝင်းဒိုးပါ..။ ကော်ပီ ဝင်းဒိုးဆိုရင်တော့ လျှေက်ပါတ်လိုက်ပါအုန်း၊ တစ်နာရီနေမှ ပြန်လာခဲ့ပါလို့ ဆိုင်ကပြောပါလိမ့်မယ်.. ချွင်းချက်အနေနဲ့ ၁၀လက်မ ကွန်ပျူတာ အသေးလေးတွေမှာတော့ မိနစ်သုံးဆယ်လောက် ကြာတတ်ပါတယ်.. အဓိက သိထားရမှာက Original Windows တွေမှာ အပေါ်အောက် စတေကာ ၂ခုနဲ့၊ ဟတ်ဒစ်ထဲမှာ Recovery အတွက် Hidden Partation အပိုတခု ထည့်ပေးထားပါတယ်.. အဲ့ဒါကို တွေ့အောင်ရှာကြည့်ပါ.. (အောက်မှာ ပုံနဲ့ ပြထားပါတယ်) Recovery Partation ပါလာရင် ဝင်းဒိုးအစစ်ဆိုတာ သေချာသွားပါပြီ.. စက်အသစ်ဝယ်ကတည်းက ဆိုင်မှာ သေချာမေးလာရမှာက Recovery Partation ကို ဘယ်လို Restore ပြန်ထည့်ရမလဲ ဆိုတာပါ မေးလာရမှာပါ.. တချို့စက်တွေမှာ F9 ၊ တချို့စက်တွေကျ Alt+F10 ၊ တချို့စက်ကျ Ctrl+F12 စသဖြင့် မတူတဲ့အတွက် မိမိတို့ စက်အသစ်ဝယ်ကတည်းက မူရင်းဝင်းဒိုးဆိုရင် ဘယ် Keys တွေနဲ့ Restore ပြန်ထည့်ရလဲဆိုတာပါ သေသေချာချာ မေးထားပါ..။ ဒါမှ Recovery Partation ထဲက မူရင်းဝင်းဒိုး ပြန်ခေါ်တဲ့အခါ အလွယ်လေး အဆင်ပြေမှာပါ..။
Original Windows တွေအတွက် Recover ဝင်းဒိုးအသစ်အတိုင်း ပြန်ခေါ်နည်း၊ စမ်းစစ်နည်းလေးတွေကို မသိသေးတဲ့ သူများ အားလုံးပဲ အောက်ကပုံလေးတွေနဲ့ လေ့လာ မှတ်သားထားကြဖို့ လိုအပ်ပါတယ်..။
အောက်က ပုံလေးတွေကတော့ Original Windows တွေမှာ ပါလာမယ့် စတေကာ တွေပါ..

 Laptop တွေရဲ့ နောက်ကျောဖက်မှာတော့ အောက်ကပုံမျိုး ကပ်ပေးထားတတ်ပါတယ်.. တချို့စက်တွေမှာ ဘက္ကထရီရဲ့ အတွင်းဘက်မှာ ကပ်ထားတတ်ပါတယ်.. ဒီလို အပေါ်အောက် ပုံတွေ မပါတဲ့ စက်တွေကတော့ ဝင်းဒိုးအတုတွေပါပဲ.. မှတ်ချက်။ ။စက်အသစ် ဝယ်တဲ့အခါမှာ ရှာကြည့်တတ်ဖို့ပါ..။ စက်အဟောင်းတွေအတွက် မဟုတ်ပါ..။


အောက်ကပုံကတော့ ကွန်ပျူတာကို ဖွင့်ပြီးတဲ့အခါ Hidden Partation လို့ခေါ်တဲ့ Recovery အပိုင်းကို ဝင်ကြည့်ရမယ့် နည်းလေးပါ.. Recovery Partation ပါလာရင်တော့ ဒါဟာ မူရင်းဝင်းဒိုးပါပဲ..


အပေါ်ပုံမှာ မမြင်ရရင် အောက်ကပုံမှာ ဆက်ကြည့်ပါ.. ပုံကြီးချဲ့ပြထားပါတယ်..။ Recovery အပိုင်းမှာ ပါဝင်တဲ့ GB ကတော့ စက်တလုံးနဲ့ တလုံး မတူပါဘူး.. ကျနော်ပြထားတဲ့ စက်မှာ 12 GB ဆိုပေမယ့်၊ တချို့စက်တွေမှာ 15 GB ၊ 20 GB စသဖြင့် ပေါ်နေပါလိမ့်မယ်.. အဓိက က Recovery အပိုင်း ပါမပါ ကြည့်တတ်ဖို့ပါပဲ.. အရေးကြီးဆုံး အချက်က Partation တွေ Format ချတဲ့အခါ ဒီ Recovery အပိုင်းကို လုံးဝ မထိခိုက်မိ ဖို့ပါပဲ.. ဝင်းဒိုးအတွက် အရေးကြီးပါတယ်.. အထူးသတိပြုပါ..။


ဟတ်ဒစ်ရဲ့ အပိုင်းထဲမှာ Original အတိုင်းပါလာတဲ့ Recovery အပိုင်းဟာ Desktop က Computer မှာ ဖွင့်ကြည့်ရင်တော့ Recovery - 12 GB စာသားမျိုး မပေါ်ပါဘူး.. အပေါ်ပုံနဲ့ အောက်ကပုံမှာ ဥပမာ ပြပေးထားပါတယ်.. ဒါကြောင့်မို့လည်း Hidden Partation လို့ ခေါ်တာပါ.. Hidden Partation ကို Format မချမိဖို့ အထူးသတိပြုပါ..။

အောက်ကပုံကတွေကတော့ Hidden Partation ထဲမှာ ရှိတဲ့ Recovery အပိုင်းကို ဘယ်လို Restore ပြန်လုပ်ရလဲဆိုတာပါ.. မိမိတို့ရဲ့ ဝင်းဒိုးဟာ အသုံးပြုရတာ ကြာလာတာနဲ့ အမျှ ဗိုင်းရပ်စ်တွေ ၊ အယ်ရာတွေကြောင့် ဝင်းဒိုးပျက်သွားခဲ့ရင် ဒီ Recovery အပိုင်းကို Restore ပြန်လုပ်တတ်ဖို့ အောက်ကပုံလေးတွေကို ကြည့်ပြီး လေ့လာထားကြပါဗျာ..
စက်ကို Restart ချပြီး ဝင်းဒိုးမတက်ခင် F8 ကီးကို ဆက်တိုက်နှိပ်ထားပါ..။ အောက်ကပုံမျိုး ပေါ်လာခဲ့ရင် Repair Your Computer စာသားကို ကီးဘုတ်မှ အပေါ်အောက်မျှားနဲ့ ရွေ့ပြီး Enter ခေါက်ဝင်လိုက်ပါ..။



F8 >> Repair Your Computer ကနေ ဝင်လိုက်ရင် အောက်ကပုံမျိုး မြင်ရပါလိမ့်မယ်.. Original Windows မဟုတ်တဲ့ ကော်ပီဝင်းဒိုးတွေမှာ.. အောက်ကပုံမှာ မြင်နေရတဲ့ ပုံလေးတွေထဲက အပေါ်၅ခုပဲ ပါပါတယ်.. အောက်ဆုံး ၆ခုမြောက် စာကြောင်း မပါပါဘူး.. မူရင်းဝင်းဒိုး စက်ရုံထုတ် Original Windows တွေမှာတော့ စာကြောင်း၆ကြောင်းပါပါတယ်.. အောက်ဆုံးစာကြောင်း Recovery ဆိုတဲ့စာသားနဲ့ စာကြောင်းတကြောင်း အပိုပါလာပါတယ်..


အောက်ကပုံတွေကတော့ စက်မော်ဒယ်အလိုက် မတူတာတွေ ရှိနေတယ်ဆိုတာ သိရအောင်လို့ အနည်းငယ်စုပြီး ဖေါ်ပြပေးလိုက်ပါတယ်.. Recovery Partation ထဲက မူရင်းဝင်းဒိုးကို ပြန်ခေါ်တဲ့အခါမှာတော့ အောက်ကပုံတွေအတိုင်း ၆ကြောင်းမြောက် စာသားကို ကလစ်ပြီး ဝင်ရပါတယ်.. ပေါ်လာတဲ့ ဘောက်စ်လေးတွေမှာ Next > Next > OK တွေ နှိပ်သွားလိုက်ရင် မူရင်း ဝင်းဒိုးကို ပြန်လည်ဆွဲတင်ပေးပါလိမ့်မယ်.. မူရင်းဝင်းဒိုးအတွက် ကျနော့်စက်မှာတော့ ၁၅ မိနစ်ကျော် ကြာပါတယ်.. တချို့စက်တွေတော့ ဘယ်နှမိနစ်ကြာမလဲဆိုတာ သေချာ မပြောတတ်ပါ..။ ဝင်းဒိုးပြန်တက်လာရင်တော့ ဝင်းဒိုးအသစ်တခုကို ပြန်ရပါလိမ့်မယ်.. Driver တွေ အပြည့်အစုံ ပါပြီးသား၊ ဆော့ဝဲလ်တွေ ထည့်ပြီး တန်းသုံးယုံပါပဲ..


နောက်တခုက တချို့စက်တွေမှာ ကီးဘုတ်မှ F9 တို့ ၊ Alt+F10 တို့ကို နှိပ်လိုက်တာနဲ့ မူရင်းဝင်းဒိုးကို ပြန်လည်ဆွဲတင်ပေးနိုင်ပါတယ်.. အပေါ်ပုံကတော့ အဲ့ဒီကီးတွေ မသိတဲ့စက်တွေမှာ အပေါ်ပုံအတိုင်း ဝင်လုပ်လိုက်ပါ.. ရှော့ကပ်ကီး သိတဲ့စက်တွေ အတွက်တော့ အောက်ကပုံလိုမျိုး ရှော့ကပ်ကီးနဲ့ ဝင်သွားလိုက်ရင်လည်း အဆင်ပြေပါတယ်..။

နောက်တခုက System Repair Disc မလုပ်မဖြစ် လုပ်ထားကြပါ..။ အောက်ကပုံအတိုင်း ဝင်ပြီး  System Repair Disc ကို လုပ်ထားဖို့ အရင်တုန်းက တင်ပေးခဲ့တဲ့ ဝင်းဒိုး Recovery ပိုစ့်တွေမှာ ကတည်းက စာတွေအများကြီး ရေးခဲ့ပါတယ်.. အဲ့ဒီအတွက် CD အသစ်တချပ်ပဲ လိုပါတယ်.. ဘာကြောင့်လဲဆိုတော့ F8 ကီးနဲ့ ဝင်းဒိုး Repair (Safe Mode) ထဲဝင်တာ အရင်က ဝင်လို့ ရပေမယ့် နောက်ပိုင်း အယ်ရာကြောင့် ဗိုင်းရပ်စ်ကြောင့် F8 နဲ့ (Safe Mode) System Recovery Option ကို ဝင်လို့ မရ ဖြစ်တတ်ပါတယ်.. အဲ့ဒီအခါမျိုးတွေမှာ အခုလုပ်ထားမယ့် System Repair Disc အရမ်းအသုံးဝင်ပါတယ်.. ဒီCDခွေလေးနဲ့ System Recovery Option ကို ဝင်မှ ဝင်လို့ ရပါလိမ့်မယ်..
CD အသစ် တချပ်ကို DVD Drive ထဲထည့်ပြီး အောက်ကပုံအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ရင် ၅မိနစ်လောက်ပဲ ကြာပါလိမ့်မယ်.. System Recovery Disc တချပ်ကို ရရှိမှာဖြစ်ပါတယ်.. ဒီ CD ကို မိမိတို့ ကိုယ်တိုင် ဖန်တီး လုပ်ယူထားရမှာ ဖြစ်ပါတယ်.. ပြီးရင်တော့ မပျက်စီးအောင် သေသေချာချာ ဗူးလေးနဲ့ သိမ်းထားဖို့လည်း လိုအပ်ပါတယ်.. မိမိကွန်ပျူတာ ဝင်းဒိုးအတွက် ဒီ System Repair Disc လေးကလည်း အရေးပါပါတယ်..။


အောက်ကတင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေးကတော့ မိမိတို့ရဲ့ မူရင်းဝင်းဒိုးအတွက် Producted Key အမှန်လေးကို မိမိတို့ ဝင်းဒိုးထဲကနေ ပြန်လည် ရှာပေးပါလိမ့်မယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ပြီးရင်တော့ အောက်ကပုံလေးအတိုင်း လုပ်ပေးလိုက်ပါ.. ရလာတဲ့ Key လေးကို သေချာပြန်သိမ်းထားလိုက်ရင်.. ဟတ်ဒစ်ပျက်သွားလို့ နောက်ကော်ပီဝင်းဒိုးပြန်တင်ခဲ့ရင် ဒီကီးလေးက အသုံးဝင်ပါလိမ့်မယ်..
(51 kb)

၂ချက်တောက်ဖွင့်ပါ.. Find Key ကိုနှိပ်ပါ.. အောက်ပုံ


 အောက်ဆုံးပုံအတိုင်း မိမိတို့ ဝင်းဒိုးရဲ့ မူရင်း Key လေးကို ရှာပေးပါလိမ့်မယ်..
အားလုံးပဲ အကြားအမြင် ဗဟုသုတများ တိုးပွါး ကြပါစေ..

16 comments:

  1. ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်က မူရင်း ၀င်းဒိုးက 8 ပါ။ အော်ရဂျင်နယ် ၀င်းဒိုးကို အခုမှ တန်ဖိုးထားရမှန်း သိတော့တယ် ။ ကျေးဇူးပါ။

    ReplyDelete
  2. ကီးဖိုင်က password တောင်းနေတယ်အစ်ကို ဘယ်ဟာကို ရိုက်ထည့်ပေးရမှာလဲ ပြောပြပေးပါအစ်ကို

    ReplyDelete
    Replies
    1. Webpage စာမျက်နှာမှာ Password တောင်းရင် ကျနော့် Blog ရဲ့လိပ်စာကို ထည့်ပေးလိုက်ပါ.. ဒီမှာပါ..
      http://lwinminbo.blogspot.com/
      ဒီလိပ်စာကို copy-paste နဲ့ထည့်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ်မယ်.. ဒေါင်းလော့ချနည်းပိုစ့်မှာလည်း ဖိုင်တွေ ဒေါင်းယူနည်း ရှင်ပြထားပါတယ်.. ပြန်ကြည့်လိုက်ပါဗျာ.. အောက်ကလင့်မှာပါ..
      http://lwinminbo.blogspot.com/2012/12/blog-post.html

      Delete
  3. ကျွန်တော် novaPDF နဲ့ copy သွားပါတယ် အစ်ကို...ကျေးဇူးတင်ပါတယ်အစ်ကို.. ပိုစ့်တွေအများကြီးရေးနိုင်ပါစေ.. ကိုယ်စိတ်နှစ်ဖျာ ကျန်းမာ ချမ်းသာပါစေ။

    ReplyDelete
  4. ကျေးဇူးဗျာ..... Original windows ဆိုရင်ကျွန်တော်လည်း ဆိုရင် အသစ်မတင်ပေးပါဝူး ဒါပေမယ့် recovery partition ဆိုတာကိုကျွန်တော်မသိခဲ့ဘူးဗျ ကျွန်တော်လည်း Original windows ကိုတန်ဖိုးထားပါတယ် သာမာန် services သမားအများစုဒါတွေမသိကြဘူးဗျ..ကျေးဇူး အထူး

    ReplyDelete
  5. Producted Key ဒေါင်းလို့မရတောဘုးအကို

    ReplyDelete
  6. ကျေးဇူးပါဆရာ မှတ်သားထားပါမယ် ခက်ခဲတွေတဲ့သူတွေကိုကူညီရတာပေါ့

    ReplyDelete
  7. လာလည်သွားပါတယ်....မသိတာတွေအားလုံးခုမှနားလည်သွားပါတယ်..
    အစ်ကို...စိတ်ချမ်းသာလို့ကိုကျန်းမာပါစေဗျာ..

    ReplyDelete
  8. recovery partition ထဲ ကဟာကို dvd ထဲ ထည်း ထား လိုက်ရင် ၃ ၄ ခွေပဲကုန်တယ်....

    ReplyDelete
  9. ​ကျေးဇူးပဲအကို ခုမှနားလည်​သွားတယ်

    ReplyDelete
  10. အခုမှပဲ Original window တန်ဖိုးထားရမှန်းသိသွားတော့တယ်ဗျာကျေးဇူးအရမ်းတင်ပါတယ်အကို

    ReplyDelete
  11. ကျေးဇူးပါ

    ReplyDelete
  12. အစ်ကိုရေ ကျတော်ကတော့ မူရင်းWindow ခွေဝယ်ချင်တယ်ဗျာ လမ်းညွှန်ပေးပါ

    ReplyDelete
  13. ပျက်နေတယ် ခင်ဗျ အစ်ကိုပြန်တင်ပေးပါ

    ReplyDelete
  14. ကျေးဇူးပါဆရာ

    ReplyDelete

Related Posts Plugin for WordPress, Blogger...