Windows 8 မှာ မရှိမဖြစ် ထည့်ပေးရမယ့် Net Framework 3.5 ကို Online-Offline ၂-နည်းဖြင့် Install ထည့်နည်း

ဒီလုပ်နည်းပိုစ့်ကို အရင်တုန်ုးကတည်းက တင်ပေးချင်ပေမယ့် Windows 8 ဘက် မလှည့်ဖြစ်ခဲ့..။ ပြီးခဲ့တဲ့ ရက်က ပိုစ့်တင်ပေးခဲ့တဲ့ DVD 5-disc နဲ့ Windows Image Backup ဖိုင် Restore ထည့်နည်း ပိုစ့်အတွက် ပုံတွေယူတော့မှ.. နောက်မှ တင်ထားတဲ့ Windows 8 က Boot နေရာမှာ ပျောက်သွားပြီး.. မပေါ်တော့မှပဲ ကျနော့်စက်မှာ Windows 8 ပြန်တင်ရင်းနဲ့ ဒီ Net Framework 3.5 ကို Offline/Online နှစ်နည်းစလုံးနဲ့ Install ထည့်တတ်အောင် ပိုစ့်တင်ပေးဖို့ စိတ်ကူး ပြန်ပေါ်ပါတော့တယ်..။ ဒါကြောင့် Windows 8 သုံးသူများအတွက် အင်တာနက် မရရှိတဲ့ နေရာမှာပါ Net Framework 3.5 ကို Offline အနေနဲ့ Install ထည့်သုံးလို့ရအောင် ဒီနေ့ ဒီပိုစ့်ကို တင်ပေးလိုက်ပါတယ်..။ မြန်မာပြည်သားတွေထဲမှာ Windows 8 အသုံးပြုသူ နည်းသေးသည် ထင်ပါသည်..။ ဒီနေ့အထိ ဒီ Net Framework 3.5 ကို Offline Install ထည့်နည်းပိုစ့် တင်ပေးဖို့ တောင်းတဲ့လူ မရှိသေးပါ..။ နောက်ပိုင်းမှာတော့ ဒီလုပ်နည်းက လိုအပ်လာတော့မည်မှာ သေချာပါသည်..။ အခုတော့ ကျနော့်စက်မှာ Windows 8 အသစ်တင်ပြီး၊ Net Framework 3.5 ကို Offline အနေနဲ့ပါ Install ထည့်၊စမ်းသပ်လို့ အဆင်ပြေတဲ့အတွက် ပုံတွေနဲ့ပါ ယူပြီး အောက်မှာ အစအဆုံး ပြပေးလိုက်ပါတယ်..။
ကျနော်တို့ Windows 8 အသုံးပြုသူများအတွက် ဝင်းဒိုးတင်ပြီးတာနဲ့ net framework 3.5 ကို မဖြစ်မနေ Install ထည့်ပေးရပါတယ်..။ အသစ်တင်ပြီးတဲ့ Windows 8 တွေမှာ net framework 3.5 ရှိမှသာ တခြား ဆော့ဝဲလ်တွေကို ကောင်းစွာအသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။  Windows 8 မှာ net framework 3.5 မရှိရင်တော့ တချို့ဆော့ဝဲလ်တွေကို အသုံးပြုလို့ မရနိုင်ပါဘူး..။ net framework 3.5 ကို အင်တာနက် ရှိနေတဲ့ နေရာတွေမှာ ဒေါင်းယူ Install ထည့်ပေးဖို့ လွယ်ကူပေမယ့်၊ အင်တာနက် မရှိတဲ့ နေရာတွေမှာဆိုရင်တော့ အတော်လေး အခက်အခဲဖြစ်ပါတယ်..။ Windows 8 အတွက် net framework 3.5 ကို Install ထည့်လို့ ရတဲ့ နည်းတွေ အတော်များများရှိတဲ့ထဲက ကျနော် စမ်းသုံးလို့ အဆင်ပြေသွားတဲ့ လုပ်နည်း ၂-နည်းကို အခုဒီပိုစ့်မှာ ဖေါ်ပြပေးထားပါတယ်..။ အင်တာနက်မရှိတဲ့ နေရာတွေမှာ net framework 3.5 ကို ဘယ်လို Install ထည့်ရင် ရနိုင်မလဲဆိုတော့.. ပထမတစ်နည်းက Offline အနေနဲ့ Install ထည့်လို့ ရတဲ့နည်း ၂-နည်းထဲက လွယ်ကူတဲ့ နည်းကို ကျနော် ဖေါ်ပြပေးလိုက်ပါတယ်..။ ဒုတိယနည်းကတော့ ဝင်းဒိုးတင်ပြီးပြီးချင်း Windows 8 ရဲ့ Control Panel ထဲမှာ သွားပြောင်းပေးပြီး အင်တာနက်နဲ့ Online Install ထည့်နည်းပဲ ဖြစ်ပါတယ်..။
အခု ဒီပိုစ့်မှာ အရင်လုပ်ပြပေးထားတဲ့ Offline Install ထည့်နည်းကို အသုံးပြုမယ်ဆိုရင်တော့ မိမိတို့ရဲ့ ဝင်းဒိုးတင်ထားခဲ့ပြီးတဲ့ Windows 8 DVD အခွေ လိုအပ်မှာ ဖြစ်ပြီး.. 32-64 bit တွေ ပေါင်းထည့်ထားတဲ့ 2in1 / 4in1 / 8in1 / 16in1 စတဲ့ အခွေတွေနဲ့ အသုံးပြုလို့ မရနိုင်ပါဘူး..။ 32-bit or 64-bit တမျိုးတည်းသာ ထည့်ထားတဲ့၊ မိမိတို့ ဝင်းဒိုးတင်လိုက်တဲ့ Windows 8 DVD အခွေနဲ့သာ အသုံးပြုလို့ အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။ အစအဆုံး လုပ်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ 

 Net Framework 3.5 ကို Offline Install ထည့်နည်းကတော့ အောက်မှာပေးထားတဲ့ CMD ကုဒ်တွေကို မိမိတို့ ဝင်းဒိုးရဲ့ Notepad မှာ copy ကူးထည့်ပြီး .bat ဖိုင်ဖေါ်မတ်နဲ့ အရင်သိမ်းလိုက်ပါ..။ J: နေရာမှာ မိမိတို့စက်ရဲ့ DVD Drive Letter ကို ထည့်ပါ..။

    dism /online /enable-feature /featurename:NetFx3 /All /Source:J:\Sources\sxs /LimitAccess


Net Framework 3.5 မထည့်ရသေးတဲ့ Windows 8 တွေမှာတော့ အပေါ်နဲ့ အောက်ကပုံတွေအတိုင်း ပေါ်လာမှာပါ..။ အင်တာနက်ရှိတဲ့ နေရာမှာဆိုရင်တော့ အောက်ကပုံအတိုင်း Download စာသားနေရာကို ကလစ်ပြီး ဒေါင်းယူ ထည့်ပေးလိုက်ရင် အဆင်ပြေပေမယ့်၊ အင်တာနက်မရှိတဲ့၊ မရတဲ့ နေရာတွေမှာ ဆိုရင်တော့ အခုဒီပိုစ့်မှာ ပြပေးထားတဲ့ နည်းနဲ့မှ အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။ 



Offline နည်းကို အသုံးပြုမယ့် သူများကတော့ မိမိတို့ရဲ့ ဝင်းဒိုး တင်ထားပြီးတဲ့ Windows 8 DVD ကို DVD Drive ထဲထည့်ပါ..။ ပြီးရင်တော့ အပေါ်ကပုံမှာ ပြပေးထားတဲ့အတိုင်း DVD Drive ရဲ့ Letter ကို မှတ်ထားလိုက်ပါ..။ ကျနော့်စက်မှာတော့ အပေါ်ကပုံအတိုင်း J လို့ ပေါ်နေပါတယ်..။
နောက်တဆင့်မှာတော့ Windows 8 မှာ Notepad ကို အလွယ်ဖွင့်လို့ အဆင်ပြေအောင် Windows Logo + R နဲ့ Run ဘောက်စ်ကို ဖွင့်ပြီး အောက်ကပုံအတိုင်း Notepad လို့ ရိုက်ထည့်ပြီး OK / Enter ပေးလိုက်ရင် Notepad ပေါ်လာပါလိမ့်မယ်..။ အဲ့ဒီ Notepad မှာ အပေါ်ကပေးထားတဲ့ CMD ကုဒ်တွေကို ထည့်ပါ..။ ပြီးရင် အောက်ကပုံတွေအတိုင်း .dat ဖေါ်မတ်၊ All File နဲ့ သိမ်းလိုက်ပါ..။ 



အပေါ်ပုံမှာ ပြထားတဲ့ J နေရာကတော့ မိမိတို့စက်ရဲ့ DVD Drive Letter ကို ပြောင်းထည့်ပေးရမယ့် နေရာပဲ ဖြစ်ပါတယ်..။ Letter ကို အကြီးစာလုံးနဲ့ ရေးထည့်ပါ..။ ကျနော့် စက်မှာ ပေါ်တဲ့အတိုင်း လုပ်ပြထားခြင်းပါ..။ ပြီးရင်တော့ အောက်ကပုံတွေအတိုင်း သိမ်းလိုက်ပါ..။



Name နေရာမှာ အပေါ်ကပုံအတိုင်း netframe 3.5.bat နဲ့ All Files ပြောင်းပြီး Desktop မှာ ရွေးပြီး Save ပါ..။ အောက်ကပုံအတိုင်း Desktop မှာ ပေါ်လာရင် ပိတ်ပစ်ပြီး အသုံးပြုလို့ ရပါပြီ..။


ဒီ .bat ဖိုင်လေးကို ဖွင့်ပြီး အသုံးပြုတဲ့အခါမှာတော့ အောက်ကပုံအတိုင်း Right Click >> Run as administrator နဲ့ Run ပေးရမှာပဲ ဖြစ်ပါတယ်..။ မိမိတို့ စက်ထဲမှာ Windows 8 DVD ခွေ ထည့်ထားဖို့ မမေ့ပါနဲ့..။


အပေါ်ကပုံအတိုင်း Run လိုက်ရင်တော့ အောက်ကပုံအတိုင်း CMD ဘောက်စ်လေးနဲ့ ပေါ်လာမှာပဲ ဖြစ်ပြီး အလိုလို Net Framework 3.5 ကို ဝင်းဒိုးအခွေထဲကနေ Install ထည့်ပေးပါလိမ့်မယ်..။ အားလုံးပြီးသွားတဲ့အထိ ထိုင်စောင့်နေလိုက်ပါ..။ ၁၀-မိနစ်လောက် ကြာနိုင်ပါတယ်..။ အဲ့ဒီထက်လည်း ပိုကြာနိုင်ပါတယ်..။





အောက်ကပုံကတော့ ကျနော့်စက်မှာ ခဏလေးပဲ ပေါ်ပြီး ပျောက်သွားတာဖြစ်လို့၊ ပုံရိုက်ယူဖို့ မမှီလိုက်တဲ့အတွက် ကြည့်လို့ အဆင်ပြေစေမယ့် ပုံတပုံကို အင်တာနက်မှာ ရှာယူပြပေးလိုက်ခြင်းပါ..။


အပေါ်ကပုံတွေအတိုင်း အဆင့်ဆင့် Install ထည့်ပြီးလို့ 100% ပြည့်သွားရင်တော့ Successfully စာသားနဲ့အတူ ဒီ CMD ဘောက်စ်လေး ပိတ်သွားပါလိမ့်မယ်..။ ဒါဆိုရင်တော့ မိမိတို့ရဲ့ စက်ကို Restart ပေးပြီး.. အပေါ်ဆုံးမှာ ပြထားတဲ့ Install ထည့်လို့ မရတော့တဲ့ ဆော့ဝဲလ်တွေကို အောက်ကပုံအတိုင်း ကျနော့်စက်မှာ Install ထည့်လို့ ရသွားပါပြီ..။ 



ဒါကတော့ ဝင်ဒိုးအခွေကနေ Offline နဲ့ Install ထည့်နည်းပါ..။ Online နဲ့ Install ထည့်နည်းကို အောက်ကပုံတွေအတိုင်း အဆင့်ဆင့်လုပ်ပေးလိုက်ရင် ရပါပြီ..။
==========       ==========

ကျနော်တို့ Windows 8 မှာ Net Framework 3.5 ကို အင်တာနက်ကနေ Online Install ထည့်မယ်ဆိုရင်တော့ Windows 8 တင်ပြီးပြီးချင်းမှာ အောက်ကပုံလေးတွေအတိုင်း ဆော့ဝဲလ်တွေ မထည့်ခင် လုပ်ပေးလိုက်ရင် အလိုလို လိုင်းပေါ်ကနေ ဒေါင်းယူထည့်ပေးမှာပဲ ဖြစ်ပါတယ်..။
အရင်ဆုံး အောက်ကပုံအတိုင်း Windows 8 ရဲ့ အေက်ဆုံး ဘယ်ဘက်ထောင့်နေရာမှာ Right Click ထောက်ပြီး Control Panel ကို ဖွင့်ပါ..။ 


ပြီးရင်တော့ Programs ကို ဆက်ဖွင့်ပါ..။


အောက်ကပုံလေး ၂-ပုံအတိုင်း Turn Windows features on or off စာသားပါတဲ့ နေရာကို ရှာပြီး ဝင်သွားလိုက်ပါ..။



အေက်ကပုံအတိုင်း Net Framework 3.5 စာသားပါတဲ့ နေရာမှာ စာကြောင်းမှာ အမှန်ထည့်ပေးပြီး OK ပေးလိုက်ပါ..။


နောက်တဆင့်မှာတော့ အောက်ကပုံအတိုင်း Download စာသားပါတဲ့ နေရာကို ဆက်ကလစ်ပေးလိုက်ရင် အင်တာနက်ကနေ ဒီ Net Framework 3.5 ဖိုင်ကို ရှာပြီး ဒေါင်းယူ Install ထည့်ပေးပါလိမ့်မယ်..။ 





အပေါ်ကပုံအတိုင်း Completed စာသားလေးနဲ့ ပေါ်လာရင်တော့ Close ပေးပြီး မိမိတို့ရဲ့ Windows 8 ကို အောက်ကပုံအတိုင်း Restart ပေးလိုက်လို့ ရသွားပါပြီ..။ 


Net Framework 3.5 ကို Offline နဲ့ပဲ ဖြစ်ဖြစ်၊ Online နဲ့ပဲဖြစ်ဖြစ် Windows 8 တွေမှာ ထည့်ပေးမှသာ တခြား ဆော့ဝဲလ်တွေကို ကောင်းစွာ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီပိုစ့်အတွက် E-လို ဆက်လက် လေ့လာလိုတဲ့သူများကတော့ ဒီအောက်ကလင့်ကနေ မူရင်း Microsoft ဆိုဒ်မှာ Offline/Online နည်း၂-မျိုးစလုံးကို သွားရောက် ဖတ်ရှုလေ့လာနိုင်ပါတယ်..။ အားလုံးပဲ Windows 8 နဲ့ အဆင်ပြေကြပါစေဗျာ..။

6 comments:

  1. very nice post,thank you very much and I saved as pdf.........................

    ReplyDelete
  2. ကျေးဇူးပါအကို ဒါပေမြဲု့မန်မာပြည်မှာpng ပုံနဲ့မမြင်ရဘူး ဖြစ်နိုင်ရင်ပုံကို jpg နဲ့ တင်ပေးစေချင်တယ်

    ReplyDelete
  3. ဝင်ရောက်လေ့လာသွားပါတယ်..။ ဒီပို့စ်လေးကို PDF ဖိုင်လေးနဲ့သိမ်းယူထားလိုက်ပါတယ်.။

    ReplyDelete
  4. ကျေးဇူး အထူးတင်ပါတယ်အစ်ကို အစ်ကိုတို့လို ပိုက်ဆံတစ်ပြားတစ်ကျပ်မှ မရဘဲ စေတနာအရလုပ်နေတဲ့ blogger တွေရဲ့ စေတနာကြောင့် ကျွန်တော်တို့ user တွေအတွက် အရာရာအဆင်ပြေပါတယ် ကျေးဇူးအထူးပါအစ်ကို

    ReplyDelete
  5. windows 7 windows xp အတွက်ကောရှိလာခင်ဗျ
    ရှိရင်တင်ပေးစေချင်ပါတယ်ကျွန်တော်က windows 7 user သမားမို့ပါ ကျေးဇူးတင်ပါတယ်ခင်ဗျားးးး

    ReplyDelete
  6. အကိုတင်သမျှတွေကို အရမ်းကြိုက်တယ် ကျန်တော်တို့လို ကွန်ပျူတာစလေ့လာခါစသူလေးတွေအတွက်လဲ အရမ်းအထောက်ကူပြုပါတယ်ဗျာ ဒီလိုစိတ်ရှေလက်ရှည်ရေးပြီး စေတနာအပြည်ဝနဲ့တင်ပေးတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ်ဗျာ့ အကိုဆိုဒ်မှ တင်ပေးထားတာတွေ ဖက်လိုက်တော့ သိချင်တာတွေလဲသိသွားပါပြီ အကို့ဆိုဒ်ကိုသာဝင်မဖက်လိုက်ရင် ဘာမှသိမှတက်မှာမဟုတ်တော့ဘူး အခုတော့အေးဆေးဖြစ်သွားပြီ ကျန်တော်ကြိုက်နှစ်သက်တဲ့ စားသားနှင့်ပုံများကိုလဲ pdf file အဖြစ်ကူးယူသွားပါပြီ နောင်လဲများများတင်ပေးပါနော် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ kyawayekyaw

    ReplyDelete

Related Posts Plugin for WordPress, Blogger...