
Skype 6.9.73.106 Final နောက်ဆုံးထွက် Update လေးပါ..။ Video Call / Voice Call နဲ့ Chatting တွေပါ အဆင်ပြေလို့ လူသုံးများ၊ လူကြိုက်များတဲ့ ဖရီးဆော့ဝဲလ်လေး တစ်ခုပါပဲ..။ ပိုပြီးလူကြိုက်များစေတဲ့ အချက်ကတော့ ကွန်ပျူတာကနေ (သို့မဟုတ်) ဖုန်းအချင်းချင်း ၊ WIFI သုံးလို့ရတဲ့ ဖုန်းတွေနဲ့ပါ Skype အကောင့်ရှိယုံနဲ့ ဆက်သွယ်လို့ရတဲ့အတွက်၊ Chat လို့ရတဲ့အတွက် သုံးဖူးသူတိုင်း ကြိုက်ကြပါတယ်..။ Skype အကောင့် ဖွင့်တတ်အောင်နဲ့ မြန်မာစာ ရေးလို့ရအောင် ဖေါင့်ပြောင်းပေးရမယ့် နေရာတွေကို အရင်ပိုစ့်တခုမှာ ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပါတယ်..။ Skype အကောင့် မဖွင့်တတ်သေးသူများနဲ့ မြန်မာစာပေါ်အောင် မလုပ်တတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ ဒီနောက်ဆုံးထွက် Skype ဗါးရှင်းကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 31 MB ရှိပါတယ်..။
hello bro ;;;;
ReplyDeleteBro ကျနော် ဒီ blog တွေထဲ က software တွေ download လုပ်ရင် virus ကိုက်နိုင်ပါလား
ReplyDeleteဒါလေးသိချင်ပါတယ်အကို
လေးစားလျက်ပါးးးးးး
Antivirus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကာကွယ်တဲ့ ဆော့ဝဲလ်တွေကို စက်ထဲမှာ Install ထည့်ထားပြီး နေ့စဉ် Update လုပ်ပေးထားရင် ၈၀% တော့ ဗိုင်းရပ်စ်ရန်က ကာကွယ်ပြီးသား ဖြစ်ပါတယ်..။
DeleteWindow update လုပ်ရင် ဘယ်လို ပြသာနာတွေဖြစ်တတ်ပါသလဲအကို
ReplyDeleteကျနော့ စက်က update လုပ်လိုက်တာ
စက်ဖွင့်တဲ့အချိန် တော်တော် ကြာနေတယ်ဗျ
အဲဒါဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲ
လေးစားလျက်ပါအကို
Original ဝင်းဒိုးမဟုတ်ရင်၊ ဝင်းဒိုး Update ပိတ်ထားတာ ပိုကောင်းပါတယ်..။ ကော်ပီဝင်းဒိုးတွေကို Update လုပ်မိတဲ့ စက်တွေမှာ System ပိုင်းတွေ လေးသွားလို့ အမြဲတမ်း စက်အဖွင့်၊အပိတ် ကြာသွားပါတယ်..။ ဝင်းဒိုး Update တွေ ပြန်ဖြုတ်လိုရင်တော့ System Restore နဲ့ ဝင်းဒိုးကို နောက်ပြန်သွားလိုက်ရင် အဆင်ပြေပါတယ်..။
Delete