29 Oct 13, 08:14 PM
မင်းသူ: ကိုလွင်မင်းဗိုလ် ရေ. မိမိကိုယ်ပိုင်လွှင့်ထားတဲ့ Wifi ကို password နဲ့ပိတ်တာတော့ ရပါရဲ့ password တစ်ခုကို စက်တလုံးသာ အသုံးပြုလို့ရအောင် ထိန်းချုပ်လို့ရနိုင်ပါသလား ဘယ်လိုထိန်းချုပ်ရမလည်းဆိုတာ ပြောပြပေးပါလား
မင်းသူ: ကိုလွင်မင်းဗိုလ် ရေ. မိမိကိုယ်ပိုင်လွှင့်ထားတဲ့ Wifi ကို password နဲ့ပိတ်တာတော့ ရပါရဲ့ password တစ်ခုကို စက်တလုံးသာ အသုံးပြုလို့ရအောင် ထိန်းချုပ်လို့ရနိုင်ပါသလား ဘယ်လိုထိန်းချုပ်ရမလည်းဆိုတာ ပြောပြပေးပါလား
29 Oct 13, 08:16 PM
မင်းသူ: မတရားအချောင်လိုချင်ကျတဲ့ လူတွေကြောင်စိတ်အနှောက်အယှက်ဖြစ်ရလွန်းလို့ပါ
မင်းသူ: မတရားအချောင်လိုချင်ကျတဲ့ လူတွေကြောင်စိတ်အနှောက်အယှက်ဖြစ်ရလွန်းလို့ပါ
ဒီကောင်လေးကတော့ မိမိတို့ရဲ့ Wifi အတွင်းမှာ ဝင်ရောက်သုံးစွဲနေတဲ့၊ လိုင်းမိနေတဲ့ စက်တွေကို တစ်မိနစ်တော့ မိမိစက်ကနေ ပိတ်ထားလို့ ရပါတယ်..။ တစ်ခါပိတ်ရင် တစ်မိနစ်ပဲ ပိတ်လို့ရမှာ ဖြစ်ပြီး ၊ ခဏခဏ အသုံးပြုလို့ ရပါတယ်..။ ကိုမင်းသူလိုချင်သလို စက်တလုံးပဲ ပေးသုံးဖို့ဆိုတာတော့ ကျနော်နည်းလမ်းတွေ ရှာလို့ မတွေ့သေးပါ..။ နောက်တနည်းကတော့ မိမိရဲ့ Wifi ပါတ်စ်ဝါဒ့်ကို မကြာမကြာ ပြောင်းလဲပြီးသုံးရင်လည်း အဆင်ပြေတဲ့ နည်းလမ်းကောင်းလေးပါ..။ ဒီကောင်လေးနဲ့လည်း မိမိရဲ့ Wifi အတွင်းမှာ ဘယ်နှယောက် အသုံးပြုနေလည်း ဆိုတာကို ကြည့်လို့ ရမှာဖြစ်ပြီး ၊ မိမိမသိတဲ့ စက်တွေပေါ်နေရင်တော့ Wifi Password ကို အမြန်ပြောင်းဖို့၊ အလွယ်ရှာဖို့ နည်းလမ်းကောင်းလေးပါပဲ..။ အသုံးပြုရတာ လွယ်ကူပြီး အောက်မှာလည်း ပုံလေးတွေနဲ့ အသုံးပြုတတ်အောင် ပြပေးထားပါတယ်..။
ဒီဆော့ဝဲလ်လေးကို မြန်မာပြည် အလည်ပြန်သွားတဲ့ ကျနော့် သူငယ်ချင်း၊ ကျနော်တို့ ကွန်ပျူတာသင်တန်း တခုထဲမှာ အတူတက်ခဲ့တဲ့ သူငယ်ချင်း ရဲဝင်းနိုင် က ဟိုအရင်ကတည်းက Gmail ကနေ ပို့ပေးထားခဲ့တာပါ..။ ကြာပြီဖြစ်လို့ ဒီဆော့ဝဲလ်ကို ကျနော် မေ့နေပါပြီ..။ အခုတောင်းတဲ့လူနဲ့ တိုက်ဆိုင်လာတော့မှ Gmail ကနေ ပြန်ဒေါင်းယူပြီး အားလုံးပဲ အသုံးပြုနိုင်အောင် ပြန်တင်ပေးလိုက်တာပါ..။ အတွေး၊ ကဗျာ၊ သတင်းတွေ တင်ပေးနေတဲ့ ကျနော့်သူငယ်ချင်း ရဲဝင်းနိုင် ရဲ့ Blog လေးကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်..။ အောက်မှာလည်း Gmail ကနေ သူရေးပေးထားတဲ့ စာလေးကို အသုံးပြုတတ်အောင် ပြန်လည် ဖေါ်ပြပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.6 MB ရှိပါတယ်..။