Any Video Converter v3.3.9 Software Free Download

 ဒီကောင်လေးကတော့ Update အသစ်ထွက်လာတာလေးကို တင်ပေးလိုက်ပါတယ်..။ သူ့မှာသုံးလို့ ရတာတွေကတော့ အများကြီးပါ..။ ဖေါ်မတ်အားလုံးနီးပါး သုံးလို့ ရပါတယ်.. ပိုကောင်းတာတခုက တခါတည်းနဲ့ DVD ပါ Burn လို့ ရပါတယ်.. ဒီကောင်လေး ပြောင်းပေးနိုင်တဲ့ Format တွေကတော့ သူ့ဆိုဒ်မှာ ရေးထားတဲ့ အတိုင်း ဖေါ်ပြလိုက်ပါတယ်.. 
Any Video Converter is an All-in-One video converting tool with easy-to-use graphical interface, fast converting speed and excellent video quality. It allows you to effortlessly convert video files between every format! It can convert almost all video formats including DivX, XviD, MOV, rm, rmvb, MPEG, VOB, DVD, WMV, AVI to MPEG-4 movie format for iPod/PSP or other portable video device, MP4 player or smart phone. It also supports any user defined video file formats as the output. Any Video Converter makes it easy for anyone to enjoy the any format video with your iPod, PSP, mobile phone or MP4 player. 
လိုအပ်တဲ့ သူများကတော့ အောက်က လင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. အသုံးပြုနည်းကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်.. ဒီကောင်လေးရဲ့ ဖိုင်ဆိုဒ်ကတော့ 28 MB ရှိပါတယ်..

English Movies ကောင်းကောင်းကြည့်ချင်သူများအတွက် watch32.com (Free Movies Online)


English ရုပ်ရှင်ကားပေါင်း များစွာကို အင်တာနက်ကနေ ကြည့်လို့ ရမယ့် ဝဘ်ဆိုဒ်လေးတခုကို ဖေါ်ပြပေးလိုက်ပါတယ်..။ နိုင်ငံခြား ရုပ်ရှင်များကို ကြိုက်နှစ်သက်တဲ့ သူများအတွက် အကြိုက်တွေ့စေမယ့် ဝဘ်ဆိုဒ်ကောင်းလေး တခုဖြစ်တဲ့  http://watch32.com/ မှာ မိမိတို့ ကြည့်ချင်တဲ့ ဇာတ်ကားများကို စိတ်ကြိုက်ရွေးချယ် ကြည့်နိုင်တဲ့ အပြင် IDM တို့လို ဒေါင်းလော့ မန်နေဂျာတွေနဲ့ ဒေါင်းယူ သိမ်းထားလို့လည်း ရပါသေးတယ်..။ အောက်ကပုံမှာ ပြထားသလို.. မိမိတို့ ကြည့်ချင်တဲ့ ရုပ်ရှင်ဇာတ်ကား ပုံပေါ်မှာ တချက်ကလစ်ပေးလိုက်ယုံပါပဲ..။ ဇာတ်ကားတကားကို အပိုင်းလေးတွေ ခွဲခွဲတင်ပေးထားတာဖြစ်တဲ့ တပိုင်းပြီးတပိုင်း ကလစ်ပေးဖို့တော့ လိုပါတယ်..။ ရုပ်ရှင်များအားလုံး အစအဆုံး ကြည့်လို့ရပါတယ်.. ရုပ်ရှင်ကြည့်ချင်တဲ့ သူများကတော့ http://watch32.com/ ကိုကလစ်ပြီး ဝင်သွားလိုက်ပါဗျာ..

မြန်မာပြည် TV လိုင်း UP TO DATE - SKY NET ကိုတိုက်ရိုက် ကြည့်ရအောင် - TVU Player V2.5.3.1 Free Software Download




ဒီ Player လေးက အင်တာနက်ကနေ မြန်မာပြည်က Sky Net TV လိုင်းကို တိုက်ရိုက်ကြည့်လို့ ရလို့ တင်ပေးလိုက်ပါတယ်.. အင်တာနက်လိုင်း ရှိယုံနဲ့ တစ်ကမ္ဘာလုံးက TV လိုင်းပေါင်း မြောက်များစွာကိုလည်း တိုက်ရိုက် ကြည့်နိုင်ပါတယ်..။ အဝေးရောက်နေတဲ့ မြန်မာပြည်သားများ အတွက် ဒီလို ဆော့ဝဲလ်မျိုးက တန်ဖိုးရှိလှပါတယ်..။ နိုင်ငံရပ်ခြားကနေ မြန်မာပြည် TV လိုင်းကို ကြည့်ရဖို့ ဆိုတာ အရင်တုန်းက မလွယ်ပေမယ့် အခုဒီ ကောင်လေးကို ဒေါင်းယူ Install ဆွဲထည့်ပြီးတာနဲ့ ဖွင့်ပြီး Channel နေရာမှာ လိုင်းနံပါတ် 99221 လို့ ရိုက်ထည့်လိုက်တာနဲ့ မြန်မာပြည် Sky Net လိုင်းကို ကြည့်လို့ ရပါပြီ.. လိုင်းချိတ်တဲ့ အချိန်ကိုတော့ ခဏစောင့်ပေး ရပါလိမ့်မယ်.. မြန်မာပြည်က Up To Date - Sky Net TV လိုင်းကို ကြည့်ချင်တယ် ဆိုရင်တော့ အောက်ကလင့်တွေကနေ ၎င်း Player ကို ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5.3 MB ရှိပါတယ်..။ Free Software လေးပါ.. Channel နေရာမှာ ရိုက်ထည့်ရမယ့် 99221 ကို အောက်မှာ ပုံလေးနဲ့ ထည့်ပြထားပါတယ်.. ဆက်ကြည့်လိုက်ပါဗျာ..

Registry Easy 5.6 with Serial Key Free Download



ဒါလေးကို တင်ပေးချင်နေတာ ကြာပါပြီ.. သူ့ရဲ့ Serial Key ကို လိုက်ရှာနေရလို့ မတင်ဖြစ်ခဲ့တာ.. ဒီနေ့တော့ ဒီကောင်လေးရဲ့ ကီးအမှန်ကို ရလာလို့ တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးမှာ ဘာတွေ ကောင်းလဲ ဆိုတော့.. မိမိတို့ စက်ထဲမှာ အမြဲတမ်းဖြစ်ပေါ်တတ်တဲ့ Windows Error , Software Error တွေဟာ များလာရင် စက်ကိုလေးစေပါတယ်..။ ဒီကောင်လေးက အဲဒီအဲရာတွေကို ဖြေရှင်းပေးနိုင်ပါတယ်.. သူအတွက် အထဲမှာ Serial Key လေးပါ ထည့်ပေးထားပါတယ်..။ Easy ဆိုတဲ့ အတိုင်း အသုံးပြုရတာလည်း အရမ်းလွယ်ပါတယ်.. အောက်မှာ အသုံးပြုပုံကို ပုံလေးတွေနဲ့ပါ ပြပေးလိုက်ပါတယ်.. လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.7 MB ရှိပါတယ်..

Freemake Video Converter 3.0.2.9 Free Download


ဒီကောင်လေးကတော့ Update ထွက်လာတဲ့ Freemake Video Converter လေးပါ.. Format အားလုံးနီးပါး ပြောင်းပေးနိုင်ပါတယ်.. သူပြောင်းပေးနိုင်တဲ့ ဖေါ်မတ်တွေကတော့ သူ့ဆိုဒ်မှာရေးပြထားတဲ့ အတိုင်း ဖေါ်ပြလိုက်ပါတယ်.. Convert video free to AVI, MP4, WMV, MKV, SWF, 3GP, DVD, MPEG, MP3, iPod, iPhone, PSP, Android, rip & burn DVD, convert online videos directly from 40+ sites, burn Blu-ray, and upload to YouTube with our free video converter!  
မိမိတို့ ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို You Tube မှာ တခါတည်း တန်းတင်လို့ ရပါတယ်တဲ့.. အတော်လေးကောင်းတဲ့ ဆော့ဝဲလ်လေးပါ.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူသွား လိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 17 MB ရှိပါတယ်..

Desktop Icon Toy Software Free Download



ဒီကောင်လေးကတော့ Desktop ပေါ်က Icon ပုံလေးတွေကို အလှဆင်နည်း တမျိုးပါပဲ..။ ဒီကောင်လေးကို Install ဆွဲထည့်ပေးလိုက်ရင် ရပါပြီ.. Desktop က Icon လေးတွေကတော့ Ipad လိုလို စတိုင်လေး ဖြစ်သွားပါလိမ့်မယ်..။ အောက်မှာလည်း ပုံလေးနဲ့ ပြထားပါတယ်..။ Desktop က ပုံလေးတွေကတော့ မောက်စ်မျှားလေးနဲ့ ထိလိုက်ရင် တုန်သလိုလို၊ ခုန်သလိုသလို၊ ဖြစ်သွားပါတယ်..။ မောက်စ်မျှား လေးမထိရင်တော့ အိုင်ကွန်ပုံ အောက်က စာသားတွေပါ ပျောက်နေပါလိမ့်မယ်..။ Desktop ပေါ်က Icon လေးတွေကို အလှဆင်ချင်တဲ့ သူများ အတွက်ပါ..။ သုံးကြည့်ချင်တယ်ဆိုရင် အောက်ကလင့်တွေကနေ ဒေါင်းယူကြပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 691 kb ပဲရှိပါတယ်..။

Girdac Free PDF Creator V4.1.1.2 Free Download



ဒါကတော့ Girdac Free PDF Creator လေးပါ.. ဒီလထဲမှာပဲ အရင်တပါတ်က PDF Creator တခု တင်ပေးခဲ့ပါတယ်..။ ဒါကတော့ နောက်တမျိုးပါ..။ ဘာလို့ ဒါလေးကို တင်ပေးရလဲ ဆိုတော့ သူငယ်ချင်း တစ်ယောက်က ကျနော်ဆိုဒ်က ပိုစ့်တွေကို သူကြိုက်တာလေးတွေ ရွေးပြီး PDF ဖိုင်လေးတွေ လုပ်ပြီး သိမ်းထားပါတယ်..။ အရင်တင်ပေးခဲ့တဲ့ PDF Creator 1.3.1 လေးနဲ့ပါ..။ အဲဒီ အရင်တင်ပေးခဲ့တဲ့ PDF Creator နဲ့ လုပ်တဲ့ အခါမှာ ပြဿနာတခု ပေါ်ပါတယ်..။ ဘယ်လိုမျိုးလဲဆိုတော့ PDF ဖိုင်လေး ဖြစ်သွားတဲ့ အခါမှာ (အ,) နေရာမှာ (A, အေ) စလုံး  အကြီးတွေ ဖြစ်ကုန်ပါတယ်..။ ကြုံဖူးကြလားတော့ မသိဘူး..။ ကျနော်လည်း သတိမထားမိ ပါဘူး..။ သူပြောမှ သိရတာ.. သေချာကြည့်တော့ အောက်ကပုံအတိုင်း တွေ့လိုက်ရတယ်..။ နှစ်ခုယှဉ်ပြထားပါတယ်..။ သူအကြိမ်ကြိမ်လုပ်တယ်.. လုပ်တဲ့ အခါတိုင်း အဲလိုတွေချည်း ဖြစ်နေပါတယ်..။ နောက်တော့ ကျနော်က PDF Creator နောက်တမျိုးစမ်း သုံးကြည့်ဖို့ အကြံပေးခဲ့တယ်..။ အဲဒီအကြံက မှန်သွားပါတယ်..။ သူပြောင်းသုံးလိုက်တဲ့ ကောင်လေးက အခုတင်ပေးလိုက်တဲ့ ကောင်လေးပါ..။ အရင်လို Error ပြဿနာတွေ မရှိတော့ပဲ မြန်မာစာတွေ အားလုံး ပေါ်တဲ့ PDF ဖိုင်လေးတွေ ဖြစ်လာပါတယ်..။ ဒီကောင်လေးက Free Software လေးပါပဲ.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူသွားကြပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 9.3 MB ရှိပါတယ်..

Mozilla နှင့် Chrome - Bookmarks များကို ဘယ်လို Backup လုပ်မလဲ


ဒီနည်းလေးကတော့ သိပြီးသားလူများလည်း ရှိသလို၊ မသိသေးတဲ့ သူများလည်း အများကြီး ရှိမှာပါ..။ ဟိုတနေ့ Mozilla Update အသစ် တင်ပေးပြီး နောက်တနေ့မှာ Google Chrome Update အသစ် ထပ်တင်ပေးပါတယ်..။ အဲဒီမှာ ဘာပြဿနာပေါ်လာလဲ ဆိုတော့ သူငယ်ချင်း တစ်ယောက်က Browser အဟောင်းတွေကို ဖြုတ်ချပြီး Update ထွက်လာတဲ့ Browser အသစ်တွေကို ပြောင်းသုံးလိုက်ပါတယ်..။ အရင် Browser အဟောင်းတွေရဲ့ Bookmark ထဲက နေ့စဉ်ကြည့်နေတဲ့ ဝဘ်ဆိုဒ် လိပ်စာတွေကို Backup ထုတ်ပြီး သိမ်းဖို့ သူမသိခဲ့တဲ့ အတွက် Browser အသစ်တွေ ပြောင်းသုံးလိုက်တဲ့ အခါမှာ Bookmark အသစ်ထဲမှာလည်း ဘာမှမရှိတော့ပါဘူး..။ သူကတော့ သိမ်းတဲ့နည်း မသိလို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ကျနော့်ဆီရောက်တော့ မေးလာပါတယ်..။ Backup လုပ်နည်းကိုပါ..
Backup လုပ်တယ်ဆိုတာ သိမ်းတာကို ပြောတာပါ.. ကျနော်တို့ Bookmark ကို ရိုးရိုး Backup လုပ်တာထက် HTML ပြောင်းပြီး Backup လုပ်တာက ပိုပြီးတော့ အဆင်ပြေပါတယ်..။ Mozilla မှာတော့ ရိုးရိုး Backup လုပ်တာရော HTML Backup လုပ်တာပါ ၂မျိုး စလုံးပါပါတယ်..။ Chrome မှာတော့ HTML တမျိုးပဲ တွေ့ရတယ်.. ဒါဆိုရင် ရပါပြီ..။ HTML Backup လုပ်နည်းကိုပဲ ဒီပိုစ့်မှာ တင်ပြပေးသွားပါမယ်..။ ဘာကြောင့် HTML Back လုပ်တာကို ပြရလဲဆိုတော့.. တကယ်လို့ Mozilla နဲ့  Bookmarks ကို HTML ပြောင်းပြီး Backup လုပ်ထားမယ်ဆိုရင်.. ဘယ် Browser နဲ့ပဲ ဖြစ်ဖြစ် Backup လုပ်ထားတဲ့ HTML ဖိုင်ကို ပြန်သွင်းပြီး အသုံးပြုလို့ ရမှာဖြစ်ပါတယ်..။ HTML ပြောင်းပြီး Backup လုပ်နည်းနဲ့ ပြန်သွင်းနည်းကို Google Chrome နဲ့ရော Mozilla Firefox နဲ့ပါ ၂မျိုးစလုံး အသုံးပြုတတ်အောင် အောက်မှာပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..
Related Posts Plugin for WordPress, Blogger...