Nature Wallpapers Desktop


ဒီပုံလေးတွေကတော့ မိမိတို့ ကွန်ပျူတာ Desktop မှာ သဘာဝ ရှု့ခင်းပုံလေးတွေကို တင်ထားချင်တဲ့သူများအတွက် အဆင်ပြေစေမယ့် Wallpapers လေးတွေပါ..။ Resolution ကောင်းကောင်းနဲ့ ဖန်တီးထားတဲ့အတွက် ကြည်လင်ပြီး၊ အရောင်အသွေး စိုပြေတဲ့ သဘာဝပုံလေတွေကို တခါတည်း အသုံးပြုတတ်အောင်၊ မိမိတို့ ကွန်ပျူတာမှာ တခါတည်း ဓါတ်ပုံ ဆလိုက်ရှိုးနဲ့ လုပ်တတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ Wallpaper ပိုစ့်လေးမှာလည်း အခုလိုမျိုး အသုံးပြုတတ်အောင် လုပ်ပြပေးခဲ့ ဖူးပါတယ်..။ အဲ့ဒီနည်းအတိုင်း လုပ်ပေးလိုက်ယုံပါပဲ..။ မသိသေးတဲ့သူများနဲ့ မလုပ်တတ်သေးတဲ့ သူများတော့ အောက်မှာ ဆက်ကြည့်နိုင်ပါတယ်..။ ဒီ Nature Wallpapers ပုံလေးတွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 21.4 MB ရှိပါတယ်..။
 နောက်ပိုင်းပိုစ့်တွေမှာ ကျနော့် Blog ရဲ့ Password မခံပေးတော့ပါဘူး..။ ဘာလို့လဲဆိုတော့ tny paste ဆိုဒ်က Unlock Code တွေခံထားပေးနေလို့ ဒေါင်းလော့လင့် နေရာကို အဲ့ဒီကုတ်တွေ အကောင့်ဖွင့် ဝင်ပြီး ယူမှ ဖိုင်တွေကို ဒေါင်းယူလို့ ရမှာပါ..။ Get Unlock Code ယူနည်းကို မနေ့က ပိုစ့်တင်ပေးထားတဲ့အတိုင်း လုပ်ပြီး ကုတ်တွေယူထည့်ပေးလိုက်ရင် ဒေါင်းလော့လင့်တွေကို မြင်ရ၊ယူလို့ရသွားပါလိမ့်မယ်..။



ဒီ Wallpapers လေးတွေကို ဒေါင်းယူပြီးတဲ့အခါ အောက်ကပုံအတိုင်း အဲ့ဒီဖိုင်ကို ဖွင့်ပြီး ကီးဘုတ်မှ Ctrl+A ကီးနဲ့ တွဲနှိပ်ပြီး စလက်ပေးလိုက်ပါ..။ ပြီးရင် အဲ့ဒီပုံပေါ်မှာ Right Click >> Set as desktop background စာသားကို တချက်ကလစ်ပေးလိုက်ရင် ဒီပုံလေးတွေ မိမိတို့ ကွန်ပျူတာရဲ့ Desktop ပေါ်မှာ ရောက်နေပါပြီ..။


ဒီသဘာဝပုံလေးတွေကို ရှင်းရှင်းလင်းလင်း မြင်ရချင်ရင်တော့ Desktop ပေါ်က Icon တွေကို ဒီအောက်ကပုံလေးအတိုင်း လုပ်ပြီး ဖျောက်ထားလိုက်လို့ ရပါတယ်..။ Icon တွေ ပြန်ပေါ်ချင်ရင်တော့ ဒီပုံလေးအတိုင်းပဲ ပြန်ပြီး တချက်ပြန်ကလစ်ပေးလိုက်ပါ..။ Desktop >> Right Click >> View >> Show desktop icons ကို တချက်ကလစ်ပေးလိုက်ပါ..။


မိမိတို့ရဲ့ Desktop မှာ ဒီပုံလေးတွေကို မြန်မြန်လေး ပြောင်းလဲနေစေချင်ရင်တော့ ဒီအောက်ကပုံလေးအတိုင်း လုပ်ပေးလိုက်ပါ..။ Desktop >> Right Click >> Personalize ကနေ ဝင်ပြီး အောက်က ပုံ၂ပုံအတိုင်း လုပ်ပေးလိုက်ပါ..။ အနှေးအမြန်ကို 10 Seconds, 30 Seconds, 1 Minute မှာ ချိန်ပါ..။ ဒီပုံလေးတွေအတိုင်း လုပ်ပေးပြီးသွားရင်တော့ ဒီ Wallpaers ပုံလေးတွေ Desktop မှာပြေးနေပါပြီ..။




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...