All Free MP3 Cutter v2.3.1


ဒီကောင်လေးကလည်း Mp3 သီချင်းတွေကို လိုသလောက် အပိုင်းကိုပဲ ဖြတ်ယူဖို့ပါ..။ ဒါလေးက နောက်တခုပါ..။ အသုံးပြုရတာလည်း မခက်ပါဘူး.. အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ သူ့အတွက် ကီးလေးပါ ထည့်ပေးထားပါတယ်..။ သူကတော့ သီချင်းတွေကို ဖြတ်ပြီဆိုမှ ကီးတောင်းပါလိမ့်မယ်..။ လုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 7.4 MB ရှိပါတယ်..

MP3 Cutter Joiner



ဒီကောင်လေးကတော့ Mp3 သီချင်းတွေကို မိမိတို့ လိုအပ်တဲ့ အပိုင်းလေးကိုပဲ ဖြတ်တောက်ယူဖို့နဲ့ လိုချင်တဲ့ သီချင်းတွေကို ပြန်ဆက်ဖို့ အတွက် အဆင်ပြေပါတယ်..။ လုပ်ရတာလည်း လွယ်လွယ်လေးပါ.. ။ သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ အသုံးပြုပုံကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူနိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 3 MB ပဲရှိပါတယ်..

Internet Download Manager 6.12 Beta Build 7

Internet Download Manager 6.12 Beta Build 7 က Update ထွက်နေတာ ၃၊၄ရက်လောက် ရှိနေပါပြီ.. ကျနော်တင်ပေးဖို့ ကျန်ကျန်နေတာပါ..။ သူ့ထဲမှာ Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ Full ဖြစ်အောင် လုပ်နည်းကို IDM 6.12 Build 3 ပိုစ့်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. အခုဒီကောင်လေးနဲ့ လုပ်နည်း အတူတူပါပဲ... မသိသေးတဲ့ သူများကတော့ IDM 6.12 Build 3 ကို ပြန်ကြည့်နိုင်ပါတယ်..။ အခုဒီဗါးရှင်းကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.4 MB ရှိပါတယ်..

Xilisoft Video Cutter v2.0.1 Portable



ဒါလေးကတော့ Video Cutter လေးပါ..။ ဗွီဒီယိုတွေကို လိုချင်တဲ့ အပိုင်းလေးကိုပဲ ဖြတ်တောက်ယူဖို့ ဆိုရင် ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်..။ မနေ့ကတင်ပေးလိုက်တဲ့  ကောင်လေး Ultra Video Splitter နဲ့ လုပ်နည်း အတူတူပါပဲ.. ဒီကောင်လေးက Portable လေးပါ..။ Portable လေးဆိုတော့ ဘာကီးမှထည့်ပေးဖို့ မလိုတော့ပါဘူး..။ ၂ချက်တောက်ဖွင့်ပြီး တန်းသုံးလို့ ရပါတယ်..။ လုပ်ရတာတာလည်း လွယ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 21.3 MB ရှိပါတယ်..

Ultra Video Splitter 5.01 [ DVD + VCD Cutter ]



ဒီကောင်လေးကတော့ ကျနော်တို့ကြိုက်တဲ့ DVD/VCD ထဲကသီချင်းတွေကို.. ကျနော်တို့ လိုချင်တဲ့ အပိုင်းလေး ကိုပဲ ဖြတ်တောက်ယူဖို့အတွက် ကူညီပေးပါလိမ့်မယ်..။ အသုံးပြုရတာလည်း လွယ်ပါတယ်..။ ကျနော်ကတော့ You Tube ကသီချင်းတပုဒ်ကို ဒေါင်းယူပြီး လုပ်ပြထားပါတယ်. ။ အောက်မှာပုံလေးတွေနဲ့ အသုံးပြုပုံကို တင်ပြပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်က လင့်တွေကနေ အရင်ဒေါင်းယူပြီး ပုံလေးတွေအတိုင်း အသုံးပြုနိုင်ပါတယ်..။ သူ့ရဲ့ကီးလေးပါ notepad လေးနဲ့ ထည့်ပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 10.9 MB ရှိပါတယ်..

Blog မှာလာလည်သူစာရင်း ထည့်ချင်တဲ့သူများအတွက်



25 Jul 12, 04:03 PM
မောင်စိုး: အစ်ကိုရယ် ကူညီပေးပါလား ဘလော့လ်မှာ လာလည်သူစားရင် ထဲခြင်းလို. ပြောပြပေးပါနော် ကျေးဇူးပြုပြီး
အခုဒီနည်းလေးက အရင်တင်ပေးဖူးတဲ့ ဘလော့မှာ နာရီထည့်တဲ့နည်းနဲ့ အတူတူပါပဲ..။  တောင်းထားတဲ့လူ ရှိလို့ တင်ပေးလိုက်ပါတယ်.. မသိသေးတဲ့သူများ အတွက်တော့ အခက် တွေ့နေအုန်းမှာပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဝင်သွားလိုက်ပါ..။ http://flagcounter.com/ ဘယ်လို လုပ်ယူရလဲဆိုတာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..

Cyberlink Power Director 9.0


ဒီပရိုဂရမ်ကတော့ Video တွေကို တည်းဖြတ်ဖို့နဲ့ မိမိတို့စိတ်ကြိုက် Slide Show တွေကို Effect မျိုးစုံနဲ့ ပြုပြင်ယူလို့ ရမှာ ဖြစ်ပါတယ်..။ မနေ့ကတင်ပေးခဲ့တဲ့ Video Editing စာအုပ်လေးနဲ့ ဒီ ပရိုဂရမ်ကို လက်တွေ့ ၊ အလွယ်တကူ အသုံးပြုနိုင်ပါလိမ့်မယ်..။ Power Director 10 တော့ရှိပါတယ်..။ သူ့အတွက် Key အမှန်ကို ရှာလို့ မတွေ့သေးဘူး..။ Patch ဖိုင်တွေကလည်း  Power Director 10 နဲ့ အဆင်မပြေပြန်ဘူး..။ ဒါကြောင့်  Power Director 9 ဘက်လှည့်ကြည့်လိုက်တော့.. သူ့ကီးလေးနဲ့သူ Full Version ဖြစ်နေလို့ ပြန်တင်ပေးလိုက်ပါတယ်..။ ဒါပေမယ့် ဖိုင်ဆိုဒ်တော့ များတယ်..။ 700 MB နီးပါးရှိပါတယ်..။ ဒီဖိုင်ကို ကျနော် 100 MB စီနဲ့ ၇ပိုင်းခွဲပြီး တင်ပေးထားပါတယ်..။ New Folder တခုဖွင့်ပြီး အပိုင်းအားလုံးကို စုထည့်လိုက်ပါ.. ပြီးမှ အပိုင်းတစ်ကို ဖြည်လိုက်တာနဲ့ ရပါပြီ.. ကျန်တဲ့ အပိုင်းတွေပါ အလိုလိုပြည်ကျ သွားပါလိမ့်မယ်..။ တကယ်တော့ ကျနော်လည်း ဖိုင်တွေခွဲပြီး မတင်ချင်ပါဘူး..။ ဖြစ်နိုင်ရင် ဖိုင်တခုထဲ တင်ပေးချင်တာပါ..။ အခုဒီဖိုင်က သိမ်များလွန်းတော့.. Upload ဆိုဒ်တွေက ဖိုင်ဆိုဒ်အကြီးကြီး တခါတည်း တင်ဖို့ လက်မခံလို့သာ အခုလို ဖိုင်တွေခွဲတင်လိုက်ရတာပါ..။ တခုသတိပြုရမှာက ဒီဖိုင်တွေကို ဒေါင်းတဲ့အခါမှာ Connection မကောင်းလို့ ပြတ်ကျသွားတဲ့ အပိုင်းကို ပြန်ဆက်ဒေါင်းရင်.. အဲဒီအပိုင်းကို မှတ်ထားပေးပါ..။ ဖိုင်တွေပြန်ပေါင်းလို့ Error တက်ခဲ့ရင် အဲလို ပြတ်ကျပြီး ပြန်ဆက်ဒေါင်းလိုက်တဲ့ ဖိုင်တွေက ဖြစ်တာများပါတယ်..။ ဒါကြောင့် ဖိုင်တွေပြန်ပေါင်းလို့ Error တက်ခဲ့ရင် အဲဒီဖိုင် (၂ခါ၊၃ခါပြတ်ကျပြီးမှ ပြတ်ကျတဲ့နေရာကနေ ပြန်ဆက်ဒေါင်းယူလို့ ရလာတဲ့အပိုင်း)ကို Delete နဲ့ဖျက်ပစ်ပြီးမှ အဲဒီအပိုင်းကို အသစ်ပြန်ဒေါင်းယူပါ..။ ဒေါင်းလော့ချနေတဲ့ အချိန်မှာ ပြတ်ကျမသွားအောင် Connection ကောင်းနေတဲ့ အချိန်မှ ဒေါင်းလော့ချပါ..။ ဒီဖိုင်တွေကို ပြန်ပေါင်းလို့ အဆင်ပြေမပြေသိရအောင်.. ကျနော် စက်၂လုံးနဲ့ ဟိုဘက်၊ ဒီဘက် ပြောင်းပြီး ၃၊၄ကြိမ် ဖိုင်ပြန်ပေါင်းပြီးလို့ အဆင်ပြေမှ ဒီဖိုင်တွေကို တင်ပေးလိုက်တာပါ..။ နောက်ပြီး English လို User Guide လေးတွေပါ PDF ဖိုင်လေးတွေနဲ့ ထည့်ပေးလိုက်ပါတယ်..။ အားလုံးအတွက် အဆင်ပြေမယ် ထင်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. adfly စာမျက်နှာလေး ကြားခံထားပါတယ်..

Power Director Video Editing - PDF ( မြန်မာလို)



ဒီစာအုပ်လေးကတော့ ဗွီဒီယိုတွေကို တည်းဖြတ်ဖို့ လက်တွေ့ သင်တန်း သဘောမျိုး လေ့လာလို့ ရအောင် တင်ပေးလိုက်တာပါ..။ သူ့အတွက် လက်တွေ့ လေ့ကျင့်ဖို့ ဆော့ဝဲလ်ကို ကျနော်အခု Upload ဆိုဒ်တွေမှာ တင်နေပါတယ်..။ တင်ပြီးသွားတာနဲ့ ဆက်ပြီး ရှယ်ပေးသွားပါ့မယ်..။ Video Editing ကို ဝါသနာပါတဲ့ သူများ.. အခြေနေအမျိုးမျိုးကြောင့် သင်တန်းလိုက်မတက်နိုင်တဲ့ သူများအတွက် အခုဒီစာအုပ်လေးက အထောက်အကူ ပြုပါလိမ့်မယ်..။ စာအုပ်ဖတ်လိုက်.. Video Editing ပရိုဂရမ်နဲ့ လက်တွေ့လေ့ကျင့်လိုက်ဆို .. သိပ်မကြာခင်မှာ ဗွီဒီယို တည်းဖြတ်တဲ့ ပညာကို တတ်မြောက်သွားပါလိမ့်မယ်..။ ဒီလိုစာအုပ်လေးတွေကို မိမိတို့ ကွန်ပျူတာထဲမှာ ဖတ်နိုင်ဖို့ PDF Reader လေးတွေလိုအပ်ပါတယ်..။  PDF Reader ထည့်မထားတဲ့ စက်တွေမှာ စာရွက်အဖြူလေးတခုပဲ မြင်ရမှာ ဖြစ်ပြီး ဖွင့်ဖတ်လို့ မရပါဘူး..။ ဒါကြောင့် မိမိတို့ စက်ထဲမှာ  PDF Reader မရှိသေးရင်တော့ ကျနော့်ဆိုဒ်ထဲမှာ Foxit Reader လေး တင်ပေးထားတာရှိပါတယ်..။ ယူပြီးတော့ အရင် Install ဆွဲထည့်လိုက်ရင် ဒီလိုစာအုပ်လေးတွေကို ဖွင့်ဖတ်လို့ ရသွားပါလိမ့်မယ်.. အခုဒီစာအုပ်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 10.1 MB ရှိပါတယ်..
Related Posts Plugin for WordPress, Blogger...