ဒီကောင်လေးက မိမိတို့ရဲ့ MP3 သီချင်းတွေကို လိုသလို ဖြတ်တောက်ပြီး အသံ Effects တွေ ထည့်သုံးလို့ရတဲ့ ၊ နောက်ပြီး အသံဖမ်းဖို့ Recording ပါ ပါတဲ့အတွက် အသုံးလိုတဲ့ သူများအတွက် အဆင်ပြေစေမယ့် ဖရီးဆော့ဝဲလ်လေးပါ..။ ဒီဗါးရှင်းလေးက ဖရီးပေးသုံးတဲ့ ဗါးရှင်းလေးပါ..။ အရင်တုန်းက Premium ဗါးရှင်းမှာ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ လုပ်ပြပေးခဲ့ပြီး ဒီဖရီးဗါးရှင်းမှာတော့ အရင်ဗါးရှင်းလောက် Features တွေ မစုံပေမယ့် အတော်လေး အသုံးတည့်ပါတယ်..။
Acoustica - Easy to use Audio and Music Recording software. Mix, Edit, Burn, Convert, Label, Record and Create.
ဒီကောင်လေးရဲ့ အသုံးဝင်ပုံတွေက အပေါ်မှာ ဖေါ်ပြပေးထားတဲ့ အတိုင်းပါပဲ..။ သီချင်းတွေနဲ့ အပြင်က အသံတွေကို ဒီကောင်လေးက (Recording) အသံဖမ်းပေးနိုင်ပါတယ်..။ ဒီကောင်လေးကို အသံဖမ်းတတ်အောင်နဲ့ သီချင်းတွေကို Effect တွေ ထည့်သုံးလို့ ရတဲ့ နေရာလေးတွေမှာ အသုံးပြုတတ်အောင် ပြပေးထားတဲ့ အရင်ပိုစ့်ကို ဝင်ကြည့်နိုင်ပါတယ်..။ တခြား အသုံးပြုနည်းတွေကိုတော့ မိမိတို့ ကိုယ်တိုင်ပဲ လေ့လာစမ်းသုံးကြည့်ပါ..။ MP3 Edit နဲ့ Recording အတွက် ဒီဆော့ဝဲလ်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။


No comments:
Post a Comment