Showing posts with label Recover လုပ်နည်းများ. Show all posts
Showing posts with label Recover လုပ်နည်းများ. Show all posts

Windows 8 မှာ Original Windows Images Files နှင့် System Image Backup Files တွေကို Restore ပြန်ထည့်နည်း

 အရင်ကပိုစ့်တွေမှာ Windows 7 နဲ့ Backup Files တွေကို သိမ်းနည်းနဲ့ Restore လုပ်နည်းတွေ ဖေါ်ပြပေးခဲ့တာ ဖြစ်ပြီး.. အခုဒီပိုစ့်ကတော့ Windows 8 တွေမှာ အသုံးပြုတတ်အောင်၊ မိမိတို့ကိုယ်တိုင် ဖန်တီးပြီး သိမ်းထားခဲ့တဲ့ System Image Backup Files နှင့်၊ စက်အသစ်ဝယ်ကတည်းက ပါလာတဲ့ Original Windows Images Files တွေကို ဒီပိုစ့်က နည်းတွေနဲ့ Restore လုပ်တတ်အောင် ပြပေးထားပါတယ်..။ မိမိတို့ အသုံးပြုနေတဲ့ ဝင်းဒိုးတွေမှာ Error တွေများလာတဲ့အခါနဲ့ ဝင်းဒိုးပျက်သွားတဲ့ အခါတွေမှာ ဒီပိုစ့်က လုပ်နည်းတွေက အရမ်းကို အသုံးဝင်တဲ့ လုပ်နည်း၊ အသုံးပြုနည်းတွေပဲ ဖြစ်ပါတယ်..။ အရင်တုန်းက ပိုစ့်မှာ Windows 7 နှင့် ပြပေးထားတာ ဖြစ်လို့.. အခု Windows 8 နှင့် အသုံးမှာတော့ မတူတဲ့ အပိုင်းလေးတွေ ပါလာပါတယ်..။ မိမိတို့ရဲ့ ဝင်းဒိုးဟာ မူရင်း Original Windows ဟုတ်မဟုတ် သိရအောင် ဒီလင့်ကပိုစ့်မှာ ကြည့်နည်း၊ စမ်းစစ်နည်းတွေ တင်ပေးထားခဲ့ပြီး ဖြစ်တယ်..။ နောက်တခုကတော့ System Image Backup Files ကို မိမိတို့ ကိုယ်တိုင် ဖန်တီးသိမ်းယူတတ်အောင် ဒီလင့်ကပိုစ့်မှာ ပြပေးထားခဲ့ပြီ။ Windows 8 မှာ ဆိုရင်တော့ Control Panel >> Windows 7 Files Recovery နေရာကနေ System Image Backup Files ကို သိမ်းယူရမှာ ဖြစ်ပါတယ်..။
Windows 7 နှင့် Windows 8 တွေမှာ အဝင်တစ်ချက် မတူတာက လွဲလို့ နောက်ပိုင်း လုပ်နည်းတွေက အတူတူပါပဲ..။ အရင်ပိုစ့်တွေမှာ Windows 7 နှင့် လုပ်ပြပေးထားတာ ဖြစ်ပြီး Bios Setting (Boot Menu) ကို ဝင်ရတဲ့ F2, F12, Esc စတဲ့ကီးတွေနဲ့ အလွယ်တကူ ဝင်နိုင်ပါတယ်..။ အခုနောက်ပိုင်း Windows 8 ပေါ်ပြီးမှ ထွက်လာတဲ့ စက်အသစ်တွေကတော့ Bios Setting (Boot Menu) ကို အဲ့ဒီကီးတွေနဲ့ ဝင်လို့ မရတတ်တော့ပါဘူး..။ တချို့စက်တွေမှာ Del (or) Esc ကီးတွေနဲ့ မိတတ်ပေမယ့်၊ တချို့စက်တွေမှာကျ ဘာကီးမှကို နှိပ်လို့ မရပြန်ဘူး..။ အဲ့လိုဖြစ်နေတဲ့ စက်မှာဆိုရင်တော့ Bootable ဖြစ်တဲ့ USB တပ်ထားပြီးမှသာ Bios Setting (Boot Menu) ကို ဝင်လို့ရတာလည်း ဖြစ်ဖူးပါတယ်..။ ဒါကြောင့် လိုလိုမယ်မယ် မိမိတို့မှာ Windows 8 နဲ့ ဝင်းဒိုးတင်လို့ ရတဲ့ USB and DVD တွေလည်း ရှိထားဖို့ လိုအပ်ပြန်ပါတယ်..။
အခုဒီပိုစ့်က လုပ်နည်းလေးကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ စက်ကို မူရင်း ဝင်းဒိုးရော၊ အရင်သိမ်းပေး ထားခဲ့ဖူးတဲ့ Backup နဲ့ပါ ပြန်ပြီး Restore လုပ်ပေးတဲ့အခါတုန်းက ရိုက်ယူထားတဲ့ ပုံတွေနှင့် ပြပေးလိုက်ခြင်း ဖြစ်ပါတယ်..။ လုပ်နည်းတွေကို အောက်မှာ ဆက်ကြည့်ပေးပါ..။

Restore Point Creator 1.9.3 Final


25 Nov 13, 08:02 PM
ညီငယ်: One Click Restore Point ဆော့ဝဲလေးပြန်တသ်ပေးပါလားဗျာ
အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ One Click Restore Point ဆော့ဝဲလေးကို ပြန်ရှာလို့၊ ရှာမတွေ့တော့တဲ့ အတွက် ဒီကောင်လေးကို တင်ပေးလိုက်ပါတယ်..။ အရင်ကလည်း ဒီကောင်လေးကို တင်ပေးဖူးပါတယ်..။ အသုံးပြုရတာ လွယ်ကူပြီး ဖိုင်ဆိုဒ်လည်း သေးပါတယ်..။ မိမိတို့ စက်ထဲကို ဒီကောင်လေး Install ထည့်ပြီး အသုံးပြုရမှာပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အသုံးပြုတတ်အောင်ကိုတော့ အရင်တုန်းက အသုံးပြုနည်းပိုစ့်မှာ ပြန်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 510 KB ပဲ ရှိပါတယ်..။

DVD ၅-ချပ်ဖြင့် သိမ်းထားခဲ့ပြီးသော Windows Image Backup ဖိုင်များအား Restore ပြန်ထည့်နည်း

phyo soe  21 November 2013 22:47
မိမိတို့ရဲ့ Computer ကိုကြိုတင်ကာကွယ်ရန် Windows တစ်ခုလုံးကို DVD ချပ်တွေနဲ့ သိမ်းထားရမယ့် Windows Image Backup File ပြုလုပ်နည်း အဲ့ဒီပို့ စ်ကနေ restore ပြန်လုပ်နည်းကို တင်ပေးပါတော့ ကိုလွင်မင်းဗိုလ်ခင်ဗျာ
အရင်တုန်းကလည်း ဒီပိုစ့်ကို တင်ပေးဖို့ တောင်းထားတဲ့လူများရှိပေမယ့် ကျနော် ဒီလောက်အမြန်ကြီး တင်ပေးဖို့ စိတ်ကူးမရှိသေးပါ..။ ဘာလို့လဲဆိုတော့ ကျနော် လက်ရှိသုံးနေတဲ့ ဝင်းဒိုး ပျက်သွားတဲ့အခါမှ DVD ချပ်တွေကနေ Restore ပြန်ထည့်နည်းကို ဓါတ်ပုံတွေပါ ရိုက်ယူရင်း တခါတည်း အလုပ်၂-ခု ပြီးသွားမယ့် အစီအစဉ်မို့ ဒီပိုစ့်တင်ပေးဖို့ကို နောက်ကျနေခဲ့တာပါ..။ အခုတော့ မရတော့.. တောင်းတဲ့လူကလည်း ဆက်တိုက်ကို တင်ပေးဖို့ တောင်းနေလေပြီ..။ ဒီဝင်းဒိုးထဲမှာ Video Editing ဆော့ဝဲလ်တွေ၊ Adobe CS6 ရဲ့ Photoshop တို့လို Premier Pro တို့လို ဆော့ဝဲလ်အကြီးကြီးတွေ ထည့်ထားပြီး အသုံးပြုလို့ ကောင်းနေတုန်း.. ဖုန်းတွေအတွက် USB Drivers တွေနဲ့ Root တူးမျိုးစုံ ထည့်ထားပြီးသားမို့ အခုလို ဖေါ်မတ်ချဖို့ကို အတော်လေး ဝန်လေးနေမိပါတယ်..။ ဆော့ဝဲလ်တွေ စုံအောင် ပြန်ထည့်ဖို့ဆိုရင် အတော်လေး အချိန်ပေးရအုန်းမည်..။ မတတ်နိုင်..။ အခုတော့ ဒီပိုစ့်ကို ကြိုးစားပြီး၊ အချိန်ယူပြီး ပြီးအောင် တင်ပေးလိုက်ပြီ..။ 
ဒီ DVD ၅-ချပ်နဲ့ Windows Image Backup File များ ဖန်တီးပြီး သိမ်းနည်းကို ဟိုးအရင်တုန်းကတည်းက ပိုစ့်တင်ပေးထားပြီး ဖြစ်ပါတယ်..။ မသိသေး၊ မလုပ်တတ်သေးတဲ့ သူများကတော့ ဝင်ကြည့်နိုင်ပါတယ်..။ DVD ၅-ချပ်နဲ့ ဝင်းဒိုးတခုလုံးကို သိမ်းတဲ့နည်းကတော့ ဝင်းဒိုး Recovery အတွက် အသုံးဝင်ဆုံးနဲ့ အကောင်းဆုံး နည်းတခုပါပဲ..။ ဟတ်ဒစ်ပျက်သွားတဲ့အခါမျိုးတွေမှာ (သို့မဟုတ်) ဟတ်ဒစ်တခုလုံးကို မှားပြီး Format ချပစ်မိလိုက်တဲ့ အခါမျိုးတွေမှာ.. အရင်က ဟတ်ဒစ်အပိုင်းတွေထဲမှာ သိမ်းထားခဲ့တဲ့ Windows Image Backup ဖိုင်နဲ့ Original Recovery အပိုင်းတွေကို ပြန်ထုတ်ယူလို့ မရနိုင်တော့ပါဘူး..။ အဲ့လို အခါမျိုးတွေမှာ Original Windows တွေကို ဒီ DVD ၅-ချပ်နဲ့ သိမ်းထားခဲ့မယ်ဆိုရင် အလွယ်တကူ Restore ပြန်ထည့်သုံးလို့ ရမှာပဲ ဖြစ်ပါတယ်..။ Restore ပြန်ထည့်လိုက်တာနဲ့ မိမိတို့စက်က Original Windows နဲ့ Drivers တွေအစုံပါပြီးသားမို့ အဆင့်သင့် အသုံးပြုယုံပါပဲ..။ ဒါကြောင့် ဝင်းဒိုးတွေ ပျက်သွားတဲ့အခါမှာ.. မပျက်ခင်က Backup လုပ်ပြီး သိမ်းထားလို့ ရမယ့် နည်းလမ်းတွေထဲက ဒီ DVD ၅-ချပ်နဲ့သိမ်းတဲ့နည်းကလည်း အကောင်းဆုံးနည်း တခုပါပဲ..။ 
နောက်တခုကတော့ ဝင်းဒိုးတွေကို Backup လုပ်တဲ့အချိန်တုန်းက System Repair Disc တွေကိုပါ တခါတည်း ဖန်တီးထားဖို့ လိုပါတယ်..။ ဝင်းဒိုးတွေအသုံးပြုတာ ကြာလာတာနဲ့ အမျှ Error ကြောင့်သော်၎င်း၊ Virus ကြောင့်သော်၎င်း F8 ကီးနဲ့ Windows Repair ထဲကို ဝင်လို့ မရတော့တဲ့အခါမှာ ဒီ System Repair Disc လေးကလည်း အရမ်းကို အသုံးဝင်ပါတယ်..။ နောက်တခုက ဝင်းဒိုးတင်လို့ရတဲ့ DVD အခွေရှိနေရင်လည်း ဒီ Windows Repair ထဲကို ဝင်လို့ရပါသေးတယ်..။ ဒီပိုစ့်မှာတော့ ကျနော်က Windows Repair နေရာကို F8 ကီးနဲ့ ဝင်ပြထားပါ..။ အပေါ်မှာပြထားတဲ့ အတိုင်း ကျနော် DVD ၅-ချပ်နဲ့ Windows Image Backup ဖိုင်ကို ဖန်တီးထားပြီးသားပါ..။ System Repair Disc ကိုလည်း တခါတည်း ဖန်တီးထားပြီး အခွေထည့်တဲ့ ဗူးလေးတခုနဲ့ သေချာသိမ်းထားခဲ့ပြီးသားမို့ ဒီနေ့ဒီပိုစ့်အတွက် အဆင်ပြေပြေနဲ့ ဝင်းဒိုးကို ပြန်ပြီး Restore လုပ်လို့ ရသွားပါပြီ..။ နောက်တခုကတော့ ဒီလို Restore မလုပ်ခင် မိမိတို့ ဝင်းဒိုးထဲမှာ ရှိတဲ့ မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ သီချင်း Video တွေနဲ့ ဆော့ဝဲလ်တွေကို အရင်ဆုံး partition အပိုင်းတွေထဲကို ပြောင်းသိမ်းထားဖို့ လိုပါတယ်..။ Windows Image Backup ဖိုင်ကို Restore ပြန်လုပ်လိုက်ရင် အဲ့ဒါတွေ တခုမှ မရှိတော့တဲ့အတွက် ပျက်သွားမှ ပြန်ယူလို့ မရနိုင်တော့ပါ..။ ဒါကြောင့် ဒီတချက်လည်း သတိထားရမှာပါ..။ 

Windows XP မှာ System Restore နှင့် Restore Points များ ဖန်တီး အသုံးပြုနည်း


 9 Sep 13, 10:13 PM
ရှမ်းလေး:
အကိုရေ windows xp မှာ System Restore လုပ်လို့ရလား ရရင် အချိန်ရရင် ပြုလုပ်နည်းလေး တင်းပေးပါလားခင်ဗျာ အစဉ်လေးစားလျက်ပါ
Windows 7 နဲ့ Windows 8 တွေမှာ System Restore Points တွေ ဖန်တီး အသုံးပြုတတ်အောင် ပိုစ့်တွေ တင်ပေးခဲ့ပြီးပါပြီ..။ အခုဒီပိုစ့်ကတော့ တောင်းတဲ့လူရှိလာလို့.. နောက်ပြီး Windows XP တင်ထားတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့စက်လည်း ကျနော့်ဆီ ရောက်လာတာနဲ့ အဆင်သင့်သွားတဲ့အတွက် ဒီပိုစ့်ကို တင်ပေးဖို့ ပုံတွေယူဖို့ အဆင်ပြေသွားတာပါ..။ ကျနော် Windows XP မသုံးဖြစ်တာ ကြာပါပြီ..။ ဒါကြောင့် Windows XP နဲ့ ပါတ်သက်တဲ့ ပိုစ့်တွေ တင်မပေးဖြစ်ခဲ့တာပါ..။ ဒီနေ့တော့ အခုပိုစ့်တောင်းထားတဲ့ အကိုလိုမျိုး တခြား Windows XP အသုံးပြုသူများအတွက် အဆင်ပြေစေမယ့် နည်းလမ်းလေးမို့ Windows XP မှာ System Restore ဖန်တီးအသုံးပြုနည်းပိုစ့်ကို တင်ပေးလိုက်ပါတယ်..။ လုပ်ပုံလုပ်နည်းက Windows 7 နဲ့ ဆင်တူပါတယ်..။ တခါတလေမှာ အဆင်မသင့်ရင် ဝင်းဒိုးမတက်နိုင်တော့တဲ့ Error မျိုးတွေ၊ Registry Error (or) Virus ကြောင့် တခုခု ကြောင်ပြီး ပရိုဂရမ်တွေကို ပုံမှန်ဖွင့်သုံးလို့ မရတော့တဲ့ အခါမျိုးတွေမှာ အလွယ်တကူ ပြန်ကောင်းနိုင်တဲ့ နည်းကတော့ ဒီ System Restore အသုံးပြုနည်းပါပဲ..။ အမြဲတမ်း ပြန်ကောင်းနိုင်မယ်လို့တော့ မမှတ်ထားသင့်၊ မရတဲ့ အခါမျိုးတွေလည်း ရှိပါတယ်..။ ဝင်းဒိုးပိတ်ပြီး System Restore အသုံးပြုတတ်အောင် အရင်ကတင်ပေးခဲ့တဲ့ Windows 7 မှာ System Restore အသုံးပြုနည်း ပိုစ့်မှာ သေချာရှင်းပြပေးခဲ့ပြီး ဖြစ်ပါတယ်..။ မသိသေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။

Restore Point Creator 1.3.12 Final

25 Aug 13, 12:38 AM
bo bo: အစ်ကိုရေ... ဆိုဒ်မှာ window 7 မှာ System restore လုပ်တဲ့ နည်းလေးကို ဖတ်ရှုမှတ်သားမိပါတယ် အစ်ကို...။ ကျွန်တော့် window XP လေးကိုလည်း System restore လုပ်တဲ့ နည်းလေး သိခွင့်ရချင်ပါတယ်အစ်ကို..။
25 Aug 13, 12:39 AM
bo bo: ကျေဇူးပြုပြီး သင်ပြပေးပါလားအစ်ကို...။
ကျနော့်မှာ Windows XP တင်ထားတဲ့ စက်မရှိတဲ့အတွက် ဒီကောင်လေးကို Windows 7 နဲ့ပဲ လုပ်ပြပေးလိုက်ပါတယ်..။ အသုံးပြုနည်းနဲ့ အသုံးဝင်ပုံချင်း အတူတူပါပဲ..။ ဒီကောင်လေးက နောက်ဆုံးထွက်လေးပါ..။ ဒါကြောင့် Windows 8 မှာလည်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ အသုံးပြုရတာ လွယ်ကူပြီး ဖိုင်ဆိုဒ်လည်း သေးပါတယ်..။ အရင်တုန်းက One Click Restore Point ဆော့ဝဲလ်လေးတခု တင်ပေးဖူးပါတယ်..။ အခုတော့ ပြန်ရှာလို့ မရတော့တဲ့အတွက် ဒီကောင်လေးကို ပြောင်းတင်ပေးလိုက်ခြင်းပါ..။ မိမိတို့ စက်ထဲကို ဒီကောင်လေး Install ထည့်ပြီး အသုံးပြုရမှာပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အသုံးပြုတတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 442 KB ပဲ ရှိပါတယ်..။

Startup Repair အသုံးပြုနည်းနှင့် Registry Repair မလုပ်ခင် Restore Point ဖန်တီးခြင်း-အသုံးပြုခြင်း


26 Jan 13, 02:14 PM
kolinlin: ကျေးဇူးပဲအကို Statrtup Repair ဘယ်လိုလုပ်ရမလဲအကို နကန်းတစ်လုံးမှမသိတာပါ
26 Jan 13, 05:52 PM
kolinlin: အကိုလွင်ရေ StartupRepair ကလုပ်မတတ်ဘူးအကိုရေ Window Boot Manger ဆိုပြီးပေါ်တယ်.Enter နှိပ်လည်းအဆင်မပြေဘုး.ကူညီပါဥိးနော်..စက်ဖွင့်ရင်Windowမတက်လို့ပါ။Post တင်ပေးပါနော်လေးစားစွာဖြင့်..
ဒီအစ်ကိုလို Windows Startup အဆင်မပြေတဲ့သူများနဲ့ မိမိတို့စက်မှာ ဆော့ဝဲလ်တွေ မထည့်ခင်၊ ဝင်းဒိုးထဲက Registry Error-Repair မလုပ်ခင် အချိန်တွေမှာ System Restore Point ဖန်တီးထား တတ်ဖို့နဲ့ ပြန်ပြီး Restore လုပ်တတ်အောင်ပါ.. ဒီပိုစ့်မှာ ရှင်းပြထားပါတယ်..။ System Restore အသုံးပြုတတ်အောင် အရင်တုန်းက ပိုစ့်တခုတင်ပေးခဲ့ဖူးပါတယ်..။ အခုဟာကတော့ System Restore Point ဖန်တီးတတ်ဖို့နဲ့ ဖန်တီးထားပြီးသားကို ပြန်ပြီး Restore လုပ်တတ်အောင်ပါ ပြပေးထားပါတယ်..။ ဆော့ဝဲလ်တွေထည့်တဲ့အခါနဲ့ Windows Update တက်သွားတဲ့အခါတွေမှာ အရင်ရှိပြီးသား Restore Point တွေ ပျက်ကုန်တတ်တဲ့အတွက် မိမိတို့အနေနဲ့ သတိထားပြီး Restore Point တွေကို မကြာမကြာဖန်တီးပေးထားပါ..။ ဒါမှသာ ဝင်းဒိုးမှာ ကြီးကြီးမားမား Error တွေကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ..။ Starting Windows မတက်နိုင်အောင် အများဆုံးဖြစ်တတ်တဲ့ အခါတွေကတော့ ဝင်းဒိုးထဲက Registry Error တွေကို ဆော့ဝဲလ်တွေသုံးပြီးရှင်းတဲ့အခါတွေမှာ အဖြစ်များပါတယ်..။ CCleaner နဲ့ Advanced System Care လို System Tools တွေကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart မချပဲ တခြားဆော့ဝဲလ်တွေ ထပ်ပြီး Install ထည့်လိုက်ရင် ဒီလို Starting Windows မတက်နိုင်တော့တဲ့ Error တွေ ဖြစ်တတ်ပါတယ်..။ ဒီ System Tools တွေက တကယ်တော့ ဝင်းဒိုးတွေအတွက် အရမ်းကောင်းပါတယ်..။ ဒါပေမယ့် မသုံးတတ်ရင် အန္တရာယ်ဖြစ်တယ် ဆိုသလိုပဲ ဒီ System Tools တွေကို အသုံးမပြုခင် ဒီပိုစ့်ကအတိုင်း Restore Point တခုအရင်လုပ်ထားပါ..။ System Tools တွေကို  အသုံးပြုပြီးတဲ့အခါတိုင်း တခြားဆော့ဝဲလ်တွေ မထည့်သေးပဲ မိမိတို့ရဲ့ စက်ကို အရင် Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာမှ တခြားဆော့ဝဲလ်တွေကို ထည့်သုံးပါ..။ ဒီလိုဆိုရင် ဝင်းဒိုး မတက်နိုင်တော့တဲ့ ဘေးက ကင်းဝေးပါလိမ့်မယ်..။ 
နောက်တခုက Startup Repair လုပ်တတ်ဖို့ပါ..။ Startup Repair လုပ်တယ်ဆိုတာလည်း အမြဲတမ်းကြီး Repair လုပ်လို့ ရလိမ့်မယ်လို့ မမှတ်ထားသင့်ပါ..။ လုပ်လို့ ရတဲ့အခါတွေ ရှိသလို Repair လုပ်မရတဲ့အခါတွေလည်း ရှိပါတယ်..။ လုပ်လို့ရသည်ဖြစ်စေ၊ လုပ်လို့ မရသည်ဖြစ်စေ အားလုံးပဲ Startup Repair အသုံးပြုတတ်အောင် ဒီပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။ ပုံတွေများလို့ ကြည့်ရတာ ရှုပ်တဲ့သူများအတွက် အလွယ်ကြည့်လို့ရမယ့် Video ဖိုင်လေးပါ ရှာပြီး ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ချိတ်ပေးထားပါတယ်..။ ဒီ Video လေးနဲ့လည်း အဆင်ပြေပါတယ်..။ 
kolinlin: ပြောသလို Windows Boot Manager စာသားနဲ့ ပေါ်လာတယ်ဆိုရင်တော့ Startup Repair နဲ့ အဆင်မပြေနိုင်ပါ..။ ဒါပေမယ့် Startup Repair အရင်လုပ်ကြည့်သင့်ပါတယ်..။ မရတော့မှ Safe Mode နဲ့ဝင်ပြီး နောက်ဆုံး Install ထည့်ခဲ့တဲ့ ဆော့ဝဲလ်၃၊၄ခုကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်ပါ..။ အဲ့ဒါမှ မရသေးရင် System Restore နဲ့ ၁၀ရက်၊တစ်လ (Restore Point ဖန်တီးထားပြီးသား မရှိရင် ပေါ်သလောက်၊ ရှိသလောက် Restore Point ကို ရွေးပြီး) နောက်ပြန်ဆုတ်ပေးလိုက်ပါ..။ Restore Point တွေမှာလည်း သုံးလို့ရတဲ့ Point တွေရှိသလို၊ သုံးလို့မရတဲ့ Point တွေရှိနေပြန်ပါတယ်..။ ဒါကြောင့် Restore Point နဲ့ မရခဲ့ရင် Windows Image Backup File (OR) Recovery (Hidden Partition) အပိုင်းနဲ့သာ ရပါလိမ့်မည်..။ အဲ့ဒါတွေ မရှိရင်တော့ ဝင်းဒိုးအသစ်ပြန်တင်ဖို့သာ ရှိပါတော့တယ်..။ Windows Image Backup File ဖန်တီးနည်းနဲ့ Restore ပြန်လုပ်နည်း ကို အရင်တုန်းက ပိုစ့်တင်ပေးထားပြီးသားပါ..။ မလုပ်တတ်သေးတဲ့သူများ ပြန်ကြည့်ပေးပါ..။ အခုဒီပိုစ့်မှာ ဝင်ဒိုး Startup Repair အသုံးပြုနည်းနဲ့ Restore Point ဖန်တီးနည်းကို အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ 

မိမိတို့ရဲ့ Computer ကိုကြိုတင်ကာကွယ်ရန် Windows တစ်ခုလုံးကို DVD ချပ်တွေနဲ့ သိမ်းထားရမယ့် Windows Image Backup File ပြုလုပ်နည်း

ဒီနည်းလေးကလည်း Windows Recovery အတွက် အသုံးဝင်တဲ့ နည်းလေးတခုပါပဲ..။ ကျနော်တို့ အရင်တုန်းက Windows Image Backup File လုပ်နည်း ပိုစ့်မှာ ဟတ်ဒစ်ကို Partation တခုခွဲပြီး ၄င်း Partation ထဲမှာ  Image Backup File ကို သိမ်းတဲ့နည်းလေး ရေးပေးခဲ့ပါတယ်.. အဲ့ဒီနည်းနဲ့လည်း ဝင်းဒိုးအတွက် အဆင်ပြေသလို အခု ဒီနည်းကလည်း ဝင်းဒိုးအတွက် အသုံးဝင်တဲ့ နည်းလေးတခုပါပဲ.. တကယ်လို့ ကျနော်တို့ ဟတ်ဒစ်ထဲမှာ Partation တခုခွဲပြီး သိမ်းထားခဲ့တဲ့ Windows Image Backup File ဟာ Hard Disk ပျက်စီးသွားရင် ပြန်လည်ထုတ်ယူလို့ မရနိုင်တော့ပါဘူး.. အဲ့လိုအခါမျိုးတွေမှာ ဒီနည်းနဲ့ ဝင်းဒိုးကို DVD ချပ်တွေနဲ့ သိမ်းထားခဲ့မယ်ဆိုရင်.. Hard Disk ပျက်သွားလို့ Hard Disk နောက်တခု လဲသုံးတဲ့အခါမှာ ဒီ DVD ချပ်တွေထဲက မူရင်းအသုံးပြုခဲ့တဲ့ Original ဝင်းဒိုးကို အလွယ်တကူ Restore ပြန်လုပ်ပြီး ထုတ်သုံးလို့ ရမယ့် နည်းလမ်းကောင်းလေး တခုပါပဲ..။ အဲ့ဒီအတွက်တော့ DVD ခွေသစ် များများလိုအပ်ပါတယ်.. ဘာလို့လဲဆိုတော့ လက်ရှိအသုံးပြုနေတဲ့ ဝင်းဒိုးပေါ်မှာ မူတည်ပြီး ပရိုဂရမ်တွေများရင် များသလို DVD များများ လိုအပ်လို့ပါပဲ.. ကျနော်အခု လုပ်ပြထားတဲ့ စက်မှာတော့ DVD ၅ချပ် အသုံးပြုရပါတယ်..။ အရင်တုန်းက လုပ်ပေးခဲ့တဲ့ စက်မှာတော့ DVD ၃ချပ် ကုန်ပါတယ်.. ဘာလို့လဲဆိုတော့ အခုန ပြောသလို မိမိတို့ စက်ထဲမှာ Install ထည့်ထားတဲ့ ပရိုဂရမ် ဆော့ဝဲလ်တွေကြောင့် စက်တလုံးနဲ့ တလုံး မတူတာပါ..။ Install ထည့်ထားတဲ့ ပရိုဂရမ် တွေပေါ် မူတည်ပြီး DVD များများ လိုအပ်တာပါ..။ ဒါကြောင့် စက်အသစ်ဝယ်ဝယ်ချင်း (သို့မဟုတ်) ဝင်းဒိုးအသစ် တင်ပြီးပြီးချင်း ဘာဆော့ဝဲလ်မှာ Install မထည့်ရသေးတဲ့ အချိန်မျိုးမှာ ဒီလို DVD နဲ့ ဝင်းဒိုး Backup File လုပ်ထားရင် ပိုကောင်းပါတယ်.. အဲ့လိုဆိုရင် DVD ခွေလည်း ၃ချပ်လောက်ပဲ ကုန်ပါလိမ့်မယ်.. အခုဒီပိုစ့်မှာ လုပ်ပြထားတဲ့ ပုံတွေအတွက်တော့ DVD ဘယ်နှချပ်ကုန်မလဲဆိုတာ ကြိုမသိနိုင်လို့ ကျနော် DVD အခွေသစ် ၁၀ချပ်ကို လိုလိုမယ်မယ် အဆင်သင့် ပြင်ဆင်ထားတာပါ.. တကယ်ကုန်တာကတော့ ၅ ချပ်ကုန်ပါတယ်.. ပုံသေမမှတ်ပါနဲ့.. မိမိတို့စက်မှာ ဒီလိုလုပ်ရင်တော့ ၅ချပ်ထက်လည်း ပိုရင် ပိုကုန်နိုင်ပါတယ်.. ဒါကြောင့် DVD အခွေသစ် များများ စုထားပြီးမှ ဒီနည်းကို လုပ်ကြပါ.. ဒီနည်းကို အသုံးပြုဖို့ ဘာဆော့ဝဲလ်မှ မလိုပါဘူး.. ဒီအစီအစဉ်အတွက် Windows ထဲမှာ ပြုလုပ်ဖို့ Tools တွေပါပြီးသားပါ.. ဒီလုပ်နည်းကို လိုအပ်တဲ့သူများကတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..

Original Windows ဟုတ်၊မဟုတ် ဘယ်လို စမ်းစစ်မလဲ - Original Windows တွေမှာ Recovery Partation ကို Restore လုပ်နည်း

စာများလို့ စိတ်မညစ်ပါနဲ့ - ဗဟုသုတနဲ့ နည်းပညာလိုချင်ရင် စာများများဖတ်ပါ


ကျနော်ဒီလို ပိုစ့်လေးတွေကို တင်ပေးချင်နေတာ ကြာပါပြီ.. ဒါကတော့ ဗဟုသုတအတွက်ရော၊ မိမိတို့ကွန်ပျူတာမှာ မူရင်း(Original)ဝင်းဒိုး ဟုတ်မဟုတ်အတွက်ပါ.. စမ်းစစ်လို့ ရမယ့် နည်းလေးပါ.. တချို့က မိမိအသုံးပြုနေတဲ့ ဝင်းဒိုးဟာ မူရင်းလား.. ကော်ပီလားဆိုတာတောင် မသိကြပါဘူး.. ဒီလိုပဲ သုံးနေကြတာ သူများ Partation အပိုင်းခွဲဆိုခွဲတာပဲ၊ သူများက ဟတ်ဒစ်ကို Format ချဆိုချတာပဲ..၊ မိမိတို့ဝင်းဒိုးဟာ ဆိုင်ကဝယ်ကတည်းက ပါလာတဲ့ ကုမ္ပဏီက ထည့်ပေးလိုက်တဲ့ မူရင်းဝင်းဒိုးဆိုရင်တော့ Format ချတာတို့ ၊ Partation ခွဲတာတို့ လုပ်တာ အများကြီး သတိထားရပါတယ်.. ဘာလို့လဲဆိုတော့ ဟတ်ဒစ်အပိုင်းထဲမှာ မူရင်းဝင်းဒိုးအတွက် Recovery လုပ်ထားပေးတဲ့ Hidden Partition လို့ခေါ်တဲ့ Recovery Partation အပိုင်းကို မှားပြီး မဖျက်မိဖို့ပါပဲ.. မိမိတို့ဝင်းဒိုးဟာ အသုံးပြုတာ ကြာလာလို့ ဘယ်လောက်ပဲ ပျက်ပျက် ဒီမူရင်း ဝင်းဒိုးအတွက် Hidden Partition ထဲကနေ Recovery ဝင်းဒိုးကို ပြန်ခေါ်လိုက်ရင် ဝင်းဒိုးအသစ်တင်လိုက်သလိုပါပဲ.. မူရင်း(Original)ဝင်းဒိုးကို ပြန်ရမှာပါ.. အချိန်လည်း ကုန်တာသက်သာသလို Drivers တွေ လိုက်ရှာရတဲ့ ဒုက္ခကလည်း ကင်းဝေးပါတယ်..။ ဒီလိုမှ မဟုတ်ပဲ Partation တွေ Format ချပစ်လိုက်လို့ Hidden partition (Recovery) အပိုင်း ပါသွားရင်တော့ ဒီမူရင်းဝင်းဒိုးကို ဘယ်လိုမှ ပြန်ရှာလို့ မရနိုင်တော့ပါဘူး.. ကိုယ်က ဗဟုသုတရှိလို့ Image Backup File လုပ်ထားရင်တော့ နည်းနည်းတော်သေးပါတယ်.. ဘာမသိ၊ ညာမသိ သူများပြောတိုင်း Format ချုပစ်လိုက်ရင်တော့ မူရင်းဝင်းဒိုးကို ဆုံးရှုံးသွားပါပြီ.. အဲ့လိုဆိုရင်တော့ မူရင်းဝင်းဒိုးအတွက် တကယ်ပဲ နှမြောဖို့ ကောင်းပါတယ်.. တကယ်တော့ မူရင်းဝင်းဒိုးတွေဟာ ကော်ပီဝင်းဒိုးတွေထက် အများကြီး အားသာပါတယ်.. ဘယ်လိုတွေအားသာလဲဆိုတော့ ကျနော်စမ်းသပ်မိသလောက် ပြန်လည် ဝေမျှပေးခြင်းသာ ဖြစ်ပါတယ်.. မူရင်းဝင်းဒိုးတွေဟာ ကော်ပီဝင်းဒိုးတွေထက် စက်အဖွင့်၊ အပိတ် ပိုမြန်ပါတယ်.. ကော်ပီဝင်းဒိုးတွေထဲ Error တက်တာ နည်းပါတယ်.. ကော်ပီဝင်းဒိုးတွေမှာ Error ပိုများပါတယ်..။ နောက်ပြီး အမေရိကန်လို ဥရောပ နိုင်ငံမျိုးတွေမှာ ကော်ပီဝင်းဒိုး သုံးစွဲခွင့်မရှိပါဘူး.. အာရှမှာ အသုံးပြုနေတဲ့ ကော်ပီဝင်းဒိုးတွေ မေရိကန်လို နိုင်ငံမျိုးကို သယ်ဆောင်သွားခွင့် မရှိပါဘူး.. ကော်ပီဝင်းဒိုးတွေမှာ Activator တွေနဲ့ ကာပြီး အသုံးပြုကြတာ ဖြစ်တဲ့အတွက် ဝင်းဒိုး Update တွေကို ပိတ်ထားတတ်ကြပါတယ်.. Windows Update ပိတ်ထားတဲ့အတွက် ကော်ပီဝင်းဒိုးတွေမှာ Original Windows ထက် Error ပိုများရပါတယ်.. Windows Update လုပ်မိတာနဲ့ ကာထားတဲ့ Activator ကို ဖျက်ပစ်လိုက်လို့ Product Key တွေတောင်းပြီး Key မပေးနိုင်ရင် ရက်၃၀ ကြာတဲ့ အခါ Desktop မှာ မည်းသွားပါတယ်.. မူရင်းဝင်းဒိုးတွေမှာ ကျတော့ ဝင်းဒိုး Update လုပ်ပေးနိုင်လေ ကွန်ပျူတာရဲ့ အယ်ရာတွေ၊ ဗိုင်းရပ်စ်တွေနဲ့ Hack Tools တွေကို ပိုမိုကာကွယ်နိုင်လေ ပါပဲ..။ Windows Update က ဝင်းဒိုးကို ပိုမို Strong ဖြစ်စေပါတယ်..။
မိမိတို့ ကွန်ပျူတာ အသစ်တလုံး ဝယ်တဲ့အခါ မူရင်းဝင်းဒိုးလား၊ ကော်ပီဝင်းဒိုးလားဆိုတာ ကွန်ပျူတာ ပေါ်မှာ ကပ်ထားတဲ့ Windows 7 စတေကာ တဆိပ်ကို ကြည့်ပါ.. နောက်ပြီး ကွန်ပျူတာရဲ့ နောက်ကျောဘက်မှာ Producted Key ပါတဲ့ တဆိပ်ပြားကို ရှာကြည့်ပါ.. (အောက်မှာ ပုံနဲ့ပါ ပြထားပါတယ်) တချို့စက်တွေမှာ ဘက္ကထရီနေရာရဲ့ အတွင်းဘက်မှာ Producted Key တဆိပ်ပြားကို ကပ်ထားတတ်ပါတယ်..။ ရှာကြည့်ပါ.. မူရင်းဝင်းဒိုးတွေမှာ ဒီလိုတဆိပ်၂မျိုးပါပါတယ်.. အခုနောက်ပိုင်း တချို့က အတုတွေလုပ်လာကြပါတယ်.. အဲ့ဒီတော့ ကျနော်တို့က မဝယ်ခင်ကတည်းက အရင်မေးထားရပါမယ်.. မူရင်းဝင်းဒိုးလား ကော်ပီဝင်းဒိုးလားဆိုတာ မေးပါ.. အားမနာပါနဲ့.. မူရင်းလို့ပြောပေမယ့် တချို့က ကော်ပီဝင်းဒိုးတွေ ထည့်ပေးတတ်ကြပါတယ်.. မူရင်းဝင်းဒိုးအတိုင်းပဲ Cracked လုပ်ပြီး ထည့်ပေးတာပါ.. အဲ့လိုဆိုရင် ဝင်းဒိုးတင်တာ ဆော့ဝဲလ်ထည့်တာ တစ်နာရီလောက်တော့ စောင်းခိုင်းပါလိမ့်မယ်.. အဲ့လိုတစ်နာရီ စောင့်ခိုင်းရင်ကိုပဲ ဝင်းဒိုးအတုဆိုတာ သိလိုက်ပါ.. မူရင်းစက်ရုံထုတ်၊ ပါကင်ဖွင့်ဖွင့်ချင်း ပါလာတဲ့ မူရင်း ဝင်းဒိုးတွေဟာ ၅ မိနစ်ကျော်လေးပဲ ကြာပါတယ်.. စက်ကို ပါဝါဖွင့် Setting မှာ နာမည်ပေးယုံပဲ.. မိမိတို့ ရှေ့တင် လုပ်ပေးပါလိမ့်မယ်.. ဒါဆိုရင် မူရင်းဝင်းဒိုးပါ..။ ကော်ပီ ဝင်းဒိုးဆိုရင်တော့ လျှေက်ပါတ်လိုက်ပါအုန်း၊ တစ်နာရီနေမှ ပြန်လာခဲ့ပါလို့ ဆိုင်ကပြောပါလိမ့်မယ်.. ချွင်းချက်အနေနဲ့ ၁၀လက်မ ကွန်ပျူတာ အသေးလေးတွေမှာတော့ မိနစ်သုံးဆယ်လောက် ကြာတတ်ပါတယ်.. အဓိက သိထားရမှာက Original Windows တွေမှာ အပေါ်အောက် စတေကာ ၂ခုနဲ့၊ ဟတ်ဒစ်ထဲမှာ Recovery အတွက် Hidden Partation အပိုတခု ထည့်ပေးထားပါတယ်.. အဲ့ဒါကို တွေ့အောင်ရှာကြည့်ပါ.. (အောက်မှာ ပုံနဲ့ ပြထားပါတယ်) Recovery Partation ပါလာရင် ဝင်းဒိုးအစစ်ဆိုတာ သေချာသွားပါပြီ.. စက်အသစ်ဝယ်ကတည်းက ဆိုင်မှာ သေချာမေးလာရမှာက Recovery Partation ကို ဘယ်လို Restore ပြန်ထည့်ရမလဲ ဆိုတာပါ မေးလာရမှာပါ.. တချို့စက်တွေမှာ F9 ၊ တချို့စက်တွေကျ Alt+F10 ၊ တချို့စက်ကျ Ctrl+F12 စသဖြင့် မတူတဲ့အတွက် မိမိတို့ စက်အသစ်ဝယ်ကတည်းက မူရင်းဝင်းဒိုးဆိုရင် ဘယ် Keys တွေနဲ့ Restore ပြန်ထည့်ရလဲဆိုတာပါ သေသေချာချာ မေးထားပါ..။ ဒါမှ Recovery Partation ထဲက မူရင်းဝင်းဒိုး ပြန်ခေါ်တဲ့အခါ အလွယ်လေး အဆင်ပြေမှာပါ..။
Original Windows တွေအတွက် Recover ဝင်းဒိုးအသစ်အတိုင်း ပြန်ခေါ်နည်း၊ စမ်းစစ်နည်းလေးတွေကို မသိသေးတဲ့ သူများ အားလုံးပဲ အောက်ကပုံလေးတွေနဲ့ လေ့လာ မှတ်သားထားကြဖို့ လိုအပ်ပါတယ်..။

Windows တွေမှာ Image Backup File ကို ဘယ်လို Restore ပြန်လုပ်မလဲ



အရင်လတုန်းက System Image Backup File နဲ့ System Repair Disc တွေကို မိမိတို့ကိုယ်တိုင် ပြုလုပ် ဖန်တီးပြီး သိမ်းထားလို့ရမယ့် နည်းလေးကို ရေးပေးခဲ့ပြီးပါပြီ..။ Image Backup File လုပ်နည်းကို  ပြန်ကြည့်ချင်တဲ့သူများကတော့ ဒီလင့်ကနေ ဝင်သွားကြည့်နိုင်ပါတယ်..။ အခုဒီပိုစ့်က အဲလိုသိမ်းထားခဲ့တဲ့ Image Backup File ကို ဘယ်လိုပြန်ပြီး Restore လုပ်ရမလဲ ဆိုတာကို ဆက်ရှင်းပြပေးသွားမှာပါ..။ ဒီပိုစ့်ကို အကြာကြီးစောင့်မျှော်နေတဲ့ ညီအစ်ကိုမောင်နှမတွေကိုတော့ အားနာပါတယ်..။ ကျနော့်မှာလည်း ပုံလေးတွေကို လိုက်ပြန်ရှာနေရတာနဲ့ အမြန်တင်မပေးဖြစ်ခဲ့တာပါ..။ အခုတောင် အတတ်နိုင်ဆုံး ပုံလေးတွေကို စုထားပေးပေမယ့် ၂ပုံလောက် လိုပါသေးတယ်..။ ထပ်ရှာတာ မရတော့လို့ ဒါလေးတွေပဲ တင်ပေးလိုက်ပါတယ်..။ လိုနေတဲ့ ပုံလေးတွေနေရာမှာ နားလည်လွယ်အောင် အတတ်နိုင်ဆုံး ရိုးရိုးလေးဖြစ်အောင် ရေးပေးသွားပါ့မယ်..။ နောက်တခုက System Repair Disc ကို USB ပေါက်တွေကနေ အသုံးပြုလို့ရအောင်.. (အခွေထုတ်ဖို့ CD/DVD Drive မပါတဲ့ ကွန်ပျူတာသုံးသူများအတွက်) Card Reader ထဲမှာ Phone Memory Card ကိုထည့်ပြီး.. ဒါမှမဟုတ် USB Pendrive တွေထဲမှာ System Repair Disc ကိုသွင်းပြီး Image Backup File ဆီရောက်အောင် လုပ်တဲ့နည်းလေးလည်း ရှိပါသေးတယ်..။ အဲလိုလုပ်လို့ရတဲ့ ဆော့ဝဲလ်ကို နောက်တင်တဲ့ ပိုစ့်မှာ တင်ပေးသွားပါ့မယ်..။ ကျနော် USB ပေါက်ကနေ Windows တင်လို့ရအောင် အဲဒီဆော့ဝဲလ်လေးနဲ့ပဲ လုပ်တာပါ..။ အခု System Repair Disc ကိုလည်း USB ပေါက်ကနေ ဝင်လို့ရအောင် အဲဒီဆော့ဝဲလ်လေးပဲ အသုံးပြုခဲ့တာပါ..။ အခွေထုတ်မရတဲ့ စက်တွေအတွက် Windows7 System Repair Disc 32-bit အတွက်ရော 64-bit အတွက်ပါ အဲဒီ Image ဖိုင်တွေကို ISO ဖိုင်အဖြစ်ပြောင်းပြီး ကျနော်တင်ပေးသွားပါအုန်းမယ်..။ အားလုံးအတွက် အဆင်ပြေအောင်လို့ပါ..။ အခုတော့ ဒီပိုစ့်ကို ဆက်ရအောင်.. 

Windows တွေမှာ မရှိမဖြစ် ၊ လုပ်ထားရမည့် System Image Backup File နှင့် System Repair Disc



ဒီနည်းလေးကတော့ ကွန်ပျူတာရှိတဲ့ လူတိုင်း မသိမဖြစ်၊ မတတ်မဖြစ် သိထားတတ်ထားသင့်တဲ့ နည်းလေးတခုပါပဲ.. ဒီနည်းနဲ့ ဒီလို Image Backup File နဲ့ System Repair Disc မလုပ်ထားကြလို့သာ ကွန်ပျူတာနဲ့ ပါတ်သက်တဲ့ ပြဿနာမျိုးစုံကို ခေါင်းရှုပ်ခံ၊ စိတ်ညစ်ခံပြီး ဟိုလူ့ဆရာတင်ရ၊ ဒီလူ့ဆရာတင်ရနဲ့ အလုပ်တွေရှုပ်.. ငွေကုန်ခံပြီး ဆိုင်မှာသွားပြင်နေကြရတာပါ..။ ပင်ပန်းလွန်းပါတယ်..။ သိတဲ့သူများအတွက် လွယ်ပေမယ့်.. မသိသေးတဲ့သူများ အတွက်တော့ ဘယ်ကနေ ဘယ်လိုစပြီး လုပ်ရမှန်းကို မသိကြတာပါ..။ ဒါကြောင့်ဒီနေ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာ.. ကျနော့်ရဲ့သူငယ်ချင်း တယောက်ကလည်း ဒီလုပ်နည်းလေးကို သိချင်နေတာ ကြာပါပြီ.. အဝေးကနေ လှမ်းတောင်းနေတာ.. ကျနော့်မှာလည်း ပုံတွေက အဆင်သင့် မရှိသေးလို့.. ပုံတွေလုပ်ဖို့ပြင်ရင်း ပြင်ရင်းနဲ့ ကြာသွားပါတယ်..။ တကယ်တော့ ဒီနည်းလေးက Windows ထဲမှာ ပါပြီးသား.. မိမိတို့ဖာသာ ဖန်တီးယူရမယ့် နည်းလေးတခုပါပဲ.. လုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ မသိသေး၊ မလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်ပေးပါ..။ လိုအပ်တဲ့ ပစ္စည်းကတော့ CD အလွတ်တချပ် (CD အသစ်ကိုပြောတာပါ) .. ခွေကူးဖို့ CD/DVD Drive မပါတဲ့သူများကတော့ Backup File ပဲလုပ်ပါ.. CD ခွေမကူးလည်း ရပါတယ်..။ ဒါပေမယ့် External DVD Drive ရှိရင်တော့ ခွေကူးထုတ်ထားရင် ပိုကောင်းပါတယ်..။ အဲဒီအခွေက Boot တက်တဲ့ အခွေဖြစ်တဲ့ အတွက် ဝင်းဒိုးမှာ တစုံတရာ Error တက်ခဲ့ရင် Windows7 တင်နည်းအတိုင်း ဝင်ပြီး ပြန်ပြင်လို့ ရပါတယ်..။ Boot mgr is missing လို Error မျိုးဖြစ်ခဲ့ရင် အခုခွေကူးမယ့် Repair CD နဲ့ ပြန်ပြင်လို့ ရပါတယ်.. Windows ထဲမှာ မသိမ်းရသေးတဲ့ Data တွေ ပျက်မသွားပါဘူး.. အားလုံးပြန်ယူလို့ ရပါတယ်..။  Boot mgr is missing အဲရာမျိုး ဖြစ်ခဲ့ရင် အောက်ကပုံလိုမျိုး စာကြောင်းလေး ၂ကြောင်းပဲ ပေါ်နေပါလိမ့်မယ်..။ Starting Windows ပေါ်မလာတော့ပါဘူး..။

Windows7 မှာ System Restore ကို အသုံးပြုတတ်အောင်လို့


ဒီနည်းလေးကို အားလုံးပဲ သိသင့်တယ်ထင်လို့ ဒီနေ့ဒီပိုစ့်လေးကို ရေးလိုက်ရပါတယ်..။ အခုဒီနည်းက Backup Files လုပ်မထားတဲ့ စက်တွေမှာ အလွယ်သုံးတဲ့ နည်းလေးပါ..။ များသောအားဖြင့် ရတတ်သလို ၊ လုပ်မရတဲ့ အခါများလည်း ရှိပါတယ်..။ ကျနော်တို့ရဲ့ ကွန်ပျူတာမှာ ဆော့ဝဲလ်တွေကို အမြဲသွင်းလိုက်၊ ထုတ်လိုက် လုပ်နေတဲ့ အခါမှာ System Restore Point တွေဟာ များများလာပါတယ်..။ ဘာလို့လဲဆိုတော့ ဆော့ဝဲလ်တွေက သူတို့ကို သွင်းလိုက်တဲ့ အချိန်မှာ Restore Point တွေဖြစ်ပေါ်လာအောင် ကွန်မန်းတွေ ပါလာလို့ပါ..။ ဒါပေမယ့် တချို့ဆော့ဝဲလ်တွေကျတော့ ရှိပြီးသား Restore Point တွေကို ဖျက်ပစ်ပြီး ဒီဆော့ဝဲလ်ကို သွင်းတဲ့ အချိန်ကိုပဲ Restore Point မှာမှတ်ထားပါတယ်..။ တချို့ဆော့ဝဲလ်တွေ ကျပြန်တော့ ရှိပြီးသား Restore Point တွေအားလုံးကို ဖျက်ပစ်လိုက်ပါတယ်..။ အဲလိုဆော့ဝဲလ်မျိုးနဲ့ ကြုံခဲ့ရင်တော့ Restore Point ကို ပြန်ရှာလို့ မရနိုင်ပါဘူး..။ ဒီပိုစ့်မှာတော့ Restore Point တွေအများကြီး ရှိတဲ့ အထဲက.. တခုနဲ့ မရရင် တခုပြောင်းပြီး လုပ်တတ်အောင်လို့ ပြပေးသွားမှာ ဖြစ်ပါတယ်..။ စက်လေးလာတဲ့ အခါမျိုး၊ ဝင်းဒိုးပျက်တဲ့ အခါမျိုး၊ Error အမျိုးမျိုးကြောင့် ဘယ်ပရိုဂရမ်မှ ဖွင့်သုံးလို့ မရတော့တဲ့ အခြေနေမျိုးတွေမှာ.. စက်ကိုပြန်ကောင်းလာစေဖို့.. လေးနေရာကနေ ပြန်ပြီးသွက်လက်လာစေဖို့ ဆိုရင် System Restore ကိုအသုံးပြုတတ်ကြပါတယ်..။ System Restore ဆိုတာ စက်ကောင်းနေတဲ့ အချိန် လွန်ခဲ့တဲ့ တပါတ်၊ တစ်လ ဒါမှမဟုတ် ၃၊၄ လလောက်အချိန်ထိ ပြန်ဆုတ်ပေးနိုင်ပါတယ်.. နာရီ၊ နေ့ရက် အချိန်တွေကတော့ ဒီနေ့ဒီအချိန်တိုင်း ရှိနေမှာပါ..။ ဒါကြောင့်ဒီနည်းလေးကို ကွန်ပျူတာရှိတဲ့လူတိုင်း တတ်ထားသင့်ပါတယ်..။ တော်ယုံ Error လောက်ကို ဆိုင်မှာသွားပြစရာမလိုပဲ မိမိတို့ ဖာသာ ဖြေရှင်းနိုင်ပါလိမ့်မယ်..။
Related Posts Plugin for WordPress, Blogger...