Computer မှာ Android ဖုန်းတွေ အလုပ်လုပ်နိုင်အောင် USB Driver ထည့်နည်း

27 Oct 13, 03:57 PM
မိုးထက်: android ဖုန်း Driver ကိုဘယ်လိုကြည့်လဲခင်ဗျာ မကြည့်တတ်လို့ကူညီပေးပါနော် အကို စောင့်မျှော်နေပါတယ် အကို
27 Oct 13, 04:03 PM
မိုးထက်: root ချလျှင် driver ကိုသိရမယ်ဆိုလို့ပါ ဘယ်လိုကြည့်ရမလဲဆိုတာသင်ပေးပါနော်အကို
ကျနော် Android စမတ်ဖုန်းတွေကို လေ့လာဖြစ်တာ သိပ်မကြာသေးပါဘူး..။ ဒါကြောင့်ဒီပိုစ့်မှာ ဒီနေ့ထိ ကျနော် သိသလောက်ကို Android ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်နိုင်ဖို့အတွက် Android Driver တွေရှာယူတတ်အောင် ပြန်လည်မျှဝေပေးထားခြင်းသာ ဖြစ်ပါတယ်..။ မေးလာတဲ့လူနဲ့ ကြုံတုန်း ပိုစ့်တင်ပေးဖြစ်သွားတာ ဖြစ်လို့ တခြား လိုအပ်တဲ့ အစိတ်ပိုင်းတွေကိုတော့ စာဖတ်သူများထဲက ပိုသိတဲ့သူများက Comments တွေမှာ အသိပညာ၊ အတတ်ပညာတွေ ပြန်လည် မျှဝေပေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..။ တောင်းဆိုပါတယ်..။ နောက်ပိုင်းဒီလိုမေးခွန်းတွေကို မေးလာတဲ့သူများ ရှိလာအုန်းမှာ ဖြစ်တဲ့အတွက်.. ပြန်ရှာပြရလွယ်အောင်၊ ဒီလို ကွန်ပျူတာအတွက် Android Drivers တွေ ရှာယူတတ်အောင် ပိုစ့်တခုအနေနဲ့ တင်ပေးလိုက်ခြင်းပါ..။
Android ဖုန်းနဲ့ ကွန်ပျူတာကို တွဲသုံးတော့မယ် ဆိုရင်တော့.. အခုမှစပြီး အသုံးပြုမယ့်သူတိုင်း သိထားသင့်တဲ့မေးခွန်းရဲ့ အဖြေလေးပါ..။ ကွန်ပျူတာမှာ Android ဖုန်းတွေရဲ့ Driver ကိုသိဖို့အတွက် Drivers ဆော့ဝဲလ်တွေ အများကြီးရှိပါတယ်..။ ဒီပိုစ့်မှာ ကျနော် ဒေါင်းယူလို့ ရအောင် ပြပေးထားတဲ့ Android Drivers တွေကတော့.. Android SDK Manager ၊ PdaNet ၊ Intel Android Drivers တွေပဲ ဖြစ်ပါတယ်..။ နောက်ထပ် ကျနော် မသုံးဖူးသေးတဲ့၊ မသိသေးတဲ့ Android Drivers တွေ အများကြီးရှိပါသေးတယ်..။ မိမိတို့စက်နဲ့ အဆင်ပြေစေမယ့် Android USB Drivers ကိုရွေးပြီး Install ထည့်ပေးရင်ရပါပြီ..။ တခုထည့်ကြည့်လို့ အဆင်မပြေရင် နောက်တခု ထပ်ထည့်ပါ..။ နောက်ပိုင်းမှာလည်း Android ဗါးရှင်းအသစ်တွေ ထပ်ပေါ်လာတိုင်း Driver အသစ်တွေလည်း ထပ်ပေါ်လာအုန်းမှာပါ..။ နောက်တခုကတော့ ဖုန်းအမျိုးအစားအလိုက် ကွန်ပျူတာနဲ့တွဲသုံးတဲ့ ဖုန်းတွေရဲ့ ဆော့ဝဲလ်တွေဖြစ်တဲ့ ဥပမာ - Samsung ဆိုရင်လည်း Samsung Kies တို့လို ၊ Sony Xperia ဆိုရင်လည်း Sony PC Companion တို့လို ဖုန်းနဲ့သက်ဆိုင်တဲ့ ဆော့ဝဲလ်တွေကိုလည်း.. ဖုန်းနဲ့ PC တွဲပြီး အသုံးပြုတော့မယ်ဆိုရင် အင်တာနက်နဲ့ချိတ်ထားပြီး ၎င်းဆော့ဝဲလ်တွေကို Installation Finish ဖြစ်သွားတဲ့အထိ စောင့်ပြီးထည့်ပေးရမှာပါ..။ ဒါမှသာ Android ဖုန်းကိုကွန်ပျူတာကနေ ကောင်းစွာ အလုပ်လုပ်လို့ရမှာ ဖြစ်ပါတယ်..။ ဒီအောက်က လင့်ကဆိုဒ်တွေမှာ Android Driver ထည့်နည်းတွေကို ပုံလေးတွေနဲ့ ပြပေးထားတာရှိပါတယ်..။ မသိသေးတဲ့ သူများက ဝင်ရောက်လေ့လာကြည့်ပါ..။ 

နောက်တခုကတော့ Android ဖုန်းတလုံးကို မြန်မာစာ ထည့်လို့ရဖို့အတွက်၊ Root ဖေါက်ဖို့ဆိုရင်လည်း ဒီ Android USB Driver တွေ မိမိတို့ရဲ့ စက်ထဲမှာ ရှိမှ ရမှာ ဖြစ်ပါတယ်..။ ဖုန်းတလုံးနဲ့ တလုံး Root ဖေါက်နည်းတွေ ၊ အသုံးပြုတဲ့ ဆော့ဝဲလ်တွေ မတူတဲ့အတွက်.. ရှေ့ကနေ လုပ်နည်းကို ပြပေးမယ့် ဆရာမရှိတဲ့ သူများကတော့ Google မှာ How to Root (ဖုန်း+မော်ဒယ်) နဲ့ တွဲရိုက်ပြီး ရှာကြည့်လိုက်ရင် လုပ်နည်းရော၊ Root ဖေါက်တဲ့ ဆော့ဝဲလ်တွေရော အများကြီး ဒေါင်းယူလို့ ၊ ရှာယူလို့ ရမှာပဲ ဖြစ်ပါတယ်..။ တခြားဆိုဒ်တွေ ၊ Blog တွေ လိုက်မေးနေရင် ကြာပါတယ်..။ Blog ပိုင်ရှင်က သိအုန်းမှ၊ အားအုန်းမှ ပြန်ဖြေပေးနိုင်မှာပါ..။ ပြန်မဖြေပေးနိုင်ရင် မသိလို့ပဲလို့ သဘောထားရမှာ ဖြစ်တဲ့အတွက် စောင့်ရတာ ကြာပါတယ်..။ မိမိတို့ ကိုယ်တိုင်ပဲ Google မှာ စာရိုက်ရှာယူတာ ပိုမြန်ပါတယ်..။ နည်းပညာနဲ့ ပါတ်သက်တာတွေ ၊ ဆော့ဝဲလ်တွေ ၊ လုပ်နည်းတွေ အားလုံး Google ကနေ ရှာယူလို့ ရပါတယ်..။ ဆိုဒ်တွေ တခုပြီးတခု လိုက်ကြည့်ရတယ်၊ ရှာရတယ်၊ စာဖတ်ရတယ်၊ ဒီလောက်တော့ အပင်ပန်းခံ၊ ကြိုးစားမှ နည်းပညာတွေကို ရရှိမှာ ဖြစ်ပါတယ်..။ ကျနော်တို့ ကိုယ်တိုင်လည်း ဒီလိုပဲ ရှာယူနေရတာပါ..။ 

အောက်ကဆိုဒ်တွေမှာတော့ USB Driver ထည့်နည်းတွေကို ပုံလေးတွေနဲ့ ပြပေးထားတာတွေပါ..။



  
PC အတွက် Android Drivers များ အောက်ကလင့်တွေမှာ ဝင်ရောက်ဒေါင်းယူနိုင်ပါသည်..။ 




Android ဖုန်းတွေအတွက် ကွန်ပျူတာမှာ USB Drivers တွေ ထည့်ပြီးရင်တော့.. USB ကြိုးနဲ့ မချိတ်ခင် အရင်ဆုံး ဖုန်းတွေမှာ အောက်က Android ဗါးရှင်းအလိုက် ပုံလေးတွေအတိုင်း Settings > Developer options > USB Debugging မှာ အမှန်ခြစ်လေး ထည့်ပေးပြီးမှ ကွန်ပျူတာနဲ့ ချိတ်ရမှာ ဖြစ်ပါတယ်.. နောက်တခုကတော့ Setting > Security > Unknown Sources မှာ အမှန်ခြစ်တပ်ပေးထားပါ..။ 




ကွန်ပျူတာမှာလည်း Android ဖုန်းနဲ့ USB ချိတ်လိုက်တာနဲ့ အောက်ကပုံလေးတွေအတိုင်း Driver သိတာနဲ့ ပေါ်လာမှာ ဖြစ်ပြီး ၊ မိမိတို့ လုပ်ချင်တဲ့ အလုပ်တွေ ဆက်လုပ်လို့ ရသွားမှာပဲ ဖြစ်ပါတယ်..။



အောက်ဆုံးပုံကတော့ နမူနာပြပေးထားတဲ့ Sony နဲ့ ချိတ်ပြပေးထားတာဖြစ်ပြီး Driver သိရင်တော့ အောက်ကပုံအတိုင်း ပေါ်နေမှာ ဖြစ်ပြီး၊ Driver မသိ၊ မရှိရင်တော့ ကြတ်ခြေခတ်နဲ့ ပြနေမှာပါ..။


ဒီလောက်ဆိုရင်တော့ ကွန်ပျူတာနဲ့ Android ဖုန်းတွေကို USB ကြိုးနဲ့ ချိတ်ဆက်ပြီး အသုံးပြုလို့ အဆင်ပြေလောက်ပါပြီ..။ နောက်ပိုင်းမှာလည်း ကြာလာတာနဲ့အမျှ ဖုန်းနဲ့ ပါတ်သက်တာတွေကို ပိုသိလာရင်၊ ပိုကောင်းတဲ့နည်းတွေ ရရှိလာခဲ့ရင် ပိုစ့်တွေ အဖြစ် အားလုံး အသုံးပြုတတ်အောင် ထပ်တင်ပေးပါအုန်းမည်..။ အားလုံးပဲ အဆင်ပြေပါစေ..။

5 comments:

  1. အကိုလွင် ဒေါင်းသွားပါတယ်...။နည်းပညာတစ်ခု တိုးသွားတာပေါ့..။ ကျေးဇူးပါဆရာ...။

    ReplyDelete

Related Posts Plugin for WordPress, Blogger...