Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-ခြောက် (DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ဒုတိယပိုင်း)

 ဒီ Video Editing လေ့ကျင့်ခန်း ပိုစ့်မှာတော့ DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ဒုတိယပိုင်း၊ အပြီးပိုင်းကို Master DVD ခွေ တစ်ချပ် ထုတ်ယူလို့ ရတဲ့အထိ ပုံလေးတွေနဲ့ ဆက်လက်တင်ပြပေးထားပါတယ်..။ နောက်ရက်တွေ ဆက်တင်ပေးမယ့် ပိုစ့်တွေမှာတော့ DVD သီချင်းခွေ ထုတ်ယူလို့ ရတဲ့ အကောင်းဆုံးဆော့ဝဲလ် နောက်တခုကိုလည်း ဆက်လက်တင်ပေးပါအုန်းမည်..။ CD သီချင်းခွေ ထုတ်တတ်ချင်တဲ့သူများအတွက်လည်း၊ CD သီချင်းခွေ ထုတ်နည်းနဲ့ ဆော့ဝဲလ်ကို ထပ်တင်ပေးပါမည်..။
 နောက်တခုက ဒီပိုစ့်မှာ မိမိတို့ ဖန်တီးထားပြီးတဲ့ DVD Menu နဲ့ Chapters ဒီဇိုင်းတွေကို အခွေမကူးခင် Preview နဲ့ ပြန်လည် ကြည့်လို့ရအောင်၊ ကြည့်နည်းကိုပါ ဒီပိုစ့်မှာ နမူနာကြည့်လို့ရအောင် တစ်မိနစ်ကျော်စီကြာတဲ့ Video ဖိုင်လေး ၂-ခုနဲ့ တင်ပေးလိုက်ပါတယ်..။ ဒီ Video လေးတွေကို ကြည့်ပြီး.. မိမိတို့ ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကို ဖန်တီးယူသုံးလို့ ရအောင်ဖြစ်ပါတယ်..။ အသုံးလိုတဲ့သူများအတွက် မနေ့က ပထမပိုင်းရဲ့ အဆက်ကနေ ဒီနေ့ နောက်ပိုင်းပြီးတဲ့အထိ အောက်မှာ ပုံလေးတွေနဲ့ ဆက်လက်လေ့လာနိုင်ပါပြီ..။

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-ငါး (DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ပထမပိုင်း)

  ဒီနေ့ Video Editing လေ့ကျင့်ခန်း အပိုင်း-၅ ပိုစ့်မှာတော့.. DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်းကို တခါတည်း အကုန်တင်ပေးချင်ပေမယ့် ပုံတွေများလွန်းတဲ့အတွက် ပထမပိုင်းအဖြစ်သာ အပိုင်းထပ်ခွဲပြီး တင်ပေးလိုက်ရပါသည်..။ ဒုတိယပိုင်းကိုတော့ နောက်ရက်မှာ ဆက်တင်ပေးပါမည်..။ 
  ဒီပိုစ့်က လုပ်နည်းတွေမှာ DVD သီချင်းခွေတချပ်ရဲ့ DVD Player ထဲမှာ ဖွင့်ဖွင့်ခြင်း ပေါ်လာတတ်တဲ့ Play All နဲ့ Select Songs တွေကို ရွေးယူကြည့်လို့ရမယ့် လုပ်နည်းတွေ ဖြစ်ပြီး.. Select Songs နေရာမှာတော့ မိမိတို့ ထားလိုတဲ့ သီချင်းတွေကို 1-2-3-4-5 စသဖြင့် စီတန်းပြီး ထည့်ထားလို့ရမှာ ဖြစ်ပါတယ်..။ ၎င်းနေရာကနေ ကြိုက်နှစ်သက်ရာ သီချင်းတပုဒ်စီကို ရွေးချယ်ဖွင့်ကြည့်နိုင်ပါတယ်..။ Play All နေရာကနေ ဖွင့်ရင်တော့ သီချင်းတွေကို မိမိတို့စီထားတဲ့အတိုင်း တစ်ပုဒ်ပြီးတစ်ပုဒ် ပြီးတဲ့အထိ ဖွင့်ပြပေးပါလိမ့်မယ်..။ မိမိတို့အရင်နားထောင်လိုတဲ့ သီချင်းတွေကိုလည်း Next နဲ့ ကျော်ယူကြည့်ရှုနိုင်မှာ ဖြစ်ပြီး Previous နဲ့လည်း နောက်ပြန်ကျော်ယူကြည့်လို့ ရပါတယ်..။ နောက်တခုကတော့ သီချင်းစာသားတွေနဲ့ video အပိုင်းတွေကို ဆက်ထားပြီးတဲ့ Video Edit လုပ်ထားပြီးသား သီချင်းတစ်ပုဒ်ကို DVD အခွေထုတ်ဖို့အတွက် ဘယ်လိုဖေါ်မတ်၊ ဘယ်လို Width နဲ့ Height ကို ရွေးယူရမယ်ဆိုတာကိုလည်း ဒီပိုစ့်မှာ လုပ်ရင်းနဲ့ ပြပေးထားပါတယ်..။ 

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-လေး

ဒီနေ့ Video Edit အပိုင်း-လေး ပိုစ့်မှာတော့.. လေ့လာခါစသူများအတွက် Video Edit နည်းပညာကို အနည်းငယ် ပိုမိုလုပ်တတ်အောင် လုပ်နည်း၊ အသုံးပြုနည်းလေးတွေ ထပ်တင်ပြပေးလိုက်ပါတယ်..။ စာသားတွေ အဝင် အထွက်မှာ Effects လေးတွေထည့်သုံးနည်း၊ မိမိတို့ရဲ့ video ကို မိမိတို့ပြလိုတဲ့ နေရာလေးကို ပုံကြီးချဲ့ပြလို့ရတဲ့ Zoom ဆွဲနည်း၊ video ရဲ့ လိုချင်တဲ့ အပိုင်းလေးကို နောက်ပြန်သွား (နောက်ပြန်လမ်းလျှောက်အောင်) လုပ်နည်း၊ နှေးနှေးပြလိုတဲ့ video အပိုင်းကို Slow Motion ဖြစ်အောင်လုပ်နည်း၊ ပုံမှန်ထက် အရမ်းမြန်အောင် လုပ်နည်း၊ video တွေကို ဒေါင်လိုက် ပြောင်းပြန် စသဖြင့် လိုသလို လှည့်ပါတ် ပြနည်း၊ နောက်တခုကတော့ မိမိတို့ရဲ့ video ကို အရောင်မျိုးစုံပြောင်းတာ ကာလာတင်တာ၊ ကာလာလျှော့တာ၊ အဖြူအမဲ၊ video နှစ်ပိုင်းခွဲပြနည်းတွေပါ ဒီနေ့ အပိုင်း-လေး ပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-သုံး

ကျနော်လက်တွေ့ အသုံးချခဲ့တဲ့ ဒီ Video Edit လုပ်နည်းတွေကို သီချင်း ၁၂-ပုဒ်ပါတဲ့ Master DVD တစ်ချပ် ဖန်တီးလို့ရတဲ့အထိ ကျနော်ပိုစ့်တွေ အပိုင်းလိုက် တစ်ခုပြီးတစ်ခု မကြာမကြာ ဆက်တင်ပေးသွားပါမည်..။ အဲ့ဒီ ဖန်တီးပြီးတဲ့ DVD မှာ.. DVD Player နဲ့ ဖွင့်တဲ့အခါ သီချင်းတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် Next နဲ့ ကျော်ကြည့်လို့လည်းရမယ်၊ Previous နဲ့လည်း နောက်ပြန်ဆုတ်လို့ရမယ်၊ DVD Player စက်ထဲက အခွေထည့်လိုက်တာနဲ့ Menu မှာ မိမိထားလိုတဲ့ video ဒါမှမဟုတ် ဓါတ်ပုံနဲ့ နောက်ခံ တေးသီချင်းကိုလည်း ထည့်သုံးလို့ရမယ်၊ Play နဲ့ Select Screen စတဲ့အပိုင်တွေကိုလည်း တခုစီ ရွေးဖွင့်ကြည့်လို့ရမယ်၊ ဒီလုပ်နည်းက DVD တစ်ချပ်ထဲမှာ ရုပ်ရှင် video ဇတ်ကားတွေ အများကြီး ထည့်နည်းနဲ့ လုပ်နည်းတူပါတယ်..။ ဒါကြောင့် မသိသေးတဲ့ လေ့လာခါစသူများကတော့ နောက်ပိုင်း ပိုစ့်တွေကိုလည်း ဆက်လက်လေ့လာဖို့ လိုအပ်ပါတယ်..။
ဒီနေ့အပိုင်း(၃)ပိုစ့်မှာတော့.. Power Director နဲ့ သိမ်းထားခဲ့တဲ့ အရင်နေ့က Project ဖိုင်လေးကို ပြန်ဖွင့်ယူပြီး၊ 2D Title တခု ဖန်တီးပြီး စာသားတွေ ရေးထည့်တတ်အောင်၊ စာသားတွေ အရောင်ပြောင်းတတ်အောင်၊ စာသားတွေကို ပိုမိုထင်ရှားပေါ်စေမယ့် Border လိုင်းလေး ထည့်သုံးတတ်အောင်၊ သီချင်းစာသားတွေ တခုနဲ့တခု အဝင်အထွက်တွေ ကိုက်ညီအောင်၊ ချိန်တတ်အောင် ဒီနေ့ပိုစ့်မှာ သေချာရှင်းပြပေးထားပါတယ်..။ ဒီနေ့ အပိုင်း(၃)ပိုစ့်ကနေလည်း အပိုင်းတစ်ပိုင်းကို 300 MB စီနဲ့ အပိုင်း-၃ ပိုင်းနဲ့ခွဲတင်ပေးထားတဲ့ Cyber Link Power Director 11 ဒေါင်းယူလို့ရအောင် အရင်ပိုစ့်က လင့်တွေကို ပြန်ချိတ်ပေးထားပါတယ်..။ ဒီနေ့တင်ပေးလိုက်တဲ့ လေ့ကျင့်ခန်း အပိုင်း(၃) ပိုစ့်မှာ သီချင်းစာသားတွေ ရေးထည့်တတ်အောင် ၊ စီတတ် နေရာချတတ်အောင် လေ့လာခါစ လူသစ်တွေအတွက် သေချာနားလည်အောင် ရှင်းပြပေးထားတာဖြစ်လို့ လိုအပ်တဲ့သူများကတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါပြီ..။

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-နှစ်

 မနေ့က လေ့ကျင့်ခန်း အပိုင်း(၁) ပိုစ့်မှာ video MP4 ရဲ့ အသံနဲ့ရုပ်တွေကို ခွဲထုတ်နည်း၊ video တွေရဲ့ လိုချင်တဲ့အပိုင်းလေးကိုပဲ ဖြတ်ယူနည်း၊ Effects တွေနဲ့စာသားတွေ ထည့်သုံးတဲ့အခါ Preview နဲ့ ကြည့်နည်း၊ Effects တွေကို video နှစ်ခုကြားမှာ ဆွဲထည့်နည်းတွေကို ဖေါ်ပြ ရှင်းပြပေးခဲ့ပြီး ဖြစ်ပါတယ်..။
 ဒီနေ့ လေ့ကျင့်ခန်း အပိုင်း(၂) မှာတော့ Screen အမြင်သေးနေတဲ့ video တွေကို ကြီးအောင် ချဲ့ထုတ်နည်း၊ ပိုသေးအောင် ချုံနည်း၊ အသံဖိုင် MP3 or wav ဖိုင်ကို မလိုချင်တဲ့နေရာ ရှေ့နဲ့နောက်ပိုင်းတွေ ဖြတ်ထုတ်နည်း၊ အသံနဲ့ ရုပ်ဖိုင်တွေရဲ့ ရှေ့နဲ့နောက်ပိုင်း အဝင်၊အထွက် Fade in / Fade out တွေကို အသုံးပြုပြီး ဖြေးဖြေးခြင်း မှိတ်ရာမှ လင်းလာအောင်၊ အသံတိုးရာမှ ဖြေးဖြေးခြင်း ကျယ်လာအောင် ပြုလုပ်နည်း၊ အသံကျယ်ရာမှ ဖြေးဖြေးခြင်း တိုးပြီး ပျောက်သွားအောင်လုပ်နည်း၊ video ရုပ်ဖိုင်ကို လင်းနေရာမှ အသံနှင့်အတူ ဖြေးဖြေးခြင်း မှေးမှိန်ပျောက်ကွယ်သွားအောင်လုပ်နည်း၊ Save Project ရဲ့ အသုံးဝင်ပုံနှင့် သိမ်းနည်း စတဲ့ အသုံးပြုနည်းတွေကို အားလုံးပဲ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ရှင်းပြပေးထားပါတယ်..။ မနေ့က ပိုစ့်မှာ 300 MB စီနဲ့ အပိုင်းသုံးပိုင်း ခွဲတင်ပေးထားတဲ့ Power Director 11 ကို ဒီလေ့ကျင့်ခန်း အပိုင်း(၂) ပိုစ့်ကနေလည်း ဒေါင်းယူလို့ရအောင် လင့်ပြန်ချိတ်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဒီလေ့ကျင့်ခန်း အပိုင်း(၂) ပိုစ့်ကို ဆက်လက်လေ့လာ သင်ယူနိုင်ပါပြီ..။

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-တစ်


Video Edit လုပ်နည်း လေ့ကျင့်ခန်းလေးတွေကို တောင်းထားတဲ့လူလည်းများသလို ကျနော်လည်း တင်ပေးချင်နေတာ ကြာပါပြီ..။ လွယ်ကူပြီး အခြေခံလုပ်နည်းလေးတွေလည်း ဖြစ်မယ့် အပိုင်းလေးတွေကို စဉ်းစားရင်း ပုံတွေ ထုတ်လိုက်တာ အတော်လေးများသွားပါတယ်..။ ဒါကြောင့် အပိုင်း ၁-၂-၃ စသဖြင့် အပိုင်းလေးတွေနဲ့ ပိုစ့်တွေခွဲပြီး တင်ပေးပါ့မယ်..။ ဒီနေ့ပိုစ့်မှာတော့ MP4 video ဖိုင်လေးတွေနဲ့ လုပ်ပြပေးထားပြီး တခြား video ဖိုင်တွေကိုလည်း ဒီနည်းတွေနဲ့ပဲ လုပ်ယူတာဖြစ်ပါတယ်..။ အဓိက ကတော့ ပုံထွက်ကောင်းဖို့၊ video ဆေးသား ဆေးရောင်လှဖို့နဲ့ အသံကြည်လင်ဖို့ ဆိုရင် မိမိတို့ ဖြတ်ဆက်ထည့်မယ့် Video ဖိုင်က ဖိုင်ဆိုဒ်ကြီးကြီးနဲ့ ဒေါင်းယူတတ်ဖို့လိုပါတယ်..။ ဥပမာ ဒီပိုစ့်မှာ လုပ်ပြထားတဲ့ video ဖိုင်တွေဆိုရင် MP4 width နဲ့ height မှာ 1280x720 ဆိုဒ်တွေနဲ့ အသုံးပြုထားတာ ဖြစ်ပါတယ်..။ အသေးဆုံးဆိုရင်တော့ MP4 960x720 လောက်ထိပဲ ဆိုဒ်သေးတာ ကောင်းပါတယ်..။ သူ့ထက်ဆိုဒ်သေးလွန်းရင် ရုပ်ပုံတွေ အထွက်မှာ ဝါး သွားတတ်ပါတယ်..။ ဆိုဒ်ကြီးရင်တော့ ဘယ်လောက်ကြီးကြီး ဆိုဒ်ကြီးလေး video edit လုပ်တဲ့အခါ ရုပ်ထွက်နဲ့ ဆေးရောင်တွေ လှလေပါပဲ..။ 
မိမိတို့ကိုယ်ပိုင် ကင်မရာနဲ့ ရိုက်ယူထားတဲ့ video ဖိုင်တွေဆိုရင်တော့ စက်ပစ္စည်းပေါ်မူတည်ပြီး ပစ္စည်းကောင်းရင် ကောင်းသလို video တွေလည်း ကြည်လင်ပြတ်သားမှာ ဖြစ်ပါတယ်..။ အဓိက ကတော့ မူရင်းကောင်းမှ ဖြတ်ဆက်လုပ်တဲ့အခါ video ရုပ်ထွက် ကောင်းမှာပါ..။ ဒီ video editing အခြေခံ လုပ်နည်းလေးတွေကို လေ့လာခါစလူသစ်တွေအတွက် အသုံးပြုရလွယ်ကူစေမယ့် Cyberlink Power Director 11 နဲ့ လုပ်ပြပေးထားပြီး.. ဒီဆော့ဝဲလ်ကို မရှိသေးတဲ့သူများနဲ့ လိုအပ်တဲ့သူများ ဒေါင်းယူလို့ရအောင် ဒီပိုစ့်နှင့်အတူ ပြန်တင်ပေးလိုက်ပါတယ်..။

Lenovo A536 Android 4.4.2 ကို VROOT(iRoot) ဖြင့် Root ဖေါက်ပြီး မြန်မာစာထည့်နည်း

ဒီပိုစ့်ကလုပ်နည်းကတော့ ကွန်ပျူတာနဲ့ လုပ်ရမယ့် နည်းပဲဖြစ်ပါတယ်..။ Android 4.4.2 ကို အရင် Root apk တွေနဲ့ Root ဖေါက်လို့ မရတာများပါတယ်..။ ဒါကြောင့် Kingo Root Tool နဲ့လည်း Root ဖေါက်လို့ အဆင်မပြေတဲ့သူများအတွက် VROOT(iRoot) နဲ့ Root ဖေါက်နည်းကို ထပ်တင်ပေးလိုက်ပါတယ်..။ VROOT(iRoot) ကို နှစ်မျိုးသုံးလို့ ရအောင် Portable (Chinese) နဲ့ Setup (English) ဆိုပြီး သီးခြားစီ တင်ပေးထားတာဖြစ်ပါတယ်..။ Portable နဲ့ အဆင်မပြေတဲ့သူများရှိခဲ့ရင် Setup ဖိုင်ကို မိမိတို့စက်ထဲမှာ Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ Setup ဖိုင်ကို Install ထည့်တဲ့အချိန်မှာတော့ အင်တာနက်ရှိဖို့လိုပါတယ်..။ Lenovo Android Devices တွေအတွက် Drivers တွေကို ဒီပိုစ့်မှာပါ တင်ပေးထားပြီး.. မိမိတို့စက်ထဲမှာ မရှိသေးဘူး၊ ကွန်ပျူတာက ဖုန်းကို မသိသေးဘူး ဆိုရင်တော့ Root မလုပ်ခင် အရင်ဆုံး Drivers တွေကို Install ထည့်ပေးလိုက်ပါ..။ Android USB Drivers ထည့်နည်းတွေကို အရင်ပိုစ့်တွေမှာလည်း ရေးပေး၊ ရှင်းပြပေးခဲ့ပြီးမို့ ဒီပိုစ့်မှာ ထပ်မရေးပေးတော့ပါ..။ Android ဖုန်းတွေရဲ့ Drivers တွေကို ကွန်ပျူတာက သိမှသာ ဖုန်းတွေကို Root ဖေါက်လို့ ရမှာ ဖြစ်ပါတယ်..။ Android 4.4.2 ကို မြန်မာစာ ထည့်နည်းကတော့ အရင် Kingo Root ပိုစ့်က ဆော့ဝဲလ်တွေနဲ့ လုပ်နည်းအတိုင်းပါပဲ..။ အသုံးပြုလိုတဲ့သူများကတော့ အရင်ဆုံး အောက်ကလင့်တွေကနေ ဆော့ဝဲလ်တွေကို ဒေါင်းယူထားနှင့်လိုက်ပါဗျာ..။

Viber မှာ မြန်မာစာပေါ်အောင် လုပ်နည်းနှင့် ဆော့ဝဲလ်များ Update မတက်အောင် ပိတ်နည်း (Android Phone and Tablet Only)

12 Nov 14, 11:56 AM
flyman.fm814@gmail.com: VIBERမှာမြန်မာစာဘယ်လိုထည့်ရမလဲဆိုတာရျင်းပြပေးပါဆရာ
Viber Update အသစ်ထွက်ပြီးကတည်းက Android ဖုန်းတွေမှာ အလိုလို Update တက်သွားတာတွေရှိသလို.. Facebook လို နေရာတွေကနေ Viber မှာ Video Call ရလာပြီ ဆိုတဲ့ ကြော်ငြာကောင်းလို့ ဒေါင်းယူ အသုံးပြုတဲ့လူတွေလည်း မနည်းမနောရှိခဲ့ပါတယ်..။ နောက်ဆုံးတော့ Samsung လို မူရင်း မြန်မာစာပါတဲ့ ဖုန်းတွေကလွဲလို့.. Root ဖေါက်ပြီး မြန်မာစာ ထည့်ထားတဲ့ ဖုန်းတွေမှန်သမျှ အားလုံး Viber မှာ မြန်မာစာ မပေါ်တော့ပါဘူး..။ အာ့မှာစတွေ့တာပါ..။ Viber Update ထွက်ပြီးကတည်းက မြန်မာစာ မပေါ်တော့တဲ့ ပြဿနာ အတော်လေး ဖြေရှင်းပေးခဲ့ပြီးပါပြီ..။ အခုတော့ Cbox မှာ မေးလာတဲ့လူနဲ့ တိုက်ဆိုင်လာလို့ ပိုစ့်တခုအဖြစ် တင်ပေးလိုက်ပါတယ်..။ 
အခုတလော ကိစ္စအတော်များများနဲ့ အလုပ်ရှုပ်နေလို့ ပိုစ့်တွေလည်း မတင်ဖြစ်၊ Blog ဘက်လည်း လှည့်မကြည့်အားပါဘူး..။ ကျနော်စာမရေးတာ ကြာသွားလို့ပဲလားတော့ မသိ.. ဟိုတလောက ကျနော့် Blog ရဲ့ Cbox မှာ လာဆဲတဲ့လူနဲ့တောင် ကြုံခဲ့ရပါတယ်..။ ကျနော်လည်း စာတွေပုံမှန်မရေးနိုင်တော့ လာဆဲတဲ့လူကိုလည်း စိတ်မဆိုးအားပါဘူး..။ ရှိပါစေတော့..။ 
အခုဒီပိုစ့်က Viber မှာ မြန်မာစာ ပေါ်အောင် လုပ်နည်းကတော့ Android စမတ်ဖုန်းတွေနဲ့ Android Tablet တွေအတွက် အသုံးပြုဖို့ပဲ ဖြစ်ပါတယ်..။ အရင်ဆုံး မိမိတို့ရဲ့ ဖုန်းထဲမှာရှိတဲ့ Play Store ကိုဖွင့်ပြီး အောက်ကပုံလေးတွေအတိုင်း ဆော့ဝဲလ် Apps Update တွေကို အလိုလို Update မလုပ်အောင် အရင်သွားပိတ်ပေးထားလိုက်ပါ..။ ပြီးမှ ဒီပိုစ့်မှာ တင်ပေးလိုက်တဲ့ Viber ဗါးရှင်းအဟောင်းလေးကို ဒေါင်းယူပြီး SD card or Bluetooth ကနေ ပြောင်းထည့်ပြီး.. ဖုန်းထဲမှာ Install ထပ်ထည့်ပေးလိုက်ရင် မြန်မာစာ အရင်အတိုင်း ပြန်ပေါ်လာပါလိမ့်မယ်..။ ဒါလေးကတော့ ကျနော် လက်ရှိသုံးနေတဲ့ Viber ဗါးရှင်းအဟောင်းလေးပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 16.6 MB ရှိပါတယ်..။

Kingo Root 1.2.4 Final - Android 4.4.2 ကို Kingo Root ဖြင့် Root ဖေါက်ပြီး မြန်မာစာ ထည့်နည်း

Android စမတ်ဖုန်းတွေနဲ့ Tablet တွေကို Android .apk ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်လို့ အဆင်မပြေတဲ့အခါ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးမှ Root ဖေါက်လို့ ရတတ်ပါတယ်..။ ကွန်ပျူတာနဲ့ Android ဖုန်းတွေ ချိတ်ဆက်တဲ့အခါမှာလည်း မိမိကွန်ပျူတာက Android ဖုန်း အမျိုးမျိုးကို သိဖို့၊အလုပ်လုပ်နိုင်ဖို့အတွက် ဒီလင့်ကပိုစ့်မှာ Android USB Drivers တွေ ထည့်တတ်အောင် ပြပေးထားပြီးပါ..။ အခုလည်း Lenovo Tablet Android 4.4.2 ကို အရင်ဗါးရှင်း Root apk လေးတွေနဲ့ Root မနိုင်တဲ့အတွက် ဒီ ကွန်ပျူတာ ဆော့ဝဲလ် Kingo Root နဲ့ မှ အဆင်ပြေပါတယ်..။ Kingo Root ကို အမြဲတမ်း နောက်ဆုံးဗါးရှင်းတွေ ဒေါင်းယူလို့ ရအောင် မူရင်းဆိုဒ်မှာ သွားရောက် ဒေါင်းယူနိုင်တဲ့လင့်ကို ဒီပိုစ့်မှာ ချိတ်ပေးထားပါတယ်..။ Kingo Root အရင် ဗါးရှင်းတွေက Android အရင်ဗါးရှင်းတွေကို Root နိုင်ပေမယ့်.. Android နောက်ဆုံးဗါးရှင်းတွေဆိုရင်တာ့ Kingo Root ဆော့ဝဲလ်ကိုလည်း နောက်ဆုံးဗါးရှင်းတွေ လိုက်သုံးပေးမှ Root ဖေါက်နိုင်ပါတယ်..။ 
Lenovo Tablet Android 4.4.2 ကို Root ဖေါက်ပြီးရင် မြန်မာစာရဖို့အတွက် Zawgyi Changer ၂-ခုကို ဆက်ပြီး ထည့်ပေးမှ အဆင်ပြေပါတယ်..။ လိုအပ်တဲ့ဆော့ဝဲလ် apk လေးတွေကို အောက်ကလင့်တွေမှာ တစုတစည်း ပေါင်းထည့်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူပြီး.. လုပ်နည်းနဲ့ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ apk လေးတွေက 10.5 MB ရှိပြီး.. Kingo Root တူးကတော့ 18 MB ရှိပါတယ်..။

DriverMax7.40 Final Free Edition

ကျနော်ကြိုက်တဲ့ အကောင်းဆုံးတွေထဲက ဆော့ဝဲလ်တစ်ခုဖြစ်တဲ့ ဒီ DriverMax ဆော့ဝဲလ်လေးကို Windows 8.1 ကိုလည်း Support ဖြစ်တဲ့အတွက် Update အသစ်လေး တင်ပေးလိုက်ပါတယ်..။ ခဏခဏ ဝင်းဒိုးတင်တတ်တဲ့ သူတွေအတွက် မရှိမဖြစ် သိမ်းထားသင့်တဲ့ ဆော့ဝဲလ်ကောင်းလေးပါ..။ အရင်တင်ပေးထားတဲ့ ဗါးရှင်းအဟောင်းက Windows 8.1 မှာ အသုံးပြုလို့ မရပါဘူး..။ ဒေါင်းလော့လင့်တွေလည်း ပျက်နေလောက်ပြီဖြစ်လို့ ဒီ Update အသစ်လေးကိုတော့ လိုအပ်တဲ့ အခါတိုင်း ဒေါင်းယူလို့ ရအောင် ကြာကြာခံတဲ့ Upload ဆိုဒ်တွေမှာ တင်ပေးထားပါတယ်..။ အခု ဒီ Update အသစ်လေးကလည်း Free ဗါးရှင်းလေးဖြစ်ပြီး.. ဝင်းဒိုး ဗါးရှင်းအားလုံးမှာ အသုံးပြုနိုင်ပါတယ်..။
တခြားဆော့ဝဲလ်တွေနဲ့မတူတဲ့ ဒီကောင်လေးရဲ့ အားသာချက်တွေကတော့.. ကျနော် Windows XP တင်ထားတဲ့ (အန်းဒိတ်) PC ၇-လုံးကို Windows 7 ပြောင်းတင်ပြီး ဒီဆော့ဝဲလ်နဲ့ W-XP မှ Drivers တွေ Backup လုပ်သိမ်းထားပြီး၊ PC တွေကို W-7 ပြောင်းတင်ပြီးတော့ ဒီဆော့ဝဲလ်နဲ့ပဲ Drivers တွေကို Restore ပြန်လုပ်ပါတယ်..။ PC ၅-လုံးမှာ လိုအပ်တဲ့ Drivers တွေ အားလုံး ပြန်ထည့်လို့ ရသွားပါတယ်..။ ကျန် PC ၂-လုံးမှာတော့ တချို့တဝက်ပဲ ရပါတယ်..။ PC ၇-လုံးမှာ ၅-လုံး အဆင်ပြေတယ်ဆိုတာ အတော်လေး ကောင်းနေပြီ..။ တခြား Drivers Backup/Restore လုပ်တဲ့ဆော့ဝဲလ်တွေ အများကြီးပါ၊ ဒါမျိုး W-XP က Drivers တွေ W-7 မှာ အသုံးပြုလို့ ရတယ်ဆိုတာ မတွေ့မိသေး..။ အဓိက ကတော့ VGA Graphic Driver ထည့်လို့ ရဖို့ပဲ အရေးကြီးတာ..။ ဒါမှသာ Photoshop နဲ့ Video Edit ဆော့ဝဲလ်တွေ အသုံးပြုလို့ ရမှာပါ..။ ဒါက ဒီကောင်လေးရဲ့ အားသာချက်..။
အားနည်းချက်ကတော့ Laptop တွေမှာဆို Windows XP က Drivers တွေ Windows 7 မှာ ပြန်ထည့်လို့ မရတာ တွေ့ရပြန်တယ်..။ ဒါပေမယ့် W-7 က Drivers တွေဆိုရင်တော့ W-7 ပြန်တင်ပြီး Restore ပြန်ထည့်လို့ ရပါတယ်..။ Windows 8 က Drivers တွေ Windows 8, 8.1 တွေမှာ ဒီကောင်လေးနဲ့ ပြန်ထည့်သုံးလို့ ရတာ တွေ့ရပြန်တယ်..။ အဓိက ကတော့ မိမိတို့စက် ကောင်းနေတဲ့ အချိန်မှာ စက်ထဲက Drivers တွေကို ဒီဆော့ဝဲလ်နဲ့ Backup ထုတ်ယူပြီး.. USB Pendrive လို External Hard disk လို မျိုးထဲမှာ နာမည်သေချာပေးပြီး နေရာခွဲ သိမ်းထားဖို့ကို သတိတရ ရှိဖို့ပါပဲ..။

Microsoft .NET Framework 3.5 Offline Installer 2.0

Windows 8 နဲ့ 8.1 တွေမှာ Microsoft .NET Framework 3.5 ကို Online / Off-Line နှစ်မျိုးစလုံးနဲ့ Install ထည့်တတ်အောင် အရင်က ပိုစ့်တင်ပေးခဲ့ပြီး..။ အရင်ပိုစ့်မှာ အင်တာနက်မရှိပဲ Off-Line နဲ့ Install ထည့်နည်းကို CMD Command ဖြင့် .bat ဖိုင်လေး ဖန်တီးပြီး Run ပေးရတဲ့ လုပ်နည်းလေးကို ဒီလင့်က ပိုစ့်မှာ ပြန်ကြည့်နိုင်ပါတယ်..။
အခုဒီပိုစ့်က နည်းကတော့ ဆော့ဝဲလ်တခုနဲ့ Install ထည့်နည်းပဲ ဖြစ်ပါတယ်..။ Microsoft .NET Framework 3.5 ကို Off-line နည်းနဲ့ Install ထည့်မယ်ဆိုရင်တော့.. မိမိတို့မှာ ဝင်းဒိုးတင်လို့ ရတဲ့ Windows 8 (or) 8.1 DVD ခွေရှိနေဖို့ လိုပါတယ်..။ 32-bit and 64-bit ၂-မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်..။ အသုံးပြုတဲ့အခါမှာတော့ မိမိတို့စက်ထဲကို Windows 8 (or) 8.1 DVD ခွေ ထည့်ပြီး.. ဒီပိုစ့်မှာ တင်ပေးထားတဲ့ ဆော့ဝဲလ်လေးကို Run as administrator နဲ့ Run ပေး၊ နောက်ထပ် ၂-ဆင့်လောက် ကလစ်ပေးလိုက်ရင် အဆင်ပြေပါပြီ..။ အသုံးပြုတတ်အောင် အောက်မှာ ဆော့ဝဲလ်ဒေါင်းယူပြီး ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 104 kb ပဲ ရှိပါတယ်..။

CMD (SC Command) ဖြင့် /OnLineUpdate/LiveUpd.exe Error ဖြေရှင်းနည်း

 ကျနော် Windows 8.1 စသုံးကတည်းက ဒီ LiveUpdate.exe Error ဘောက်စ်ပေါ်နေတာ ကြာပြီ..။ ၁၅ မိနစ် တစ်ကြိမ် ဒီဘောက်စ် ပေါ်လာတော့တာပဲ..။ တချို့စက်တွေမှာ ဆိုရင်တော့ တစ်မိနစ် တခါ ပေါ်လေ့ရှိတယ်..။ ဘယ်လိုပဲ ဖျက်ဖျက် ပြန်ပေါ်နေတတ်တယ်..။ အချိန်ရတဲ့ တစ်ရက်မှာတော့ ဒီ CMD နည်းနဲ့ ဖြေရှင်းလိုက်မှ အဆင်ပြေသွားတော့တယ်..။ Windows 8.1 တွေမှာမှ ဖြစ်တတ်တာမဟုတ်ပဲ Windows 8 နဲ့ Windows 7 တွေမှာလည်း ဒီလို Error တွေ ဖြစ်တတ်ပါတယ်..။ 
တချို့ဆော့ဝဲလ်တွေဖြစ်တဲ့ IObit ဆော့ဝဲလ်တွေနဲ့ Revo Uninstaller ဆော့ဝဲလ်တွေ သွင်းမိရင်လည်း ဒီလိုတွေ ဖြစ်တတ်ပါတယ်..။ ကျနော့်စက်မှာတော့ အရင်ဝင်းဒိုးတွေမှာ သုံးနေကျ အင်တာနက်သုံး Broadband ဆော့ဝဲလ်ထည့်ပြီး ကတည်းက ဖြစ်နေတော့တာ.. အရင်ဝင်းဒိုးတွေမှာ မဖြစ်ပဲ ဒီဝင်းဒိုးမှ လာဖြစ်နေပါတယ်..။ မသိသေးတဲ့သူများအတွက် ဖြေရှင်းဖို့ ခက်နေမှာပါပဲ.. အခုဒီနည်းကတော့ အရမ်းလွယ်ကူပြီး ထိရောက်တဲ့ ဖြေရှင်းနည်းလေးပါ..။ ကျနော့်လို LiveUpdate.exe Error ဘောက်စ် ဖြစ်ပေါ်နေတဲ့ သူများရှိလာခဲ့ရင် ဖြေရှင်းလို့ လွယ်ကူအောင်၊ ဒီနေ့တော့ ပိုစ့်တခုအဖြစ် ဒီဖြေရှင်းနည်းကို တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကတော့ CMD (Command Prompt) မှာ SC Command စာကြောင်းလည်း ရိုက်ထည့်ပြီး ဖြေရှင်းလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီဖြေရှင်းနည်းကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။

Windows 8.1 အသုံးပြုသူများအတွက် USB Pendrive (or) SD Card ဖြင့် Recovery Files ပြုလုပ်ဖန်တီးနည်း

 ကျနော် စာမရေးတာ ကြာသွားလို့ ကျနော့် Reader တွေလည်း ပိုစ့်တွေ မျှော်နေလောက်ပြီ ထင်ပါတယ်..။ ကျနော်အသုံးပြုနေတဲ့ အင်တာနက်က ဖိုင်တွေတင်လို့ အဆင်မပြေတာရယ် ၊ တခြား အကြောင်းလေးတွေကလည်း အနည်းငယ် ရှိနေလို့ စာမရေးဖြစ်တာပါ..။ မကြာခင်တော့ ပိုစ့်တွေ ပြန်လည်တင်ပေး နိုင်လိမ့်မယ် ထင်ပါတယ်..။ ဒီနေ့ လုပ်နည်း ပိုစ့်လေးကတော့ Windows 8.1 အသုံးပြုသူများအတွက်ပါ..။
Windows 8.1 တွေမှာ ဝင်းဒိုးပျက်သွားတဲ့အခါ ပြန်လည်ပြီး Repair နဲ့ Image Files တွေ ပြန်လည် Restore ပြုလုပ်နိုင်ဖို့အတွက် ဒီ Recovery လုပ်နည်းလေးကလည်း တတ်ထား၊ သိထားသင့်တဲ့ နည်းလေးတခုပါပဲ..။ ဒီနည်းကို ပြုလုပ်ဖန်တီးယူဖို့အတွက် ဆိုဒ်အသေးဆုံးဖြစ်တဲ့ USB Pendrive တစ်ချောင်း (သို့မဟုတ်) 512 MB ရှိတဲ့ SD Card တခုတော့ ရှိဖို့ လိုပါတယ်..။ ဒီထက် ဆိုဒ်ကြီးလို့လည်း ရပါတယ်..။ ဒီ့ထက်ဆိုဒ်သေးလို့တော့ မရပါဘူး..။ SD Card နဲ့ အသုံးပြုမယ်ဆိုရင်တော့ Card Reader နဲ့ တွဲပြီး Windows 8.1 တင်ထားတဲ့ မိမိတို့ရဲ့ ကွန်ပျူတာမှာ အရင်ဆုံး တပ်ဆင်ထားပါ..။ ဒီနည်းကို မပြုလုပ်ခင် မိမိတို့ရဲ့ SD Card (or) Pendrive တွေထဲမှာ ဘာဖိုင်၊ ဘာ Data မှ ရှိမနေရပါဘူး..။ ဝင်းဒိုးက အထဲက ဖိုင်တွေအားလုံး ရှင်းပြီးမှ ဖန်တီးပြုလုပ်မှာမို့.. Data တွေ ရှိနေတယ်ဆိုရင်တော့ အရင် နေရာပြောင်း ပြီး သိမ်းထားလိုက်ပါ..။ ပြီးရင်တော့ အောက်မှာ ရှင်းပြပေးထားတဲ့ ပုံလေးတွေအတိုင်း တဆင့်စီ လိုက်လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ လုပ်နည်းကလည်း လွယ်ပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။

Windows 8 မှာ Original Windows Images Files နှင့် System Image Backup Files တွေကို Restore ပြန်ထည့်နည်း

 အရင်ကပိုစ့်တွေမှာ Windows 7 နဲ့ Backup Files တွေကို သိမ်းနည်းနဲ့ Restore လုပ်နည်းတွေ ဖေါ်ပြပေးခဲ့တာ ဖြစ်ပြီး.. အခုဒီပိုစ့်ကတော့ Windows 8 တွေမှာ အသုံးပြုတတ်အောင်၊ မိမိတို့ကိုယ်တိုင် ဖန်တီးပြီး သိမ်းထားခဲ့တဲ့ System Image Backup Files နှင့်၊ စက်အသစ်ဝယ်ကတည်းက ပါလာတဲ့ Original Windows Images Files တွေကို ဒီပိုစ့်က နည်းတွေနဲ့ Restore လုပ်တတ်အောင် ပြပေးထားပါတယ်..။ မိမိတို့ အသုံးပြုနေတဲ့ ဝင်းဒိုးတွေမှာ Error တွေများလာတဲ့အခါနဲ့ ဝင်းဒိုးပျက်သွားတဲ့ အခါတွေမှာ ဒီပိုစ့်က လုပ်နည်းတွေက အရမ်းကို အသုံးဝင်တဲ့ လုပ်နည်း၊ အသုံးပြုနည်းတွေပဲ ဖြစ်ပါတယ်..။ အရင်တုန်းက ပိုစ့်မှာ Windows 7 နှင့် ပြပေးထားတာ ဖြစ်လို့.. အခု Windows 8 နှင့် အသုံးမှာတော့ မတူတဲ့ အပိုင်းလေးတွေ ပါလာပါတယ်..။ မိမိတို့ရဲ့ ဝင်းဒိုးဟာ မူရင်း Original Windows ဟုတ်မဟုတ် သိရအောင် ဒီလင့်ကပိုစ့်မှာ ကြည့်နည်း၊ စမ်းစစ်နည်းတွေ တင်ပေးထားခဲ့ပြီး ဖြစ်တယ်..။ နောက်တခုကတော့ System Image Backup Files ကို မိမိတို့ ကိုယ်တိုင် ဖန်တီးသိမ်းယူတတ်အောင် ဒီလင့်ကပိုစ့်မှာ ပြပေးထားခဲ့ပြီ။ Windows 8 မှာ ဆိုရင်တော့ Control Panel >> Windows 7 Files Recovery နေရာကနေ System Image Backup Files ကို သိမ်းယူရမှာ ဖြစ်ပါတယ်..။
Windows 7 နှင့် Windows 8 တွေမှာ အဝင်တစ်ချက် မတူတာက လွဲလို့ နောက်ပိုင်း လုပ်နည်းတွေက အတူတူပါပဲ..။ အရင်ပိုစ့်တွေမှာ Windows 7 နှင့် လုပ်ပြပေးထားတာ ဖြစ်ပြီး Bios Setting (Boot Menu) ကို ဝင်ရတဲ့ F2, F12, Esc စတဲ့ကီးတွေနဲ့ အလွယ်တကူ ဝင်နိုင်ပါတယ်..။ အခုနောက်ပိုင်း Windows 8 ပေါ်ပြီးမှ ထွက်လာတဲ့ စက်အသစ်တွေကတော့ Bios Setting (Boot Menu) ကို အဲ့ဒီကီးတွေနဲ့ ဝင်လို့ မရတတ်တော့ပါဘူး..။ တချို့စက်တွေမှာ Del (or) Esc ကီးတွေနဲ့ မိတတ်ပေမယ့်၊ တချို့စက်တွေမှာကျ ဘာကီးမှကို နှိပ်လို့ မရပြန်ဘူး..။ အဲ့လိုဖြစ်နေတဲ့ စက်မှာဆိုရင်တော့ Bootable ဖြစ်တဲ့ USB တပ်ထားပြီးမှသာ Bios Setting (Boot Menu) ကို ဝင်လို့ရတာလည်း ဖြစ်ဖူးပါတယ်..။ ဒါကြောင့် လိုလိုမယ်မယ် မိမိတို့မှာ Windows 8 နဲ့ ဝင်းဒိုးတင်လို့ ရတဲ့ USB and DVD တွေလည်း ရှိထားဖို့ လိုအပ်ပြန်ပါတယ်..။
အခုဒီပိုစ့်က လုပ်နည်းလေးကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ စက်ကို မူရင်း ဝင်းဒိုးရော၊ အရင်သိမ်းပေး ထားခဲ့ဖူးတဲ့ Backup နဲ့ပါ ပြန်ပြီး Restore လုပ်ပေးတဲ့အခါတုန်းက ရိုက်ယူထားတဲ့ ပုံတွေနှင့် ပြပေးလိုက်ခြင်း ဖြစ်ပါတယ်..။ လုပ်နည်းတွေကို အောက်မှာ ဆက်ကြည့်ပေးပါ..။

Windows ထဲမှာပါတဲ့ Burn to Disc တူးလေးဖြင့် CD/DVD အခွေကူးယူနည်း

 ဒီတစ်ခေါက်မှာတော့ ကျနော်တို့ Windows တွေဘက် ပြန်လှည့်ကြည့်ရအောင်..။ ဝင်းဒိုးတွေရဲ့ အသုံးဝင်ပုံတွေနဲ့ ပါတ်သက်လို့ ကျနော်တင်ပေးဖို့ ကျန်နေသေးတဲ့ လုပ်နည်းလေးတွေနဲ့ အသုံးပြုပုံလေးတွေကို ပိုစ့်လေးတွေ တစ်ခုစီအဖြစ် ဖန်တီးပြီး တင်ပြပေးလိုက်ပါတယ်..။ ဒီပိုစ့်မှာတော့ မည်သည့် Burning ဆော့ဝဲလ်မှ မလိုပဲ မိမိတို့ရဲ့ ဝင်းဒိုးထဲက Tool လေးတစ်ခုဖြစ်တဲ့ Burn to Disc တူးလေးနဲ့ မိမိတို့ရဲ့ ဓါတ်ပုံတွေ Video တွေကို CD/DVD အတွင်း Burn ပြီး ထည့်သွင်း သိမ်းထားနိုင်မယ့် နည်းလမ်းကောင်းလေးပဲ ဖြစ်ပါတယ်..။ တချို့ကလည်း ဝင်းဒိုးထဲမှာ ဒီ Burn to Disc တူးလေး ပါမှန်း မသိတော့ Nero Burning ဆော့ဝဲလ်ကပဲ ပိုကောင်းသလိုလို၊ တခြား ဆော့ဝဲလ်တွေကပဲ ပိုကောင်း သလိုလို စသဖြင့် အမျိုးမျိုးပြောကြတဲ့ လူတွေလည်း တွေ့ဖူးပါတယ်..။ အဲ့ဒီဆော့ဝဲလ်တွေမှာ အထူးပြုလုပ်ချက် Advanced Features တွေပါတာ မှန်ပေမယ့်.. ရိုးရိုး အခွေကူးယူရုံလောက် ဆိုရင်တော့ ဘာဆော့ဝဲလ်မှ သုံးဖို့မလိုပဲ ဒီ Burn to Disc တူးလေးနဲ့ အလွယ်တကူ အခွေ Burn နိုင်ပါတယ်..။ 
ဒီပိုစ့်မှ အသုံးပြုနည်းကတော့ အရင်တစ်ပါတ်က သူငယ်ချင်းတစ်ယောက်က သူ့အတွက် တန်းဖိုးရှိတဲ့ ဓါတ်ပုံတွေကို DVD တချပ်မှာ ထည့်ပြီး သူ့မိသားစုဆီကို ပို့ပေးချင်တာကြောင့်.. ကျနော့်ဆီမှာ Laptop နဲ့ DVD ယူလာပြီး ကျနော်လုပ်ပေးလိုက်လို့ အဆင်ပြေသွားတဲ့ လုပ်နည်းလေးပဲ ဖြစ်ပါတယ်..။ ဒီလိုလွယ်ကူတဲ့ နည်းတွေကို ကျနော့် Blog မှာ နေ့စဉ်လာရောက် လေ့လာနေတဲ့ မိတ်ဆွေများလည်း လုပ်တတ်၊ ကိုင်တတ် ရှိအောင် ပုံတွေနဲ့ ရိုက်ယူပြီး ဒီနေ့တော့ ပိုစ့်တစ်ခုအဖြစ် တင်ပေးလိုက်ပါပြီ..။ အရင်တုန်းကလည်း CD/DVD ဘယ်လို Burn မလဲ (ခွေကူးနည်း လမ်းညွှန်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပိုစ့်တစ်ခု တင်ပေးခဲ့ဖူးပါတယ်..။ အဲ့ဒီပိုစ့်မှာတော့ Nero ဆော့ဝဲလ်နဲ့ Ashampoo ဆော့ဝဲလ်တွေကို အသုံးပြုပြီး အခွေ Burn ပြပေးထားတာ ဖြစ်ပါတယ်..။ ဒီပိုစ့်က Burn to Disc တူးနဲ့ Burn လိုက်ပြီးသား CD/DVD ခွေတွေ အတွင်းမှ ဓါတ်ပုံနှင့် video များကို၊ မိမိတို့ရဲ့ TV နဲ့ ရုပ်ရှင်ဖွင့်ကြည့်လို့ ရတဲ့ DVD Player တွေနဲ့ပါ ပြန်လည် ဖွင့်ကြည့်နိုင်မှာပဲ ဖြစ်ပါတယ်..။ ဒါပေမယ့် DVD Player တွေက JPEG / PNG / MP3 / MP4 နှင့် တခြား Flv လို ဖေါ်မတ်တွေကို Support လုပ်တဲ့ စက်တွေ ဖြစ်ဖို့တော့ လိုပါတယ်..။ အဲလို Support ဖြစ်တယ်ဆိုရင်တော့ အခု ဒီပိုစ့်က နည်းနဲ့ Burn လိုက်တဲ့ အခွေတွေကို အလွယ်တကူ ဖွင့်ပြပေးနိုင်ပါလိမ့်မယ်..။

iPhone / iPad အသုံးပြုနည်းများ

 iPhone နဲ့ iPad တွေမှာ အသုံးဝင်ပုံခြင်း တူညီပါတယ်..။ ဒီပိုစ့်မှာ iDevices တွေကို စတင် အသုံးပြုခါစ သူများအတွက် အဆင်ပြေစေမယ့်၊ အလွယ်တကူ အသုံးပြုတတ်အောင်၊ Setting ထဲမှာ ဝင်ရောက် ပြောင်းလဲတတ်အောင် အသုံးဝင်တာလေးတွေ အနည်းကို ဖေါ်ပြပေးလိုက်ပါတယ်..။ Setting ထဲမှာ ဝင်ရောက် ပြောင်းလဲတာတွေကတော့ မှားလဲ ဘာမှ မဖြစ်နိုင်ပါဘူး..။ မိမိတို့ လိုချင်တဲ့ ပုံစံလေးတွေ ရအောင် ဒီလို ဝင်ပြီး ဒီလို ပြောင်းလိုက်ရင် ရတယ်ဆိုတာ သိထားရင် iDevices တွေကို အသုံးပြုရ အဆင်ပြေ လွယ်ကူစေမှာပဲ ဖြစ်ပါတယ်..။ iDevices တွေ ဈေးကြီးလွန်းတာကြောင့် လူများစုက ရှိန်နေကြတာ ဖြစ်ပြီး တကယ်တမ်း လေ့လာရင် ခဏလေးနဲ့ လုပ်တတ်ပါလိမ့်မယ်..။
iDevices များကို စတင်သုံးခါစသူများနဲ့ iDevices အသုံးပြုသူများ အကြိုက်တွေ့တဲ့ AssistiveTouch လို့ ခေါ်တဲ့ တူးလေးကတော့ ခဏခဏ ပျောက်သွားတတ်ပါတယ်..။ အောက်ကပုံမှာ ပြထားတဲ့ အဝိုင်းလုံးလေးပါ..။ iDevices တွေရဲ့ ဖန်သားပြင်ပေါ်မှာ မိမိတို့ လိုတဲ့ နေရာကို ဆွဲယူပို့ထားလို့ရပြီး ၎င်းပေါ်မှာ တောက်လိုက်ရင်တော့  Home, Device, Voice Control and more.. စတဲ့ Functions တွေပါပြီး.. ဒီ  AssistiveTouch တူးလေးကို ပျောက်သွားတဲ့ အခါ Setting ထဲကနေ အောက်ဆုံးပုံလေးတွေ အတိုင်း ဝင်ရောက်ပြီး ON ပေးလိုက်ရင် ပြန်ပေါ်လာပါလိမ့်မယ်..။ iDevices တွေမှာ Back မျှားမပါတဲ့အတွက် နောက်ပြန်ဆုတ်လိုတဲ့အခါနဲ့ Home သို့မဟုတ် တခြား အခန်းတွေကို ကျော်သွားလိုတဲ့အခါမှာတော့ ဒီ AssistiveTouch တူးလေးက အတော်လေး အသုံးဝင် အဆင်ပြေစေပါတယ်..။

iCloud (or) Apple ID အကောင့် Free ဖွင့်နည်း

 Apple ထုတ်ကုန်တွေမှာ iCloud ရဲ့ အသုံးဝင်ပုံလေးတွေကို ဆက်လက် ဖေါ်ပြပေးချင်ပါသေးတယ်..။ iDevices တွေကို မြန်မာပြည်သားများ အသုံးပြု နည်းနေသေးပေမယ့် လက်ရှိအသုံးပြုနေတဲ့သူ အများစု ကလည်း iDevices တွေအကြောင်း ကောင်းကောင်း မသိသေးတာရယ်၊ သိပ်လည်း အသုံးမပြုတတ်ကြသေးတာကြောင့် ဒီအသုံးပြုနည်းတွေကို ပိုစ့်တစ်ခုအဖြစ် တင်ပေးလိုက်ရပါတယ်..။ လက်ရှိအချိန်ထိ Apple ထုတ်တွေကို ဝယ်ကိုင်နိုင်သော်လည်း iCloud အကောင့်တစ်ခု ရဖို့ကို အခကြေးငွေပေးပြီး ဖွင့်ခိုင်းနေကြတာ တွေ့နေရတဲ့အတွက်.. ဒီလိုလွယ်ကူတဲ့ နည်းလေးတွေကို အလွယ်တကူ လုပ်တတ်အောင် ၊ iCloud အကောင့်တွေ ဖွင့်တတ်အောင် ဒီပိုစ့်မှာ ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပါတယ်..။ 
iCloud ဆိုတာက Apple ထုတ်တွေရဲ့ လုံခြုံရေးလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး..။ ဥပမာ မိမိမှာ iPhone တစ်လုံးရှိပြီး အကြောင်းတခုခုကြောင့် ပျောက်သွားတယ်ဆိုရင်တောင်.. ဒီ iCloud အကောင့်နဲ့ မိမိဆီ ဖုန်းပြန်ရောက်လာအောင် ဆက်သွယ်နိုင်ပါလိမ့်မယ်..။ iPhone ရဲ့ SIM ကတ်နဲ့ အမြဲတမ်း အင်တာနက် ဖွင့်ထားဖို့တော့ လိုပါတယ်..။ နောက်ဆုံး မိမိဆီ ဖုန်းပြန်မရောက်လာရင်တောင်မှ အဲ့ဒီ iPhone ကို ဘာမှအသုံးပြုလို့ မရအောင် Lost Mode and Erase Mode တွေနဲ့ ထိန်းချုပ် ဖျက်ဆီးပစ်လိုက်လို့ ရပါတယ်..။ ယနေ့အချိန်ထိ iCloud ရဲ့ လုံခြုံရေး (Security) ကို ဖျက်စီးနိုင်တဲ့ ဆော့ဝဲလ်တွေနဲ့ ဟတ်ကာတွေ မထွက်ပေါ်လာသေးပါဘူး.. (နောက်ပိုင်းတော့ ပေါ်ကောင်းပေါ်လာပါလိမ့်မယ်)။ ဒါကြောင့် Apple ထုတ်ကုန်တွေ ဝယ်သုံးနိုင်တဲ့သူများကတော့ ဒီ iCloud အကောင့်ကို မဖြစ်မနေ လုပ်ထားရမှာပါ..။ နောက်တစ်ခုကတော့ iCloud ရဲ့ Find my iPhone ကို အလွယ်တကူ ပိတ်လို့မရအောင် Pass Code (or) လက်ဗွေ နဲ့ ဖုန်းအဖွင့်မှာ ပိတ်ခံထားဖို့လည်း လိုပါတယ်..။

iDevices များ မြန်မာစာ ထည့်နည်း - iPhone 4 iOS 6.1 ကို Jailbreak ဖေါက်ပြီး မြန်မာစာ ထည့်နည်း

 Apple ထုတ်ကုန်တွေ ဖြစ်တဲ့ iDevices များကို Jailbreak ဖေါက်ပြီး မြန်မာစာ ထည့်တတ်အောင် လုပ်နည်းတွေ ဖေါ်ပြပေးဖို့ အခွင့်ကြုံလာခဲ့ပြီ..။ ကျန်ခဲ့တဲ့ တစ်လလောက်က ကျနော့်ဆီကို အသိတစ်ယောက်က iPhone 4 တစ်လုံး မြန်မာစာ ထည့်ပေးဖို့ တောင်းဆိုလာပါတယ်..။ အေးအေးဆေးဆေး ထားခဲ့ရင် လုပ်ပေးနိုင်ပါတယ် ဆိုတာကြောင့် သူကလည်း ထားခဲ့တာ အခုချိန်ထိကို လာမယူသေးဘူး..။ ကျနော်လည်း အခွင့်ကြုံတုန်း နေ့တိုင်းလိုလို iPhone 4 ကို ကလိတော့တာပဲ..။ စာတွေလည်း အများကြီး ဖတ်ဖြစ်တယ်..။ jailbreak ဖေါက်တဲ့ လုပ်နည်းတွေနဲ့ ဆော့ဝဲလ်တွေနဲ့ အတော်လေးကို စုံသွားပြီ..။ နောက်ဆုံးမှပဲ ဒီနေ့တင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေးနဲ့ jailbreak ဖေါက်လို့ အဆင်ပြေသွားပါတယ်..။ 
တခြားဆော့ဝဲလ်တွေဖြစ်တဲ့ Redsnow လိုဆော့ဝဲလ်တွေနဲ့ မရတာက ဒီ iPhone မှာ Lock ချထားတယ်..။ ဒါလည်း နောက်ဆုံး မြန်မာစာ ထည့်လို့ ရပြီးမှ သိရတာ..။ Password မဟုတ်ပဲ lock ဖြစ်နေတယ်..။ ပါတ်စ်ဝါဒ့်က အဖွင့်မှာ ရိုက်ထည့်ရတဲ့ iDevices တွေ အခေါ် Pass code ။ Lock ကျတော့ iDevices Firmware တွေကို Restore လုပ်လို့ မရအောင် ဖန်တီးထားတဲ့ System Setting ထဲကကောင်။ အဲ့ဒီမှာ ရွာလည်နေတာ ဆယ်ရက်လောက်ကြာတယ်..။ Redsnow ဆော့ဝဲလ်နဲ့ သူများတွေလုပ်လို့ ရပြီး ကိုယ့်အလှည့်မှ မအောင်တော့ အတော်လေးကို ရွာလည်ပါတယ်..။ lock ချမိထားတဲ့ iDevices တွေမှာ Restore Mode တွေဖြစ်တဲ့ DFU Mode၊ Pwned DFU နဲ့ နောက်တစ်ခုကတော့ iTunes နဲ့ တွဲသုံးရတဲ့ Restore Mode တွေကို ဝင်လို့ ရပေမယ့် အဲ့ဒီ Mode တွေကနေ Restore IPSW Firmware ကို လုံးဝ ထည့်လို့ မရတတ်ပါဘူး..။

Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း

Lenovo A516 Android 4.2.2 ဖုန်းအား Baidu Root APK ဖြင့် Root ဖေါက်ပြီး မြန်မာစာထည့်နည်း
ဒီဆော့ဝဲလ်လေးတွေနဲ့ ဒီပိုစ့်ကို တင်ပေးဖို့ ပုံတွေစုထားတာ အနည်းငယ် ကြာသွားပါပြီ..။ အရင် တစ်လကျော်လောက် ကတည်းက Lenovo Android စမတ်ဖုန်းတွေ ဈေးကျလာတဲ့အတွက် မြန်မာပြည်သားများ အသုံးပြုတာလည်း များလာပါတယ်..။ မြန်မာစာ ထည့်ပေးဖို့.. ဖုန်းအသစ်ဝယ်ပြီးတိုင်း ကျနော့်ဆီကို ရောက်လာတတ်တဲ့သူငယ်ချင်းတွေ ရှိတာကြောင့် ကွန်ပျူတာမလိုပဲ အလွယ်တကူ လုပ်ပေးလို့ ရတဲ့ Root တူး လေးတွေနဲ့ မြန်မာဖေါင့် Zawgyi Changer လေးတွေကို ရှာဖွေ စုဆောင်းထားတဲ့ထဲက ဒီ Lenovo ဖုန်းတွေနဲ့ အဆင်ပြေစေတဲ့ APK လေးတွေကို ဒီပိုစ့်နဲ့ အတူ စုပြီး တင်ပေးလိုက်ပါတယ်..။ Lenovo Android 4.2.2 တွေကို Root ဖေါက်နိုင်တဲ့ APK လေးကတော့ Baidu 2.3.9 တရုတ် Root apk လေးပဲ ဖြစ်ပါတယ်..။ နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ တရုတ်ဘာသာနဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်..။ ကျနော် တရုတ်စာ တတ်လို့ မဟုတ်ပါ..။ ရမ်းနှိပ်ရင်း မှန်သွားလို့၊ ဒီကောင်လေးကို အသုံးပြုတတ်အောင်ပါ နှိပ်ရမယ့် နေရာလေးတွေနဲ့ မြန်မာစာ ထည့်ပေးတဲ့ Zawgyi Installer လေးတွေကိုပါ ထည့်တတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ Lenovo Android 4.2.2 တွေမှာတော့ မြန်မာစာ အားလုံးပေါ်စေတဲ့၊ ကီးဘုတ်ပါ တွဲရက်ပါလာတဲ့ Smart Zawgyi Changer လေးတွေနဲ့သာ အဆင်ပြေပါတယ်..။ တခြား font changer တွေနဲ့ မရပါ။ 
ဒီ Baidu Root apk နဲ့ Smart Zawgyi Changer ကို Lenovo စမတ်ဖုန်း ၅-လုံးလောက်မှာ မြန်မာစာအမှန်ပေါ်အောင် အဆင်ပြေစေခဲ့ပြီ..။ ဒါကြောင့် Lenovo စမတ်ဖုန်းတွေ ဈေးကျလာလို့ အသုံးပြုလိုတဲ့ သူများနဲ့၊ ဖုန်းဆိုင်တွေနဲ့ ဝေးပြီး မြန်မာစာ ထည့်ဖို့ အခက်တွေ့နေတဲ့ သူများအတွက် ကိုယ်တိုင်လုပ်တတ်ပြီး အဆင်ပြေအောင် ဒီနေ့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါပြီ..။ မနေ့ကလည်း Sony xperia Z (Android 4.2.2) စမတ်ဖုန်းတလုံးကို အခုတင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်ပြီး မြန်မာစာ ထည့်ပေးလို့ရပြီ..။ 
တခုသတိပြုရမှာကတော့ ဖုန်းတွေကို Root ဖေါက်တယ်ဆိုတာ ကောင်းတာရှိသလို မကောင်းတဲ့အခါမှာလည်း ဖုန်းပျက်တတ်ပါတယ်..။ ဒါကြောင့် ဒီဆော့ဝဲလ် apk တွေကို အသုံးပြုမယ့် သူများကတော့ ဖုန်းပျက်တဲ့အခါ ကျနော့်ကို အပစ်မတင်ဖို့ ကြိုတင် တောင်းပန်အပ်သည်..။ ဖုန်းပျက်မှာ ကြောက်တဲ့သူများကတော့ Root မဖေါက်ပါနဲ့လို့သာ အကြံပြုရပေတော့မည်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ Baidu Root , Smart Zawgyi Changer (၂-မျိုး) , Root ရမရ စစ်ပေးမယ့် Root Checker Pro စတဲ့ APK လေးတွေ စုထည့်ပေးထားလို့ 7 MB ရှိပါတယ်..။

Windows 8.1 AIO 20in1 with Update x86 en-US (Apr 2014 Update)

 ဒီဝင်းဒိုး 8.1 အခွေလေးက 32-bit ဗါးရှင်းတွေပဲ ပါတဲ့ AIO 20in1 ISO ဖိုင်လေးပဲ ဖြစ်ပါတယ်..။ အပိုင်းတစ်ပိုင်းစီကို 290 MB စီနဲ့ အပိုင်း ၁၀-ပိုင်း ခွဲတင်ပေးထားပါတယ်..။ အပိုင်းအားလုံး ဒေါင်းယူပြီးရင်တော့ အပိုင်းတစ်ကနေ ဖိုင်ဖြည်ချလိုက်ရင် Windows 8.1 20in1 32-bit ISO ဖိုင်ကို ရရှိပါပြီ..။ DVD or USB နဲ့ ဝင်းဒိုးတင်လို့ ရအောင် လုပ်နည်းက မနေ့က ရေးပေးထားတဲ့ Windows 8.1 64-bit ပိုစ့်က လုပ်နည်းအတိုင်းပါပဲ..။ ဒီ 32-bit ဝင်းဒိုးကလည်း ဝင်းဒိုးတင်ပြီးတာနဲ့ Activated ဖြစ်တဲ့ ဝင်းဒိုးဖိုင်လေးပဲ ဖြစ်ပါတယ်..။ ဖိုင်တွေဒေါင်းယူတဲ့အခါမှာလည်း မနေ့က 64-bit ပိုစ့်အတိုင်း Upload ဆိုဒ်တွေမှာ အမှန်ခြစ်လေး ဖြုတ်ပြီးမှ ဒေါင်းယူရင် အဆင်ပြေပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။
Related Posts Plugin for WordPress, Blogger...