ဒီပိုစ့်ကလုပ်နည်းကတော့ ကွန်ပျူတာနဲ့ လုပ်ရမယ့် နည်းပဲဖြစ်ပါတယ်..။ Android 4.4.2 ကို အရင် Root apk တွေနဲ့ Root ဖေါက်လို့ မရတာများပါတယ်..။ ဒါကြောင့် Kingo Root Tool နဲ့လည်း Root ဖေါက်လို့ အဆင်မပြေတဲ့သူများအတွက် VROOT(iRoot) နဲ့ Root ဖေါက်နည်းကို ထပ်တင်ပေးလိုက်ပါတယ်..။ VROOT(iRoot) ကို နှစ်မျိုးသုံးလို့ ရအောင် Portable (Chinese) နဲ့ Setup (English) ဆိုပြီး သီးခြားစီ တင်ပေးထားတာဖြစ်ပါတယ်..။ Portable နဲ့ အဆင်မပြေတဲ့သူများရှိခဲ့ရင် Setup ဖိုင်ကို မိမိတို့စက်ထဲမှာ Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ Setup ဖိုင်ကို Install ထည့်တဲ့အချိန်မှာတော့ အင်တာနက်ရှိဖို့လိုပါတယ်..။ Lenovo Android Devices တွေအတွက် Drivers တွေကို ဒီပိုစ့်မှာပါ တင်ပေးထားပြီး.. မိမိတို့စက်ထဲမှာ မရှိသေးဘူး၊ ကွန်ပျူတာက ဖုန်းကို မသိသေးဘူး ဆိုရင်တော့ Root မလုပ်ခင် အရင်ဆုံး Drivers တွေကို Install ထည့်ပေးလိုက်ပါ..။ Android USB Drivers ထည့်နည်းတွေကို အရင်ပိုစ့်တွေမှာလည်း ရေးပေး၊ ရှင်းပြပေးခဲ့ပြီးမို့ ဒီပိုစ့်မှာ ထပ်မရေးပေးတော့ပါ..။ Android ဖုန်းတွေရဲ့ Drivers တွေကို ကွန်ပျူတာက သိမှသာ ဖုန်းတွေကို Root ဖေါက်လို့ ရမှာ ဖြစ်ပါတယ်..။ Android 4.4.2 ကို မြန်မာစာ ထည့်နည်းကတော့ အရင် Kingo Root ပိုစ့်က ဆော့ဝဲလ်တွေနဲ့ လုပ်နည်းအတိုင်းပါပဲ..။ အသုံးပြုလိုတဲ့သူများကတော့ အရင်ဆုံး အောက်ကလင့်တွေကနေ ဆော့ဝဲလ်တွေကို ဒေါင်းယူထားနှင့်လိုက်ပါဗျာ..။
Showing posts with label Android ဖုန်း Root ဖေါက်နည်းနှင့် မြန်မာစာ ထည့်နည်း. Show all posts
Showing posts with label Android ဖုန်း Root ဖေါက်နည်းနှင့် မြန်မာစာ ထည့်နည်း. Show all posts
Viber မှာ မြန်မာစာပေါ်အောင် လုပ်နည်းနှင့် ဆော့ဝဲလ်များ Update မတက်အောင် ပိတ်နည်း (Android Phone and Tablet Only)
12 Nov 14, 11:56 AM
flyman.fm814@gmail.com: VIBERမှာမြန်မာစာဘယ်လိုထည့်ရမလဲဆိုတာရျင်းပြပေးပါဆရာ
flyman.fm814@gmail.com: VIBERမှာမြန်မာစာဘယ်လိုထည့်ရမလဲဆိုတာရျင်းပြပေးပါဆရာ
Viber Update အသစ်ထွက်ပြီးကတည်းက Android ဖုန်းတွေမှာ အလိုလို Update တက်သွားတာတွေရှိသလို.. Facebook လို နေရာတွေကနေ Viber မှာ Video Call ရလာပြီ ဆိုတဲ့ ကြော်ငြာကောင်းလို့ ဒေါင်းယူ အသုံးပြုတဲ့လူတွေလည်း မနည်းမနောရှိခဲ့ပါတယ်..။ နောက်ဆုံးတော့ Samsung လို မူရင်း မြန်မာစာပါတဲ့ ဖုန်းတွေကလွဲလို့.. Root ဖေါက်ပြီး မြန်မာစာ ထည့်ထားတဲ့ ဖုန်းတွေမှန်သမျှ အားလုံး Viber မှာ မြန်မာစာ မပေါ်တော့ပါဘူး..။ အာ့မှာစတွေ့တာပါ..။ Viber Update ထွက်ပြီးကတည်းက မြန်မာစာ မပေါ်တော့တဲ့ ပြဿနာ အတော်လေး ဖြေရှင်းပေးခဲ့ပြီးပါပြီ..။ အခုတော့ Cbox မှာ မေးလာတဲ့လူနဲ့ တိုက်ဆိုင်လာလို့ ပိုစ့်တခုအဖြစ် တင်ပေးလိုက်ပါတယ်..။
အခုတလော ကိစ္စအတော်များများနဲ့ အလုပ်ရှုပ်နေလို့ ပိုစ့်တွေလည်း မတင်ဖြစ်၊ Blog ဘက်လည်း လှည့်မကြည့်အားပါဘူး..။ ကျနော်စာမရေးတာ ကြာသွားလို့ပဲလားတော့ မသိ.. ဟိုတလောက ကျနော့် Blog ရဲ့ Cbox မှာ လာဆဲတဲ့လူနဲ့တောင် ကြုံခဲ့ရပါတယ်..။ ကျနော်လည်း စာတွေပုံမှန်မရေးနိုင်တော့ လာဆဲတဲ့လူကိုလည်း စိတ်မဆိုးအားပါဘူး..။ ရှိပါစေတော့..။
အခုဒီပိုစ့်က Viber မှာ မြန်မာစာ ပေါ်အောင် လုပ်နည်းကတော့ Android စမတ်ဖုန်းတွေနဲ့ Android Tablet တွေအတွက် အသုံးပြုဖို့ပဲ ဖြစ်ပါတယ်..။ အရင်ဆုံး မိမိတို့ရဲ့ ဖုန်းထဲမှာရှိတဲ့ Play Store ကိုဖွင့်ပြီး အောက်ကပုံလေးတွေအတိုင်း ဆော့ဝဲလ် Apps Update တွေကို အလိုလို Update မလုပ်အောင် အရင်သွားပိတ်ပေးထားလိုက်ပါ..။ ပြီးမှ ဒီပိုစ့်မှာ တင်ပေးလိုက်တဲ့ Viber ဗါးရှင်းအဟောင်းလေးကို ဒေါင်းယူပြီး SD card or Bluetooth ကနေ ပြောင်းထည့်ပြီး.. ဖုန်းထဲမှာ Install ထပ်ထည့်ပေးလိုက်ရင် မြန်မာစာ အရင်အတိုင်း ပြန်ပေါ်လာပါလိမ့်မယ်..။ ဒါလေးကတော့ ကျနော် လက်ရှိသုံးနေတဲ့ Viber ဗါးရှင်းအဟောင်းလေးပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 16.6 MB ရှိပါတယ်..။
Kingo Root 1.2.4 Final - Android 4.4.2 ကို Kingo Root ဖြင့် Root ဖေါက်ပြီး မြန်မာစာ ထည့်နည်း
Android စမတ်ဖုန်းတွေနဲ့ Tablet တွေကို Android .apk ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်လို့ အဆင်မပြေတဲ့အခါ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးမှ Root ဖေါက်လို့ ရတတ်ပါတယ်..။ ကွန်ပျူတာနဲ့ Android ဖုန်းတွေ ချိတ်ဆက်တဲ့အခါမှာလည်း မိမိကွန်ပျူတာက Android ဖုန်း အမျိုးမျိုးကို သိဖို့၊အလုပ်လုပ်နိုင်ဖို့အတွက် ဒီလင့်ကပိုစ့်မှာ Android USB Drivers တွေ ထည့်တတ်အောင် ပြပေးထားပြီးပါ..။ အခုလည်း Lenovo Tablet Android 4.4.2 ကို အရင်ဗါးရှင်း Root apk လေးတွေနဲ့ Root မနိုင်တဲ့အတွက် ဒီ ကွန်ပျူတာ ဆော့ဝဲလ် Kingo Root နဲ့ မှ အဆင်ပြေပါတယ်..။ Kingo Root ကို အမြဲတမ်း နောက်ဆုံးဗါးရှင်းတွေ ဒေါင်းယူလို့ ရအောင် မူရင်းဆိုဒ်မှာ သွားရောက် ဒေါင်းယူနိုင်တဲ့လင့်ကို ဒီပိုစ့်မှာ ချိတ်ပေးထားပါတယ်..။ Kingo Root အရင် ဗါးရှင်းတွေက Android အရင်ဗါးရှင်းတွေကို Root နိုင်ပေမယ့်.. Android နောက်ဆုံးဗါးရှင်းတွေဆိုရင်တာ့ Kingo Root ဆော့ဝဲလ်ကိုလည်း နောက်ဆုံးဗါးရှင်းတွေ လိုက်သုံးပေးမှ Root ဖေါက်နိုင်ပါတယ်..။
Lenovo Tablet Android 4.4.2 ကို Root ဖေါက်ပြီးရင် မြန်မာစာရဖို့အတွက် Zawgyi Changer ၂-ခုကို ဆက်ပြီး ထည့်ပေးမှ အဆင်ပြေပါတယ်..။ လိုအပ်တဲ့ဆော့ဝဲလ် apk လေးတွေကို အောက်ကလင့်တွေမှာ တစုတစည်း ပေါင်းထည့်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူပြီး.. လုပ်နည်းနဲ့ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ apk လေးတွေက 10.5 MB ရှိပြီး.. Kingo Root တူးကတော့ 18 MB ရှိပါတယ်..။
Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း
Lenovo A516 Android 4.2.2 ဖုန်းအား Baidu Root APK ဖြင့် Root ဖေါက်ပြီး မြန်မာစာထည့်နည်း
ဒီဆော့ဝဲလ်လေးတွေနဲ့ ဒီပိုစ့်ကို တင်ပေးဖို့ ပုံတွေစုထားတာ အနည်းငယ် ကြာသွားပါပြီ..။ အရင် တစ်လကျော်လောက် ကတည်းက Lenovo Android စမတ်ဖုန်းတွေ ဈေးကျလာတဲ့အတွက် မြန်မာပြည်သားများ အသုံးပြုတာလည်း များလာပါတယ်..။ မြန်မာစာ ထည့်ပေးဖို့.. ဖုန်းအသစ်ဝယ်ပြီးတိုင်း ကျနော့်ဆီကို ရောက်လာတတ်တဲ့သူငယ်ချင်းတွေ ရှိတာကြောင့် ကွန်ပျူတာမလိုပဲ အလွယ်တကူ လုပ်ပေးလို့ ရတဲ့ Root တူး လေးတွေနဲ့ မြန်မာဖေါင့် Zawgyi Changer လေးတွေကို ရှာဖွေ စုဆောင်းထားတဲ့ထဲက ဒီ Lenovo ဖုန်းတွေနဲ့ အဆင်ပြေစေတဲ့ APK လေးတွေကို ဒီပိုစ့်နဲ့ အတူ စုပြီး တင်ပေးလိုက်ပါတယ်..။ Lenovo Android 4.2.2 တွေကို Root ဖေါက်နိုင်တဲ့ APK လေးကတော့ Baidu 2.3.9 တရုတ် Root apk လေးပဲ ဖြစ်ပါတယ်..။ နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ တရုတ်ဘာသာနဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်..။ ကျနော် တရုတ်စာ တတ်လို့ မဟုတ်ပါ..။ ရမ်းနှိပ်ရင်း မှန်သွားလို့၊ ဒီကောင်လေးကို အသုံးပြုတတ်အောင်ပါ နှိပ်ရမယ့် နေရာလေးတွေနဲ့ မြန်မာစာ ထည့်ပေးတဲ့ Zawgyi Installer လေးတွေကိုပါ ထည့်တတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ Lenovo Android 4.2.2 တွေမှာတော့ မြန်မာစာ အားလုံးပေါ်စေတဲ့၊ ကီးဘုတ်ပါ တွဲရက်ပါလာတဲ့ Smart Zawgyi Changer လေးတွေနဲ့သာ အဆင်ပြေပါတယ်..။ တခြား font changer တွေနဲ့ မရပါ။
ဒီ Baidu Root apk နဲ့ Smart Zawgyi Changer ကို Lenovo စမတ်ဖုန်း ၅-လုံးလောက်မှာ မြန်မာစာအမှန်ပေါ်အောင် အဆင်ပြေစေခဲ့ပြီ..။ ဒါကြောင့် Lenovo စမတ်ဖုန်းတွေ ဈေးကျလာလို့ အသုံးပြုလိုတဲ့ သူများနဲ့၊ ဖုန်းဆိုင်တွေနဲ့ ဝေးပြီး မြန်မာစာ ထည့်ဖို့ အခက်တွေ့နေတဲ့ သူများအတွက် ကိုယ်တိုင်လုပ်တတ်ပြီး အဆင်ပြေအောင် ဒီနေ့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါပြီ..။ မနေ့ကလည်း Sony xperia Z (Android 4.2.2) စမတ်ဖုန်းတလုံးကို အခုတင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်ပြီး မြန်မာစာ ထည့်ပေးလို့ရပြီ..။
တခုသတိပြုရမှာကတော့ ဖုန်းတွေကို Root ဖေါက်တယ်ဆိုတာ ကောင်းတာရှိသလို မကောင်းတဲ့အခါမှာလည်း ဖုန်းပျက်တတ်ပါတယ်..။ ဒါကြောင့် ဒီဆော့ဝဲလ် apk တွေကို အသုံးပြုမယ့် သူများကတော့ ဖုန်းပျက်တဲ့အခါ ကျနော့်ကို အပစ်မတင်ဖို့ ကြိုတင် တောင်းပန်အပ်သည်..။ ဖုန်းပျက်မှာ ကြောက်တဲ့သူများကတော့ Root မဖေါက်ပါနဲ့လို့သာ အကြံပြုရပေတော့မည်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ Baidu Root , Smart Zawgyi Changer (၂-မျိုး) , Root ရမရ စစ်ပေးမယ့် Root Checker Pro စတဲ့ APK လေးတွေ စုထည့်ပေးထားလို့ 7 MB ရှိပါတယ်..။
Mobogenie 2.1.27.215 Final
ဒီကောင်လေးက Android ဖုန်းတွေအတွက် လိုအပ်တဲ့ ဖရီးဂိမ်းတွေနဲ့ ဖရီးဆော့ဝဲလ် APK ဖိုင်တွေကို မိမိတို့ ကွန်ပျူတာကနေ အလွယ်တကူ ဒေါင်းယူပေးနိုင်တဲ့ ကောင်လေးပါ..။ မိမိတို့ စက်ထဲမှာ ဒီနောက်ဆုံး Update လေးကို Install ထည့်ပြီး အလွယ်တကူ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဖရီးဆော့ဝဲလ်လေးပါ..။ ဒီဒေါင်းလော့ဖိုင်ထဲမှာ ဒီဆော့ဝဲလ်နဲ့ အတူ ဒီကောင်လေးရဲ့ Downloader လေးကိုပါ တခါတည်း ထည့်ပေးထားလို့ နောက်ပိုင်း Update အသစ်လေးတွေကို အသုံးပြုလိုတဲ့ သူများအတွက်ပါ ဒီ Downloader လေးနဲ့ အလွယ်တကူ ဒေါင်းယူလို့ အဆင်ပြေပါတယ်..။ ဒီဆော့ဝဲလ်လေးကို နိုင်ငံခြား ဆိုဒ်တွေတိုင်းလိုလိုမှာ ကြော်ငြာတွေနဲ့ တွေ့နေရတာ ဖြစ်ပြီး.. အရင်တုန်းက ဗါးရှင်းက အသုံးပြုလို့ သိပ်အဆင်မပြေတဲ့ အတွက် တင်မပေးဖြစ်ခဲ့ပါ..။ အခုဒီဗါးရှင်းလေးမှာတော့ အတော်လေး အဆင်ပြေပြေအသုံးပြုလို့ ရလာလို့ ပြန်တင်ပေးလိုက်ပါတယ်..။ ကျနော်တို့ Android OS စမတ်ဖုန်းတွေအတွက် ဂိမ်းတွေနဲ့ တခြားဆော့ဝဲလ် APK ဖိုင်တွေကို ဒီကောင်လေးနဲ့ မိမိတို့ ကွန်ပျူတာမှာ ဒေါင်းယူပြီး သိမ်းထားလို့ ရသလို ၊ Android ဖုန်းထဲကိုပါ တခါတည်း Install ထည့်သုံးလို့ ရမှာပဲ ဖြစ်ပါတယ်..။ အရင်တုန်းက APK ဖိုင်တွေ ဒေါင်းယူဖို့ ဆော့ဝဲလ်တခု တင်ပေးဖူးပါတယ်..။ အခုဒီကောင်လေးကတော့ နောက်တမျိုးပါ..။ အလွယ်တကူ သုံးတတ်အောင် အောက်မှာ ကျနော် စမ်းသုံးထားတဲ့ ပုံလေးတွေပါ ပြပေးလိုက်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 17 MB ရှိပါတယ်..။
MRTV-4 version 0.1 (APK) - Seagame အားကစားပွဲတွေနဲ့ မြန်မာပြည် တီဗွီလိုင်း MRTV-4 ကို Android ဖုန်းထဲကနေ ကြည့်နိုင်ပြီ
ကျနော့် Blog မှာ Android ဖုန်းနဲ့ ပါတ်သက်တဲ့ APK ဖိုင်တွေကို တင်ပေးဖို့ အစီအစဉ်မရှိပေမယ့် ဒါလေး တစ်ခုတော့ တင်ပေးချင်ပါတယ်..။ Android ဖုန်းရှိတဲ့သူများအတွက် မိမိတို့ ဖုန်းကနေ ဒီ MRTV-4 apk လေးရှိယုံနဲ့ ယခုလက်ရှိ မြန်မာပြည်မှာ ကျင်းပနေတဲ့ Seagame အားကစားပွဲတွေကို အင်တာနက်ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်..။ Seagame အားကစားပွဲတွေကို အချိန်မှီ ကြည့်နိုင်အောင် တင်ပေးလိုက်ခြင်းပါ..။ နောက်ပြီး MRTV-4 တီဗွီလိုင်းကိုလည်း တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ မြန်မာပြည်သားများ တိုက်ရိုက် ကြည့်ရှုနိုင်မှာမို့ ဒီနေ့ ဒီ MRTV-4 apk လေးကို တင်ပေးလိုက်ပါတယ်..။ ကျနော့်သူငယ်ချင်းတစ်ယောက်က ကျနော့်ဖုန်းမှာကြည့်ဖို့ လာရောက်ပေးလာခြင်းပါ..။ ကျနော်စမ်းသုံးရင်း အဆင်ပြေတာလေးတွေနဲ့ သဘောကျတာလေးတွေ ရှိလာလို့.. ကျနော့်လိုပဲ နိုင်ငံခြားရောက်နေတဲ့သူများအတွက် ဖုန်းကနေ မြန်မာပြည် အလွမ်းပြေလေး ကြည့်လို့ရအောင် ပြန်လည်တင်ပေးလိုက်ပါတယ်..။ အတော်လေး အဆင်ပြေပါတယ်..။ လိုချင်၊ အသုံးပြုချင်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 235 KB ပဲ ရှိပါတယ်..။
Android PC Suit Pack 2013
ကမ္ဘာမြေ ငြိမ်းချမ်း ပါစေသား။
12/3, 1:57am
မင်္ဂလာပါအစ်ကို
အစ်ကို့ဆိုဒ်က Computer မှာ Android ဖုန်းတွေ အလုပ်လုပ်နိုင်အောင် USB Driver ထည့်နည်း ဆိုတဲ့ ပိုစ့်ကိုဖတ်ပြီး ဒီကောင်လေးအစ်ကို မတွေ့သေးဘူးထင်လို့ ရှယ်ပေးပါတယ်အစ်ကို... ကျတော်အစ်ကို့ဆိုဒ်ကို အမြဲအားပေးနေတဲ့ အစ်ကို့ပရိတ်သတ်တဦးပါခင်ဗျာ
အစ်ကို့ဆိုဒ်က Computer မှာ Android ဖုန်းတွေ အလုပ်လုပ်နိုင်အောင် USB Driver ထည့်နည်း ဆိုတဲ့ ပိုစ့်ကိုဖတ်ပြီး ဒီကောင်လေးအစ်ကို မတွေ့သေးဘူးထင်လို့ ရှယ်ပေးပါတယ်အစ်ကို... ကျတော်အစ်ကို့ဆိုဒ်ကို အမြဲအားပေးနေတဲ့ အစ်ကို့ပရိတ်သတ်တဦးပါခင်ဗျာ
မြန်မာပြည်သားများ အတွက် အလွယ်တကူ အသုံးပြုလို့ ရအောင် ဆိုပြီး ကျနော့်ကို Facebook ကနေ ဆက်သွယ်ပြီး ပေးပို့လာတဲ့ ဒီ Android PC Suit Pack 2013 ဆော့ဝဲလ်ကို ဖုန်းတွေအတွက် USB Drivers တွေနဲ့ Root တူးလေးပါ တခါတည်း ပါဝင်တဲ့အတွက် တခြားလူများပါ အသုံးပြုလို့ ရအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်..။ ဒီဆော့ဝဲလ် အသုံးပြုပုံနဲ့ ပါတ်သက်လို့ ဆက်လက် မေးမြန်လိုတဲ့ သူများကတော့ ဒီအစ်ကိုရဲ့ Facebook ကို ဒီလင့်ကနေ သွားရောက်ပြီး ဆက်လက်မေးမြန်နိုင်ပါတယ်..။ https://www.facebook.com/soenaungnaungu
ဒါလေးက အခုမှ စတင်ကာ Mobile ကို ကွန်ပြုတာဖြင့် ချိတ်ဆက်အသုံးပြုမယ့် Mobile User များအတွက် သီးသန့် ဖြစ်ပါတယ် Samsung , HTC , Sony , Huawei စတဲ့ မြန်မာပြည်မှာ အသုံးများတဲ့ Mobile Phone များ ရဲ့ PC Suit များ Driver များကို ထည့်သွင်းပေးထားပြီး Root လုပ်နိုင်ဖို့ Root Tools ကိုပါ ထည့်သွင်းပေးထားပါတယ်။ အားလုံးဟာ 3.12.2013 အတွက် UPDATE တွေဖြစ်ပါတယ်... စုစုပေါင်း Download ဆွဲရမယ့် ဆိုက်ကတော့ 348 MB ရှိပါတယ်။ ရန်ကုန်က လူတွေကတော့ ပန်းပဲတန်းမြို့နယ် မှာ ရှိတဲ့ မောင်သစ် ဆီမှာ လာယူနိုင်ပါတယ်... အင်တာနက်ကနေ Download ဆွဲမယ့်သူတွေအတွက် လွယ်ကူအောင်တော့ 100 MB ဖိုင်လေးတွေ အဖြစ် ၄ ဖိုင် ခွဲပြီး UPLOAD တင်ပေးထားပါတယ်... သုံးမယ့် User တွေလဲ အသုံးပြုရလွယ်အောင် Install လုပ်ဖို့ One Click နှိပ်ယုံဖြင့် Install တန်းလုပ်နိုင်မှာပါ။ အောက်ပါ Mediafire Link တွင် Download ဆွဲနိုင်ပါသည်။
pro Myanmar root (99 ရာနှုန်း သေချာသည်)

Version :1.0
Size : 2.65MB
Format : Apk
O/S : Android
မင်္ဂလာပါဗျာ ဒီ Pro Myanmar Root ဆိုတဲ့ app ဟာ မြန်မာ Bolgger တွေမှာ လွန်စွာ နာမည်ကြီးခဲ့ပါတယ်။ ကျွန်တော်လည်း အသုံးပြုနေတာ ကြာပါပြီး မအားတာနဲ့ မတင်ပေးဖြစ်တာပါ။ ကျွန်တော် အသုံးပြုပြီး Root ဖောက်မိသလောက် ဖုန်းဆိုရင်တော့ 10 လုံး ဖောက်ရင် 9 လုံးလောက် အဆင်ပြေတာကို တွေ့ရပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် Service သမားတွေ အထူးကို ဆောင်ထားသင့်တဲ့ APK ဆို မမှားပါဘူးနော်။ အသုံးပြုပုံက ဆော့ဝဲလ်ကို ဖွင့် ပြီး Start Root ကို နှိပ်ပေးရမယ် ဖြစ်ပါတယ်။ ဒါဆိုရင် ရာနှုန်ပြေးနေလိမ့်မယ် 100 ရာနှုန်း ပြည့်ရင် ဖုန်းဟာ Restart ကျသွားပြီး ဖုန်းပြန်ပွင့်လာရင် Superuser Icon လေး တစ်ခု ထက်တိုးလာရင် Ok ပါပြီးဗျာ။
How to Root Sony Xperia J (ST26i) - Android ဖုန်းများ Root/UnRoot လုပ်နည်း၊ မြန်မာစာရေးလို့၊ ဖတ်လို့ရအောင် လုပ်နည်း
ဒီပိုစ့်ကို Android ဖုန်းတွေ Root ဖေါက်တတ်ဖို့အတွက် လေ့ကျင့်ခန်း တစ်ခု အနေနဲ့ တင်ပေးလိုက်ခြင်းပါ..။ ဒီပိုစ့်မှာ အသုံးပြုထားတဲ့ ဖုန်းအမျိုးအစားကတော့ Sony Xperia J (ST26i) - Android Version 4.1.2 - Build Number 11.2.A.0.21 ဖုန်းပဲ ဖြစ်ပါတယ်..။ ဒီပိုစ့်ကနေ Root Tool ၂-ခု ဖြစ်တဲ့ SRS Root တူးနဲ့ Kingo Root တူးတွေကို ဒေါင်းယူလို့ ရအောင် ဒါရိုက်လင့်တွေနဲ့ ချိတ်ပေးထားပြီး.. ဒေါင်းယူလို့ အဆင်မပြေပါက မူရင်းဆိုဒ်တွေကိုပါ သွားရောက် ဒေါင်းယူလို့ ရအောင်ပါ လင့်တွေ ပြန်ချိတ်ပေးထားပါတယ်..။ ဒီ Android ဖုန်း Root/UnRoot လုပ်နည်းပိုစ့်ကို ကျန်ခဲ့တဲ့ တစ်ပါတ်လောက်က အဝေးရောက်နေတဲ့ သူငယ်ချင်းက ပိုစ့်တင်ပေးဖို့ တောင်းထားတာဖြစ်ပြီး.. ပုံတွေ စုနေရတာ ဖြစ်လို့ ဒီနေ့မှ ပိုစ့်တင်ပေးဖြစ်ပါတယ်..။
Android ဖုန်းတွေကို Root ဖေါက်လိုက်တဲ့အခါမှာ ဖုန်းရဲ့ System ပိုင်းတွေ တခုခု ပျက်စီးသွားတာတွေ ရှိပါတယ်..။ ဒါကြောင့် ဖုန်းတွေ Root မဖေါက်ခင် ကြိုပြီး စဉ်းစားဖို့ လိုပါတယ်..။ အနည်းငယ် ပျက်စီးတာက ဖုန်းကို အသုံးပြုလို့ ရပေမယ့်.. အများကြီး ပျက်စီးသွားခဲ့ရင်တော့ မိမိတို့ရဲ့ Android ဖုန်းကို ဖုန်းရဲ့ ကွန်ပျူတာနဲ့ ချိတ်တဲ့ ဆော့ဝဲလ်ကနေ.. ပြန်ပြီး အင်တာနက်ကနေ Android ဗါးရှင်း OS ကို ကွန်ပျူတာ ဖေါ်မတ်ချသလို (ဝင်းဒိုးအသစ် တင်သလိုမျိုး) ပြန်ပြီး Install (Update) လုပ်ယူလို့ ရပါတယ်..။ အဲ့လို Update လုပ်လိုက်ရင်တော့ Root ဖေါက်ထားတာရော၊ မြန်မာစာတွေပါ မရှိတော့ပဲ ဖုန်းအသစ်ဝယ်တုန်းက ပါလာတဲ့ အတိုင်း Android OS အသစ်ကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်..။ Root ဖေါက်လိုက်ရင်တော့ ဖုန်းတလုံးနဲ့ တစ်လုံး မတူညီတဲ့ ပျက်စီးမှုလေးတွေ ရှိပါတယ်..။ အခု ဒီဖုန်းမှာတော့ ပျက်စီးမူက ကြည့်နေရင်းနဲ့ ဖုန်း Screen အမဲကြီး ပေါ်လာတတ်ပါတယ်..။ တခါတလေ အဖြူရောင် ဖြစ်သွားပါတယ်..။ Back မျှားနဲ့ နောက်ပြန်ဆုတ်မှ အသုံးပြုလက်စ နေရာ၊ ကြည့်နေတဲ့ နေရာကို ပြန်ရောက်ပါတယ်..။ ဒီထက်ဆိုးတဲ့ ပြဿနာကတော့ မော်ဒယ်မတူတဲ့ နောက်ဖုန်းတလုံးမှာ Root ဖေါက်လိုက်ပြီးမှ ဖုန်းထဲက စာသားတွေ ပျောက်ကုန်ပါတယ်..။ Setting မှာရော၊ App တွေမှာပါ စာသား E-လို တလုံးမှ မပေါ်တော့ပဲ၊ Icon ပုံလေးတွေပဲ မြင်ရပါတော့တယ်..။ နောက်ဖုန်းတစ်လုံးကျတော့ အသုံးပြုလို့ မရအောင်ကို ခဏ၊ခဏ Shut Down ကျပါတယ်..။ အဲ့လိုဆိုးတဲ့ ပြဿနာတွေ ပေါ်ခဲ့ရင်တော့ မိမိတို့ရဲ့ဖုန်းကို အပေါ်မှာ ရေးခဲ့သလို Update လုပ်လိုက်ရင် ပြန်ကောင်းသွားပါတယ်..။ ဒါကတော့ Android ဖုန်းတွေ Root ဖေါက်လိုက်လို့ ပေါ်လာတတ်တဲ့ ပြဿနာတွေထဲက အနည်းငယ်ပဲ ရှိပါသေးတယ်..။
Subscribe to:
Posts (RSS)






