phyo soe 21 November 2013 22:47
မိမိတို့ရဲ့ Computer ကိုကြိုတင်ကာကွယ်ရန် Windows တစ်ခုလုံးကို DVD ချပ်တွေနဲ့ သိမ်းထားရမယ့် Windows Image Backup File ပြုလုပ်နည်း အဲ့ဒီပို့ စ်ကနေ restore ပြန်လုပ်နည်းကို တင်ပေးပါတော့ ကိုလွင်မင်းဗိုလ်ခင်ဗျာ
အရင်တုန်းကလည်း ဒီပိုစ့်ကို တင်ပေးဖို့ တောင်းထားတဲ့လူများရှိပေမယ့် ကျနော် ဒီလောက်အမြန်ကြီး တင်ပေးဖို့ စိတ်ကူးမရှိသေးပါ..။ ဘာလို့လဲဆိုတော့ ကျနော် လက်ရှိသုံးနေတဲ့ ဝင်းဒိုး ပျက်သွားတဲ့အခါမှ DVD ချပ်တွေကနေ Restore ပြန်ထည့်နည်းကို ဓါတ်ပုံတွေပါ ရိုက်ယူရင်း တခါတည်း အလုပ်၂-ခု ပြီးသွားမယ့် အစီအစဉ်မို့ ဒီပိုစ့်တင်ပေးဖို့ကို နောက်ကျနေခဲ့တာပါ..။ အခုတော့ မရတော့.. တောင်းတဲ့လူကလည်း ဆက်တိုက်ကို တင်ပေးဖို့ တောင်းနေလေပြီ..။ ဒီဝင်းဒိုးထဲမှာ Video Editing ဆော့ဝဲလ်တွေ၊ Adobe CS6 ရဲ့ Photoshop တို့လို Premier Pro တို့လို ဆော့ဝဲလ်အကြီးကြီးတွေ ထည့်ထားပြီး အသုံးပြုလို့ ကောင်းနေတုန်း.. ဖုန်းတွေအတွက် USB Drivers တွေနဲ့ Root တူးမျိုးစုံ ထည့်ထားပြီးသားမို့ အခုလို ဖေါ်မတ်ချဖို့ကို အတော်လေး ဝန်လေးနေမိပါတယ်..။ ဆော့ဝဲလ်တွေ စုံအောင် ပြန်ထည့်ဖို့ဆိုရင် အတော်လေး အချိန်ပေးရအုန်းမည်..။ မတတ်နိုင်..။ အခုတော့ ဒီပိုစ့်ကို ကြိုးစားပြီး၊ အချိန်ယူပြီး ပြီးအောင် တင်ပေးလိုက်ပြီ..။
ဒီ DVD ၅-ချပ်နဲ့ Windows Image Backup File များ ဖန်တီးပြီး သိမ်းနည်းကို ဟိုးအရင်တုန်းကတည်းက ပိုစ့်တင်ပေးထားပြီး ဖြစ်ပါတယ်..။ မသိသေး၊ မလုပ်တတ်သေးတဲ့ သူများကတော့ ဝင်ကြည့်နိုင်ပါတယ်..။ DVD ၅-ချပ်နဲ့ ဝင်းဒိုးတခုလုံးကို သိမ်းတဲ့နည်းကတော့ ဝင်းဒိုး Recovery အတွက် အသုံးဝင်ဆုံးနဲ့ အကောင်းဆုံး နည်းတခုပါပဲ..။ ဟတ်ဒစ်ပျက်သွားတဲ့အခါမျိုးတွေမှာ (သို့မဟုတ်) ဟတ်ဒစ်တခုလုံးကို မှားပြီး Format ချပစ်မိလိုက်တဲ့ အခါမျိုးတွေမှာ.. အရင်က ဟတ်ဒစ်အပိုင်းတွေထဲမှာ သိမ်းထားခဲ့တဲ့ Windows Image Backup ဖိုင်နဲ့ Original Recovery အပိုင်းတွေကို ပြန်ထုတ်ယူလို့ မရနိုင်တော့ပါဘူး..။ အဲ့လို အခါမျိုးတွေမှာ Original Windows တွေကို ဒီ DVD ၅-ချပ်နဲ့ သိမ်းထားခဲ့မယ်ဆိုရင် အလွယ်တကူ Restore ပြန်ထည့်သုံးလို့ ရမှာပဲ ဖြစ်ပါတယ်..။ Restore ပြန်ထည့်လိုက်တာနဲ့ မိမိတို့စက်က Original Windows နဲ့ Drivers တွေအစုံပါပြီးသားမို့ အဆင့်သင့် အသုံးပြုယုံပါပဲ..။ ဒါကြောင့် ဝင်းဒိုးတွေ ပျက်သွားတဲ့အခါမှာ.. မပျက်ခင်က Backup လုပ်ပြီး သိမ်းထားလို့ ရမယ့် နည်းလမ်းတွေထဲက ဒီ DVD ၅-ချပ်နဲ့သိမ်းတဲ့နည်းကလည်း အကောင်းဆုံးနည်း တခုပါပဲ..။
နောက်တခုကတော့ ဝင်းဒိုးတွေကို Backup လုပ်တဲ့အချိန်တုန်းက System Repair Disc တွေကိုပါ တခါတည်း ဖန်တီးထားဖို့ လိုပါတယ်..။ ဝင်းဒိုးတွေအသုံးပြုတာ ကြာလာတာနဲ့ အမျှ Error ကြောင့်သော်၎င်း၊ Virus ကြောင့်သော်၎င်း F8 ကီးနဲ့ Windows Repair ထဲကို ဝင်လို့ မရတော့တဲ့အခါမှာ ဒီ System Repair Disc လေးကလည်း အရမ်းကို အသုံးဝင်ပါတယ်..။ နောက်တခုက ဝင်းဒိုးတင်လို့ရတဲ့ DVD အခွေရှိနေရင်လည်း ဒီ Windows Repair ထဲကို ဝင်လို့ရပါသေးတယ်..။ ဒီပိုစ့်မှာတော့ ကျနော်က Windows Repair နေရာကို F8 ကီးနဲ့ ဝင်ပြထားပါ..။ အပေါ်မှာပြထားတဲ့ အတိုင်း ကျနော် DVD ၅-ချပ်နဲ့ Windows Image Backup ဖိုင်ကို ဖန်တီးထားပြီးသားပါ..။ System Repair Disc ကိုလည်း တခါတည်း ဖန်တီးထားပြီး အခွေထည့်တဲ့ ဗူးလေးတခုနဲ့ သေချာသိမ်းထားခဲ့ပြီးသားမို့ ဒီနေ့ဒီပိုစ့်အတွက် အဆင်ပြေပြေနဲ့ ဝင်းဒိုးကို ပြန်ပြီး Restore လုပ်လို့ ရသွားပါပြီ..။ နောက်တခုကတော့ ဒီလို Restore မလုပ်ခင် မိမိတို့ ဝင်းဒိုးထဲမှာ ရှိတဲ့ မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ သီချင်း Video တွေနဲ့ ဆော့ဝဲလ်တွေကို အရင်ဆုံး partition အပိုင်းတွေထဲကို ပြောင်းသိမ်းထားဖို့ လိုပါတယ်..။ Windows Image Backup ဖိုင်ကို Restore ပြန်လုပ်လိုက်ရင် အဲ့ဒါတွေ တခုမှ မရှိတော့တဲ့အတွက် ပျက်သွားမှ ပြန်ယူလို့ မရနိုင်တော့ပါ..။ ဒါကြောင့် ဒီတချက်လည်း သတိထားရမှာပါ..။