ဒီကောင်လေးကတော့ ဒီလထဲမှာမှ Update ထပ်ထွက်လာတဲ့ Nero Burning Rom 12.0.00900 ဗါးရှင်းအသစ်လေးပါ..။ အရင်တင်ပေးထားတဲ့ 12.0.00800 ဗါးရှင်းက ဒေါင်းမရတော့ဘူးဆိုလို့ ဒီဗါးရှင်းလေးကို ထပ်တင်ပေးလိုက်ပါတယ်..။ ဒီဗါးရှင်းလေးကို ဖူးဖြစ်အောင် crack ဖိုင်၂ခုနဲ့ Key ထည့်နည်းတွေကတော့ အရင် ဗါးရှင်းအဟောင်း Nero Burning Rom 12.0.00800 နဲ့ အတူတူပါပဲ..။ ဒီဗါးရှင်းလေးကို ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့ သူများကတော့ အရင်လုပ်ပြပေးထားတဲ့ ဗါးရှင်းအဟောင်းပိုစ့်မှာ ပြန်ကြည့်ပေးပါ..။ အရင်ပိုစ့်အဟောင်းမှာ မှာထား၊ ရေးပေးထားတဲ့ အတိုင်းပဲ Key တွေ၊ crack တွေနဲ့ ဖူးဖြစ်အောင် လုပ်နေတဲ့အချိန်မှာ အင်တာနက်ကို ပိတ်ပေးထားပါ..။ နောက်တခုက အသုံးပြုပုံ CD/DVD Burn နည်းကို သူ့ရဲ့မူရင်းဆိုဒ်မှာ Video လေးတွေနဲ့ ပြပေးထားတာရှိပါတယ်..။ အရင်တုန်းက Cbox မှာ ခဏ၊ခဏမေးခဲ့ဖူးတဲ့ CD/DVD ခွေကို Password နဲ့ Lock ချပြီး အခွေကူးနည်းကိုပါ အဲ့ဒီ Video ဖိုင်လေးတွေထဲမှာ လေ့လာသင်ယူလို့ ရပါသေးတယ်..။ ဒီ Nero Burning ROM 12 နဲ့ပဲ လုပ်ပြထားတာပါ..။ လေ့ကျင့်ခန်း Video လေးတွေ ကြည့်ချင်ရင်တော့ အောက်ကလင့်ကနေ သူ့ရဲ့မူရင်းဆိုဒ်မှာ လေ့ကျင့်ခန်း ဗွီဒီယိုများ ကြည့်ရန် နေရာကို ကလစ်ပြီး ဝင်ကြည့်နိုင်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်က 97 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းပြီး တင်ပေးထားပါတယ်..။
Foxit Reader 5.4.5.01242 Final
saw minlwin 27 February 2013 02:15
ဒီတစ်ခုအဆင်ပြေပါပြီအစ်ကို... တစ်ခုက reader မဖတ်တာပါ။ ဖိုင်ဖွင့်လိုက်ရင် Raise Without Handler ဆိုပီးကျလာပါတယ်.. ok ပေးလိုက်ရင် Adobe reader has stop working. နဲ့ အဆုံးသတ်သွားပါတယ်။ အစ်ကို့ရဲ့ Foxit Reader လေးလည်းဒေါင်းလို့မရ ဖြစ်နေလို့ပါ..။
ဒီကောင်လေးကတော့ PDF ဖိုင်တွေ ဖတ်ဖို့အတွက် Foxit Reader နောက်ဆုံးထွက်လေးပါ..။ ဒီအပေါ်က အစ်ကိုရေးထားတဲ့ ပိုစ့်တခုက Comment လေးပါ..။ ရေးထားတဲ့ စာတွေများတဲ့အတွက် တချို့တဝက်ကိုပဲ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီလိုမျိုး Adobe Reader Error တက်တဲ့ စက်တွေမှာ PDF ဖိုင်တွေကို ဖတ်လို့မရနိုင်ပါဘူး..။ Adobe Reader တွေကလည်း မကြာကြာ Error တက်တတ်တဲ့အတွက် ကျနော်လည်း အခုနောက်ပိုင်း ဒီ Foxit Reader လေးပဲ အသုံးများပါတယ်..။ ဖရီးဆော့ဝဲလ်လေးပါ..။ ၂ချက်တောက်ပြီး Install ထည့်ပြီးတာနဲ့ PDF ဖိုင်တွေကို ဖတ်လို့ ရသွားပါပြီ..။ Windows 8 အထိ Support လုပ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 13.5 MB ရှိပါတယ်..။
CCleaner Standard 3.28.1913 Final
CCleaner Standard ဗါးရှင်းလေးကတော့ ဖရီးပေးသုံးတဲ့ ဖရီးဗါးရှင်းလေးပါ..။ မိမိတို့ရဲ့ ကွန်ပျူတာနဲ့ Browser တွေကို မြန်အောင် ၊ အမှိုက်တွေရှင်းလင်းပေးနိုင်တဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ အရင်တုန်းကလည်း ဒီလို CCleaner လေးတွေကို ဗါးရှင်းမျိုးစုံ တင်ပေးခဲ့ဖူးပါတယ်..။ အားလုံးလိုလို လင့်တွေပျက်ကုန်ပြီဖြစ်လို့ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို ဒါရိုက်လင့်နဲ့ ချိတ်ပြီး တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ပိုစ့်အဟောင်းတစ်ခုမှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ တစ်ခုသတိပြုရမှာက ဒီလို System Repair Tools လေးတွေကို အသုံးပြုပြီးတိုင်း မိမိတို့ရဲ့ စက်ကို Restart ချပေးပြီးမှ တခြားဆော့ဝဲလ်တွေ ထည့်တာ၊ သွင်းတာ ပြုလုပ်ရမှာပါ..။ အဲ့လိုသတိမထားမိရင်တော့ ဒီလို System Repair Tools လေးတွေကို အသုံးပြုပြီးတဲ့ နောက်ပိုင်းမှာ ဝင်းဒိုးမတက်နိုင်တော့တဲ့ Error မျိုးတွေ ကြုံရတတ်ပါတယ်..။ အားလုံးပဲ သတိပြုသင့်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4 MB ရှိပါတယ်..။
Angry Birds Star Wars 1.1.2 Final
ဒီဂိမ်းလေးကတော့ ခလေး၊လူကြီး အားလုံးကြိုက်ကြတဲ့ ဂိမ်းလေးပါ..။ ကျနော် Angry Birds ဂိမ်းလေးတွေ မတင်ပေးဖြစ်တာ ကြာသွားပြီဖြစ်လို့ ဒီနေ့တော့ ဒီဂိမ်းလေးကို စမ်းကစားကြည့်ရင်း အဆင်ပြေတာနဲ့ တင်ပေးလိုက်ပါတယ်..။ ဒီဂိမ်းလေးကို ဖူးဖြစ်အောင် Patch ဖိုင်နဲ့ အရင် patch ဖမ်းပြီး၊ သူ့အတွက် ထည့်ပေးထားတဲ့ key လေးတွေနဲ့ ဖူးဖြစ်အောင် လုပ်ပြီးမှ အဆင်ပြေပြေကစားလို့ ရမှာ ဖြစ်ပါတယ်..။ အောက်မှာတော့ ကျနော် patch ဖိုင်ထည့်ထားတာကို နမူနာ ပြပေးထားပါတယ်..။ key ထည့်တဲ့ပုံကတော့ ဓါတ်ပုံရိုက်ယူလို့ မရတော့တဲ့အတွက် ချန်ထားခဲ့ပါတယ်..။ ဂိမ်းကို ဖွင့်ကစားမှ key ထည့်ပေးရမှာပါ..။ ဒီဂိမ်းလေးကို ကစားချင်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 69 MB ရှိပါတယ်..။
Adobe Photoshop CS6 13.0.1.1 Extended Repacked Final
အရင်တုန်းက အစ်ကိုတစ်ယောက် Cbox မှာ မေးဖူးပါတယ်..။ Photoshop CS6 မှာ 3D ရှာမတွေ့လို့ ဘယ်လိုလုပ်ရမလဲလို့ ဆိုတာ.. အရင် Photoshop CS6 တွေမှာ 3D Tool လေးမပါပါဘူး..။ အခုဒီ CS6 ဗါးရှင်းလေးမှာတော့ 3D Tool လေးပါ ပါလာပါပြီ..။ ဒီကောင်လေးက Adobe Photoshop CS6 13.0.1.1 Extended နောက်ဆုံးထွက်လာတဲ့ Final Repacked ဗါးရှင်းလေးပါ..။ Portable မဟုတ်တဲ့ Install ထည့်ပြီးမှ အသုံးပြုလို့ရမယ့် CS6 ပါ..။ ဒီကောင်လေးကို Install ထည့်တဲ့ နေရာမှာတော့ ရိုးရိုး၂ချက်တောက်ယုံနဲ့မရပါဘူး..။ Right Click >> Run as Administrator ဝင်မှ Install မှာ ဝင်မှာဖြစ်ပြီး.. ဖွင့်သုံးတဲ့ အခါမှာလည်း Desktop မှာပေါ်လာတဲ့ ဒီ CS6 ရဲ့ Icon လေးပေါ်မှာ Right Click >> Run as Administrator နဲ့ ဖွင့်မှ ဒီ CS6 ကို အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ Repacked လုပ်ထားတာ ဖြစ်တဲ့အတွက် Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရသွားပါပြီ..။ အောက်မှာလည်း ကျနော် Install ထည့်ပြထားပြီး 3D Tool လေးပါ အသုံးပြုပြထားပါတယ်..။ အရင်တုန်းက Cbox မှာမေးဖူးတဲ့ အကိုတစ်ယောက်လိုပဲ Photoshop CS6 မှာ 3D Tool လေးနဲ့ပါ အသုံးပြုချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 276 MB ရှိလို့ ကျနော် အပိုင်းသုံးပိုင်းခွဲပြီး တင်ပေးထားပါတယ်..။ အပိုင်းသုံးပိုင်းလုံးကို ဒေါင်းယူပြီး part-1 ကနေ စပြီး ဖိုင်ဖြည်ပေးလိုက်ရင် ဒီကောင်လေးကို Install ဆွဲထည့်ဖို့ ဖိုင်လေး ရလာပါပြီ..။ ဖိုင်ဖြည်နည်းကတော့ အရင်တုန်းကပိုစ့်တွေမှာ တော်တော်များများ ပြပေးထားပြီးသားမို့ အားလုံးလည်း သိပြီးနေလောက်ပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်မှာ ဒေါင်းယူလိုက်ပါဗျာ..။
Windows XP Professional SP3 Integrated and Corporate Student February 2013 X86
Windows XP ISO ဖိုင်လေးတွေ ကျနော်ရှာတွေ့လာလို့ XP သုံးတဲ့သူများအတွက် အဆင်ပြေအောင် ဒေါင်းယူလို့ ရတဲ့ လင့်လေးတွေကို ပြန်လည်ချိတ်ပေးလိုက်ပါတယ်..။ ဝင်းဒိုးခွေတစ်ခွေကို အပိုင်းသုံးပိုင်းစီနဲ့ တင်ပေးထားတာ ဖြစ်ပါတယ်..။ အောက်မှာလည်း ကျနော် ဒေါင်းယူထားတဲ့ XP တခွေကို ဖိုင်တွေ ပြန်ပေါင်းတဲ့အခါ ထည့်ရမယ့် Password ကို ထည့်ပြီး ဖိုင်ဖြည်ပြပေးထားပါတယ်..။ အဲ့ဒီအတိုင်းပဲ လုပ်ပေးရမှာ ဖြစ်ပါတယ်..။ CD/DVD ခွေကူးဖို့နဲ့ USB ထဲထည့်ပြီး Bootable USB ဖြစ်အောင် အသုံးပြုတတ်ဖို့ကို အရင်တစ်ပါတ်က တင်ပေးထားတဲ့ Windows 7 OS + Mac OS X 2013 ပိုစ့်မှာ ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြပေးထားပါတယ်..။ မလုပ်တတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ အခုဒီ Windows XP အခွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ အပိုင်းသုံးပိုင်းစီရှိတဲ့ ဝင်းဒိုးတစ်ခွေကို 636 MB နဲ့ 658 MB စီရှိပါတယ်..။ အခွေကူးတဲ့အခါမှာ CD နဲ့တင် အခွေကူးလို့ ရပါတယ်..။
Internet Download Manager 6.15 Build 3 Final
IDM နောက်ဆုံးထွက်လေးပါ..။ patch နဲ့ဖူးဖြစ်အောင် လုပ်နည်းပိုစ့်ကို ကျနော့် Blog ရဲ့ ညာဘက်အပေါ်ဆုံးမှာ လင့်ချိတ်ပေးထားပါတယ်..။ အဲ့ဒီပိုစ့်ကအတိုင်း ဒီကောင်လေးကို ဖူးဖြစ်အောင်လုပ်ပြီး အသုံးပြုနိုင်ပါပြီ..။ IDM မရှိသေးတဲ့ သူများနဲ့ IDM ကို Serial key တောင်းနေလို့ ဖိုင်တွေ ဒေါင်းလော့ယူလို့ မရတော့တဲ့ သူများအတွက် ဒီလို နောက်ဆုံးထွက်လေးတွေကလည်း လိုအပ်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။
Windows 7 (48-in-1) OEM SP1 with Laptop Series (X86/X64) All Edition
(Windows 7 All-in-One) Windows 7 တစ်ခွေထဲမှာ 48 မျိုးပါတဲ့ Windows 7 (48-in-1) အခွေကို ကျနော်ဒေါင်းယူလို့ ရတဲ့ နိုင်ငံခြားဆိုဒ်တွေက လင့်တွေကို ပြန်လည်ချိတ်ပေးရင်း.. အားလုံးပဲ အလွယ်တကူ Windows 7 ဗါးရှင်းအားလုံးကို DVD တစ်ခွေထဲမှာ အသုံးပြုလို့ ရအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်..။ Laptop Series လို့ မူရင်းတင်ပေးထားတဲ့ ဆိုဒ်မှာ ရေးပေးထားပေမယ့် Desktop တွေမှာလည်း အသုံးပြုလို့ ရပါတယ်..။ 350 MB စီရှိတဲ့ အပိုင်းအားလုံးပေါင်း ၁၃-ပိုင်းကို ဒေါင်းယူပြီးရင်.. ဖိုင်တွေ ပြန်ပေါင်းတတ်အောင်နဲ့ WinRAR Password ထည့်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ Upload တင်ထားတဲ့ဆိုဒ်မှာ ဒေါင်းလော့ယူတတ်အောင်ပါ တဆင့်ချင်းစီ ပြပေးထားပါတယ်..။ ဒီဖိုင်တွေကို ဆိုဒ်သုံးခုမှာ ၁၃-ပိုင်းစီနဲ့ တင်ပေးထားတာ ဖြစ်ပါတယ်..။ ဘယ်ဆိုဒ်ကပဲ ဒေါင်းယူယူ ဖိုင်တွေ ပြန်ပေါင်းပေးတဲ့အခါမှာတော့ အပိုင်း ၁-ကနေ ၁၃-ထိ ရှိဖို့ လိုပါတယ်..။ ဟိုးအရင်တုန်းကလည်း ဒီလို Windows 7 (48-in-1) တစ်ခု ရှာတွေ့တုန်းက တင်ပေးဖူးပါတယ်..။ အဲ့ဒီတုန်းကတော့ ဒေါင်းလော့လင့်ကို အခုလိုမျိုး ကျော်ရမယ့် Web pages တွေ မခံပဲ ဒီအတိုင်း တင်ပေးလိုက်တာ ၃ရက်အတွင်း ဖိုင်တွေ အဖျက်ခံလိုက်ရပါတယ်..။ အခုတော့ အဲ့လို မဖြစ်အောင် ဆိုဒ်သုံးခုစလုံးက လင့်တွေကို အဆင့်ဆင့် Web pages တွေ ခံပေးထားပါတယ်..။ ဒေါင်းယူရမယ့် သူများအတွက် စိတ်ညစ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် ဖိုင်တွေတော့ ကြာကြာခံပါလိမ့်မယ်..။
နောက်ပြီး ဒီဖိုင်တွေကို ပြန်ပေါင်းပြီးလို့ ISO ဖိုင်နဲ့ ရလာရင် ကျန်ခဲ့တဲ့ တစ်ပါတ်က တင်ပေးထားတဲ့ Windows 7 OS + Mac OS X 2013 ပိုစ့်မှာ လုပ်ပြပေးထားတဲ့အတိုင်း ဝင်းဒိုးဖိုင်ကို DVD အခွေကူးနည်း၊ USB 8-GB ထဲထည့်နည်းတွေက အားလုံးအတူတူပါပဲ..။ အဲ့ဒီလိုလုပ်နည်းကို လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ ဒီ Windows 7 - 48in1 ကိုလိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ အပိုင်းအားလုံးပေါင်း 4.17 GB ရှိပါတယ်..။ အဲ့ဒီဖိုင်တွေထဲမှာ Windows 7 Loader လေးပါ ဒီဖိုင်တွေကို Upload တင်တဲ့သူက ထည့်ပေးထားပါတယ်..။
Subscribe to:
Posts (RSS)







