ESET FREE Online Virus Scan - Hacker ရန်က ကင်းဝေးရလေအောင်

မနေ့က Cbox မှာ အစ်ကိုတစ်ယောက် ဟတ်ကာတွေရဲ့ ဗိုင်းရပ်စ်တွေကြောင့် Error ဖြစ်နေတာကို သတိရမိလို့ ဒီကောင်လေးနဲ့ ဟတ်ကာရန်က ကင်းဝေးနိုင်အောင် လုပ်နည်းလေးပါ ပုံလေးတွေနဲ့ ဖေါ်ပြပေးထားပါတယ်.. ကွန်ပျူတာကို လေးစေ၊ ဟမ်းစေတတ်တဲ့ ဗိုင်းရပ်တွေကို ဒီကောင်လေးက တော်တော်လေး အစွမ်းထက်ပါတယ်.. ဒီကောင်လေးကို ကျနော် စမ်းသုံးနေတာ ၃ခါလောက်ပဲရှိပါသေးတယ်.. အဓိက လုပ်ဆောင်ပေးတာက မိမိတို့ စက်ထဲမှာ ဝင်ရောက်နေတဲ့  ဟတ်ကာတွေဖန်တီးထားတဲ့ ဗိုင်းရပ်စ်မျိုးစုံကို ထိထိရောက်ရောက် ရှင်းလင်းပေးနိုင်ပါတယ်.. Online Scan ဖြစ်တဲ့ အတွက် ဒီိကောင်လေးကို ၂ချက်တောက်ပေးလိုက်ရင် လိုင်းပေါ်ကနေ နောက်ဆုံး Update Database တွေကို ဒေါင်းယူပြီး စက်ထဲကို Install ထည့်ပါလိမ့်မယ်.. ကျနော်တို့ အနည်းငယ်တော့ ပြင်ပေးဖို့ လိုပါတယ်.. အဲ့ဒါလေး ပြင်ပေးပြီးရင် သူ့အလိုလို အလုပ်လုပ်နေပါလိမ့်မယ်..။ အချိန်များများပေးနိုင်တဲ့ နေ့မှ ဒီကောင်လေးကို အသုံးပြုသင့်ပါတယ်.. အနည်းဆုံး နေ့ဝက်လောက်ကြာပါလိမ့်မယ်.. မိမိတို့စက်ထဲမှာ သိမ်းထားတဲ့ Data ဖိုင်တွေ များရင်များသလို အချိန်ပိုပေးရပါတယ်.. ကျနော်ဒီကောင်လေးကို စသုံးတဲ့နေ့က ကျနော့်စက်မှာ ဆော့ဝဲလ်ဖိုင်တွေများတော့ ၂၃နာရီလောက် အချိန်ပေးထားရပါတယ်.. ဒီကောင်လေး အလုပ်လုပ်ပြီးသွားရင်တော့ မိမိတို့ စက်ဟာ ဟတ်ကာတွေရဲ့ ဗိုင်းရပ်စ်တွေ မရှိတော့တဲ့ အတွက် အတော်လေး ပေါ့ပါးနေတာ လက်တွေ့မြင်ရပါလိမ့်မယ်.. တော်တော်လေး ကောင်းပါတယ်.. ကျနော်တို့လို ဖရီးဆော့ဝဲလ်တွေရအောင် လိုက်ရှာအသုံးပြုနေတဲ့ သူတွေအတွက် ဟတ်ကာတွေနဲ့ မကင်းနိုင်ပါဘူး.. သူတို့ရဲ့ Hack Tool တွေမျိုးစုံက ကျနော်တို့ရဲ့ ကွန်ပျူတာထဲကို ဆော့ဝဲလ် ပရိုဂရမ်တွေနဲ့အတူ ပါလာတတ်ပါတယ်.. Antivirus တွေကလည်း မသိနိုင်ပါဘူး.. အဲ့တော့ ဟတ်ကာရန်က ကင်းဝေးအောင် ဒီလို သီးသန့်ထုတ်ပေးထားတဲ့ Free ပေးသုံးတဲ့ ESET FREE Online Virus Scan လေးနဲ့ Hack Tool တွေကို ရှင်းပစ်လို့ ရပါတယ်.. နေ့တိုင်းလုပ်ပေးဖို့ မလိုပါဘူး.. တစ်လ၊ တစ်ခါလောက်ဆို လုံလောက်ပါပြီ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 386 KB ပဲရှိပါတယ်.. ဖိုင်ဖြည်လိုက်ရင်တော့ 2.21 MB ရှိတဲ့ ကောင်လေးထွက်လာပါလိမ့်မယ်.. ၂ချက်တောက်ပြီး တန်းသုံးယုံပါပဲ..

CyberLink YouCam 5 Deluxe


 29 Oct 12, 11:39 AM
paungyu:
အစ်ကိုရေ youcam ကင်မရာရှိရင် တင်းပေးပါနော်... ကျေးဇူးတင်ပါတယ် ပျော်ရွှင်ပါစေ
30 Oct 12, 05:00 PM
paungyu@gmail.com:
အစ်ကို youcam5.0 ထဲတာ့ မရဘူးဖြစ်နေတယ် ကူညီပါနော်
ဒီကောင်လေးကတော့ အတော်လေး လန်းပါတယ်.. မိမိတို့ရဲ့ ပုံကို မိမိတို့ရဲ့ ကွန်ပျူတာရှေ့က ကင်မရာမှာ စိတ်တိုင်းကျ ဒီဇိုင်းမျိုးစုံ ပုံစံမျိုးစုံ ပြုပြင်ယူလို့ ရမှာ ဖြစ်ပါတယ်.. ဓါတ်ပုံပဲဖြစ်ဖြစ်၊ ဗွီဒီယိုပဲ ဖြစ်ဖြစ် ဒီကောင်လေးနဲ့ ရိုက်ယူလို့ ရပါတယ်.. သူ့ထဲမှာပါတဲ့ Effect တွေများလွန်းတဲ့ အတွက် ပုံလေးတွေနဲ့ ပြပေးဖို့ သိပ်အဆင်မပြေပါဘူး.. ဒါကြောင့် အသုံးပြုပုံကို နားလည်လွယ်မယ့် Video ဖိုင်လေး ရှာပေးလိုက်ပါတယ်.. လိုအပ်တဲ့သူများ အောကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 150 MB ရှိပါတယ်..

Classic Shell v3.6.2 For Windows 8 Start Menu Button



Skins for the start menu

ဒီကောင်လေးက Windows 8 မှာ Windows 7 လို Start Menu Button လေး ပေါ်အောင်လုပ်ပေးနိုင်တဲ့ ကောင်လေးပါ..။ အပေါ်ပုံမှာ ပြထားသလို ဒီဇိုင်းမျိုးစုံ သူ့ရဲ့ Setting ထဲကနေ ပြောင်းပြီး အသုံးပြုနိုင်ပါတယ်.. ဒီကောင်လေးကို Install ဆွဲထည့်ပေးလိုက်ယုံပါပဲ.. Windows 8 မှာ Start Menu လေးပေါ်နေမှာ ဖြစ်ပါတယ်..။ မနေ့က သူငယ်ချင်းတစ်ယောက်က Windows 8 တင်ထားပြီး ပြန်မပိတ်တတ်လို့ Shut Down နေရာဘယ်လိုရှာရလဲ ဆိုတာနဲ့ အောက်ကပုံလေးအတိုင်း ပြပေးလိုက်ပါတယ်.. မသိသေးတဲ့သူများလည်း Windows 8 မှာ Shut down / Sleep / Restart နေရာတွေကို အောက်ကပုံလေးအတိုင်း Setting ကနေ ဝင်ပြီးအသုံးပြုလို့ ရပါတယ်.. Windows 7 တင်တုန်းက Driver တွေပျောက်တတ်ပေမယ့် အခု Windows 8 မှာ Driver တွေ မပျောက်ပဲ အားလုံးအလုပ်လုပ်လို့ တမျိုးတော့ စိတ်ချမ်းသာရပါတယ်.. ဝင်းဒိုးတင်တဲ့ အချိန်ကလည်း Windows 7 တင်တာထက်ကို ပိုမြန်ပါတယ်.. နောက်ပြီး Startup နဲ့ Shut down မှာလည်း Windows 7 ထက်ကိုပိုပြီး သိသိသာသာမြန်ပါတယ်.. Windows 8 မှာ ဒီဇိုင်းတမျိုးပြောင်းပြီး ထုတ်ထားတာဖြစ်တဲ့ အတွက် Windows 7 လို Start Menu မပါတော့ပါဘူး.. ကျနော့်လို Start Menu လေးနဲ့ အသုံးပြုချင်တဲ့သူများအတွက် ကျနော်ရှာတွေ့ထားပြီး အသုံးပြုလို့ ရတဲ့ ကောင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 7.3 MB ရှိပါတယ်.. 

Internet Download Manager 6.12 Final Build 23


Internet Download Manager 6.12 Final Build 23 နောက်ဆုံးထွက် Update လေးရလာလို့ တင်ပေးလိုက်ပါတယ်..။ သူငယ်ချင်းတစ်ယောက် ပြောလာလို့ IDM ပုံတွေက ဘယ်နေရာမှာ ဖြစ်ဖြစ်အတူတူပဲတဲ့ အသစ်အဆန်းလေးဖြစ်အောင် နဲနဲလောက် ပြောင်းလဲပေးပါအုန်းဆိုလို့ ဒီအရောင်လေးနဲ့ စတိုင်တမျိုးဖြစ်အောင် ဖန်တီးပေးလိုက်တာပါ.. အနက်ရောင် Blog တွေမှာဆိုရင်တော့ ဒီပုံလေးက အတော်လေး လန်းနေမှာပါ.. တခြား Blog တွေမှာလည်း ယူသုံးလို့ ရအောင် ကျနော့် Blog နာမည်ရေးမထားတော့ပါဘူး.. နောက်ထပ် ဆင်ဆင်တူတဲ့ ဒီလိုပုံတွေ အများကြီးလုပ်ထားပါတယ်.. နောက်ထပ်ထွက်လာမယ့် IDM ဗါးရှင်းအသစ်တွေမှာ တပုံချင်းစီ ဖေါ်ပြပေးသွားမှာပါ.. ဒီကောင်လေးကို ဖူးသုံးလို့ရအောင် Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်.. Patch နဲ့ ဖူးဖြစ်အောင်လုပ်နည်းကို IDM 6.12 Built 3 ပိုစ့်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. မသိသေး၊ မလုပ်တတ်သေးတဲ့သူများ ပြန်ကြည့်ပေးပါ.. ဒီလို နောက်ဆုံးထွက် Update လေးတွေကို IDM Update ပေးမိတဲ့သူများအတွက် အဆင်ပြေအောင် ရည်ရွယ်ပြီး တင်ပေးတာပါ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.86 MB ရှိပါတယ်..

BOOTMGR is missing Error ဖြေရှင်းနည်း


27 Oct 12, 09:29 PM
hanmyo:
အကိုရယ် ကျနော့်ကိုတခုလောက် ကူညီပါအုံး ကျနော့်စက် ဖွင်လို့မရဖြစ်သွားလို့ ကျနော့်စက်က acer 4.74Aပါစက် ကိုဖွင့်လိုက်တာနဲ့ BOOTMER is missing Press Ctrl+Alt+Del to restart လို့ပေါ်လာတယ် window လဲတက်မလာဘူး အဲဒါကိုဘယ်လိုလုပ်ရမလဲ မစပါအုံးအကိုရယ် ကျေးဇူး တင်လျှက�
ဒီဖြေရှင်းနည်းလေးကို Windows 7 ကုမ္ပဏီက ဒီရှစ်လပိုင်းအကုန်က တင်ပေးထားပါတယ်..  2007 ခုနှစ်တုန်းက ရှိခဲ့တဲ့ ဖြေရှင်းနည်းက Windows Vista အတွက်ထုတ်ပေးခဲ့တာပါ.. Windows Vista အတွက် ဆိုပေမယ့် တချို့ အဲ့ဒီနည်းနဲ့ Windows 7 မှာလည်း အသုံးပြုလို့ ရခဲ့ကြပါတယ်.. အခုလည်း ဒီနည်းကို Windows 7 မှာရော၊ Vista မှာပါ ဒီလို Error အတွက် အသုံးပြုလို့ ရပါတယ်.. ဒီအောက်မှာတော့ Windows 7 ကုမ္ပဏီမှာ ရေးပြထားတဲ့ စာသားတွေထဲက အနည်းငယ်ဖေါ်ပြပေးလိုက်ပါတယ်.. ဒီဖြေရှင်းနည်းကို Windows 7 ကုမ္ပဏီက အတိုကောက် BCD ဖြေရှင်းနည်းလို့ ခေါ်ပါတယ်..။ ဒီ Error ဖြေရှင်းနည်းပိုစ့်ကို PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်.. လိုအပ်တဲ့သူများ ပိုစ့်ရဲ့ အောက်ဆုံးမှာ ဒေါင်းယူနိုင်ပါတယ်..
August 31, 2012
Bootrec.exe options
The Bootrec.exe tool supports the following options. Use the option that is appropriate for your situation.
Note Use the Bootrec.exe tool to troubleshoot "Bootmgr Is Missing" issue. If rebuilding the BCD does not resolve the startup issue, you can export and delete the BCD, and then run this option again. By doing this, you make sure that the BCD is completely rebuilt.
To do this, type the following commands at the Windows RE command prompt:

NERO 8 ဖြင့် CD/DVD ထုတ်လုပ်နည်း လက်စွဲ

 ဒီစာအုပ်လေးကတော့ အခွေကူးတတ်ချင်တဲ့သူများအတွက် အရမ်းတန်ဖိုးရှိတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါပဲ.. ဆရာဦးအောင်လင်း ရေးသားထားတဲ့ ဒီစာအုပ်လေးကို သူငယ်ချင်းတစ်ယောက်က ကျနော့်ကို လေ့လာဖို့၊ မျှဝေဖို့ပေးခဲ့တာလေးပါ.. Nero 8 နဲ့ပါတ်သက်လို့ အသုံးပြုနည်း အားလုံးနီးပါး အသုံးပြုတတ်အောင် စိတ်ရှည်ရှည်နဲ့ သေချာရေးပေးထားတဲ့ စာအုပ်ကောင်းလေးပါ.. CD/DVD တချပ်ရလာအောင် ကူးနည်း၊ VCD ထုတ်လုပ်နည်း၊ DVD တချပ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေ ၄၊၅ခု ထည့်နည်း၊ စသဖြင့်အစုံလုပ်တတ်အောင် ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်.. နောက်ပြီး မိသားစုရိုက်ထားတဲ့ Video တွေကို DVD ထဲမှာ ဖြတ်ထည့်နည်းတွေကအစ Nero 8 နဲ့လုပ်တတ်အောင် သေသေချာချာ စုံစုံလင်လင် ဖေါ်ပြပေးထားပါတယ်.. Nero 8 မှာပါတဲ့ တခြား Features တွေကိုပါ အားလုံးအသုံးပြုတတ်အောင် ပြပေးထားတဲ့ စာရေးဆရာရဲ့ စေတနာကို အသုံးပြုသူများ အားလုံးက ကျေးဇူးတင် ၊ လေးစားရမှာပါ.. PDF ဖိုင်အဖြစ် ဖန်တီး၊ မျှဝေ ပေးခဲ့တဲ့ စေတနာရှင်ကိုလည်း ကျေးဇူးတင်ရမှာပါ..။ Nero 8 Essentials ဆော့ဝဲလ်ကို ဒီနေရာကနေ ဒေါင်းယူနိုင်ပါတယ်.. ဒီစာအုပ်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 12.6 MB ရှိပါတယ်..

PowerISO v5.4 ( ISO Image Files တွေကို ဘယ်လို Burn , Compress (ချုံ့) , Mount မလဲ )


23 Oct 12, 09:48 PM
ဇော်ဇော်:
အကိုရေ နည်းပညာတွေ လေ့လာသွားတယ်နော် နေကတိုင်းကိုကြည့်ဖြစ်ပါတယ် အကို တစ်ခုလောက်ကူညီပါအုံး အကိုဆိုဒ်မှာimg burn softwareလေးတွေ့တယ် အသုံးပြုနည်းလေး ရေးပေးပါအုံးနော် အကိုကျေးဇူးပြု၍ မသုံးတတ်သေးလို့ပါ
23 Oct 12, 09:50 PM
ဇော်ဇော်:
နောက်ပြီး poweriso software လေးတင်ပးပါအုံးနော် အသုံးပြုပုံလည်း ရှင်းပြပေးပါအုံးအကို ကျေးဇူးအများကြီးတင်လျက်ပါ
ပြီးခဲ့တဲ့ ရက်တွေက တောင်းထားတဲ့ ဆော့ဝဲလ်တွေကို လိုက်ရှာရင်း အဆင်ပြေတာလေးတွေကို ဖြေးဖြေးချင်း တင်ပေးသွားပါ့မယ်.. ဒီကောင်လေးကို ရှာရလွယ်လို့ ဒီနေ့ဒါလေးကို အရင်တင်ပေးလိုက်ပါတယ်.. နောက်ဆုံးထွက် Update လေးပါ.. သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ PowerISO v5.4 နဲ့ ISO ဖိုင်တွေကို ဘယ်လို အသုံးပြုလို့ ရလဲဆိုတာ.. နောက်ပြီး CD/DVD Drive မရှိတဲ့သူများ ဒီထဲမှာပါတဲ့ Mount တဲ့နည်းနဲ့ ဝင်းဒိုးတင်လို့ ရမယ့်နည်းလေးကိုပါ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ လုပ်ပြထားပါတယ်.. အသုံးလိုတဲ့သူများ ဆက်ကြည့်လိုက်ပါဗျာ.. အောက်မှာပုံလေးတွေနဲ့ ရှင်းပြထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ အရင် ဒေါင်းယူလိုက်ပါ.. ဖိုင်ဆိုဒ်ကတော့ 7.7 MB ရှိပါတယ်..

Microsoft Windows 8 Activator (All Edition)

ဒီကောင်လေးကတော့ Windows 8 အားလုံးကို Activated လုပ်ပေးနိုင်တဲ့ Windows 8 Activator လေးပါ.. Windows 8 အပြင် တခြားဆော့ဝဲလ်တွေကိုလည်း Activated လုပ်ပေးနိုင်ပါသေးတယ်.. အခုဒီပိုစ့်မှာ Windows 8 ကို Active ဖြစ်အောင် လုပ်နည်းကိုပဲ ဖေါ်ပြပေးထားပါတယ်.. တခြားဆော့ဝလ်တွေကို Active ဖြစ်အောင်လုပ်နည်း ကိုတော့ နောက်ပိုင်းမှ အလျှဉ်းသင့်သလို ဖေါ်ပြပေးသွားပါ့မယ်.. လိုအပ်တဲ့သူများ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ Windows 8 အတွက် ဒီ Loader လေးကို အသုံးလိုတဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 47.3 MB ရှိပါတယ်.. 
Related Posts Plugin for WordPress, Blogger...