ကျနော်ဒီ Unlock Code ယူနည်းကို ပိုစ့်မတင်တော့ဘူးလို့ စိတ်ကူးထားတာပါ..။ သူငယ်ချင်းတစ်ယောက်က ကျနော့်ကို အကြောင်းကြားလာတော့မှ သိရတယ်..။ ဒေါင်းလော့လင့်တွေကို Unlock Code တွေနဲ့ ကာထားတယ်ဆိုမှ ပိုစ့်တွေကနေ လိုက်ဖွင့်ကြည့်တော့ ဟုတ်နေတယ်..။ ကျနော်လင့်ချိတ်ပေးတဲ့ နေရာမှာတော့ အဲ့ဒါတွေမပါလို့ မသိလိုက်ဘူး..။ တင်ပြီးသား ပိုစ့်တွေက လင့်တွေကိုပဲ လိုက်ပြောင်းပေးမလို့.. လိုက်ပြီးတောင် စမ်းမကြည့်တော့ပဲ ဒီနေ့ပိုစ့်ဖြစ်တဲ့ Nitro PDF Pro 8 ပိုစ့်နဲ့ တခြား ပိုစ့် ၄၊၅ခုကိုတောင် လင့်တွေပြန်ပြောင်းပေးခဲ့ပြီးပါပြီ..။ နောက်တော့ ၂လစာလောက် လင့်တွေပြန်ပြောင်းပေးရမှာဆိုတော့ မဖြစ်သေးဘူးဆိုပြီး အခုမှ ဒီ Unlock Code ယူနည်းကို စမ်းလိုက်တာ လွယ်လွယ်ကူကူပဲ အဆင်ပြေသွားလို့ အားလုံးပဲ ဖိုင်တွေ ဒေါင်းလော့ယူရတာ အဆင်ပြေအောင် ကျနော်ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ မလုပ်တတ်သေးတဲ့သူများကတော့ ဒီပုံလေးတွေကြည့်ပြီး လုပ်ပေးလိုက်ပါ..။ ဒီတခါပဲ အဲ့ဒီဆိုဒ်မှာ အကောင့်ဖွင့်ရမှာပါ..။ နောက်နေ့တွေမှာလည်း ဒီအကောင့် Gmail နဲ့ ဒီပါတ်စ်ဝါဒ့်နဲ့ ပဲ ပြန်ဝင်လို့ ရပါတယ်..။ ကုတ်တွေကတော့ တနေ့တခါပြောင်းပေးမလားတော့ မသိသေး..။ ကြည့်ပြီးသာ အဆင်ပြေသလို လုပ်ပေးကြပါဗျာ..။
Nitro PDF Reader Pro Enterprise 8.1.1.12 Final
ဒီကောင်လေးက ဟိုတနေ့က တင်ပေးလိုက်တဲ့ Nitro PDF Reader 3.1.1.12 ဖရီးဗါးရှင်းလေးထက် ပိုပြီး အသုံးပြုရတာ စုံလင်ပါတယ်..။ ဒီဗါးရှင်းလေးကလည်း Nitro PDF Reader Pro Enterprise 8.1.1.12 Final ဗါးရှင်းလေးပါ..။ ဖရီးမဟုတ်တဲ့ ဝယ်သုံးရတဲ့ ဗါးရှင်းလေး..။ သူ့အတွက် ကီးတွေက ကျနော်သုံးတဲ့ Windows 8 မှာတော့ Fake ကီးလေးတွေပဲ ဖြစ်နေပြီးတော့.. နောက် Windows 7 မှာကျတော့ ကီးအမှန်တွေ ဖြစ်နေပါတယ်..။ ဟိုတနေ့ကတည်းက ဖရီးဗါးရှင်းနဲ့အတူ တင်ပေးမလို့ပဲ Windows 8 မှာ သုံးလို့ရအောင် ကီးအမှန်ကိုလိုက်ရှာရင်းနဲ့ ကြာနေတာ..။ နောက်တော့မှ Windows 8 မှာ ဒီကောင်လေးအတွက် .dll ဖိုင်တခုလိုနေလို့ ဒီကီးတွေကို လက်မခံတာဖြစ်နိုင်ပါတယ်လို့ စဉ်းစားမိပါတယ်..။ ကျနော်အသုံးပြုထားတဲ့ Windows 8 ရက်၉၀ ဗါးရှင်းအတွက်တော့ ဒီကီးတွေက တခါသုံးရင် တခါထည့်ပေးရပါတယ်..။ နောက်တခါပြန်သုံးရင် နောက်တခါ ကီးထပ်ထည့်ပေးရပါတယ်..။ အဲ့လိုနဲ့တော့ သုံးလို့ အဆင်ပြေပါတယ်..။ ဒီနေ့ Windows 7 မှာ သုံးကြည့်တော့ ဖူးဖြစ်နေပြန်ပါတယ်..။ W7 မှာတော့ ဒီKeyတွေ အားလုံးက .dll ဖိုင်စုံတဲ့အတွက် အမှန်တွေပါ..။ ဒီဗါးရှင်းလေးမှာ ဘာတွေပိုရလဲဆိုတော့ ကျနော်တို့ အတွက် PDF ဖိုင်ကနေ Microsoft Word, Exel, Power Point အပြင် PDF ဖိုင်ကနေ ပုံသက်သက်နဲ့ စာသက်သက်ပဲလည်း ပြန်ပြောင်းထုတ်ယူလို့ ရပါသေးတယ်..။ နောက်ပြီး PDF ဖိုင်တွေ ဖန်တီးတဲ့အခါမှာ Password ပေးချင်တဲ့သူများအတွက် ဒီဆော့ဝဲလ်လေးနဲ့ အဆင်ပြေပါတယ်..။ Pro ဗါးရှင်းဖြစ်တဲ့အတွက် သူ့ထဲမှာ အသုံးပြုလို့ ရတာတွေကတော့ အများကြီးပါပဲ..။ အောက်မှာ အသုံးပြုပုံတခုကို ပုံလေးနဲ့ပါ ပြပေးထားပါတယ်..။ ကျန်တဲ့ Convert ပြောင်းနည်းတွေကလည်း ဒီနည်းအတိုင်း အတူတူပါပဲ.. အရင်တုန်းက PDF ဖိုင်တွေကနေ အမျိုးမျိုးပြောင်းလို့ ရတဲ့ ဆော့ဝဲလ်လေးတွေ တခုပြီးတခု တင်ပေးခဲ့ဖူးပါတယ်..။ အဲ့ဒီဖိုင်တွေကို ဒေါင်းယူလို့ မရတော့တဲ့ သူများအတွက် ဒီကောင်လေးနဲ့ အားလုံးလိုလို ပြောင်းယူလို့ ရပါတယ်..။
နောက်တခုက အရင် လင့်တွေ ဝှက်ပြီးတင်ပေးခဲ့တဲ့ Tny Paste ဆိုဒ်ကလည်း ဒီရက်ထဲ ဒေါင်းလော့လင့်တွေကို ဝင်ယူလို့ မရတော့ပြန်ပါဘူး..။ ဒီဖိုင်ကို တင်ပေးထားတဲ့ Media ဖိုင်းယားဆိုဒ်ကလည်း ကျနော့်အကောင့်တခုကို ထပ်ပြီး ဖျက်ပစ်လိုက်ပြန်ပါတယ်..။ ဒါပါနဲ့ဆို ဖျက်ပစ်ခံရတာ အကောင့်၃ခုရှိပါပြီ..။ အဲ့ဒီအကောင့်ထဲမှာ တင်ပေးထားတာ ဒီဖိုင်လေးလည်း ပါပါတယ်..။ ဖိုင်တင်ထားတာ ၄၊၅ရက်လောက် ရှိနေပါပြီ..။ အခုဒီနေ့ ပိုစ့်တင်နေတုန်း ပြန်စမ်းကြည့်တော့ အဲ့ဒီအကောင့်ကို ပိတ်ပစ်လိုက်ပြန်ပါတယ်..။ အဲ့ဒီအကောင့်မှာ တင်ထားတဲ့ ဖိုင်တွေတော့ ပျက်ကုန်ပါပြီ..။ အဲ့ဒီဆိုဒ်မှာ နောက်ထပ် အကောင့်၂ခုကျန်ပါသေးတယ်..။ ဘယ်နေ့ ပိတ်ပစ်မလဲဆိုတာတော့ မသိသေးပါ..။ အခုတော့ တခြားဆိုဒ်မှာတင်ထားတဲ့ ဖိုင်လေးတွေကိုပဲ ပြန်ချိတ်ပေးလိုက်ပါတယ်..။ Tny စာမျက်နှာတော့ ဒေါင်းလော့လင့်တွေ ယူလို့မရတော့လို့ ကြားမှာ မထားတော့ပါဘူး..။ Adfly စာမျက်နှာကို ကျော်လိုက်ရင် ဒီဖိုင်ကိုဒေါင်းယူလို့ ရပါပြီ..။ အခုနောက်ပိုင်း ဖရီးမဟုတ်တဲ့ ဆော့ဝဲလ်တွေကို တင်နေကြအတိုင်း ဖရီးဆော့ဝဲလ်နာမည်နဲ့ပဲ ပြောင်းပြီးတင်ပေးထားပါတယ်..။ ဒါတောင် ခဏခဏအဖျက်ခံနေရလို့ လိုအပ်တဲ့သူများကတော့ အမြန်သာ ဒေါင်းယူထားလိုက်ပါဗျာ..။ ပြန်တင်ပေးဖို့လည်း Connection ကမကောင်းသေးတဲ့အတွက် အဆင်မပြေနိုင်သေးပါဘူး..။ ဒီဖိုင်လေးကို 32-bit နဲ့ 64-bit ဆိုပြီး ၂ခုခွဲပြီးတင်ပေးထားပါတယ်..။ ကျန်ခဲ့တဲ့ ပိုစ့်မှာတင်ပေးထားတဲ့ ဝင်းဒိုးဗါးရှင်းကြည့်နည်းအတိုင်း မသိသေးတဲ့သူများက ကြည့်ပြီး မိမိတို့ဝင်းဒိုးဗါးရှင်းနဲ့ အဆင်ပြေမယ့် ဖိုင်ကိုသာ ရွေးပြီး ဒေါင်းယူလိုက်ပါဗျာ..။
Internet Download Manager 6.1.5 Build 1 Final
Internet Download Manager 6.1.5 Build 1 Final နောက်ဆုံးထွက်လေး Update ထွက်လာလို့.. ဒီဖိုင်လေးထဲမှာ ဖူးသုံးလို့ရမယ့် Patch ဖိုင်လေးပါထည့်ပေးထားပါတယ်..။ Patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းပိုစ့်ကို Blog ညာဘက် အပေါ်ဆုံးမှာ တင်ပေးထားတဲ့ ပိုစ့်အတိုင်း လုပ်ပေးလိုက်ရင် IDM ကို ဖူးသုံးလို့ ရသွားပါပြီ..။ IDM ကို Updat လုပ်မိလို့ Serial တောင်းတဲ့ ဘောက်စ်ပေါ်လာပြီး ဖိုင်တွေဒေါင်းယူလို့ မရတော့တဲ့သူများနဲ့ IDM မရှိသေးတဲ့သူများအတွက် ဒီလို နောက်ဆုံးထွက် လေးတွေကလည်း လိုအပ်ပါတယ်..။ ဒါကြောင့် IDM ပြဿနာပေါ်နေတဲ့သူများကတော့ ဒီနောက်ဆုံးထွက်လေးကို ယူပြီး Install ထည့်၊ Patch နဲ့ ဖူးဖြစ်အောင်လုပ်ပေးလိုက်ရင် IDM ကို ကောင်းကောင်းအသုံးပြုလို့ ရသွားပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။
STOIK Deformer 4.0.0.3471
ဒီဆော့ဝဲလ်လေးကို ကျနော့်သူငယ်ချင်းတစ်ယောက် တောင်းထားလို့ လိုက်ရှာရင်းနဲ့ ဖူးသုံးလို့ ရတာလေး ရလာလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ အပ်ါမှာပြထားတဲ့ ပုံလေးလိုမျိုး မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို လှုပ်ရှားနေအောင် လုပ်ယူလို့ရပါတယ်..။ ဒါကတော့ Blog မှာတင်မှာ ဖြစ်လို့ Animation နဲ့ Save ထားတာပါ..။ JPEG ဓါတ်ပုံဖေါ်မတ်နဲ့ သိမ်းရင်တော့ ဒီလိုလှုပ်လို့ မရပါဘူး..။ အောက်မှာပုံနဲ့ ပြပေးထားတဲ့အတိုင်း JPEG ဖေါ်မတ်နဲ့က ရုပ်ပြောင်လေးတွေ ဖြစ်အောင်၊ရုပ်ဖျက်လို့ရပါတယ်..။ နောက်ပြီး မိမိတို့စိတ်ကြိုက်ဖြစ်တဲ့ ပုံလေးတွေကို Video ဖိုင်နဲ့ သိမ်းထားလို့လည်း ရပါတယ်..။ အောက်မှာ အသုံးပြုပုံကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီအပေါ်က ပုံလေးမျိုး ဖြစ်အောင်လုပ်ပြထားတာပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ဒီဖိုင်လေးထဲမှာ သူ့ရဲ့ Key လေးတွေပါ ထည့်ပေးထားပါတယ်..။ ဒီဆော့ဝဲလ်လေးထဲမှာ Effect တွေအများကြီးပါတဲ့အတွက် တခုချင်းစီ အသုံးပြုပုံကို သေချာသိထားရင် ဘယ်ပုံကိုပဲ ဖြစ်ဖြစ် မိမိတို့ စိတ်ကြိုက် ပြုပြင်ယူလို့ ရပါလိမ့်မယ်..။ Effect တွေအားလုံးကို အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ကိုယ်တိုင်ပဲ လေ့လာကြည့်ပါ..။ ကျနော်ဒီပိုစ့်မှာ အသုံးပြုတတ်အောင်လို့ အနည်းငယ်တော့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10.5 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ်နာမည် ပြောင်းပြီး တင်ပေးထားပါတယ်..။
Plants Vs. Zombies 2012 Full Version
15 Jan 13, 05:16 AM
lamin: အစ်ကို... Plant vs zombies full gameလေးတင်ပေးစေချင်ပါတယ်.... pc မှာကစားချင်လို့ ကူညီပါအုံးနော်.....
အခုနောက်ပိုင်းတော့ တောင်းထားတဲ့ဆော့ဝဲလ်တွေကို အရင်တုန်းကလို သက်သက်မဲ့ လိုက်မရှာဖြစ်တော့ပါ..။ ဘာလို့လဲဆိုတော့ ဆော့ဝဲလ်ရှာရင်းနဲ့ ပိုစ့်တင်ပေးဖို့တောင် အချိန်မရတော့တဲ့ နေ့တွေများလာလို့ အခုလို လမ်းကြုံရလာတော့မှပဲ တင်ပေးပါတော့မယ်..။ တောင်းထားကြတဲ့ ဆော့ဝဲလ်တွေကို အလွယ်လေး ရလာရင်တော့ တင်ပေးဖြစ်မှာပါ..။ တခါတလေမှာ ဆော့ဝဲလ်ရှာရင်းနဲ့ အချိန်သာ ကုန်သွားတယ်..။ တခုမှဖူးသုံးလို့မရတဲ့အခါ အချိန်တွေကို နှမျောနေမိလို့.. ဒီနေ့ပိုစ့်လို လမ်းကြုံရလာတဲ့ အခါကျမှပဲ တင်ပေးဖြစ်တော့မှာပါ..။ ဒါကြောင့် တခြားတောင်းထားတဲ့ ဆော့ဝဲလ်တွေကိုလည်း အမြန်မတင်ပေးဖြစ်တော့တာပါ..။ ဒီဂိမ်းလေးကို ရထားတာ ၄၊၅ရက်လောက်တော့ ရှိနေပါပြီ..။ Connection က ဖိုင်တွေဒေါင်းရင် မြန်ပေမယ့် ပြန်ပြီး Upload တင်တဲ့အခါမှာတော့ တော်တော်လေး နှေးနေလို့ 60 MB လောက်ကို အကြိမ်ကြိမ်တင်ပေမယ့် အဆင်မပြေပါ..။ ဒါကြောင့် ဒီရက်ထဲမှာ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး သူ့ဆီကနေ ဒီလိုဖိုင်ဆိုဒ်များတာတွေကို တင်ပေးလိုက်တာပါ..။ ဒီနေ့တော့ ဒီဂိမ်းဖိုင်လေးကို လင့်သုံးခုမှာ တင်ပေးပြီးသွားလို့ သူငယ်ချင်းက အကြောင်းကြားလာတဲ့အတွက် ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်..။ ဒီဂိမ်းလေးက ၂ချက်တောက်ပြီး Install ထည့်ပြီး တန်းကစားလို့ရတဲ့ ဖူးဖြစ်ပြီးသား ဂိမ်းလေးပါ..။ အောက်မှာ ကျနော်စမ်းကစား ထားတာလေးကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီဂိမ်းလေးကို ကစားချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 60.1 MB ရှိပါတယ်..။ ဒီဂိမ်းဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။
Nitro PDF Reader 3.1.1.12 Final
Nitro PDF Reader 3.1.1.12 လေးက နောက်ဆုံးထွက် Final ဖရီးဗါးရှင်းလေးပါ..။ ကျနော်တို့ စာအုပ်ဖိုင်လေးတွေကို အလွယ်တကူ ဖတ်နိုင်ဖို့ဆိုရင် ဒီကောင်လေးနဲ့လည်း အဆင်ပြေပါတယ်..။ ဝင်းဒိုး ဗါးရှင်း 32-bit နဲ့ 64-bit အတွက်ဆိုပြီး ၂မျိုးခွဲတင်ပေးထားပါတယ်..။ မိမိတို့စက်ရဲ့ ဝင်းဒိုးဗါးရှင်းအလိုက် ဒီဖိုင်တွေကို ရွေးပြီး ဒေါင်းယူရမှာပါ..။ မိမိတို့ အသုံးပြုနေတဲ့ ဝင်းဒိုးဗါးရှင်းဟာ 32-bit လား၊ 64-bit လား ဆိုတာကို သေချာမကြည့်တတ်သေးတဲ့ သူများအတွက် အောက်မှာ ဝင်းဒိုးဗါးရှင်း ကြည့်တတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီ Nitro PDF Reader လေးမှာ တခြား Reader တွေထက် ပိုသာတာတခုက PDF ဖိုင်ကနေ ဓါတ်ပုံသပ်သပ် Convert လုပ်ပြီး ထုတ်ပေးနိုင်သလို ၊ စာသပ်သပ်လည်းပဲ Convert လုပ်ယူနိုင်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ဒီ Install ဖိုင်ထဲမှာ User Guide ပါသလို ၊ စပြီးအသုံးပြုတဲ့အချိန်မှာလည်း Intro ကို Video ဖိုင်လေးနဲ့ ကြည့်လို့ရပါသေးတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ 32-bit အတွက်က 26 MB ရှိပြီး.. 64-bit အတွက်ကတော့ 34 MB ရှိပါတယ်..။
Handy Start Menu 1.81
ဒီိကောင်လေးက Windows 8, 7 , Vista , XP ဝင်းဒိုးအားလုံးအတွက် အသုံးပြုလို့ ရတဲ့ ဖရီးပေးသုံးတဲ့ ကောင်လေးပါ..။ ကျနော်တို့ Windows 8 အသုံးပြုသူများအတွက် ပိုပြီး အဆင်ပြစေမယ့် Start Menu အတွက် ဒီကောင်လေးကို Install ထည့်ပေးလိုက်ယုံပါပဲ..။ ကျနော် အရင်တုန်းကလည်း ဒီလို Windows 8 Start Menu အတွက် ဆော့ဝဲလ်တွေ တော်တော်များများ တင်ပေးခဲ့ဖူးပါတယ်..။ အားလုံးလိုလို ဖရီးသုံးလို့ ရပါတယ်..။ ဒီကောင်လေးကတော့ နောက်တမျိုးပါ..။ အောက်မှာ ကျနော်သုံးထားတာလေးကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ သူ့ရဲ့ Setting ထဲကနေဝင်ပြီးတော့ မိမိတို့ Windows 8 ရဲ့ Start Menu ကို အကြီး၊အသေး လိုသလို ပြုပြင်ယူလို့ ရပါသေးတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7.8 MB ရှိပါတယ်..။
CCleaner Professional And Business Edition v3.27.1900 Final
CCleaner Professional And Business Edition v3.27.1900 နောက်ဆုံးထွက် Final ဗါးရှင်းလေးပါ..။ ဒီဗါးရှင်းလေးကို ၂မျိုးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်လေးထဲမှာ crack ဖိုင်လေး၂ခုကို ခွဲထည့်ပေးထားပါတယ်..။ မိမိတို့ အသုံးပြုလိုတဲ့ Professional (OR) Business Edition တခုခုကို ဒီ crack ဖိုင်လေးနဲ့ ရွေးထည့်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်..။ အရင်ပိုစ့်ဖြစ်တဲ့ Ccleaner Pro/Business Edition 3.25.1872 ပိုစ့်မှာ Business Edition အတွက် crack ဖိုင်လေးနဲ့ ဖူးသုံးလို့ ရအောင်လုပ်ပြပေးခဲ့ပါတယ်..။ အခုဒီဗါးရှင်းမှာတော့ Professional Edition အတွက် crack ဖိုင်နဲ့ Key လေးထည့်ပြီး ဖူးသုံးလို့ ရအောင် လုပ်ပြပေးထားပါတယ်..။ ဖူးသုံးလို့ရအောင် လုပ်နည်းကို လိုအပ်တဲ့သူများ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။ ကျနော်တို့ရဲ့ Computer နဲ့ Browser တွေမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ အမှိုက်တွေကို ဒီကောင်လေးကို အသုံးပြုပေးခြင်းဖြင့် ရှင်းပစ်လို့ ရပါတယ်..။ အသုံးမပြုခင်မှာ Recovery အတွက် Restore Point တခုကို အရင်ဖန်တီးထားပါ..။ Restore Point ဖန်တီးနည်းကို မနေ့ကတင်ပေးခဲ့တဲ့ ပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးပြုပြီးတိုင်း မိမိတို့ရဲ့ စက်ကို Restart ချပေးပြီးမှ ဆက်သုံးပါ..။ ဒီကောင်လေးရဲ့ အသုံးပြုပုံ အပြည့်အစုံကို အရင်တုန်းက ပိုစ့်တခုဖြစ်တဲ့ ပိုစ့်အဟောင်းတခုမှာ ပြည့်ပြည့်စုံစုံ ရှင်းပြပေးထားပါတယ်..။ အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ အခုဒီဗါးရှင်းကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။
Subscribe to:
Posts (RSS)








