Software မသုံးပဲ Computer ထဲက အမှိုက်များ ရှင်းနည်း



ကျနော်တို့ ကွန်ပျူတာထဲက အမှိုက်တွေကို ရှင်းတဲ့နည်းလမ်းတွေ အများကြီးထဲက ဒီတစ်နည်းကို အရင်ဖော်ပြလိုက်ပါတယ်..။ နေ့စဉ် မိမိတို့ ကွန်ပျူတာကို ဖွင့်သုံးနေသမျှ ကွန်ပျူတာထဲမှာ အမှိုက်တွေကလည်း များလာပါတယ်..။ ကြာလာတာနဲ့အမျှ အမှိုက်တွေများလာတော့ စက်က လေးလာပါတယ်..။ ဗိုင်းရပ်စ်ကြောင့်မဟုတ်ပဲ အမှိုက်ကြောင့်လည်း စက်လေးတတ်ပါတယ်..။ ဒါကြောင့် အမှိုက်တွေ နေ့စဉ်ရှင်းပေးသင့်ပါတယ်..။ နေ့စဉ် မလုပ်နိုင်ရင်တောင် တစ်ပါတ်တစ်ခါ၊ နှစ်ခါတော့ ပုံမှန်ရှင်းပေးသင့်ပါတယ်..။
အခုဒီနည်းလေးကလည်း ကျနော်အမြဲသုံးတဲ့ နည်းလေးမို့လို့ အရင်တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကတော့ ကီးဘုတ်ရှော့ကတ်ကီး Windows logo + R နဲ့ Run Box ကိုအရင်ဖွင့်ပါ..။ ပြီးရင်တော့ ဒီအောက်က စာသုံးကြောင်းကို တကြိမ်စီ ရိုက်ထည့်ရပါမယ်..။ တကြောင်းပြီးမှ တကြောင်း ရိုက်ထည့်ရမှာ ဖြစ်ပါတယ်..။ ပထမတကြောင်း %temp% ၊ ဒုတိယတကြောင်း prefetch ၊ တတိယတကြောင်း recent ဆိုပြီး တကြောင်းစီ ရိုက်ထည့်ပြီးတိုင်း OK သို့မဟုတ် Enter ခေါက်ပေးပါ..။ အောက်မှာပုံတွေ ကြည့်ပြီး  လိုက်လုပ်ကြည့်လိုက်ပါဗျာ... အဆင်ပြေပါစေ...


windows+R နဲ့ Run ဘောက်စ်ဖွင့်ပြီး ပထမစာကြောင်း %temp% ရိုက်ထည့်ပါ.. ပုံမှာဆက်ကြည့်လိုက်ပါ..။




ဒုတိယစာကြောင်း prefetch ကို Run Box တွင်ထပ်ရိုက်ထည့်ပါ..။ ပုံမှာဆက်ကြည့်လိုက်ပါဗျာ..



တတိယစာကြောင်း recent ကို Run Box တွင်ထပ်ရိုက်ထည့်ပါ


အပေါ်က စာသုံးကြောင်းနဲ့ အမှိုက်တွေ ရှင်းပြီးရင်တော့ အမှိုက်တွေအားလုံး Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးထဲကို ရောက်သွားပါပြီ..။ မပြီးသေးပါဘူး.. အမှိုက်တွေသွန်လိုက်ပါအုန်း.. အောက်ကပုံမှာ ပြထားတဲ့အတိုင်း ဆက်လုပ်လိုက်ပါ..


ဒီအဆင့်တွေအားလုံး ပြီးသွားရင်တော့ မိမိတို့စက်ထဲမှာ အမှိုက်တော်တော်များများ ရှင်းသွားပါပြီ.. နောက်ထပ် အမှိုက်ရှင်းတဲ့ နည်းလမ်းများ နောက်ပိုစ့်တွေမှာ ထပ်တင်သွားပါအုန်းမည်..။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ....

17 comments:

  1. ကောင်းလိုက်တဲ့ ရှင်းလင်းချက်..ကျနော်လိုဘာအခြေခံမှ ပါမလာသူအတွက်တော့ ခုလိုပုံတွေနဲ့ ရှင်းပြတဲ့  စိတ်ဓါတ်ကို လေးစားပါတယ် ဂုဏ်ယူတယ် ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. ခုလို သင်ပြတဲ့အတွက် ၀မ်းသာပါတယ်

    ReplyDelete
  3. ကို Twista 7 ရေ. ဆော့ဝဲလ်တွေကို ဖြုတ်တာများရင် Registry တွေညိပြီး ဖြုတ်ထုတ်လိုက်တဲ့ ဆော့ဝဲလ်တွေရဲ့ Registry ဖိုင်တွေ ကျန်နေတတ်ပါတယ်. တခါတလေ Windows ထဲက registry တွေ ဆော့ဝဲလ်ထုတ်ရင်းနဲ့ ပါသွားရင်တော့ Windows မှာ Error ပေါ်လာပါလိမ့်မယ်. Error ကြီးရင်တော့ Windows တောင် Boot ပြန်မတက်နိုင်တဲ့ အဆင့်ထိ ဖြစ်သွားပါလိမ့်မယ်.. အဲ့လိုဖြစ်သွားရင်တော့ Professional တွေက CMD ထဲကနေ ဝင်ပြင်နိုင်ပါတယ်.. အပျော်တမ်းသမား အဆင့်လောက်ပဲဆိုရင်တော့ ဝင်းဒိုးအသစ်ပြန်တင်ပါလိမ့်မယ်.. တကယ်ပညာလိုချင်ရင်တော့ အဲ့လိုမျိုး Boot မတက်နိုင်တော့တဲ့ စက်တွေကို ဝင်းဒိုးအသစ်ပြန်မတင်ပဲနဲ့ CMD ထဲကနေ ရအောင်ဝင်ပြင်ပါ.. အဲ့ဒီအဆင့်ထိ လုပ်နိုင်ရင်တော့ Pro တစ်ယောက်လို လက်မထောင်နိုင်ပါလိမ့်မယ်. ကွန်ပျူတာတစ်လုံးဟာ Restart ချတာ အကြိမ်ရေများလာလို့ ဘာမှမဖြစ်နိုင်ပါဘူး.. စက်မှာ ဘာပဲရှင်းရှင်း၊ ရှင်းလင်းရေးလုပ်ပြီးတဲ့ အခါတိုင်း စက်ကို Restart ချပေးလိုက်မှ အရင်ကထက်ပိုကောင်းလာတာတွေတောင် ရှိပါတယ်. ဒိ့ထက်အများကြီးပိုသိချင်ရင်တော့ Microsoft ဝဘ်ဆိုဒ်မှာ စာများများသွားဖတ်သင့်ပါတယ်.. သူများတွေကို မေးနေယုံနဲ့ စာတွေ၊ ပညာတွေ အဆုံးထိ မတတ်နိုင်ပါဘူး.. မိမိကိုယ်တိုင် မူရင်းဆိုဒ်တွေမှာ စာများများလိုက်ဖတ်ဖို့ ၊ Windows နဲ့ပါတ်သက်တဲ့စာအုပ်တွေ၊ နည်းပညာစာအုပ်တွေကို များများလေ့လာဖို့ ဖတ်ဖို့ မှတ်ဖို့ အကြံပေးချင်ပါတယ်.. ဒီလောက်ဆိုရင်တော့ အစ်ကိုသိချင်တဲ့ အဖြေလေး ဒီထဲမှာ ပါလောက်ပြီလို့ ထင်ပါတယ်.. ပျော်ရွှင်နိုင်ပါစေဗျာ..

    ReplyDelete
  4. အကိုရေ ကျွန်တော့် computer မှာ Recent ရိုက်ထည့်ရင် error ပဲပြနေတယ် ဘယ်လို လုပ်ရမလဲ?
    အားကိုးလျှက်

    ReplyDelete
  5. ဒီတစ်ခုအဆင်ပြေပါပြီအစ်ကို...တစ်ခုက reader မဖတ်တာပါ။ဖိုင်ဖွင့်လိုက်ရင် Raise Without Handler ဆိဲုပီးကျလာပါတယ်..ok ပေးလိုက်ရင် Adobe reader has stop working. နဲ့ အဆုံးသတ်သွားပါတယ်။
    အစ်ကို့ရဲ့ Foxit Reader လေးလည်းဒေါင်းလို့မရ ဖြစ်နေလို့ပါ..။ကျွန်တော်က အခုမှကွန်ပှူတာစလေ့လာနေတာပါ..သင်ပေးတဲ့ဘုန်းကြီးကလည်းအမေရိကား ရောက်သွားလို့.အခက်တွေ့နေပါတယ်အစ်ကိုလေး။စက်အကြောင်းလည်းဘာတစ်ခုမှ သေသေချာချာ နားမလည်သေးပါဘူး..Photoshop
    ကိုလည်း အရမ်းစိတ်ဝင်စားပါတယ်။ငယ်ငယ်ကတည်းက ပန်းချီဝါသနာပါခဲ့တာပါ။အခုကျွန်တော်သုံးနေတာက
    Photoshop CS5 ပါ။ ရသလောက်လေ့လာခွင့်ရချင်ပါတယ်အစ်ကို..။အစ်ကို့အိမ်လေးထဲဝင်ရတာ အရမ်းပျော်
    ပြီး..အခြေခံတောင်မသိသေးတဲ့ကျွန်တော့်အတွက်.ပညာတွေအများကြီးရခဲ့ပါတယ်..ကျေးဇူးတင်လို့မဆုံးပါဘူး.နောက်လည်း အမြဲလာဦးမှာပါ..အစ်ကိုလေး ကျန်းမာရွှင်လန်းပါစေဗျာ....။

    ReplyDelete
  6. လေးစားလျှက်

    ReplyDelete
  7. အကို ခင်ဗျာ..ကျွန်တော့် computer က virtuous,kies,myandroid softwareတွေကို install လုပ်ပြီးရင် ဖွင့်လို့မရပါဘူး was not unable ပဲဖြစ်နေပါတယ် ပြီးတော့ နံပတ်တွေလည်းပြတယ်ခင်ဗျ...
    ဘယ်လိုလုပ်ရမလဲမသိလို့ပါ ကျွန်တော်က အခုမှ computer စသုံးတာပါ...ကျွန်တော့်ကို သင်ပေးပါဦးအကိုရယ်အရေးကြီးလို့ပါနော်

    ReplyDelete
  8. အကိုအရမ်းဝမ်သာတယ် အကိုလို လူမျိုတွေ ဒီထက်မက အောင်မြင်ပါစေလို့ညီလေးစုတောင်းပေပါတယ်

    ReplyDelete
  9. ကျေးဇူးတင်ပါတယ်အကို။ ကျွန်တ်ေက အကို့ပရိသတ်တစ်ယောက်ပါ။ အကို့ Blog ကတစ်ခြား Blog တွေနဲ့စာရင် အရမ်းကောင်းပါတယ်။ စုံလည်းစုံပါတယ်။ တစ်ခုချင်းစီကို ပုံနဲ့ရှင်းပြထားတော့ နားလည်ရလွယ်ပါတယ်။ အဲကြောင့်မို့လို့လည်း အကို့ Blog ကိုနေ့တိုင်းကြည့်ဖြစ်ပါတယ်။
    အကိုတတ်ထားတဲ့ ပညာတွေကို ဒီလိုမျှဝေပေးလို့ အကို့ကို လေးလည်း လေးစားသလို
    ကျေူးဇူးလည်းအရမ်းတင်ပါတယ်။ အကိုဒီထက်မက အောင်မြင်ပါစေ။ .........................။

    ReplyDelete
  10. အကိုရေးးးး နောက်ဆုံးအဆင့်က recent ကိုဖွင့်မရတာဘာဖြစ်လို့လည်းခဗျာ့

    ReplyDelete
  11. ကျေးဇူးတင်ပါတယ်

    ReplyDelete
  12. ကွန်ပျူတာ က temp, %temp% , recent , prefetch, cookies ရှင်းမယ် .။။။။။

    အခု တင်ပြ မှာ ကတော့ ခေါင်းစဉ် အတိုင်း ပါပဲ။

    run box ရိုက်ပြီး ရှင်းနေ ရင် အချိန် ကြာမှာ ဆိုလို bat file လေးနဲ့ ပဲ ရှင်းကြ

    ရ အောင်ဗျာ ။ ပျင်းတဲ့ ကိုကို မမ ညီလေး ညီမလေး အတွက် တော့ အဆင်
    ပြေမှာ ပါ ။။။။။

    အောက်မှာ ပေးထားတဲ့ code လေးကို notepad ကူးပြီး save ( .bat ) ဖိုင်နဲ့ သိမ်းလိုက် ပေါ ။

    ပြီးရင် သူ့ကို ပြေးခိုင်း လိုက် ဗျာ ။ သူ ပြေးသွား တာလေးကို ကြည့်လိုက်ပါ ။

    @echo off
    del /s /f /q c:\windows\temp\*.*
    rd /s /q c:\windows\temp
    md c:\windows\temp
    del /s /f /q C:\WINDOWS\Prefetch
    del /s /f /q %temp%\*.*
    rd /s /q %temp%
    md %temp%
    deltree /y c:\windows\tempor~1
    deltree /y c:\windows\temp
    deltree /y c:\windows\tmp
    deltree /y c:\windows\ff*.tmp
    deltree /y c:\windows\history
    deltree /y c:\windows\cookies
    deltree /y c:\windows\recent
    deltree /y c:\windows\spool\printers
    del c:\WIN386.SWP
    cls

    အားလုံး အဆင် ပြေးပါ စေ

    ReplyDelete
  13. ကျေးဇူးတင်ပါတယ်

    ReplyDelete
  14. ကျွန်တော့ စက်မှာ ဝယ်ကာစက ဓါတ်ပုံတွေထည့်ထားရင် ဖွင့်ကြည်စရာမလိုပဲ preview သဘောမျိုးပေါ်တယ်...အခုနည်းနည်းကြာလာပြီးတော့မှ ဘာဖြစ်သွားတယ်မသိဘူး..အဲလိုမပေါ်တော့ဘူး...အခုဓါတ်ပုံတစ်ပုံရှာချင်ရင် ရှိသမျှအားလုံးကိုလိုက်ဖွင့်ကြည့်ပြီးရှာနေရတယ်..အဲဒါဘာအမှားဖြစ်သွားတာပါလဲခင်ဗျာ...ဘယ်လိုနည်းနဲ့ ပြန်ပြပင်ယူလို့ရနိုင်ပါမလဲ....စက်က Acer window 10 ပါ..ကျေးဇူးပြုပြီး အချိန်ရရင် ပြန်ဖြေပေးစေလိုပါတယ်ခင်ဗျာ....

    ReplyDelete
  15. မတော်တဆ ဖျက်မိသွားတဲ့ ဖိုင်ကို ပြန်ရအောင် ဖော်နည်းလေး ပြောပြပေးပါလား

    ReplyDelete
  16. မတော်တဆ ဖျက်မိသွားတဲ့ ဖိုင်ကို ပြန်ရအောင် ဖော်နည်းလေး ပြောပြပေးပါလား

    ReplyDelete

Related Posts Plugin for WordPress, Blogger...