Showing posts with label Windows 8 အတွက် ဆော့ဝဲလ်များ. Show all posts
Showing posts with label Windows 8 အတွက် ဆော့ဝဲလ်များ. Show all posts

KMSpico 9.2.1.0 Install Edition

ဒီ Activator လေးက Windows 8.1/8/7/2008/2012 နဲ့ Office 2010/2013 တို့ကို Active ဖြစ်အောင် လုပ်ပေးနိုင်တဲ့ကောင်လေးပါ..။ အရင်တင်ပေးခဲ့ဖူးတဲ့ ဗါးရှင်းက Windows 8.1 ကို မနိုင်တဲ့အတွက် ဒီနောက်ထွက် ဗါးရှင်းလေးကို ထပ်တင်ပေးလိုက်တာပါ..။ ကျန်ခဲ့တဲ့တစ်ပါတ်က ကျနော့်စက်မှာ Windows 8.1 တင်ပြီး.. ဒီကောင်လေးနဲ့ Activate လုပ်ယူလို့ အဆင်ပြေသွားတဲ့ ဗါးရှင်းလေးပဲဖြစ်ပါတယ်..။ အသုံးပြုနည်းက အရင်ပိုစ့်က နည်းအတိုင်းဖြစ်ပြီး.. ဒီပိုစ့်မှာလည်း ပုံလေးတွေနဲ့ အသုံးပြုတတ်အောင် ပြန်လည် ပြပေးထားပါတယ်..။ ဒီကောင်လေးကို ဖွင့်ပြီး အသုံးပြုတော့မယ်ဆိုရင်တော့ Antivirus တွေနဲ့ ဝင်းဒိုး Firewall ကို ပိတ်ထားပြီးမှ အသုံးပြုလို့ အဆင်ပြေမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.8 MB ရှိပါတယ်..။

Classic Shell 4.0.0 Final - Windows 8 Start Menu Button


Skins for the start menu
ဒီကောင်လေးက Windows 8 မှာ Windows 7 လို Start Menu Button လေး ပေါ်အောင်လုပ်ပေးနိုင်တဲ့ ကောင်လေးပါ..။ အပေါ်ပုံမှာ ပြထားသလို ဒီဇိုင်းမျိုးစုံ သူ့ရဲ့ Setting ထဲကနေ ပြောင်းပြီး အသုံးပြုနိုင်ပါတယ်..။ ဒီကောင်လေးကို Install ဆွဲထည့်ပေးလိုက်ယုံပါပဲ..။ Windows 8 မှာ Start Menu လေးပေါ်နေမှာ ဖြစ်ပါတယ်..။ ဒီဇိုင်းမျိုးစုံ ပြောင်းလဲတတ်အောင် အရင်ပိုစ့်ဖြစ်တဲ့ အသုံးပြုနည်းပိုစ့်မှာ ပုံလေးတွေနဲ့ အနည်းငယ် ပြပေးထားတာ ရှိပါတယ်..။ ပြန်ကြည့်လိုတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4 MB ရှိပါတယ်..။

Viva Start Menu for Windows-8 1.6.1

ဒါလေးက နောက်တမျိုးပါ..။ Windows 8 အတွက် Start Menu လေးတွေ ထပ်တင်ပေးဖို့ တောင်းထားတဲ့ သူငယ်ချင်းများ အတွက် အဆင်ပြေအောင် ဒီနေ့ ဒီကောင်လေးတွေကို စုတင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကိုလည်း Install ထည့်ပြီးတာနဲ့ အပေါ်ပုံလိုမျိုးနဲ့ မြင်ရမှာ ၊ အသုံးပြုလို့ ရမှာဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2 MB ရှိပါတယ်..။

Vistart 8.1.0 windows 8 start menu

Windows 8 အတွက် Start Menu ဒီဇိုင်းလေးပါ..။ ဒီကောင်လေးကို Install ထည့်ပေးလိုက်တာနဲ့ အပေါ်ကပုံလိုမျိုး Start Menu Button လေးကို ရရှိမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1 MB ပဲရှိပါတယ်..။
The ultimate start menu for Windows 8 and compatible with Windows 7, Vista and XP you can download for free. So get your start menu back in windows 8 or replace your start menu in windows 7, Vista or XP.

Start Menu Reviver 1.0.0.1520 Final


ကျနော်တို့ Windows 8 ကို အပေါ်ကလို Start Menu ဒီဇိုင်းလေးနဲ့ မြင်ရမယ့် ဆော့ဝဲလ် အသစ်လေးပါ..။ မိမိတို့ရဲ့ Windows 8 ကို Start Menu အသစ်လေးနဲ့ ပြောင်းသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။ Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ရတဲ့ ဖရီးဆော့ဝဲလ်လေးပါ..။ အောက်မှာလည်း ပုံလေးတွေနဲ့ ကျနော်စမ်းသုံးထားတာကို ပြပေးလိုက်ပါတယ်..။

Start Menu 8 1.1.0.45 Final


Windows 8 အတွက် Start Menu လေးတွေကို ကျနော် မတင်ပေးဖြစ်တာ တော်တော်ကြာသွားပါပြီ..။ ဒီနေ့တော့ ဒီ Update လေး ထွက်လာလို့ Windows 8 အသုံးပြုတဲ့ သူများအတွက် အဆင်ပြေအောင် Start Menu 8 1.1.0.45 Final ဗါးရှင်းလေးကို တင်ပေးလိုက်ပါတယ်..။ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Install ထည့်ပြီးသွားရင်တော့ Start Menu လေးနဲ့ Windows 8 ကို အသုံးပြုလို့ ရသွားပါပြီ..။ အရင်တုန်းက Start Menu 8 ပိုစ့်အဟောင်းတခုမှာ ဒီကောင်လေးရဲ့ Setting တွေကို ပြောင်းလဲတတ်အောင် အနည်းငယ် ပြပေးထားခဲ့ ဖူးပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ အခုဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.6 MB ရှိပါတယ်..။ 

Windows 8 Manager 1.0.9.0 Final

 Windows 8 Manager 1.0.9.0 Final နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို   Yamicsoft Windows 8 Manager 1.0.0 ပိုစ့်မှာ ပြန်ကြည့်ပေးပါ..။ ဒီပိုစ့်မှာတော့ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် သူ့အတွက် ထည့်ပေးထားတဲ့ Keygen သို့မဟုတ် crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပေးလိုက်ရင် ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။ ဒီကောင်လေးကို အသုံးမပြုခင် အရင်ဆုံး ဖူးဖြစ်သွားတာနဲ့ Restore Point လုပ်ခိုင်းပါလိမ့်မယ်..။ Yes ပေးပြီး Restore Point အရင်လုပ်ထားလိုက်ပါ..။ ဒီကောင်လေးက ကွန်ပျူတာရဲ့ System ပိုင်းတွေကို ဝင်ပြင်ပေးမှာ ဖြစ်တဲ့အတွက် တခုခု Error ပေါ်ခဲ့ရင် Restore Point နဲ့ နောက်ပြန်သွားလို့ ရမှာ ဖြစ်ပါတယ်..။ ဒါကြောင့် Restore Point ကို အရင် လုပ်ထားပြီးမှ ဒီကောင်လေးကို အသုံးပြုပေးပါ..။ Windows 8 မှာ Restore Point မလုပ်တတ်သေးတဲ့ သူများအတွက် နောက်တင်မယ့်ပိုစ့်မှာ ပြပေးထားပါအုန်းမည်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.23 MB ရှိပါတယ်..။

Classic Start 8 - 1.0 Final

Windows 8 အသုံးပြုသူများအတွက် Start Menu လေးပေါ်စေမယ့် ဆော့ဝဲလ်လေးပါ..။ Classic Start 8 ဆော့ဝဲလ်လေးကို ကျနော့် Blog မှာ မတင်ဖူးသေးလို့ ဒီနောက်ဆုံးထွက်လေးကို တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အပေါ်က ပုံအတိုင်း ပေါ်နေမှာပါ..။ အရင်တုန်းကလည်း Windows 8 အတွက် Start Menu လေးတွေ တင်ပေးခဲ့ဖူးပါတယ်..။ ဒါလေးကတော့ နောက်တမျိုးပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.3 MB ရှိပါတယ်..။

Windows 8 Manager 1.0.6 Final



ဒီ Windows 8 Manager 1.0.6 လေးကတော့ နောက်ဆုံးထွက် Final ဗါးရှင်းလေးပါ..။ အရင်တုန်းကလည်း ဒီလို Windows 8 Manager လေးတွေ တင်ပေးခဲ့ပါတယ်..။ လင့်တွေပျက်ကုန်လို့ တော်တော်များများကို ဒေါင်းယူလို့ မရတော့တဲ့အတွက် ဒီနောက်ဆုံးထွက်လေးကို ထပ်တင်ပေးလိုက်ပါတယ်..။ အားလုံးကို ရှင်းလင်းပြီး သန့်ရှင်းရေး လုပ်ပေးနိုင်တဲ့အတွက် ဒီကောင်လေး တခုရှိယုံနဲ့ Windows 8 မှာ တော်တော်လေး အဆင်ပြေပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack နဲ့ keygen ၂မျိုးထည့်ပေးထားပါတယ်..။ crack ဖိုင်လေးကို အရင်သွားထည့်ပေးပါ..။ ပြီးမှ keygen နဲ့ ဖူးဖြစ်အောင် လုပ်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အသုံးပြုနည်း အနည်းငယ်ကို Windows 8 Manager 1.0.0 ပိုစ့်နဲ့၊ crack နဲ့ keygen ထည့်နည်းကို Windows 8 Manager 1.0.1 ပိုစ့်တွေမှာ ပြန်ကြည့်လိုက်ပါဗျာ..။ လုပ်နည်းတွေ အတူတူပါပဲ..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းပြီးတင်ပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 9.1 MB ရှိပါတယ်..။

Handy Start Menu 1.81



ဒီိကောင်လေးက Windows 8, 7 , Vista , XP ဝင်းဒိုးအားလုံးအတွက် အသုံးပြုလို့ ရတဲ့ ဖရီးပေးသုံးတဲ့ ကောင်လေးပါ..။ ကျနော်တို့ Windows 8 အသုံးပြုသူများအတွက် ပိုပြီး အဆင်ပြစေမယ့် Start Menu အတွက် ဒီကောင်လေးကို Install ထည့်ပေးလိုက်ယုံပါပဲ..။ ကျနော် အရင်တုန်းကလည်း ဒီလို Windows 8 Start Menu အတွက် ဆော့ဝဲလ်တွေ တော်တော်များများ တင်ပေးခဲ့ဖူးပါတယ်..။ အားလုံးလိုလို ဖရီးသုံးလို့ ရပါတယ်..။ ဒီကောင်လေးကတော့ နောက်တမျိုးပါ..။ အောက်မှာ ကျနော်သုံးထားတာလေးကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ သူ့ရဲ့ Setting ထဲကနေဝင်ပြီးတော့ မိမိတို့ Windows 8 ရဲ့ Start Menu ကို အကြီး၊အသေး လိုသလို ပြုပြင်ယူလို့ ရပါသေးတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7.8 MB ရှိပါတယ်..။

IObit StartMenu8 1.0.0 Beta 3.0



ဒီကောင်လေးက အရင်တုန်းကလည်း တင်ပေးဖူးတဲ့ IObit StartMenu8 1.0.0 Beta 3.0 လေးပါ..။ ဒီနေ့မှ Update အသစ်ထွက်လာတဲ့ နောက်ဆုံးထွက်လေး..။ အရင်ဗါးရှင်း အဟောင်းက ဒေါင်းလော့လင့်တွေ ပျက်တဲ့ထဲပါသွားလောက်ပါပြီ..။ ဒါကြောင့် နောက်ဆုံးထွက်လေးကို ရရချင်း တင်ပေးလိုက်ပါတယ်..။ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း ကျနော်တို့ Windows 8 အသုံးပြုသူများအတွက် Start Menu လေးနဲ့ အလွယ်တကူ အသုံးပြုလို့ ရအောင် ဒီကောင်လေးကို ၂ချက်တောက်ပြီး Install ထည့်ပေးလိုက်ယုံပါပဲ..။ အဆင်ပြေပြေအသုံးပြုလို့ ရသွားပါပြီ..။ သူ့ရဲ့ Setting ထဲမှာတော့ Start Button လေးကို အမျိုးမျိုးပြောင်းသုံးလို့ရအောင် ပုံစံအသစ်လေးတွေ ရှိပါသေးးတယ်..။ အသုံးပြုရတာလည်း လွယ်ပါတယ်..။ အောက်မှာလည်း ကျနော် လုပ်ထားတာလေးကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.4 MB ရှိပါတယ်..။

Windows 8 Loader (For Pro and Enterprise)

ဒီ Windows 8 Loader ကို ကျနော်ဝင်းဒိုး၂ခု တင်ပြီး စမ်းထားတာ အဆင်ပြေလို့ ပြန်လည် တင်ပေးလိုက်ပါတယ်..။ ကျနော်စမ်းထားတဲ့ ဝင်းဒိုးဗါးရှင်းတွေက Windows 8 (16 in 1 မှ) Pro 32-bit  ဗါးရှင်းနဲ့ Windows 8 (4 in 1 မှ) Enterprise 32-bit ဗါးရှင်းတွေမှာ လုပ်ပြထားတာ ဖြစ်ပါတယ်..။ တခြားဗါးရှင်းတွေမှာ အဆင်ပြေ၊မပြေတော့ မပြောတတ်သေး..။ အဆင်ပြေသွားတဲ့ Windows 8 ဗါးရှင်းတွေကို အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို ထွေထွေထူးထူး လုပ်ပေးဖို့ မလိုပါဘူး..။ Windows 8 တင်ပြီးပြီးချင်း အင်တာနက်မဖွင့်ပဲ ဘာဆော့ဝဲလ်မှ Install မထည့်ခင် ဒီကောင်လေးကို အရင်လုပ်ပေးလိုက်ပါတယ်..။ ၂ချက်တောက်ပေးလိုက်ယုံပါပဲ..။ အလုပ်လုပ်တာ အရမ်းမြန်ပါတယ်..။ ၁၀စက္ကန့်အတွင်း ဝင်းဒိုး Restart ကျသွားပါလိမ့်မယ်..။ စက်ပြန်ပွင့်လာရင်တော့ အောက်မှာပြထားတဲ့ ပုံလေးအတိုင်း မိမိတို့ရဲ့ Windows 8 ဟာ Activate ဖြစ်သွားပါပြီ..။ ပေါ်လာတဲ့ ဘောက်စ်တွေမှာ OK >> OK ပေးလိုက်ပါ..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.3 MB ပဲရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်တခုနာမည်နဲ့ ပြောင်းတင်ပေးထားပါတယ်..။

Windows 8 Manager 1.0.4 Final

Windows 8 Manager 1.0.4 Final နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို   Yamicsoft Windows 8 Manager 1.0.0 ပိုစ့်မှာ ပြန်ကြည့်ပေးပါ..။ ဒီပိုစ့်မှာတော့ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် သူ့အတွက် ထည့်ပေးထားတဲ့ Keygen လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြထားပါတယ်..။ ဒီကောင်လေးကို အသုံးမပြုခင် အရင်ဆုံး ဖူးဖြစ်သွားတာနဲ့ Restore Point လုပ်ခိုင်းပါလိမ့်မယ်..။ Yes ပေးပြီး Restore Point အရင်လုပ်ထားလိုက်ပါ..။ ဒီကောင်လေးက ကွန်ပျူတာရဲ့ System ပိုင်းတွေကို ဝင်ပြင်ပေးမှာ ဖြစ်တဲ့အတွက် တခုခု Error ပေါ်ခဲ့ရင် Restore Point နဲ့ နောက်ပြန်သွားလို့ ရမှာ ဖြစ်ပါတယ်..။ ဒါကြောင့် Restore Point ကို အရင် လုပ်ထားပြီးမှ ဒီကောင်လေးကို အသုံးပြုပေးပါ..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.1 MB ရှိပါတယ်..။ Keygen နဲ့ ဖူးသုံးလို့ ရအောင်၊ Restore Point လုပ်ပေးတတ်အောင်လို့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။ 

KJ121026 - Windows 8 Activator

အီးတီ    11 December 2012 00:38
Install လုပ်မှာလား မေးတော့ ကီးဘုတ်မှ Y ကီးကို နှိပ်လိုက်ပါတယ် ဒါပေမယ့် ဘာမှထပ်မကျလားဘူး ဖြစ်နေတယ် update လဲ ပိတ်ထားတယ် အင်တာနက်လဲ ပိတ်ထားတယ် အကြိမ်ကြိမ်အခါခါလုပ်ကြည့်တယ် မရဘူး ဖြစ်နေတယ်ဗျာ အဲဒါ ဘယ်လို ဆက်လုပ်ရင်ကောင်းမလဲ အကြံပေးပါဦးဗျာ 
ဒီ Comment လေးကတော့ အရင်တင်ပေးထားခဲ့တဲ့ Windows 8 Activator ပိုစ့်မှာ ရေးထားခဲ့တဲ့ ကိုအီးတီရဲ့ Comment လေးပါ.. ဒီိနေ့တင်ပေးလိုက်တဲ့ Windows 8 Activator က နောက်တမျိုးပါ..။
ဒီကောင်လေးကတော့ ကျနော့်ဆရာဆီရောက်တုန်းက တောင်းလာတဲ့ Windows 8 Activator လေး.. ကျနော်အရင်တင်ပေးထားတဲ့ Windows 8 Activator က တချို့ Windows 8 ဗါးရှင်းတွေမှာ အလုပ်မလုပ်နိုင်ပါဘူး.. အဲ့ဒါကိုလည်း နောက်ပိုင်းမှ သိလာရတာပါ.. စသုံးတုန်းကတော့ ကျနော့်ဆီမှာ အဆင်ပြေလို့ တင်ပေးထားတာပါ.. နောက်ပိုင်းတော့ သူငယ်ချင်း အများစုက တချို့ဗါးရှင်းတွေမှာ အလုပ်မလုပ်တဲ့အကြောင်း ပြောလာကြလို့ နောက်ပိုင်းရထားတဲ့ထဲက စမ်းနေတာလည်း အဆင်မပြေ၊ အခုတော့ ကျနော့်ဆရာပေးလိုက်တဲ့ ဒီ Activator လေးနဲ့ အဆင်ပြေနေပြီ..။ သူငယ်ချင်း တစ်ယောက်စက်ကို Windows 8 တင်ပေးပြီး ဒီကောင်လေးနဲ့ လုပ်ပြထားတာပါ..။  ဒီ Activator တခုတည်းနဲ့ Windows 8 မှာ လိုအပ်တာလေးတွေ တော်တော်များများ သုံးလို့ရပါတယ်.. Windows 7 စတိုင် Gadgets တို့၊ Start Menu အတွက် 7 Style UI တို့၊ စက်ပိတ်ဖွင့် အလွယ်သုံး ShutDown Windows စတာတွေကို Desktop မှာ Right Click တချက်တောက်လိုက်တာနဲ့ အမြန်ဆုံး လုပ်ဆောင်လို့ ရသွားပါပြီ..။ အောက်မှာ ကျနော် သုံးထားတာလေးကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. Windows 8 အတွက် လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 31.4 MB ရှိပါတယ်.. ဒီဖိုင်ကို ဒေါင်းလော့ချနည်းပိုစ့်ထဲက နည်းအတိုင်း ဒေါင်းယူရမှာပါ.. ဒေါင်းလော့မယူတတ်သေးတဲ့ သူများကလည်း အဲ့ဒီ ဒေါင်းလော့ချနည်းပိုစ့်ကို အရင်နားလည်အောင် ကြည့်ထားလိုက်ရင် နောက်ပိုင်း ဒေါင်းလော့ယူတာကို အလွယ်လေး အဆင်ပြေသွားပါလိမ့်မယ်..

Yamicsoft Windows 8 Manager 1.0.1 FINAL

 sayaheintintzaw sayaheintintzaw; 3 December 2012 03:06
ကိုလွင်မင်းဗိုလ်ရေ ဒေါင်းလော့ မရဘူးဗျာ. Download not available File owner's public traffic exhausted. အဲဒီလို ပေါ်နေတယ် ။ ကျေးဇူးတင်ပါတယ်။ ခင်မင်လေးစားစွာဖြင့်
ကိုဟိန်းတင့်ဇော်
 ဒီ Comment လေးကတော့ Yamicsoft Windows 8 Manager 1.0.0 ပိုစ့်မှာ ရေးထားခဲ့တဲ့ Comment လေးပါ.. အရင်တင်ပေးခဲ့တဲ့ ဖိုင်တွေကို Upload ဆိုဒ်တွေက ဖျက်ပစ်လိုက်တဲ့ထဲမှာ ပါသွားတဲ့ Windows 8 Manager 1.0.0 ဗါးရှင်းအစား.. အခုဒီဗါးရှင်း Windows 8 Manager 1.0.1 နောက်ထွက် ဗါးရှင်းလေးကို ထပ်တင်ပေးလိုက်ပါတယ်.. ဒီကောင်လေးကို လင့်၃ခုမှာတင်ပေးထားတာမို့ တော်တော်ကြာကြာတော့ ခံလိမ့်မယ်ထင်ပါတယ်.. ဒီကောင်လေးရဲ့ အသုံးပြုပုံ တော်တော်များများနဲ့ ဖူးဖြစ်အောင် လုပ်နည်းကို အဲ့ဒီ Yamicsoft Windows 8 Manager 1.0.0
ပိုစ့်အဟောင်းမှာ ပြန်ကြည့်နိုင်ပါတယ်.. အသုံးပြုနည်း အတူတူပါပဲ..ဒီကောင်လေးထဲမှာ crack ဖိုင်နဲ့ Keygen ၂ခု ပူးတွဲပါရှိပါတယ်.. အရင်ဆုံး Crack ဖိုင်ကို အရင်ထည့်ပေးပါ.. ပြီးမှ Keygen ကိုဖွင့်ပြီး အထဲက Generate စာသားကို ကလစ်ပြီး ပေါ်လာတဲ့ Key တွေကို ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အောက်မှာလည်း ကျနော် ပုံအနည်းငယ်နဲ့ ပြပေးထားပါသေးတယ်.. အပြည့်အစုံကိုတော့ ပိုစ့်အဟောင်းမှာ ပြန်ကြည့်ပေးပါ.. ဒီကေင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.6 MB ရှိပါတယ်.. ဒေါင်းလော့ချနည်းကတော့ ပိုစ့်တင်ပေးထားတဲ့ အတိုင်းပါပဲ..

IObit StartMenu8 1.0 Beta 2.0 (1105) For Windows 8


Windows 8 မှာ Stat Menu လေးနဲ့ အသုံးပြုချင်တဲ့သူများအတွက် ဒီကောင်လေးက နောက်တမျိုးပါ.. IObit က Free ပေးသုံးတဲ့ ကောင်လေးပါ.. အရင်တင်ပေးထားတဲ့ Windows 8 Start Menu အတွက် Classic Share လိုပဲ သုံးရတာ အဆင်ပြေတဲ့ကောင်လေးပါ.. ဒီကောင်လေးမှာတော့ Start Menu Button လေးကို Windows 7 စတိုင်လေးနဲ့ အသုံးပြုလို့ရမှာ ဖြစ်ပြီး နောက်ထပ် Button စတိုင်လေးတွေ ပြောင်းလဲသုံးလို့လည်း ရတဲ့အတွက် ဒီကောင်လေးက ပိုလန်းသလိုပါပဲ.. မိမိတို့ ကြိုက်နှစ်သက်တဲ့ အဆင်ပြေမယ့်ကောင်လေးကိုသာ ရွေးပြီး အသုံးပြုကြပါ..။ ဘာပဲဖြစ်ဖြစ် အားလုံးရှိထားရင်တော့ ပိုကောင်းပါတယ်.. ဆော့ဝဲလ်တခုနဲ့တခု မတူတဲ့အတွက် အပြင်အဆင်တွေ အမြင်အထိအတွေ့တွေ ကလည်း မတူပါဘူး.. မိမိတို့နဲ့ အဆင်ပြေဆုံးဖြစ်မယ့် ကောင်လေးကိုသာ ရွေးပြီးသုံးကြပါလေ.. အောက်မှာတော့ ကျနော်သုံးထားတဲ့ ဒီကောင်လေးကို Button လေးတွေ ပြောင်းသုံးတတ်အောင် ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်.. ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.16 MB ရှိပါတယ်..

Windows 8 Screen မှာ Computer Icon ဖေါ်တတ်အောင်နှင့် Windows Media Player ဖွင့်သုံးတတ်အောင်


ဒီလုပ်နည်းလေး ၂ခုကတော့ Windows 8 အသုံးပြုသူတွေအတွက် လိုအပ်မယ်ထင်တာလေး မို့လို့ အရင်တင်ပေးလိုက်ပါတယ်..။ ကျနော်တို့ Windows 8 မှာ Windows 7 လို Desktop ပေါ်မှာ Computer ပုံလေးကို အလွယ်တကူထုတ်ထားလို့ မရတဲ့အတွက်.. Windows 8 Desktop ပေါ်မှာ Computer ပုံလေးပေါ်ချင်နေတဲ့ သူများအတွက် အဆင်ပြေမယ့် လုပ်နည်းလေးပါ.. Computer ကိုဖွင့်ချင်တဲ့အခါ ရှော့ကပ်ကီးကတော့ Windows Logo + E ကိုတွဲနှိပ်ပြီး ဖွင့်လို့ရပါတယ်.. အဲ့လိုမဟုတ်ပဲ Computer ပုံလေး ပေါ်ချင်တယ်ဆိုရင်တော့ အောက်ကလုပ်နည်းလေးအတိုင်း လုပ်ပေးလိုက်ရင် မိမိတို့ရဲ့ Windows 8 Screen မှာ Computer ပုံလေး ပေါ်နေပါလိမ့်မယ်..။ ပေါ်လာတဲ့ Icon လေးတွေကို နောက်ထပ်ပုံတခုနဲ့ အစားထိုးပြီး ပြောင်းထားလို့ရတဲ့ လုပ်နည်းလေးပါ ပါပါတယ်..။ နောက်တခုက Windows 8 ထဲမှာပါတဲ့ Windows Media Player နဲ့ သီချင်းတွေကို Video တွေကို တန်းဖွင့်ချင်တဲ့ သူများအတွက်ပါ လုပ်နည်းလေး ပြပေးထားပါတယ်..။ ဗဟုသုတအနေနဲ့ Windows 8 ပဲဖြစ်ဖြစ်၊ Windows 7 ပဲဖြစ်ဖြစ်၊ Windows N ဗါးရှင်းတွေမှာ Windows Media Player မပါပါဘူး..။ အဲ့ဒီဗါးရှင်းတွေ တင်ထားတဲ့ ဝင်းဒိုးဆိုရင်တော့ Windows Media Player ကိုသီးသန့် Install ပြန်ထည့်ပေးရပါတယ်..။ ဒီလုပ်နည်းလေးတွေကို လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..

Windows 8 Gadget Pack v3.0

4 Nov 12, 12:43 PM
သီဟ:
အကိုလွင်မင်းဗိုလ် ကျွန်တော့မှာ windows 8 Enterise 64 တင်ထားပါတယ် gadgest နဲ.windows media ရှာလို့မရဘူးဖြစ်နေလို ဘယ်လိုလုပ်ရမလည်းဆိုတာ ညွှန်ပြပေးပါ
Windows 8 အတွက် လိုအပ်တာလေးတွေကတော့ ရှိနေအုန်းမှာပါပဲ.. Windows 7 ထက်ပိုကောင်းအောင် လုပ်ထားတာဖြစ်တဲ့ အတွက် 7 မှာ ပါတဲ့ တချို့ Tools တွေကို 8 မှာ ဖြုတ်ထားပါတယ်.. 7 လို ပြန်သုံးချင်ရင်တော့ တခြားဆော့ဝဲလ်တွေ ပြန်ထည့်မှ အသုံးပြုလို့ ရတာတွေ ရှိသလို ဝင်းဒိုးရဲ့ အတွင်းပိုင်းမှာ လိုက်ရှာပြီးမှ ထုတ်သုံးရတာတွေလည်း ရှိပါတယ်.. Windows 8 မှာ Windows Media Player ထုတ်သုံးပုံကို နောက်တင်မယ့်ပိုစ့်မှာ ဆက်ကြည့်ပေးပါ..။ ဒီပိုစ့်အတွက် Windows 8 မှာ Gadgets ထုတ်သုံးချင်တဲ့သူများကတော့ ဒီဆော့ဝဲလ်လေးကို Windows 8 မှာ Install ထည့်ပေးလိုက်ရင် အဆင်ပြေပြေ အသုံးပြုလို့ ရသွားပါလိမ့်မယ်..။ လုပ်ရတာလည်း လွယ်ပါတယ်.. အောက်မှာ Gadgets ပုံလေးပေါ်လာတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11.1 MB ရှိပါတယ်..
Related Posts Plugin for WordPress, Blogger...