မိမိတို့ရဲ့ ဓါတ်ပုံတွေကို နောက်ခံ ပုံအမျိုးမျိုးနဲ့ပါ ပြင်ဆင်ယူလို့ရတဲ့ Photoscape 3.6.5 Final ဗါးရှင်းလေးပါ..။ အရင်ပိုစ့်ဖြစ်တဲ့ Photoscape ပိုစ့်အဟောင်းမှာ အသုံးပြုပုံအနည်းငယ်ကို ရှင်းပြပေးထားပါတယ်..။ လေ့လာလိုတဲ့သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ ဒီဆော့ဝဲလ်နဲ့ Screen Capture ပါ ရိုက်ယူလို့ ရအောင် အဲ့ဒီပိုစ့်မှာ ပြပေးထားပါတယ်..။ ဒီဓါတ်ပုံပြင်ဆင်တဲ့ ဆော့ဝဲလ်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 20 MB ရှိပါတယ်..။
ကွန်ပျူတာ အခြေခံနှင့် Wondows 7 အသုံးပြုနည်း (မြန်မာလို)

မင်္ဂလာပါဗျာ ကိုလွင်မင်းဗိုလ် Bolg လေးကို လည်ပတ်နေကြသော သူငယ်ချင်း မိတ်ဆွေ အပေါင်းတို့ ခင်ဗျာ... ကွန်ပျူတာ အခြေခံ နည်းပညာ ဆိုပြီး ပေးထားတဲ့ အတွက် နာမည်ကိုက်ညီအောင် ကွန်ပျူတာအခြေခံနှင့် Windows 7 အသုံးပြုနည်း စာအုပ်ကို တင်ပေးလိုက်ပါတယ်ဗျာ အခုမှာ ကွန်ပျူတာကို စတင်လေ့လာနေသူတွေ အတွက်တော့ အထူးကို ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေးပါပဲ ခေါင်းစဉ်ပေါင်း 60 ကို အသေးစိတ် ရှင်းပြထားပါတယ် ဖိုင်ဆိုဒ်ကတော့ (25.0MB) ရှိပါတယ်
Android ဖုန်းတွေမှာ Internet Speed ကို မြှင့်ပေးမယ် APK

မင်္ဂလာပါဗျာ Android ဖုန်းနဲ့ အင်တာနက် သုံးရတာ နှေးနေတဲ့သူတွေ အတွက် Internet Speed ကို မြှင့်ပေးမယ် APK ကိုသုံးစမ်းကြည့်ပါခင်ဗျာ ကျွန်တော် ကိုယ်တိုင် သုံးစမ်း ကြည့်ပြီးပါပြီးအရင်ထက်တော့ နည်းနည်းလေး မြန်သွားတာကိုတော့သတိထားမိပါတယ် ဘာဖြစ်ဖြစ်ပေါ့ မြန်ရင် အမြတ်ပဲပေါ့မိမိ အသုံးပြုနေတဲ့ အင်တာလိုင်းပေါ် မူတည်ပြီးအမှတ်လေး ခြစ်ပေးလိုက်ရင် Ok ပါပြီး လိုအပ်တဲ့ သူများ အောက်က လင့်နှင့် ဒေါင်းနိုင်ပါပြီး
4 Myanmar Facebook (Facebook မြန်မာ for Android)

မင်္ဂလာပါဗျာ မြန်မာ ဖောင့် ထည့်ရတာ အဆင်မပြေဖြစ်နေတဲ့Android ဖုန်းပိုင်ရှင်တွေ အတွက် 4 Myanmar Facebook ကို ပြန်ရှယ်ထားပါတယ် မိမိတို့ Facebook အသုံးပြုတဲ့ အခါ မြန်မာလို မထည့်ထားလဲ မြန်မာလို မြင်ရမယ် ဖြစ်ပါတယ်Update လေးပါ လိုအပ်တဲ့ သူများ အောက်က လင့်ဒေါင်းနိုင်ပါပြီးFile Size (1.2MB) ရှိပါတယ်
OctroTalk-For Android (Android ဖုန်းမှာ အလန်စား Gtalk ချက်မယ်)
မင်္ဂလာပါဗျာ Android ဖုန်းပိုင်ရှင်တွေ အတွက် မိမိတို့ဖုန်းမှာ ပါလာတဲ့ Gtalk ကို မသုံးချင်ဘူး မကြိုက်ဘူးဆိုရင်OctroTalk ကို ဆောင်ထားပါဗျာ အပေါ်က ပုံကိုကြည့်ပါကွန်ပျူတာ အတိုင်းပါပဲ ဒုတိယ မြောက် ပုံက ကျွန်တော် သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောနေတဲ့ပုံပါကြိုက်တယ်ဆိုရင်တော့ အောက်က လင့်နှင့် ဒေါင်းနိုင်ပါပြီးFlie Size (1.17MB) ရှိပါတယ်
Adobe PageMaker7 အသုံးပြုနည်း လမ်းညွှန် (မြန်မာလို)
ဒီစာအုပ်လေးကတော့ သူငယ်ချင်း တစ်ယောက် တောင်းထားတာ ကြာပါပြီ..။ ဒီနေ့မှ တင်ပေးဖြစ်ပါတယ်..။ စာစီ၊ စာရိုက်နဲ့ ဖိတ်စာကတ်၊ လိပ်စာကတ်တွေ ပြုလုပ်တဲ့ နေရာမှာ.. ဟိုးအရင်ချိန်တုန်းက ဒီ PageMaker ဆော့ဝဲလ်က နာမည်ကြီးပါတယ်..။ Connection ကောင်းတဲ့အခါ ဒီ PageMaker7 ကိုလည်း တင်ပေးပါအုန်းမည်..။ ဒီဆော့ဝဲလ်ကို အခုနောက်ပိုင်းတော့ InDesign ဆိုပြီး နာမည်ပြောင်းထုတ် ထားပါတယ်..။ စာစောင်တွေ၊ မဂ္ဂဇင်းတွေကိုလည်း ဒီပရိုဂရမ်နဲ့ပဲ ဖန်တီးယူလို့ ရပါတယ်..။ ဒီစာအုပ်လေးထဲမှာ အသေးစိတ်ရေးပြ၊ ရှင်းပြထားလို့ လိုအပ်တဲ့ သူများအတွက် ဆောင်ထားသင့်တဲ့ စာအုပ်လေးပါ..။ နောက်တခုက ကျန်ခဲ့တဲ့ ရက်က ကျနော်ပိုစ့်တင်ပေးခဲ့ပြီးတဲ့ ဒ ၊ ဓ ရေးတတ်အောင် ပြပေးထားတဲ့ ပိုစ့်ကိုလည်း.. ဒီ PageMaker ကို စလေ့လာတဲ့ သူများအတွက် မဖတ်မဖြစ် ဖတ်ထားရမယ့် ၊ လေ့လာထားရမယ့် ပိုစ့်တခုပါ..။ ဒါမှသာ PageMaker ဆော့ဝဲလ်ကို အသုံးပြုတဲ့အခါ အဆင်ပြေပြေစာရေးလို့ ရမှာ ဖြစ်ပါတယ်..။ ဒီစာအုပ်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 6.1 MB ရှိပါတယ်..။
လက်တွေ့အသုံးချ Digital Video လေ့လာမှုလမ်းညွှန်
Video Editing သမားများအတွက် လေ့လာသင့် ၊ ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေးပါ..။ စာရေးသူရဲ့ စေတနာနဲ့ ဗဟုသုတ တိုးပွါးအောင်ပါ သေချာရှင်းပြပေးထားလို့ စိတ်ရှည်ရှည်နဲ့ ဖတ်ရမယ့် စာအုပ်လေးပါ..။ အကောင်းဆုံး Video တခုဖြစ်လာအောင် စက်ပစ္စည်း တွေကအစ ရှင်းပြပေးထားလို့ ကျနော်လည်း သဘောကျတဲ့ စာအုပ်လေးပါ..။ စလေ့လာခါစ သူများအတွက် မဖတ်မဖြစ် ဖတ်ရမယ့် စာအုပ်လေးလို့တောင် ပြောလို့ ရပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.8 MB ပဲ ရှိပါတယ်..။
3D Studio Max အသုံးပြုနည်း - အသေးစိတ်ရှင်းပြထားသည်
ဒီစာအုပ်လေးနဲ့ ပါတ်သက်တဲ့ ဆော့ဝဲလ်ကိုလည်း တင်ပေးဖို့ စိတ်ကူးပေါ်ပါတယ်..။ တိုက်လေယာဉ်ပုံ၊ အရုပ်ပုံ၊ အိမ်ပုံနဲ့ တခြား စိတ်ဝင်စားစရာ ပုံမျိုးစုံကို 3D Studio Max ဆော့ဝဲလ်နဲ့ ဖန်တီးယူလို့ ရပါတယ်..။ အသုံးပြုတတ်အောင် ဒီစာအုပ်လေးထဲမှာ အသေးစိတ်ဖေါ်ပြပေးထားလို့ 3D ပုံတွေ ဖန်တီးချင်တဲ့ သူတွေအတွက် တန်ဖိုးရှိတဲ့ စာအုပ်လေးပါ..။ ဆော့ဝဲလ်တင်မပေးနိုင်သေးပေမယ့်လည်း တန်ဖိုးရှိတဲ့ စာအုပ်လေးမို့ အရင် ဒေါင်းယူထားသင့်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ ဒီစာအုပ်လေးကို အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.6 MB ရှိပါတယ်..။
Subscribe to:
Posts (RSS)



