ဒီကောင်လေးက မိမိတို့ရဲ့ ပုံလေးတွေကို ပြင်ဆင်လို့ရသလို ၊ စိတ်ကြိုက်ကာတွန်းပုံလေးတွေပါ ရေးဆွဲလို့ရတဲ့ ဆော့ဝဲလ်လေးပါ..။ အသုံးပြုရတာ Photohop နဲ့ ခပ်ဆင်ဆင်တူသလို၊ Illustrator နဲ့လည်းတူပါတယ်..။ ဒီဆော့ဝဲလ်လေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုလို့အဆင်ပြေတဲ့၊ ဇော်ဂျီဖေါင့်နဲ့ပါ မြန်မာစာရေးလို့ရတဲ့ ပရိုဂရမ်လေးပါ..။ ဖိုင်ဆိုဒ်ကလည်း 7.8 MB ပဲရှိပါတယ်..။ Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ရတဲ့ ဖရီးဆော့ဝဲလ်လေးပါပဲ..။ အသုံးပြုနည်းကတော့ မိမိတို့ စိတ်ထဲရှိသလို ပြင်ဆင်လို့ရတဲ့ Effect Tool တွေများလွန်းတဲ့အတွက် မိမိတို့ကိုယ်တိုင်ပဲ လေ့လာကြည့်ရမှာပါ..။ အောက်မှာတော့ ကျနော်စမ်းသုံးထားတဲ့ ပုံလေးပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။
Autorun Virus Remover 3.3 Build 0328 Final
ဗိုင်းရပ်စ်တမျိုးဖြစ်တဲ့ Autorun Virus တွေကို ဖယ်ရှားပေးနိုင်တဲ့ နောက်ဆုံးထွက် Autorun Virus Remover 3.3 Build 0328 Final ဗါးရှင်းလေးပါ..။ မိမိတို့ကွန်ပျူတာကို USB ပေါက်တွေကနေ အသုံးပြုရတဲ့ မန်မိုရီစတစ်တို့လို၊ မန်မိုရီကတ်တို့လို ပြင်ပ USB Pendrive တွေကနေ ပါလာတတ်တဲ့ Autorun Virus တွေကို မိမိတို့စက်ထဲ မဝင်နိုင်အောင် ဒီကောင်လေးက စစ်ပေး၊ ကာကွယ်ပေးနိုင်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် Key လေးပါ ဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားပါတယ်..။ ကီးထည့်တတ်အောင်နဲ့ အသုံးပြုတတ်အောင် အောက်မှာ ကျနော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.8 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည် တခုနဲ့ ဖိုင်နာမည်ပြောင်း တင်ပေးထားပါတယ်..။
Butterfly on Desktop 1.0
မိမိတို့ရဲ့ ကွန်ပျူတာ Desktop ပေါ်မှာအလှဆင်ချင်တဲ့ သူများအတွက် လိပ်ပြာလေးတွေ ပျံဝဲနေစေမယ့် ဆော့ဝဲလ်လေးပါ..။ Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရသွားပါပြီ..။ Desktop ပေါ်က ဒီကောင်လေးရဲ့ Icon လေးကို ၂ချက်တောက်လိုက်တိုင်း လိပ်ပြာလေး ၂ကောင်စီ ပေါ်လာပါလိမ့်မယ်..။ တကောင်တည်းထားလို့လည်း ရသလို မိမိတို့လိုသလောက် အများကြီးလည်း ထားလို့ရပါတယ်..။ မလိုတော့ရင်တော့ ရပ်နေတဲ့ လိပ်ပြာလေးတွေပေါ်မှာ ၂ချက်တောက်ပေးလိုက်ရင် ပျောက်သွားပါတယ်..။ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း လိပ်ပြာလေးတွေ ပျံဝဲလ်နေပါလိမ့်မယ်..။ Desktop မှာ အလှဆင်ချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.8 MB ရှိပါတယ်..။
WebcamMax 7.7.2.8 Final MultiLanguage
အရင်ကလည်း ဒီ WebcamMax ဆော့ဝဲလ်လေးတွေကို တင်ပေးခဲ့ဖူးပါတယ်..။ ဒီကောင်လေးကတော့ နောက်ဆုံးထွက်လာတဲ့ Final Update လေးပါ..။ ဒီကောင်လေးကို ဖူးဖြစ်အောင် patch နဲ့ keymaker ၂မျိုးနဲ့ လုပ်ပေးရမှာပါ..။ အဲ့လိုလုပ်နည်းကို အရင်တုန်းက WebcamMax ပိုစ့်အဟောင်းတခုမှာ လုပ်ပြပေးထားပါတယ်..။ လုပ်နည်းအတူတူပဲမို့ အဲ့ဒီပိုစ့်မှာပဲ ပြန်ကြည့်ပေးပါ..။ မိမိတို့ရဲ့ ကွန်ပျူတာ ကင်မရာကနေ မိမိတို့ရဲ့ ပုံလေးတွေကို ရုပ်ပြောင်လေးတွေ ဖန်တီးလို့ရတဲ့ WebcamMax 7 ဆော့ဝဲလ်လေးပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 25.2 MB ရှိပါတယ်..။
CCleaner Pro / Business Edition 4.00.4064 Final
CCleaner Pro / Business Edition နောက်ဆုံးထွက်လေးပါ..။ ကွန်ပျူတာနဲ့ Browser တွေကို အမှိုက်တွေရှင်းလင်းပေးပြီး သွက်လက်မြန်ဆန်အောင် လုပ်ပေးနိုင်တဲ့ System Tool လေးတခုပါ..။ ဒီကောင်လေးကို ဖူးဖြစ်အောင် crack ဖိုင်လေးတွေနဲ့ ကီးတွေပါ ထည့်ပေးထားပါတယ်..။ မိမိတို့ အသုံးပြုလိုတဲ့ Pro (or) Business ကို crack ဖိုင်လေးနဲ့ ရွေးပြီး အသုံးပြုနိုင်ပါတယ်..။ အဲ့လိုဖူးဖြစ်အောင် လုပ်နည်းတွေကို အရင်တုန်းက ပိုစ့်တွေမှာ လုပ်ပြပေးထားပြီးသားတွေ ရှိတဲ့အတွက် လိုအပ်တဲ့သူများကတော့ ဒီပိုစ့်ကနေ ဝင်ကြည့်နိုင်ပါတယ်..။
CCleaner Pro Edition ၊ CCleaner Business Edition ၊ CCleaner အသုံးပြုပုံပိုစ့်
ဒီလို System Tools လေးတွေကို အသုံးမပြုခင် Restore Point တစ်ခုဖန်တီးထားရမှာ ဖြစ်ပြီ.. အသုံးပြုပြီးသွားတဲ့အခါမှာလည်း စက်ကို Restart ချပြီးမှ ဆက်ပြီး အသုံးပြုသင့်ပါတယ်..။ ဒီလို System Tool တွေကို အသုံးပြုတဲ့အခါတွေမှာ အဆင်မသင့်ရင် ဝင်းဒိုး Error တွေဖြစ်တတ်တဲ့အတွက် Restore Point တွေရှိနေမယ်ဆိုရင် အလွယ်တကူ နောက်ပြန်ဆုတ်လို့ ရမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောင်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.11 MB ရှိပါတယ်..။
ဒီလို System Tools လေးတွေကို အသုံးမပြုခင် Restore Point တစ်ခုဖန်တီးထားရမှာ ဖြစ်ပြီ.. အသုံးပြုပြီးသွားတဲ့အခါမှာလည်း စက်ကို Restart ချပြီးမှ ဆက်ပြီး အသုံးပြုသင့်ပါတယ်..။ ဒီလို System Tool တွေကို အသုံးပြုတဲ့အခါတွေမှာ အဆင်မသင့်ရင် ဝင်းဒိုး Error တွေဖြစ်တတ်တဲ့အတွက် Restore Point တွေရှိနေမယ်ဆိုရင် အလွယ်တကူ နောက်ပြန်ဆုတ်လို့ ရမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောင်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.11 MB ရှိပါတယ်..။
System Speed Booster 3.0.0.2 Final
ဒီကောင်လေးကတော့ System Tool လေးတခုပါပဲ..။ ကျနော်တို့ရဲ့ ကွန်ပျူတာနဲ့ Browser တွေကို သွက်လက်မြန်ဆန်အောင် Registry Error တွေနဲ့ အမှိုက်တွေကို ရှင်းပေးနိုင်တဲ့ ပရိုဂရမ်ကောင်းလေးတခုပါ..။ အသုံးပြုရတာလည်း လွယ်ကူပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ crack နဲ့ ဖူးဖြစ်အောင် လုပ်နည်းကတော့ အရင်တုန်းက ပိုစ့်တွေမှာ လုပ်ပြထားခဲ့တဲ့ နည်းတွေနဲ့ အတူတူပါပဲ..။ ဒီပိုစ့်မှာတော့ crack ဖိုင်ထည့်တာကို ပုံအနည်းအငယ်နဲ့ပဲ ပြပေးထားပါတယ်..။ အသုံးပြုပုံကိုတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုပြီးတဲ့ အခါတိုင်း မိမိတို့ရဲ့စက်ကို Restart ချပေးပြီးမှ ဆက်ပြီးအသုံးပြုပါ..။ လေးနေတဲ့စက်တွေမှာတော့ ပိုပြီးသိပါတယ်..။ အရင်ကထက်ပိုမြန်၊ ပိုသွက်လက်လာတာကို လက်တွေ့ သိမြင်ရမှာပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.8 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။
Remote Desktop Manager Enterprise 8.1.0.0 Final
ဒီကောင်လေးကို တင်ပေးဖို့ ပြင်နေတာ နည်းနည်းကြာပါပြီ..။ အသုံးပြုပုံကို စမ်းသပ်ဖို့ အခွင့်မကြုံခဲ့လို့ပါ..။ ဒီနေ့တော့ ဒီကောင်လေးရဲ့ အသုံးပြုပုံကို ပုံလေးတွေနဲ့ ပြပေးဖို့ အဆင်မပြေတော့တဲ့အတွက် Video ဖိုင်လေးရှာပြီး တင်ပေးလိုက်ပါတယ်..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာတော့ Video ဖိုင်လေးတွေကို လေ့လာလို့ ရသွားပါပြီ..။ မိမိကွန်ပျူတာကနေ တခြားကွန်ပျူတာကို ဝင်ရောက်ပြုပြင်ပေးလို့ ရတဲ့ ဆော့ဝဲလ်လေးပါ..။ ဒီ Remote Desktop Manager ရဲ့ အသုံးပြုပုံက TeamViewer နဲ့ အသုံးပြုနည်းနဲ့ တူပါတယ်..။ ဒီကောင်လေးကို Install ထည့်တဲ့ အချိန်ကစပြီး Key ထည့်လို့ ပြီးတဲ့ အချိန်ထိ အင်တာနက်ကို ပိတ်ထားပေးပါ..။ Install ထည့်တဲ့နေရာမှာလည်း တခြားဆော့ဝဲလ်တွေထက် ပိုပြီး ကြာတတ်ပါတယ်..။ စိတ်ရှည်ရှည်နဲ့ စောင့်နေပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 19.8 MB ရှိပါတယ်..။ ကျနော်ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။
Camtasia Studio 8.0.4 Build 1060
ဒီကောင်လေးကလည်း Video editing အတွက် လွယ်ကူ၊အသုံးဝင်တဲ့ ပရိုဂရမ်တခုပါပဲ..။ ကျနော်တို့ ရိုက်ထားပြီးသား Video ဖိုင်တွေကို Effect တွေနဲ့ ပြုပြင်ယူလို့ ရတဲ့.. မြန်မာစာလည်း ရေးလို့ရတဲ့ ဆော့ဝဲလ်ကောင်းလေးတခုပါ..။ ကျနော်စမ်းသုံးကြည့်မိသလောက် အတော်လေး အဆင်ပြေပါတယ်..။ Screen Recorder ပါပါလို့ မိမိတို့ Desktop မှာ Recording လုပ်ချင်တဲ့ သူများအတွက် Video Editing ပါ တွဲရက်ပါတာမို့ ပိုပြီးအဆင်ပြေစေမယ့် အသုံးပြုရတာ လွယ်ကူစေတဲ့ Camtasia Studio 8 ပါ..။ ဒါလေးက နောက်ဆုံးထွက် မဟုတ်သေးပါဘူး..။ နောက်ဆုံးထွက်လေးတွေကို ရလာတဲ့အခါ ထပ်တင်ပေးပါအုန်းမည်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် Keygen လေးပါ ဖိုင်ခွဲပြီး MyPicture ဆိုတဲ့ နာမည်နဲ့ တင်ပေးထားပါတယ်..။ အောက်မှာလည်း ဖူးသုံးလို့ရအောင် Keygen နဲ့ လုပ်ပြပေးထားပါတယ်..။ တခုသတိပြုရမှာက Keygen နဲ့ ဖူးဖြစ်အောင် လုပ်နေတဲ့ အချိန်မှာ အင်တာနက်ကို ပိတ်ထားပြီးမှ အသုံးပြုပေးပါ..။ ဒါဆိုရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 243 MB ရှိပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ လေ့ကျင့်ခန်း Video လေးတွေ ရှာပြီးချိတ်ပေးထားပါတယ်..။ Video ဖိုင်လေးတွေ လေ့လာလိုက်ရင် ဒီကောင်လေးကို အသုံးပြုတတ်သွားပါလိမ့်မယ်..။
Subscribe to:
Posts (RSS)







