Windows တွေမှာ မရှိမဖြစ် ၊ လုပ်ထားရမည့် System Image Backup File နှင့် System Repair Disc



ဒီနည်းလေးကတော့ ကွန်ပျူတာရှိတဲ့ လူတိုင်း မသိမဖြစ်၊ မတတ်မဖြစ် သိထားတတ်ထားသင့်တဲ့ နည်းလေးတခုပါပဲ.. ဒီနည်းနဲ့ ဒီလို Image Backup File နဲ့ System Repair Disc မလုပ်ထားကြလို့သာ ကွန်ပျူတာနဲ့ ပါတ်သက်တဲ့ ပြဿနာမျိုးစုံကို ခေါင်းရှုပ်ခံ၊ စိတ်ညစ်ခံပြီး ဟိုလူ့ဆရာတင်ရ၊ ဒီလူ့ဆရာတင်ရနဲ့ အလုပ်တွေရှုပ်.. ငွေကုန်ခံပြီး ဆိုင်မှာသွားပြင်နေကြရတာပါ..။ ပင်ပန်းလွန်းပါတယ်..။ သိတဲ့သူများအတွက် လွယ်ပေမယ့်.. မသိသေးတဲ့သူများ အတွက်တော့ ဘယ်ကနေ ဘယ်လိုစပြီး လုပ်ရမှန်းကို မသိကြတာပါ..။ ဒါကြောင့်ဒီနေ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာ.. ကျနော့်ရဲ့သူငယ်ချင်း တယောက်ကလည်း ဒီလုပ်နည်းလေးကို သိချင်နေတာ ကြာပါပြီ.. အဝေးကနေ လှမ်းတောင်းနေတာ.. ကျနော့်မှာလည်း ပုံတွေက အဆင်သင့် မရှိသေးလို့.. ပုံတွေလုပ်ဖို့ပြင်ရင်း ပြင်ရင်းနဲ့ ကြာသွားပါတယ်..။ တကယ်တော့ ဒီနည်းလေးက Windows ထဲမှာ ပါပြီးသား.. မိမိတို့ဖာသာ ဖန်တီးယူရမယ့် နည်းလေးတခုပါပဲ.. လုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ မသိသေး၊ မလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်ပေးပါ..။ လိုအပ်တဲ့ ပစ္စည်းကတော့ CD အလွတ်တချပ် (CD အသစ်ကိုပြောတာပါ) .. ခွေကူးဖို့ CD/DVD Drive မပါတဲ့သူများကတော့ Backup File ပဲလုပ်ပါ.. CD ခွေမကူးလည်း ရပါတယ်..။ ဒါပေမယ့် External DVD Drive ရှိရင်တော့ ခွေကူးထုတ်ထားရင် ပိုကောင်းပါတယ်..။ အဲဒီအခွေက Boot တက်တဲ့ အခွေဖြစ်တဲ့ အတွက် ဝင်းဒိုးမှာ တစုံတရာ Error တက်ခဲ့ရင် Windows7 တင်နည်းအတိုင်း ဝင်ပြီး ပြန်ပြင်လို့ ရပါတယ်..။ Boot mgr is missing လို Error မျိုးဖြစ်ခဲ့ရင် အခုခွေကူးမယ့် Repair CD နဲ့ ပြန်ပြင်လို့ ရပါတယ်.. Windows ထဲမှာ မသိမ်းရသေးတဲ့ Data တွေ ပျက်မသွားပါဘူး.. အားလုံးပြန်ယူလို့ ရပါတယ်..။  Boot mgr is missing အဲရာမျိုး ဖြစ်ခဲ့ရင် အောက်ကပုံလိုမျိုး စာကြောင်းလေး ၂ကြောင်းပဲ ပေါ်နေပါလိမ့်မယ်..။ Starting Windows ပေါ်မလာတော့ပါဘူး..။



 Image Backup File ကြတော့.. လက်ရှိဝင်းဒိုးထဲမှာ ရှိနေတဲ့ Install ဆွဲထည့်ထားပြီးသား ဆော့ဝဲလ်တွေ.. တခြား Data တွေအားလုံးကို (Data တွေသိမ်းဖို့ အချိန်မမှီခဲ့ရင်.. ရုတ်တရက် လက်ရှိသုံးနေတဲ့ ဝင်းဒိုး ပြုတ်ကျသွားခဲ့ရင်..) ပြန်ယူလို့ ပြန်သုံးလို့ မရနိုင်တော့ပါဘူး.. ဘာလို့လဲဆိုတော့ ဒီ Image Backup File က Local Disk(C:) .. တချို့စက်တွေမှာ OS(C:) လို့ရေးပြထားတဲ့ လက်ရှိ ဝင်းဒိုးရှိနေတဲ့ အပိုင်းကို အားလုံးဆေးချပြီး.. ဒီ Backup File လုပ်ခဲ့တုန်းကအချိန်မှာ ရှိခဲ့တဲ့ ဆော့ဝဲလ်တွေနဲ့ ဝင်းဒိုးကို အစားပြန်သွင်းပေးတာ ဖြစ်ပါတယ်..။ Image Backup File ဆိုတာ ၎င်းကို ဖန်တီးခဲ့တဲ့ အချိန်တုန်းက ဝင်းဒိုးထဲမှာ ရှိခဲ့တဲ့ Windows အပါအဝင် တခြား Data တွေအားလုံးကို copy ကူးပြီး သိမ်းထားလိုက်တဲ့ File တခုပါ..။ အဲဒီဖိုင်ကို ဖန်တီးပြီး သိမ်းဖို့ အရင်ဆုံး Partition တခုကို မိမိတို့ စက်ထဲကနေ ခွဲထုတ်လိုက်ပါ..။ အဲဒီ Partition ကအနည်းဆုံး 30 GB ကျော်ရှိဖို့ လိုပါတယ်..။ မိမိတို့ စက်ထဲမှာ ဆော့ဝဲလ်တွေ များရင် များသလို Partition မှာ နေရာများများ (GB များများ) ခွဲထုတ်လိုက်ပါ..။ တကယ်လို့ GB နည်းလို့ နေရာမလောက်ရင် Backup File လုပ်လို့ မရနိုင်ပါဘူး..။ ဒါလေးတခုတော့ သတိပြုပါ..။ Partition ခွဲနည်းပိုစ့်ကို ဟိုးအရင်တုန်းကတည်းက တင်ပေးထားပြီးသားပါ..။ မလုပ်တတ်သေးတဲ့ သူများကတော့ အဲဒီ Partition ခွဲနည်းပိုစ့်ကို ဖတ်ပြီး Partition အပိုင်တပိုင်း ခွဲထုတ်လိုက်ပါ..။ အခုဒီနည်းကို ဝင်းဒိုးအသစ်တင်ပြီးခါစ Drivers တွေစုံတဲ့အချိန်.. စက်အသစ်ဝယ်ဝယ်ချင်း ဘာဆော့ဝဲလ်မှ Install ဆွဲမထည့်ရသေးတဲ့ အချိန်မျိုးတွေမှာ အရင်ဆုံး Backup ဖိုင်ကို ပြုလုပ်သင့်ပါတယ်..။ ဘာလို့လဲဆိုတော့ ဆော့ဝဲလ်တွေအားလုံး ထည့်ပြီးမှ Backup File လုပ်မယ်ဆိုရင် ဗိုင်းရပ်စ်တွေပါ ပါသွားနိုင်သလို.. Backup File ရဲ့ ဖိုင်ဆိုဒ်လည်း ပိုများသွားမှာ ဖြစ်တဲ့ အတွက် သူ့ကိုသိမ်းဖို့ Partition အပိုင်းကလည်း GB အများကြီးနေရာ ပေးရမှာ ဖြစ်ပါတယ်..။ အခုမှ ဒီပိုစ့်ကို ဖတ်မှ သိတဲ့သူများကတော့ Backup File လုပ်ထားချင်တယ်ဆိုရင်.. မိမိတို့ စက်လည်း ကောင်းနေသေးတယ်ဆိုရင်.. လက်ရှိစက်ကောင်းနေတဲ့ အချိန်ကို ဒီနည်းနဲ့ Backup File လုပ်ပြီး သိမ်းထားလို့ ရပါတယ်..။ ဒါပေမယ့် မိမိတို့ရဲ့စက်ကို Disk Space တွေနဲ့ အမှိုက်တွေ သေချာရှင်းလင်းပြီး.. ဖိုင်စီ၊ ဗိုင်းရပ်စ်တွေကို သေချာစီစစ်ပြီး ရှင်းလင်းပြီးမှ Backup ဖိုင်လုပ်ထား.. Repair Disc လုပ်ထားတာ ပိုကောင်းပါတယ်..။ စာလည်းရှည်နေပြီ..။ အောက်မှာပုံလေးတွေနဲ့ Image Backup File နဲ့ System Repair Disc လုပ်နည်းကို ဆက်ကြည့်လိုက်ပါဗျာ.. လုပ်ရတာ လွယ်ပါတယ်..
အရင်ဆုံး အောက်ကပုံအတိုင် နံပါတ် 1 နေရာကနေ စပြီး နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..။ (မှတ်ချက်။ ။Control Panel >> Backup and Restore ကနေသွားရင်လည်း အောက်ပုံ နံပါတ် 5 ရှိတဲ့ စာသားနေရာကို ရောက်ပါတယ်..။ ဒီမှာတော့ ပုံတွေကြည့်ရတာ အဆင်ပြေအောင် အောက်ကပုံအတိုင်း ပြပေးလိုက်ပါတယ်..။)  



အောက်ကပုံကတော့ Partition အသစ်ခွဲထုတ်ထားတဲ့ New Volume (F:) (48.8 GB) ရှိတဲ့ အပိုင်းထဲကို Backup File ထည့်မှာပါ..On a hard disk နေရာမှာ မိမိတို့ Backup File ထည့်မယ့် အပိုင်းကို မျှားပြထားတဲ့ အတိုင်း သွားရွေးပေးလိုက်ပါ..။ ဒီပုံမှာတော့ ကျနော်က New Volume (F:) ထဲမှာ ထည့်မှာဖြစ်တဲ့ အတွက် အဲဒီအပိုင်းကို ရွေးပေးလိုက်ပါတယ်..။ ရွေးပြီးရင် Next ကိုနှိပ်ပါ..။ 


အောက်ကနောက်တပုံမှာတော့ မိမိတို့ ဝင်းဒိုးရှိတဲ့ အပိုင်းတွေကို အမှန်ခြစ်လေးတွေနဲ့ ပြပေးပါလိမ့်မယ်..။ ကျနော့်စက်မှာတော့ ဝင်းဒိုး၂ခုတင်ထားလို့ အမှန်ခြစ် ၂ခု ပေါ်နေတာပါ..။ ဝင်းဒိုးမရှိတဲ့ တခြားအပိုင်းတွေကို အမှန်မခြစ်မိဖို့ သတိပြုပါ..။ တချို့စက်တွေမှာ ဝင်းဒိုးတစ်ခုပဲရှိပြီး အမှန်ခြစ်၂ခုပေါ်တတ်ပါတယ်..။ တစ်ခုက ဝင်းဒိုးအပိုင်းဖြစ်ပြီး နောက်တခုက 100 MB လောက်ပဲရှိတဲ့ System Reserve အပိုင်းပါ.. သူပေးထားတဲ့ အမှန်ခြစ်တွေက ကျနော်တို့ ဖြုတ်လို့မရပါဘူး.. သတိထားရမှာက နောက်ထပ် အမှန်ခြစ်အပိုတွေ ထပ်မထည့်မိဖို့ပါပဲ..။ ပြီးရင်တော့ Next ကိုဆက်နှိပ်ပါ..။ 



ဒီအောက်က ပုံလေးတွေကတော့ ကွန်ပျူတာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်..။ ဒီအဆင့်မှာ ကျနော်တို့ ဘာမှမလုပ်ပဲ.. ကွန်ပျူတာကို ဘာအလုပ်မှ ထပ်မခိုင်းပဲ ထိုင်စောင့်နေလိုက်ပါ..။ မိနစ်၂၀ မှ ၃၀ ကျော်လောက်အထိ ကြာတတ်ပါတယ်..။ အောက်က ABCD ပုံလေးတွေကတော့ အလုပ်လုပ်နေတဲ့ အချိန်မှာ စာသားတွေ အပြောင်းအလဲ ဖြစ်သွားတာကို သိရအောင်လို့ ပြပေးလိုက်ပါတယ်..။



အပေါ်ပုံအတိုင်း ပေါ်လာရင် Backup File လုပ်ပြီးသွားပါပြီ..။ ဒီနေရာမှာ ပေါ်လာတဲ့ ဘောက်စ်လေးကတော့ System repair disk လုပ်မလားလို့ မေးတာပါ..။ လုပ်မယ်ဆိုရင် Yes ကိုကလစ်လိုက်ပါ..။ အဲဒါဆိုရင် အောက်မှာ အခွေထည့်ဖို့တောင်းတဲ့ ဘောက်စ်လေး ပေါ်လာပါလိမ့်မယ်..။ CD ဖြစ်ဖြစ်၊ DVD ဖြစ်ဖြစ် မိမိတို့ အဆင်ပြေမယ့် အခွေလွတ်ကို ထည့်ပေးလိုက်ပါ..။ အခွေထည့်ပြီး ခဏစောင့်လို့မှ သူ့အလိုလို အလုပ်မလုပ်ဘူး.. အခွေမကူးပေးဘူးဆိုရင် Create disc စာသားနေရာကို တချက်ကလစ်ပေးလိုက်ပါ..။ အဲဒါဆိုရင် သူအလုပ်လုပ်ပါပြီ..




အပေါ်ပုံလေး အတိုင်း Complete စာသားပေါ်လာရင်တော့ OK ပေးလိုက်လို့ ရပါပြီ..။ ဒါဆိုရင် System Repair Disc လည်း ရရှိပါပြီ.. ပြီးရင်တော့ My Computer မှာ၂ချက်တောက်ပြီး ဖွင့်ကြည့်လိုက်ရင် အောက်ကပုံလိုမျိုး Backup File ကိုမိမိတို့ ထည့်သိမ်းလိုက်တဲ့ Partition ထဲမှာ ရောက်နေတာကို တွေ့ရပါပြီ..။

အဲဒီ Partition ကိုဖွင့်လိုက်ရင်တော့ အထဲမှာ Windows Image Backup ဆိုတဲ့ ဖိုင်တခုပဲ တွေ့ရမှာပါ..။ အဲဒီဖိုင်ကို လုံးဝမဖွင့်ပါနဲ့.. ဖွင့်မိလို့ အထဲက Data တွေပျက်သွားခဲ့ရင်တော့ Windows ကို Repair လုပ်လို့ မရနိုင်တော့ပါဘူး.. Windows Image Backup ဖိုင်ကို ၂ချက်တောက်ဖွင့်လိုက်ရင် အောက်ကပုံလိုမျိုး Continue နှိပ်ရမယ့် ဘောက်စ်လေးပေါ်လာပါလိမ့်မယ်..။ ဆက်မဖွင့်ပါနဲ့ Cancel နှိပ်ပြီး ပြန်ထွက်လိုက်ပါ..။ Windows System က Backup ဖိုင်ကို လုပ်ကတည်းက တခါတည်း ဗိုင်းရပ်စ်ကင်းအောင်ချုပ်ပေးထားလို့ အဲဒီဖိုင်ကို ဖွင့်မယ်လုပ်တိုင်း Continue ဘောက်စ်လေးနဲ့ မေးပါတယ်..။ တစုံတရာ ပျက်စီးသွားခဲ့ရင် ကိုယ့်အပစ်နဲ့ကိုပဲ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ.. ဒါကြောင့် Backup ဖိုင်ကို လုံးဝမဖွင့်ပါနဲ့..
  နောက်တင်မယ့်ပိုစ့်မှာ ဒီ Backup ဖိုင်ကို ဘယ်လိုပြန်ပြီး Restore လုပ်ရမယ်.. ကွန်ပျူတာထဲ ဘယ်လိုပြန်သွင်းရမယ်ဆိုတာ ရေးပေးသွားပါ့မယ်..။ အခုတော့ ဒီ Backup ဖိုင်လုပ်နည်းပိုစ့် ပြီးဆုံးသွားပြီ.. ဒီလောက်ဆိုရင် အားလုံးပဲ ဒီနည်းလေးကို လုပ်တတ်လောက်ပါပြီ..

အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ...

4 comments:

  1. လွမ်းမင်းဘို သူငယ်ချင်းရေ ကူပါအုန်း။back up တို့ create restore point တို့ လုပ်တာ
    "the restore point can not be created for the following reason;
    Insufficient storage available to create either
    the shadow copy storage file or other shadow copy data (0 x8004231F)လို့
    error တက် တက်နေလို. ကူပါအုန်း။ window နှစ်ခု တင်ထားတာ နှစ်ခု စလုံး မှာဖြစ်နေတယ်။
    P.S ကိုယ်က lwinminbo.blogspot.com ရဲ့ သူငယ်ချင်း ပရိတ်သတ် တစ်ယောက်ပါ။

    ReplyDelete
  2. အကိုရေ အကို့ blog ကတော့ကျွန်တော့အတွက်တော့တကယ် crazy ပဲခင်ဗျား ကျွန်တော်ဒီလို computer specialize တွေပေးတဲ့ site တွေရှာနေတာကြာပါပြီး ခုမှပဲကျွန်တော့ကိုအမြဲအကူညီပေးတဲ့(anti lobby force)မှအကိုတယောက်ကသေချာညွှန်ပေးလိုက်လို့အခုမှရောက်လာတာပါ အရမ်းတော့ကြိုက်သွားပြီး တင်ပေးတာတွေ ရှင်းပြဒါတွေအတွက် အရမ်းကိုလေးစားမိပါတယ်ခင်ဗျား မနက်ဖြန်ကစပြီးကျွန်တော့်ကိုနေ့တိုင်းလာလည်ခွင့်ပြုပါလို့ နောက်ပြီးအကိုနေ့စဉ်တင်ပေးတဲ့ post လေးတွေမြင်နိုင်အောင်ဘယ်လိုလုပ်ရမယ်ဆိုတာကိုအကြံပြုစေလိုပါတယ်ခင်ဗျား ညီလေးအရိုး(yohbangthao@gmail.com)

    ReplyDelete
  3. အကို ရေ back up file တော့လုပ်ပြီး ပြီ။ တစ်ကယ်လို့ အဆင်ပြေမယ်ဆိုရင် ဘယ်လို backup ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ပြောပြပေးပါလားအကို

    ReplyDelete
  4. အကို partition ခွဲပြီးလို့ ခွဲထားသော Partition ယေ လား ခ ပါ ယေ အကို ဘယ်လို ပြန်ပေါင်းရပါဖို့ လည်းအကို
    partion D လုံးဝ ကို ပေါ်မလာပါ အကို Partition ပြန်ပေါင်းနည်း ကို တစ်ခေါက် တင်ပေးပါ အကို

    ReplyDelete

Related Posts Plugin for WordPress, Blogger...