ကျနော်တို့ ကွန်ပျူတာထဲက အမှိုက်တွေကို ရှင်းတဲ့နည်းလမ်းတွေ အများကြီးထဲက ဒီတစ်နည်းကို အရင်ဖော်ပြလိုက်ပါတယ်..။ နေ့စဉ် မိမိတို့ ကွန်ပျူတာကို ဖွင့်သုံးနေသမျှ ကွန်ပျူတာထဲမှာ အမှိုက်တွေကလည်း များလာပါတယ်..။ ကြာလာတာနဲ့အမျှ အမှိုက်တွေများလာတော့ စက်က လေးလာပါတယ်..။ ဗိုင်းရပ်စ်ကြောင့်မဟုတ်ပဲ အမှိုက်ကြောင့်လည်း စက်လေးတတ်ပါတယ်..။ ဒါကြောင့် အမှိုက်တွေ နေ့စဉ်ရှင်းပေးသင့်ပါတယ်..။ နေ့စဉ် မလုပ်နိုင်ရင်တောင် တစ်ပါတ်တစ်ခါ၊ နှစ်ခါတော့ ပုံမှန်ရှင်းပေးသင့်ပါတယ်..။
Desktop မှာအမှိုက်ပုံးပျောက်တဲ့အခါ
Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးက တခါတလေ Desktop မှာပျောက်တတ်ပါတယ်..။ Desktop ပေါ်က Icon တွေဖျက်ရင်းနဲ့ ပါသွားတတ်ပါတယ်..။ နောက်တစ်ခုက Windows7 အသစ်တင်တဲ့အခါ အမှိုက်ပုံးပါမလာတာ ကြုံဖူးပါတယ်..။ ဘယ်ဗားရှင်းလဲဆိုတာတော့ သေချာမမှတ်မိတော့ဘူး..။ Windows7 Home Premium ဖြစ်ဖို့များတယ်..။ အခုဒီနည်းလေးနဲ့ ပဲရှာတွေ့ခဲ့တယ်..။ ဒါကြောင့် လိုလိုမယ်မယ် အမှိုက်ပုံးပျောက်တဲ့သူတွေ ပြန်ရှာတွေ့အောင်လို့ တင်ပေးလိုက်တာပါ..။ နောက် သူငယ်ချင်းတစ်ယောက်ရဲ့ စက်မှာလည်း လိုက်ရှာပေးဖူးတယ်..။ အဲတုန်းကလည်း တခါမှ မကြုံဖူးသေးတော့ တော်တော်လေးရှာလိုက်ရတယ်..။ ဝင်းဒိုးလည်း မတင်တတ်သေးတော့ အတွေ့အကြုံလည်းမရှိသေး.. ဝင်းဒိုးထဲက စာတွေအများကြီး ဖတ်လိုက်ရတယ်..။ တော်တော်ကြာမှ လုပ်နည်းကိုသွားတွေ့တယ်..။
Computer ကိုပိုမြန်စေမယ့် Advanced system settings
ကျနော်တို့ရဲ့ ကွန်ပျူတာကို ပိုမိုမြန်ဆန်စေမယ့် နည်းလမ်းလေး တစ်ခုကတော့ Advanced system settings ထဲမှာ သွားပြီး အနည်းငယ်ပြောင်းလဲ ပေးရပါမယ်..။ မိမိတို့ ကြိုက်နှစ်သက်သလို ပြောင်းရွှေ့ပေးလို့ ရပါတယ်..။ ပုံမှာပြထားတာကတော့ ကျနော့်စိတ်ကြိုက် ပြောင်းထားတာပါ..။
Mozilla ထက်ပိုမြန်တဲ့ Google Chrome (Google Chrome မှာမြန်မာစာပေါ်အောင်လုပ်နည်း)
Google Chrome အသုံးပြုပုံ၊ အသုံးပြုနည်းကို ဝက်ဘ်ဆိုဒ်တော်တော်များမှာ ရေးထားကြတာတွေ့ဖူးပါလိမ့်မယ်..။ ကျနော်ကတော့ ပုံလေးတွေနဲ့ နားလည်လွယ်အောင် ပြန်ရှင်းပြထားတာပါ..။ ကျနော့်သူငယ်ချင်း တစ်ယောက်လည်း မလုပ်တတ်သေးလို့ ဖုန်းဆက်ပြီး ကျနော့်ကို မေးနေတာနဲ့ ဒီနေ့တော့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်..။ google chrome မှာ မြန်မာစာပေါ်အောင်လုပ်လို့ရပေမယ့် တခါတလေ တချို့နေရာတွေမှာ အပြည့်အဝ အလုပ်မလုပ်ပါဘူး..။ လေးထောင့်ကွက်လေးတွေမဟုတ်ရင် ကမောက်ကမ စာလုံးတွေ မြင်ရတဲ့အခါ ရှိပါတယ်..။ နောက်တခါ ပြန်ဝင်ကြည့်ရင်ကောင်းနေပြန်ရော..။
Browser တစ်ခုထဲကနေ Gmail ကိုသုံး၊လေးခု ဖွင့်ချင်တယ်ဆိုရင်
CBOX မှာအကိုတစ်ယောက် တောင်းထားတာတွေ့လို့ ကျနော်သိတာလေး ဖြစ်နေတာနဲ့ တင်ပေးလိုက်တာပါ..။ ကျနော်တို့ Gmail အကောင့် သုံးလေးခုကို Browser တစ်ခုထဲကနေ ဝင်လို့ရမယ့်နည်းလေးပါ..။ သိပ်တော့မခက်ပါဘူး..။ ပုံတွေများပေမယ့် လုပ်ရမယ့်အဆင့်ကတော့ လွယ်လွယ်လေးပါ..။ အောက်မှာပုံလေးတွေ ကြည့်လိုက်ပါဗျာ..
ကျနော်ကတော့ Mozilla Firefox နဲ့တက်ပြထားပါတယ်..
windows7 မှာပါတဲ့ Screen Saver အလန်းလေးတွေ
Windows7 မှာပါတဲ့ Screen Saver လေးတွေကလည်း အတော်လေးလန်းတယ်ဗျ..။ လုပ်ဖူးတဲ့သူတွေတော့ သိပါတယ်..။ မလုပ်တတ်သေးတဲ့ သူများကတော့ ဒီအောက်ကပုံလေးတွေကြည့်ပြီး လိုက်လုပ်ကြည့်လိုက်ဗျာ.. ပုံတွေကို နားလည်လွယ်အောင် ရှင်းပြပေးရင်းနဲ့ နဲနဲတော့ ကြည့်ရတာ ရှုပ်သလိုပဲ..။
Gmail ကနေ Hand Phone ကို Free SMS နဲ့စာပို့နည်း
ဒီတစ်ခါတော့ Gmail ကနေ ဟမ်းဖုန်းကို Free SMS ပို့လို့ရမယ့် နည်းလေးပါ..။ မြန်မာပြည်ကလူတွေအတွက် အတော်လေး အသုံးဝင်ပါတယ်..။ နိုင်ငံခြားမှာရှိနေတဲ့ မိမိတို့ရဲ့ ဆွေမျိုးညီအစ်ကိုမောင်နှမများ ဆီကို Gmail မှ Free SMS နဲ့ အမြန်အကြောင်းကြားလို့ရပါတယ်..။
Graphic မန်မိုရီကို ဘယ်လိုကြည့်မလဲ
ဒီနည်းလေးကတော့ ဘာမှပြောင်းလဲပေးဖို့ မလိုပါဘူး..။ ဗဟုသုတ အနေနဲ့ တင်ပေးလိုက်တာပါ..။ ကျနော်တို့ ကွန်ပျူတာတွေမှာ ဂရပ်ဖစ်မန်မိုရီကလည်း တခန်းပါဝင်ပါတယ်..။ ဘာလို့လဲဆိုတော့ ဂရပ်ဖစ်မရှိရင် Games တွေကစားလို့မရပါဘူး..။ နောက်ပြီး Screen Saver လည်းအလုပ်မလုပ်ပါဘူး..။
Subscribe to:
Posts (RSS)







