Unlocker 1.9.2 Final

Unlocker 1.9.2 Final နောက်ဆုံး Update လေးပါ..။ ဒီကောင်လေးက ကျနော်တို့ ဝင်းဒိုးထဲမှာ ရှိတဲ့၊ သိမ်းထားတဲ့ ဖိုင်တွေကို ရိုးရိုး Delete နဲ့ ဖျက်ပစ်လို့ မရတဲ့ အခါမှာ ဒီကောင်လေးကို အသုံးပြုပြီး ဖျက်ပစ်လို့ ရပါတယ်..။ အသုံးပြုနည်းက လွယ်ပေမယ့် မလုပ်တတ်တဲ့ သူများအတွက် ဘယ်ကနေ စ,ရမလဲဆိုတာ ခက်နေပါလိမ့်မယ်..။ ဒါကြောင့် ကျနော် အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို Install ထည့်တဲ့ အချိန်ကနေ စပြီး အသုံးပြုပြီးတဲ့ အထိ Antivirus တွေကို ပိတ်ပေးထားရမှာပါ..။ ဒါမှ ဒီ Unlocker ကို အသုံးပြုလို့ ရပါလိမ့်မယ်..။ ဒီကောင်လေးက Antivirus တွေနဲ့ မတည့်ပါဘူး..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 1 MB ပဲရှိပါတယ်..။

AVG AntiVirus Free Edition 2013 13.0 Build 3343a6324 Final

ဒီကောင်လေးက နောက်ဆုံးထွက် Final ဗါးရှင်းလေး AVG AntiVirus Free Edition 2013 13.0 Build 3343a6324 ..။ ဖရီးဗါးရှင်းတွေထဲမှာတော့ Avira Antivirus လိုပဲ လူသုံးများတဲ့ Antivirus တခုပါ..။ အရင်တုန်းက တင်ပေးထားတဲ့ AVG Internet Security Business Edition 2013 နဲ့ AVG Internet Security 2013 ပိုစ့်တွေမှာ အသုံးနည်းတွေကို ပြည့်ပြည့်စုံစုံ လုပ်ပြထားပါတယ်..။ အခုဒီ Free ဗါးရှင်းနဲ့ အသုံးပြုနည်း အတူတူပါပဲ..။ လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်တွေမှာ အသုံးပြုနည်းတွေကို ပြန်ကြည့်ပေးပါ..။ နောက်တခုက ကျနော်တို့ အမြဲအသုံးပြုနေတဲ့ IDM ကို ဒီ AVG Anitivirus က ပိတ်ထားလေ့ရှိပါတယ်..။ ဒါကြောင့် အရင်ပိုစ့်တွေမှာ IDM အသုံးပြုတဲ့အခါတိုင်း ဒီ AVG Anitivirus ကို ခဏပိတ်ထားတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီနောက်ဆုံးထွက်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32-bit အတွက် 130 MB ရှိပြီး.. 64-bit အတွက်ကတော့ 142 MB ရှိပါတယ်..။

Wonderfox Video Watermark 1.2 Final

ဒီကောင်လေးကတော့ ကျနော်တို့ရဲ့ Video တွေကို Watermark လို့ ခေါ်တဲ့ စာလုံးတွေနဲ့ ပုံလေးတွေ ထပ်ထည့်ပေးလို့ရတဲ့ Wonderfox Video Watermark 1.2 Final ဗါးရှင်းလေးပါ..။ ဖူးသုံးလို့ ရအောင် ကျနော် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ ဒီပို့စ်မှာ patch နဲ့ ဖူးလုပ်နည်း အပြည့်အစုံကို ပြန်ပြပေးထားပါတယ်..။ အရင်တုန်းက patch ထည့်နည်းတွေနဲ့ အတူတူပါပဲ..။ နောက်ပြီး အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါသေးတယ်..။ အပေါ်က ပုံလိုမျိုး မိမိတို့ရဲ့ Video တွေနဲ့ သီချင်းတွေကို စာလုံးတွေနဲ့ မိမိတို့ရဲ့ Logo ပုံလေးတွေ တဆိပ်ရိုက်ထည့်လို့ ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့15 MB ရှိပါတယ်..။

Folder Lock 7.2.1 Final

 
 Folder Lock 7.2.1 Final နောက်ဆုံးထွက်လေးပါ.. ဒီကောင်လေးကို အရင်တုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်..။ ဒါလေးကတော့ နောက်ဆုံးထွက်လေးပါ..။ မိမိတို့ရဲ့ ဖိုင်တွေကို ပါတ်စ်ဝါဒ့်နဲ့ လော့ချပိတ်ထားလို့ရတဲ့ ဆော့ဝဲလ်လေးပါ..။ ဒီကောင်လေးအတွက် အထဲမှာ Key လေးပါထည့်ပေးထားပါတယ်..။ အသုံးပြုပုံကို အရင်တုန်းက တင်ပေးထားတဲ့ Folder Lock 7.0.6 ဗါးရှင်းအဟောင်း ပိုစ့်မှာ ပြန်ကြည့်နိုင်ပါတယ်..။ အောက်မှာ ကျနော် ကီးထည့်တတ်အောင်နဲ့ ပါတ်စ်ဝါဒ့်ပေးတတ်အောင် ပုံလေးတွေနဲ့ Key တွေ ထည့်ပြထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.8 MB ရှိပါတယ်..

Blogger လူသစ်များအတွက် Animated စာလုံးများနှင့် HTML ကုဒ်ဘောက်စ်ကို Blog မှာထည့်နည်း

 
=================================================

 
7 May 13, 09:41 PM
ကိုနိုင်လင်း:
ကိုလွင်မင်းဗိုလ် ခင်ဗျာ ကိုယ်ရဲ့ဆိုဒ်ကို ညွှန်းချင်ရင် ကုဒ်လို့ ပုံလေးနဲ့တင်ထားတာကို အောက်မှာ BOX ကလေး နဲ့ အပေါ်မှာ ကိုယ်ညွှန်းတဲ့ပုံလေးဖြစ်အောင် ဘယ်လိုများ လုပ်ထားပါသလဲခင်ဗျာ
ဒီမေးခွန်းလေးကတော့ နည်းနည်းကြာသွားပါပြီ..။ ဒီလိုလုပ်နည်းလေးတွေကို အရင်တုန်းကလည်း မေးထားခဲ့တဲ့ Blogger တွေ တော်တော်များများရှိခဲ့ပါတယ်..။ အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မှ တင်ပေးဖြစ်ပါတယ်..။ လုပ်နည်းက သိပ်တော့ မခက်ပါ..။ အောက်မှာပုံလေးတွေနဲ့ တဆင့်ချင်းစီ လုပ်တတ်အောင် ပြပေးထားပါတယ်..။
မိမိတို့ Blog အတွက် Animated စာလုံးတွေကို မိမိတို့ကိုယ်တိုင် ကြိုက်သလို ဖန်တီးလိုက်ပါ..။ ကျနော့် Blog မှာလည်း Animated စာလုံးတွေ ဖန်တီးတတ်အောင် ပိုစ့်တွေ အများကြီးတင်ပေးခဲ့ဖူးပါတယ်..။ မိမိတို့ ကျွမ်းကျင်ရာ ၊ အဆင်ပြေရာနဲ့ Animated စာလုံးတွေကို ဖန်တီးပြီးသွားရင်တော့ Blog ရဲ့ ပိုစ့်အသစ်ဖန်တီးတဲ့နေရာမှာ အဲ့ဒီ Animated စာလုံးတွေကို Upload တင်လိုက်ပါ..။ ပြီးရင်တော့ အောက်မှာ ပေးထားတဲ့ HTML ကုဒ်တွေကို ယူပါ..။ အဲ့ထဲမှာမှ Animated စာလုံးအတွက် လင့်၂နေရာနဲ့ နာမည်ကို လိုက်ပြောင်းထည့်ပေးလိုက်ရင် ကျနော့် Blog ညာဘက်မှာ ပြထားသလို မိမိတို့ Blog မှာလည်း ပေါ်နေပါလိမ့်မယ်..။
ဒီလို HTML ကုဒ်ဘောက်စ်လုပ်နည်းတွေနဲ့ ပါတ်သက်လို့ HTML ကုဒ်တွေ အမျိုးမျိုးရှိပါတယ်..။ ဘယ်ဆိုဒ်ကပဲယူယူ.. ဒီလို ကုဒ်ဘောက်စ်လုပ်နည်းကတော့ အတူတူပါပဲ..။ အခုကျနော် ပေးလိုက်တဲ့ HTML ကုဒ်တွေကတော့ ကျနော့် Blog မှာ လက်ရှိအသုံးပြုထားတဲ့ ကုဒ်တွေပဲ ဖြစ်ပါတယ်..။ အဆင်သင့် copy ယူပြီး Animated စာလုံးလင့်နဲ့ နာမည်ပြောင်းထည့်လိုက်ရင် မိမိတို့ အတွက် အသုံးဝင်ဖြစ်ပါပြီ..။ ဒီအောက်မှာ ဖေါ်ပြပေးထားတဲ့ HTML ကုဒ်တွေကတော့ ကျနော့် Blog စလုပ်ခါစက English ဆိုဒ်တွေက လိုက်ရှာထားတဲ့ ကုဒ်တွေပဲ ဖြစ်ပါတယ်..။ HTML ကုဒ်ဘောက်စ်အတွက် လုပ်နည်းနဲ့ ကုဒ်တွေကို လိုအပ်တဲ့ သူများကတော့ အောက်မှာ ယူနိုင်ပါတယ်..။

ManyCam 3.1.53 Final

ManyCam 3.1.53 နောက်ဆုံးထွက် Update လေးပါ..။ ဒီကောင်လေးက YouCam5 တို့လို့၊ WebCam Max တို့လို မိမိတို့ကွန်ပျူတာ ကင်မရာကနေ ရုပ်ပြောင်လေးတွေနဲ့ အသုံးပြုလို့ရတဲ့ ဖရီးဆော့ဝဲလ်လေးပါ..။ Install ထည့်ပြီးတာနဲ့ မိမိတို့စက် ကင်မရာနဲ့ ချိတ်ပြီး ပေါ်လာပါလိမ့်မယ်..။ Install ထည့်နေတဲ့ အချိန်မှာတော့ အင်တာနက် ဖွင့်ပေးထားပါ..။ Audio နဲ့ Video Effect တွေကို ဒေါင်းလော့ယူပေးပါလိမ့်မယ်..။ ပြီးသွားရင်တော့ သူ့အလိုလို ပေါ်လာပါလိမ့်မယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10.6 MB ရှိပါတယ်..။ အရင်ပိုစ့်အဟောင်း ManyCam 3.1.41 မှာ ပုံလေးတွေနဲ့ အနည်းငယ် ပြပေးထားရှိပါတယ်..။

Advanced SystemCare Free 6.2.0.254 (0508) Final


Advanced SystemCare Free 6.2.0.254 (0508) Final Update လေး ထပ်ထွက်လာပါတယ်..။ ဒီကောင်လေးကတော့ Update ထွက်တိုင်း တင်တင်ပေးနေလို့ အားလုံးလည်းသိပြီး ဖြစ်မှာပါ..။ ကျနော်တို့ ကွန်ပျူတာနဲ့ Browser တွေကို အမှိုက်တွေရှင်း၊ သန့်ရှင်းရေးတွေ လုပ်ပေးနိုင်တဲ့ အပြင် Registry Error တွေကိုပါ Repair ပြန်လုပ်ပေးနိုင်တဲ့အတွက် ၊ ဒီကောင်လေးကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart ချပေးပြီးမှ ဆက်ပြီးအသုံးပြုမယ်ဆိုရင် လေးနေ၊ ဟမ်းနေတဲ့ စက်တွေဟာ အရင်ကထက် ပိုမိုသွက်လက်မြန်ဆန်လာတာကို လက်တွေ့မြင်တွေ့ ရမှာပါ..။ အသုံးပြုဖူးသူတိုင်း စိတ်ကြိုက်ဖြစ်စေတဲ့ System Tool လေးတခုပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 20.4 MB ရှိပါတယ်..။ ဒီလို System Tool လေးတွေကို အသုံးမပြုခင် Restore Point တခု အရင်ဖန်တီးထားပြီးမှ အသုံးပြုပေးပါ..။ အသုံးပြုပြီးတဲ့ အခါမှာလည်း မိမိတို့ရဲ့စက်ကို Restart ချပေးပြီးမှ ဆက်ပြီးအသုံးပြုပါ..။ ဒါဆိုရင် အယ်ရာမျိုးစုံ ကင်းဝေးပြီး စက်ကလည်း သွက်လက်မြန်ဆန်နေပါလိမ့်မယ်..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို အရင်ပိုစ့်အဟောင်းတခုမှာ ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်မှာပဲ အသုံးပြုနည်းတွေကို လေ့လာကြည့်ပေးပါ..။

Internet Download Manager 6.15 Build 12 Final

  Internet Download Manager 6.15 Build 12 Final နောက်ဆုံးထွက်လေး Update ထပ်ထွက်လာပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM လိုအပ်နေတဲ့ သူများအတွက် ကျနော် ဒီနောက်ဆုံးထွက် လေးကို တင်ပေးလိုက်ပါတယ်..။ ဒီဖိုင်လေးကို ဒေါင်းယူလို့ရတဲ့ စာမျက်နှာမှာ patch ဖိုင်ထည့်ပေးထားတဲ့ IDM နောက်ဆုံးထွက်လေး အပြင် ၊ crack ဖိုင်လေးပါ ဒေါင်းယူလို့ရအောင် သီးခြားခွဲတင်ပေးထားပါတယ်..။ IDM နောက်ဆုံးထွက် ဗါးရှင်းတွေကို ကျနော်တင်ပေးနေကျ patch ဖိုင်လေးနဲ့ ကျနော် ဖူးလုပ်ပြီးသုံးလို့ အဆင်ပြေနေပါတယ်..။ တချို့အဆင်မပြေတဲ့ သူများလည်း ရှိနေပြန်တာကြောင့် ဒီ IDM နောက်ဆုံးထွက်နဲ့အတူ crack ဖိုင်လေးပါ ဖိုင်ခွဲပြီးတင်ပေးလိုက်ပါတယ်..။ crack ဖိုင်နဲ့ ဖူးလုပ်ပြီး အသုံးပြုနည်းကတော့ ကျန်ခဲ့တဲ့ရက်ထဲက တင်ပေးခဲ့တဲ့ IDM ကို crack နဲ့ဖူးဖြစ်အောင် လုပ်နည်းပိုစ့်မှာ ကြည့်ပေးပါ..။ patch ဖိုင်နဲ့ ဖူးလုပ်နည်းပိုစ့်ကိုတော့ ကျနော့် Blog ညာဘက်မှာ လင့်ချိတ်ပေးထားပါတယ်..။ အခုဒီ IDM နောက်ဆုံးထွက်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။
Related Posts Plugin for WordPress, Blogger...