Windows 8 Screen မှာ Computer Icon ဖေါ်တတ်အောင်နှင့် Windows Media Player ဖွင့်သုံးတတ်အောင်


ဒီလုပ်နည်းလေး ၂ခုကတော့ Windows 8 အသုံးပြုသူတွေအတွက် လိုအပ်မယ်ထင်တာလေး မို့လို့ အရင်တင်ပေးလိုက်ပါတယ်..။ ကျနော်တို့ Windows 8 မှာ Windows 7 လို Desktop ပေါ်မှာ Computer ပုံလေးကို အလွယ်တကူထုတ်ထားလို့ မရတဲ့အတွက်.. Windows 8 Desktop ပေါ်မှာ Computer ပုံလေးပေါ်ချင်နေတဲ့ သူများအတွက် အဆင်ပြေမယ့် လုပ်နည်းလေးပါ.. Computer ကိုဖွင့်ချင်တဲ့အခါ ရှော့ကပ်ကီးကတော့ Windows Logo + E ကိုတွဲနှိပ်ပြီး ဖွင့်လို့ရပါတယ်.. အဲ့လိုမဟုတ်ပဲ Computer ပုံလေး ပေါ်ချင်တယ်ဆိုရင်တော့ အောက်ကလုပ်နည်းလေးအတိုင်း လုပ်ပေးလိုက်ရင် မိမိတို့ရဲ့ Windows 8 Screen မှာ Computer ပုံလေး ပေါ်နေပါလိမ့်မယ်..။ ပေါ်လာတဲ့ Icon လေးတွေကို နောက်ထပ်ပုံတခုနဲ့ အစားထိုးပြီး ပြောင်းထားလို့ရတဲ့ လုပ်နည်းလေးပါ ပါပါတယ်..။ နောက်တခုက Windows 8 ထဲမှာပါတဲ့ Windows Media Player နဲ့ သီချင်းတွေကို Video တွေကို တန်းဖွင့်ချင်တဲ့ သူများအတွက်ပါ လုပ်နည်းလေး ပြပေးထားပါတယ်..။ ဗဟုသုတအနေနဲ့ Windows 8 ပဲဖြစ်ဖြစ်၊ Windows 7 ပဲဖြစ်ဖြစ်၊ Windows N ဗါးရှင်းတွေမှာ Windows Media Player မပါပါဘူး..။ အဲ့ဒီဗါးရှင်းတွေ တင်ထားတဲ့ ဝင်းဒိုးဆိုရင်တော့ Windows Media Player ကိုသီးသန့် Install ပြန်ထည့်ပေးရပါတယ်..။ ဒီလုပ်နည်းလေးတွေကို လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..


Desktop မှာ Right Click ထောက်ပြီး အောက်ကပုံလေးအတိုင်း လုပ်ပေးလိုက်ပါ..




မိမိတို့ ပေါ်ချင်တဲ့ ပုံလေးတွေကို အမှန်ခြစ်ပေးပြီး Apply>Ok ပေးလိုက်ပါ.. အပေါ်ပုံအတိုင်း မြင်ရပါလိမ့်မယ်..။ နောက်ပြီး ပေါ်လာတဲ့ ပုံလေးကို မိမိတို့စိတ်ကြိုက် တခြားပုံတခုနဲ့ ပေးပေါ်ချင်တယ်ဆိုရင်တော့ အောက်ကပုံလေးအတိုင်း ထပ်လုပ်ပေးလိုက်ပါ.. နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..



အောက်ကလုပ်နည်းလေးကတော့ ဟိုတနေ့က Cbox မှာ အကိုတစ်ယောက်မေးထားတဲ့ မေးခွန်းလေးကို ဒီပို့စ်မှာ တခါတည်း လုပ်ပြပေးလိုက်တာပါ.. ဒီနည်းက Windows 7 မှာ လုပ်လို့ရတဲ့ ၊ လုပ်နည်းတူတဲ့ နည်းလေးပါ.. မိမိတို့ တခြား Media Player တွေစက်ထဲကို ထည့်မိတဲ့အခါမှာ Windows Media Player နဲ့ ဖွင့်လို့ မလာတဲ့အခါမှာ ဒီနည်းနဲ့ လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ တခြား Media Player တွေနဲ့ ပြန်ဖွင့်ချင်တဲ့အခါမှာလည်း ဒီလိုလေး ပြန်လုပ်ပေးလိုက်ရင် အဆင်ပြေပါတယ်..။
တကယ်လို့ FLV ဖေါ်မတ်ဆိုရင်တော့ Windows Media Player နဲ့ ဖွင့်လို့မရပါဘူး.. ဒါကြောင့် FLV ဖေါ်မတ်အတွက် Free FLV Player လေးတင်ပေးထားတာရှိပါတယ်.. ပြန်ရှာပြီး ဒေါင်းယူနိုင်ပါတယ်..။


အရင်ဆုံး မိမိတို့ ဖွင့်ချင်တဲ့သီချင်းပေါ်မှာ Right Click ထောက်ပါ.. အောက်ကပုံတွေအတိုင်း အဆင့်ဆင့် လုပ်ပေးလိုက်ရင် Windows Media Player နဲ့ သီချင်းတော်တော်များများကို ဖွင့်လို့ ရသွားပါလိမ့်မယ်..






ဒါဆိုရင်တော့ သီချင်းတွေ ၊ Video တွေကို WMP နဲ့ ဖွင့်လို့ ရသွားပါပြီ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...