Adobe PageMaker7 အသုံးပြုနည်း လမ်းညွှန် (မြန်မာလို)

ဒီစာအုပ်လေးကတော့ သူငယ်ချင်း တစ်ယောက် တောင်းထားတာ ကြာပါပြီ..။ ဒီနေ့မှ တင်ပေးဖြစ်ပါတယ်..။ စာစီ၊ စာရိုက်နဲ့ ဖိတ်စာကတ်၊ လိပ်စာကတ်တွေ ပြုလုပ်တဲ့ နေရာမှာ.. ဟိုးအရင်ချိန်တုန်းက ဒီ PageMaker ဆော့ဝဲလ်က နာမည်ကြီးပါတယ်..။ Connection ကောင်းတဲ့အခါ ဒီ PageMaker7 ကိုလည်း တင်ပေးပါအုန်းမည်..။ ဒီဆော့ဝဲလ်ကို အခုနောက်ပိုင်းတော့ InDesign ဆိုပြီး နာမည်ပြောင်းထုတ် ထားပါတယ်..။ စာစောင်တွေ၊ မဂ္ဂဇင်းတွေကိုလည်း ဒီပရိုဂရမ်နဲ့ပဲ ဖန်တီးယူလို့ ရပါတယ်..။ ဒီစာအုပ်လေးထဲမှာ အသေးစိတ်ရေးပြ၊ ရှင်းပြထားလို့ လိုအပ်တဲ့ သူများအတွက် ဆောင်ထားသင့်တဲ့ စာအုပ်လေးပါ..။ နောက်တခုက ကျန်ခဲ့တဲ့ ရက်က ကျနော်ပိုစ့်တင်ပေးခဲ့ပြီးတဲ့ ဒ ၊ ဓ ရေးတတ်အောင် ပြပေးထားတဲ့ ပိုစ့်ကိုလည်း.. ဒီ PageMaker ကို စလေ့လာတဲ့ သူများအတွက် မဖတ်မဖြစ် ဖတ်ထားရမယ့် ၊ လေ့လာထားရမယ့် ပိုစ့်တခုပါ..။ ဒါမှသာ PageMaker ဆော့ဝဲလ်ကို အသုံးပြုတဲ့အခါ အဆင်ပြေပြေစာရေးလို့ ရမှာ ဖြစ်ပါတယ်..။ ဒီစာအုပ်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 6.1 MB ရှိပါတယ်..။


ဒီစာအုပ်လေးကို အပေါ်ကပုံမှာ ပြထားတဲ့ မျှားတွေအတိုင်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ မျှားနီနေရာမှာ ဒီစာအုပ်လေးကို ဒေါင်းယူလို့ ရမှာဖြစ်ပြီး..၊ မျှားအပြာနေရာမှာတော့ Full Screen အပြည့်နဲ့ ကျနော့် Blog မှာတင် ဖတ်လို့ရပါတယ်..။ ပန်းရောင်မျှားနေရာကတော့ စာမျက်နှာတွေကို အရှေ့၊အနောက် ကျော်ဖတ်လို့ ရမယ့် နေရာလေးပါ..။ ဒေါင်းယူလိုတဲ့ သူများကတော့ အောက်က ပေါ်နေတဲ့ Download စာသားလေးကို ကလစ်ပြီး ဒေါင်းယူလိုက်ပါဗျာ..။ မိမိတို့စက်ထဲမှာ ဒီစာအုပ်ဖိုင်လေးကို ဖတ်နိုင်ဖို့အတွက် ကျနော် အသုံးပြုနေကျ Foxit Reader လေးကို ဒီလင့်မှာကလစ်ပြီး Download ယူလို့ ရပါတယ်..။ အဲ့ဒီလင့်မှာ မရခဲ့ရင် မူရင်းဆိုဒ်ကို ဒီလင့်ကနေ ဝင်သွားယူလို့ ရပါတယ်..။ http://www.foxitsoftware.com/downloads/




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...