ProShow Gold v5.0


27 Aug 12, 12:07 AM
မိုး၂: အကိုရယ် ကျနော့ကို photoshop7.0 နဲ့
27 Aug 12, 12:08 AM
မိုး၂: slideshow လုပ်တဲ့ progold ဆော့ဝဲ့ပါ ခဏတင်ပေးပါလားးအကို
ဒီလိုလေးတွေ ရေးပြီးတောင်းရင် ဆော့ဖ်ဝဲတွေရှာရတာ ပိုအဆင်ပြေပါတယ်..။ တချို့က ဆော့ဖ်ဝဲနာမည် ထည့်မပေးတော့ ဘယ်လိုရှာရမှန်း မသိတာတွေ ရှိပါတယ်..။ မိမိတို့အသုံးပြုလိုတဲ့ ပုံစံနဲ့ ဆော့ဖ်ဝဲနာမည်ကို တိတိကြကြပြောနိုင်ရင် ကျနော်ရှာရတာ ပိုအဆင်ပြေပါတယ်..။ ကျန်ခဲ့တဲ့ အပါတ်ကတင်ပေးခဲ့တဲ့ IsoBuster လို ဆော့ဝဲလ်မျိုးဆိုရင် သူပေးထားတဲ့ နာမည်နဲ့ သူအသုံးပြုပုံနဲ့က တခြားစီပဲ.. ဆော့ဖ်ဝဲနာမည်နဲ့ အသုံးဝင်တာ ဘာမှမဆိုင်ဘူး..။ အဲလိုဆော့ဝဲမျိုးတွေရှိတာကြောင့် ကျနော့်ဆီမှာ ဆော့ဝဲတွေတောင်းတဲ့ အခါ ဘာအတွက်သုံးတဲ့ ဘာဆော့ဖ်ဝဲပါ ဆိုတာ ဆော့ဝဲနာမည်နဲ့ အသုံးဝင်ပုံလေးကို သေချာလေး ရေးပေးပြီး တောင်းကြဖို့ သတိပြုစေချင်ပါတယ်..။ ဒါမှလုပ်ရကိုင်ရတာ အဆင်ပြေမှာပါ..။ 
အပေါ်မှာဖေါ်ပြထားတဲ့ အစ်ကိုတောင်းထားတဲ့ထဲက ဒီတစ်ခုကို အရင် တင်ပေးလိုက်ပါတယ်..။ နောက်တခု Photoshop 7.0 ကတော့ ကျနော် အခု တင်ပေးနေပါတယ်..။ Upload ရတာနဲ့ ပြန်လည်မျှဝေပေးသွားပါ့မယ်..။ ဒီကောင်လေးကို ကျနော် Patch ဖိုင်လေးနဲ့ တင်ပေးထားပါတယ်..။ Patch ထည့်နည်းကို အားလုံးလည်း သိပြီးလောက်ပြီမို့ အများကြီး ပြမနေတော့ပါဘူး..။ IDM 6.12 Built 3 ပိုစ့်မှာ လုပ်ပြထားတာနဲ့ အတူတူပါပဲ.. နောက်ပြီး ဒီကောင်လေးမှာ ဓါတ်ပုံတွေကို Slide Show လုပ်တဲ့ Effect တွေအများကြီးနဲ့ နောက်ခံသီချင်းတွေပါထည့်လို့ ရပါတယ်..။ လုပ်ပြီးသား Slide Show တွေကို တခါတည်း DVD ခွေထုတ်ချင်လား၊ You Tube မှာတင်ချင်လား၊ Face Book မှာ တင်ချင်လား၊ လုပ်လို့ရတာတွေ အများကြီးပါပါတယ်..။ အဲလို လုပ်လို့ရတာတွေ အများကြီးပါတဲ့ အတွက် ပုံတွေအများကြီးနဲ့ လုပ်ပြဖို့ အဆင်မပြေနိုင်ပါဘူး..။ ဒါကြောင့် သူ့အတွက် Tutorial Video ဖိုင်လေးတွေရှာပြီး လင့်တွေ ချိတ်ပေးထားပါတယ်..။ အဲဒီဗွီဒီယိုတွေကို ကြည့်ပြီး စမ်းလုပ်ကြည့်ရင် အဆင်ပြေပြေ လုပ်တတ်သွားပါလိမ့်မယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 33.4 MB ရှိပါတယ်..။

Blogger လူသစ်များအတွက် မသိမဖြစ် Blog အသုံးပြုနည်းများ


10 Aug 12, 06:14 PM
ကတုံး: အစ်ကိုရယ် ဒီနေ၇ာမှာမိမိညွန်းချင်တဲ့ URL လင့်ကိုထည့်ပါ ဘာကိုပြောတာလဲ ရှင်းပြပေးပါလားကေူးဇူးပြုပြီး
10 Aug 12, 04:55 PM
မောင်စိုး: အစ်ကိုရေ ကျွန်တော်ဘလော့မှာ တင်ပြီးသမျှပိုစ်.လိုပေါ်ခြင်းတယ် ကူညီပေးပါနော်
21 Aug 12, 08:15 PM
မောင်ဇော်: အစ်ကို ကျေးဇူးပြု၍ ရှင်းပြပါရန် မေတ္တာရပ်ခံပါတယ် အခုဖြစ်နေတဲ့  ဘလော့ ပြဿနာပါ.. ဒီလိုပါ အစ်ကို Showing posts with label ကဗျာများ. Show all posts မပေါ်ဘူးဖြစ်နေတယ် .. နိုပ်လိုက်ရင် ဒီအတိုင်းပဲ အောက်မှ
21 Aug 12, 08:17 PM
မောင်ဇော်: ရေးထားတဲ့ ကဗျာများ ပေါ်မလာတော့ဘူး .. ရှင်းပြပေးပါရန် မေတ္တာရပ်ခံပါသည် ။
22 Aug 12, 09:11 AM
လွင်မင်းဗိုလ်: ကိုမောင်ဇော်ရေ.. Design >> Blog Posts >> Edit ကနေသွားပြီး ပေါ်လာတဲ့ဘောက်စ်ထဲမှာ အမှန်ခြစ်လေးတွေကို တခုချင်းစီဖြုတ်၊ တပ်လုပ်ပြီးစမ်းကြည့်ပါဗျာ.. စိတ်ကြိုက်ဖြစ်ရင် Save လိုက်ပါ.. မစမ်းခင်အရင်ဆုံး မူရင်းအတိုင်းကို ဓါတ်ပုံရိုက်ယူထားလိုက်ပါ.. အမှာ�
22 Aug 12, 09:12 AM
လွင်မင်းဗိုလ်: အမှားဖြစ်ခဲ့ရင်ဓါတ်ပုံထဲကအတိုင်းပြန်ပြင်လို့ရအောင်လို့ပါ..
22 Aug 12, 12:29 PM
မောင်ဇော်: ဘာကို ဖြုတ်ရမှာလဲ အစ်ကိုရေ..  ဘယ်လိုမှ နားမလည်ဘူး ..ရှင်းပြပါနော် ..စောင့်မျော်နေလျှက်
ဒီပိုစ့်ကို Blogger လူသစ်များအတွက် မသိမဖြစ် Blog အသုံးပြုနည်းများလို့ ခေါင်းစဉ်တပ်လိုက်တာ အရမ်းများ လွန်သွားမလား မသိဘူး..။ တကယ်တော့ ကျနော်ဆိုလိုချင်တာ၊ ကျနော်ရေးသားထားတဲ့ ဘလော့နည်းလမ်းလေးတွေက လက်ရှိကျနော်အသုံးပြုနေတဲ့ ကျနော့်ဘလော့ထဲက နေ့စဉ်အသုံးဝင်နေတဲ့ နည်းလမ်းလေးတွေကို တစိတ်တပိုင်း စုစည်းတင်ပြထားခြင်းသာ ဖြစ်ပါတယ်.. စာဖတ်ယုံနဲ့ နားမလည်နိုင်ကြတဲ့ တချို့ Blogger လူသစ်များအတွက်ကို အဓိက ရည်ရွယ်ရေးသားထား ခြင်းသာဖြစ်ပါတယ်..။ ဒါကြောင့် အတတ်နိုင်ဆုံး ပုံလေးတွေနဲ့ ကြည့်ရအဆင်ပြေအောင်၊ နားလည်လွယ်အောင် ရှင်းပြပေးထားတာပါ..။ ပါဝင်တဲ့ လုပ်နည်းလေးတွေကတော့
၁။ မိမိတို့ရဲ့ Blog မှ Template ကို Download/Restore နဲ့ Recovery လုပ်နည်း..
၂။ မိမိတို့ရဲ့ Blog မှ ပိုစ့်အားလုံးကို Download/Restore နဲ့ Recovery လုပ်နည်း..
၃။ မိမိတို့ရဲ့ Blog မှာ တင်ပြီးသမျှပိုစ့်များ လို့ပေါ်ချင်တဲ့သူများအတွက်..
၎။ Blog Post များရဲ့ အောက်ခြေမှာ လိုအပ်တာလေးတွေ ပြင်ဆင်ဖြည့်စွက်ချင်တယ်ဆိုရင်..
၅။ Post တပုဒ်မတင်ခင် ပြင်ဆင်ရမည့် အချက်များ.. Labels (Categories) များအသုံးပြုတတ်အောင်..
၆။ Blog စာမျက်နှာမှာ Labels (Categories) ပေါ်အောင် လုပ်နည်း..
၇။ Post တပုဒ်တင်တဲ့အခါ မိမိညွှန်းချင်တဲ့ လင့်ကို မြုပ်တတ်အောင်၊ သပ်ရပ်တဲ့ Post တပုဒ်ဖန်တီးခြင်း  (Webpage လိပ်စာနဲ့ Download လင့်တွေ ဘယ်လိုမြုပ်မလဲ)
၈။ Blog Sidebar မှာ Download လင့်မြုပ်ပြီး Animation အရုပ်လေး လှုပ်ရှားနေအောင် လုပ်နည်း
အရင်တုန်းက တချို့ဘလော့ဂါလူသစ်တွေ မေးထားတဲ့ မေးခွန်းလေးတွေကိုတော့ ပြန်ရှာ မရတော့လို့ ထည့်မပြတော့ပါဘူး.. သိပ်မကြာခင်က မေးခွန်းလေးတွေကိုတော့ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။ အပေါ်ဆုံးက အစိမ်းရောင် စာကြောင်းလေးတွေ အတိုင်းပါပဲ.. ဘလော့နဲ့ ပါတ်သက်လို့ တခြားလိုအပ်မယ် ထင်တာလေးတွေနဲ့၊ နာမည်ကြီး မြန်မာနည်းပညာ ဆိုဒ်တွေမှာ ခဏခဏမေးမေးနေကြတဲ့ blog sidebar မှာ  ဇော်ဂျီရုပ်လေး လည်နေပြီး အောက်မှာ ဇော်ဂျီဖေါင့် ဒေါင်းလော့လင့်ကို ဘယ်လိုမြုပ်ရလဲ ဆိုတာပါ လုပ်ပုံလုပ်နည်းကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..

Yamicsoft Windows 7 Manager 4.0.5 Final Portable


ဒီကောင်လေးမှာ Features တွေအတော်များများ ပါပါတယ်..။ Windows 7 Manager ဆိုတဲ့အတိုင်း Windows7 နဲ့ ပါတ်သက်တာတွေ အားလုံးနီပါး လုပ်ပေးနိုင်ပါတယ်..။ မိမိတို့ရဲ့စက်ကို အမှိုက်တွေရှင်းပေးတာ၊ မလိုအပ်တဲ့ Registry Error တွေကို Cleaning လုပ်ပေးတာတွေ၊ Junk ဖိုင်တွေနဲ့ တခြားအသုံးဝင်တဲ့ စက်ကို မြန်အောင်၊သွက်အောင် လုပ်ပေးနိုင်တာတွေ အများကြီး ပါပါတယ်..။ သူ့ရဲ့အသုံးဝင်ပုံတွေနဲ့ သူနဲ့ပါတ်သက်တာလေးတွေကို တခုချင်းစီ ရှင်းပြဖို့ ခက်ပါတယ်.. ကျနော် အနည်းငယ် အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အနည်းငယ် လုပ်ပြပေးထားပါတယ်..။ ကျန်တာတွေကိုတော့ မိမိတို့ဖာသာ စမ်းသပ်အသုံးပြုကြည့်ပါဗျာ..။ ဒီကောင်လေးကို ဘယ်လိုအသုံးဝင်လဲ၊ ဘယ်နှမျိုး အသုံးပြုလို့ ရလဲဆိုတာကို သူ့ရဲ့မူရင်း ဆိုဒ်မှာ ရေးထားတဲ့အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..
Windows 7 Manager is the powerful software tool to tweak and optimize your Windows 7, it bundles more than 30 different utilities in one and help your system faster and more stable, secure and personal!
Windows 7 Manager is a system utility that helps you optimize, tweak, repair and clean up Windows 7. It will increase your system speed, eliminate system fault, improve system security, and meet all of your expectations.Windows 7 Manager is a system utility that helps you optimize, tweak, repair and clean up Windows 7. It will increase your system speed, eliminate system fault, improve system security, and meet all of your expectations.
လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ Portable လေးပါ..။ ၂ချက်တောက်ပြီး တန်းသုံးလို့ ရပါပြီ..။ လိုရမယ်ရ သူ့ထဲမှာ Keygen လေးပါ ထည့်ပေးလိုက်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 9 MB ရှိပါတယ်..

Internet Download Manager 6.12 Build 10 Final


Internet Download Manager 6.12 Build 10 Final Update လေးထွက်လာလို့ တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးထဲမှာ ကျနော် Patch ဖိုင်လေးတွေ ၄ခုထည့်ပေးထားပါတယ်..။ မိမိတို့ နှစ်သက်ရာ Patch နဲ့ ဒီကောင်လေးကို ဖူးဖြစ်အောင်လုပ်ပေးလိုက်ပါ.. ဖူးဖြစ်အောင် လုပ်နည်းလေးကို IDM 6.12 Beta Built 3 ပိုစ့်မှာ တင်ပေးထားပြီးသား ရှိပါတယ်..။ မလုပ်တတ်သေးတဲ့သူများ အဲဒီပိုစ့်ကို ပြန်ကြည့်လိုက်ပါဗျာ..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 5.1 MB ရှိပါတယ်..။ တခုသတိပြုရမှာက ဒီထဲမှာပါလာတဲ့ Patch ဖိုင်လေးကို မဖွင့်ခင် အရင်ဆုံး Antivirus Programs တွေကို Temporary Disable ပေးပြီး ခဏပိတ်ထားလိုက်ပါ..။ ပြီးမှ Patch ဖိုင်ကို ဖွင့်သုံးပါလေ..

IsoBuster 1.9.1 - (copy ကူးလို့မရအောင် ပိတ်ထားတဲ့ CD ချပ်ထဲက သီချင်းတွေကို ဘယ်လိုရအောင်ကူးမလဲ)

copy ကူးလို့ မရအောင် ပိတ်ထားတဲ့ CD ထဲက သီချင်းတွေကို ဒီကောင်လေးနဲ့ ရအောင်ကူးလို့ ရပါတယ်..။ ဒီကောင်လေးကို ဆရာသမားဆီက ယူလာတာ ကြာပါပြီ.. မတိုက်ဆိုင်လို့ မသုံးဖြစ်ပဲ မေ့နေတာ.. မနေ့ကတော့ သူငယ်ချင်းတစ်ယောက်က ဖုန်းထဲကို CD ထဲက သီချင်းတွေထည့်ချင်လို့ သူကိုယ်တိုင် ကူးယူလို့ မရတဲ့အကြောင်း၊ ကျနော့်ကို လုပ်ပေးဖို့ တောင်းဆိုလာလို့ စက်ထဲထည့်ပြီး စမ်းကြည့်လိုက်တော့ သီချင်းအပုဒ်တိုင်း 1 kb လို့ပဲ ပြထားတယ်..။ ဆော့ဖ်ဝဲနဲ့ copy ကူးလို့ မရအောင် ပိတ်ထားတဲ့ အခွေဖြစ်နေတော့ ဒီ IsoBuster လေးကို သွားသတိရတယ်.. ဒီကောင်လေးနဲ့ လုပ်ပေးလိုက်လို့ CD သီချင်းခွေ လေးချပ်စလုံး OK သွားတယ်..။ ဘယ်လိုသုံးလဲဆိုတာ လိုအပ်တဲ့သူများအတွက် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ သူ့အတွက် Key လေးပါ ထည့်ပြထားတယ်.. လိုအပ်တဲ့သူမျာ အောက်ကလင့်တွေ ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 2.5 MB ရှိပါတယ်..

Active Desktop Calendar 7.95 (32-bit and 64-bit)


ဒီကောင်လေးကတော့ ကျနော်တို့ရဲ့ ကွန်ပျူတာ Desktop ပေါ်မှာ Calendar ပေါ်နေအောင်လုပ်တဲ့ ကောင်လေးပါ..။ ဝင်ဒိုးထဲက Calendar မဟုတ်ပါဘူး..။ သူ့စတိုင်နဲ့ သူပါလာတဲ့ Calender လေးပါ..။ ကြည့်ရတာတော့ တစ်မျိုးလန်းနေသလိုပဲ.. အောက်မှာ ကျနော်စက် Desktop မှာ ပေါ်နေတာလေးကို ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီကောင်လေးအတွက် Key လေးတွေပါ ထည့်ပေးလိုက်ပါတယ်..။ Install ဆွဲထည့်ပြီး သူ့ Key လေးကို သွားထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ မိမိတို့ကွန်ပျူတာမှာ အသုံးပြုတဲ့ နောက်ခံ Back ground ပုံတွေနဲ့ လိုက်ဖက်မယ့်ကောင်လေးလို့ ထင်ပါတယ်..။ Desktop မှာ အလှဆင်ချင်တဲ့သူများအတွက် အကြိုက်တွေ့နိုင်ပါတယ်..။ နောက်ပြီး သူ့ထဲမှာ နေ့တွေအတွက် နုတ်လေးတွေကို ရေးမှတ်ထားလို့ ရမယ်.. Alam ပေးထားလို့လည်း ရသေးတယ်..။ Desktop နောက်ခံ ပုံတွေနဲ့ Screen  Saver တွေကိုလည်း ထည့်သုံးလို့ ရပါသေးတယ်..။ မိမိတို့ စိတ်ကြိုက် စမ်းသုံးကြည့်ပါ..။ မကြိုက်လို့ ပိတ်ထားမယ်ဆိုရင်လည်း အလွယ်လေး ပိတ်ထားလို့ ရပါတယ်..။ အောက်မှာ ပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11.7 MB ရှိပါတယ်..။ သူ့ထဲမှာ 32-bit အတွက်နဲ့ 64-bit အတွက် ၂ခုပါပါတယ်..။ မိမိတို့ စက်ရဲ့ Version နဲ့ တူတဲ့ ကောင်လေးကို Install ဆွဲထည့်လိုက်ရင် ရပါပြီ..။

Adobe CS6 အားလုံးကို Activator တခုတည်းနဲ့ Full ဖြစ်အောင်လုပ်နည်း



Adobe CS6 ကိုမှ သုံးချင်တဲ့သူများအတွက်ပါ..။ ဒေါင်းလော့ချရမယ့် ဖိုင်ဆိုဒ်ကတော့ နည်းနည်းများပါလိမ့်မယ်..။ CS6 တခုကို 1GB ကျော်စီရှိပါတယ်..။ သူ့ရဲ့ CS6 Downloader နဲ့ Adobe CS6 အားလုံးကို တခုပြီးတခု ဒေါင်းယူလို့ ရပါတယ်..။ အောက်မှာ CS6 Downloader ပါ တင်ပေးလိုက်ပါတယ်..။ Adobe CS6 အားလုံးအတွက် Activator လေးလည်း တင်ပေးထားပါတယ်..။ ဒီကောင်လေးကို ကျန်ခဲ့တဲ့ လတုန်းကတည်းက တင်ပေးထားခဲ့တာပါ..။ အခုမှ ပြန်စမ်းကြည့်ပြီး အဆင်ပြေလို့ တခါတည်း လုပ်နည်းလေးပါ ထပ်တင်ပေးလိုက်ပါတယ်..။ CS6 အားလုံးကို ဒီ Activator လေးတခုတည်းနဲ့ ဖူးဖြစ်အောင် လုပ်လို့ရပါတယ်..။ အောက်ကပုံတွေမှာ မြင်ရမှာပါ..။ ကျနော့်စက်ထဲ Adobe CS6 သုံးခုကို ဒီကောင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ထားပြီးပါပြီ.. အဲဒီတော့ လိုအပ်တဲ့သူများကတော့ အောက်ကပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။ အရင်ဆုံး ကျနော်တင်ပေးထားတဲ့ အောက်က ၂ခုစလုံးကို အရင်ဒေါင်းယူလိုက်ပါ..။ ၂ခုပေါင်းမှ 3 MB ကျော်ပဲရှိပါတယ်..။ ပြီးရင် Adobe CS6 Downloader ကို မိမိတို့စက်ထဲ Install ဆွဲထည့်လိုက်ပါ..။ ပြီးရင်တော့ Free Account တစ်ခုဖွင့်ပြီး မိမိတို့ နှစ်သက်ရာ အလိုရှိတဲ့ CS6 တွေကို တခုပြီးတခု ဒေါင်းယူလို့ ရပါပြီ..။ 

Adobe Photoshop CS5 - PDF (မြန်မာလို)


ဒီစာအုပ်လေးကို အဝေးကသူငယ်ချင်း တစ်ယောက်က တောင်းထားလို့ တင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများနဲ့ မရှိသေးတဲ့သူများ ကတော့ မနေ့က တင်ပေးထားတဲ့ CS5 ကို လက်တွေ့ အသုံးပြုလို့ ရမှာဖြစ်ပါတယ်..။ ဒီစာအုပ်လေးထဲမှာ CS5 Tools တွေကို သေချာရှင်းပြထားပြီး၊ စာအုပ်လေးရဲ့ နောက်ဆုံး အပိုင်းမှာ အခြေခံလေ့ကျင့်ခန်းလေးတွေကိုလည်း ထည့်ပေးထားတာ တွေ့ရပါတယ်..။ ဒါကြောင့် အခုမှ လေ့လာနေတဲ့သူများ အတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါ.. ပုံနဲ့စာနဲ့ သေချာရှင်းပြထားတဲ့ စာရေးသူရဲ့ စေတနာကို လေးစားရမှာ ဖြစ်ပြီး၊ ဒီစာအုပ်လေးကို PDF ဖိုင်အဖြစ် ဖန်တီးပေးခဲ့တဲ့ စေတနာရှင်ကိုလည်း ကျနော်တို့လို အသုံးပြုသူတွေက ကျေးဇူးတင်ရမှာပါ.. ဒီစာအုပ်လေးကို ဖတ်လို့ရဖို့ မိမိတို့ ကွန်ပျူတာထဲမှာ Adobe Reader တို့လို Foxit Reader တို့လို Reader တခုခုကို Install ဆွဲထည့်ထားရမှာဖြစ်ပြီး အဲလို Reader တွေမရှိသေးတဲ့သူများကတော့ ကျနော့်ဆိုဒ်ထဲမှာ တင်ပေးထားတာ ရှိပါတယ်.. Search နေရာကနေ Reader လို့ရိုက်ထည့်ပြီး ရှာလိုက်ရင်  ထွက်လာပါလိမ့်မယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 6.7 MB ရှိပါတယ်..
Related Posts Plugin for WordPress, Blogger...