မိမိတို့ရဲ့ ဝင်းဒိုးထဲက Out date ဖြစ်နေတဲ့ Drivers တွေကို ဒီကောင်လေးက Update လုပ်ပေးမှာ ဖြစ်ပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 18 MB ရှိပါတယ်..။ ကျနော် အောက်မှာ ပုံလေးတွေနဲ့ပါ ကျနော် စမ်းထားတာလေးကို ပြပေးထားပါတယ်..။
Advanced SystemCare Pro 6.4.0.290 Final
Advanced SystemCare Pro 6.4.0.290 Final နောက်ဆုံးထွက် ဗါးရှင်းလေးကို ဖူးသုံးလို့ ရအောင် Key တွေပါ ထည့်ပေးထားပြီး.. အရင်တုန်းက ပိုစ့်တွေ အတိုင်း ဒီကောင်လေးကို အသုံးပြုနိုင်ပါတယ်..။ ကီးထည့်တတ်အောင်နဲ့ အသုံးပြုတတ်အောင်ပါ ဒီပိုစ့်မှာ ပြန်လည် ပြပေးထားလို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အသုံးပြုတတ်အောင်နဲ့ ဖူးလုပ်တတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဒီနောက်ဆုံးဗါးရှင်းလေးရဲ့ ဖိုင်ဆိုဒ်ကတော့ 22 MB ရှိပါတယ်..။
လေးနေ ၊ ဟမ်းနေတဲ့ Browser တွေနဲ့ ကွန်ပျူတာတွေအတွက် ဒီလို System Tools လေးတွေကလည်း လိုအပ်နေအုန်းမှာပါ..။ ဒီကောင်လေးကို အသုံးပြုပြီးသွားရင်တော့ အရင်ဆုံးကို စက်ကို Restart ချပေးပြီးမှ ဆက်လက်အသုံးပြုပေးပါ..။ ပိုကောင်းတာကတော့ အသုံးမပြုခင် Restore Point လေးတွေ ဖန်တီးထားသင့်ပါတယ်..။ အကယ်၍ ဝင်းဒိုး မတက်နိုင်တော့တဲ့ Error တွေ ဖြစ်ပေါ်ခဲ့ရင် Restore Point တွေနဲ့ ဝင်းဒိုးကို နောက်ပြန်သွားလို့ ရမှာ ဖြစ်ပါတယ်..။
CCleaner Business Edition 4.05.4250 Final
CCleaner Business Edition 4.05.4250 Final ဗါးရှင်းလေးပါ..။ မိမိတို့ရဲ့ကွန်ပျူတာနဲ့ Browser တွေကို ဒီကောင်လေးနဲ့ အမှိုက်တွေရှင်း ပေးလိုက်ရင် လက်ရှိ နှေးနေ၊ လေးနေတဲ့ စက်တွေမှာ သွက်လက်မြန်ဆန်လာတာကို လက်တွေ့ မြင်တွေ့ရမှာပါ..။ ဒီကောင်လေးက Business Edition ဆိုပေမယ့်.. ဒီဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားတဲ့ cracker ဖိုင်လေးကို Install ထည့်တဲ့ အချိန်မှာ Business (or) Professional ဗါးရှင်းကို ရွေးပြီး ထည့်ပေးလိုက်ရင် မိမိတို့ ထည့်လိုက်တဲ့ အတိုင်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ လုပ်တတ်အောင် အောက်မှာ ပုံလေးနဲ့ပါ ပြပေးထားပါတယ်..။
ဒီလို System Tools လေးတွေကို အသုံးမပြုခင် Restore Point တစ်ခု ဖန်တီးထားသင့်ပါတယ်..။ အသုံးပြုပြီးသွားတဲ့အခါမှာလည်း စက်ကို Restart ချပြီးမှ ဆက်ပြီး အသုံးပြုသင့်ပါတယ်..။ ဒီလို System Tool တွေကို အသုံးပြုတဲ့အခါတွေမှာ အဆင်မသင့်ရင် ဝင်းဒိုး Error တွေဖြစ်တတ်တဲ့အတွက် Restore Point တွေရှိနေမယ်ဆိုရင် အလွယ်တကူ နောက်ပြန်ဆုတ်လို့ ရမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောင်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။ အသုံးပြုနည်း ပိုစ့်တွေကို ဒီလင့်တွေမှာ လေ့လာကြည့်နိုင်ပါတယ်..။ ၊ ၊
Restore Point Creator 1.3.12 Final
25 Aug 13, 12:38 AM
bo bo: အစ်ကိုရေ... ဆိုဒ်မှာ window 7 မှာ System restore လုပ်တဲ့ နည်းလေးကို ဖတ်ရှုမှတ်သားမိပါတယ် အစ်ကို...။ ကျွန်တော့် window XP လေးကိုလည်း System restore လုပ်တဲ့ နည်းလေး သိခွင့်ရချင်ပါတယ်အစ်ကို..။
25 Aug 13, 12:39 AM
bo bo: ကျေဇူးပြုပြီး သင်ပြပေးပါလားအစ်ကို...။
ကျနော့်မှာ Windows XP တင်ထားတဲ့ စက်မရှိတဲ့အတွက် ဒီကောင်လေးကို Windows 7 နဲ့ပဲ လုပ်ပြပေးလိုက်ပါတယ်..။ အသုံးပြုနည်းနဲ့ အသုံးဝင်ပုံချင်း အတူတူပါပဲ..။ ဒီကောင်လေးက နောက်ဆုံးထွက်လေးပါ..။ ဒါကြောင့် Windows 8 မှာလည်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ အသုံးပြုရတာ လွယ်ကူပြီး ဖိုင်ဆိုဒ်လည်း သေးပါတယ်..။ အရင်တုန်းက One Click Restore Point ဆော့ဝဲလ်လေးတခု တင်ပေးဖူးပါတယ်..။ အခုတော့ ပြန်ရှာလို့ မရတော့တဲ့အတွက် ဒီကောင်လေးကို ပြောင်းတင်ပေးလိုက်ခြင်းပါ..။ မိမိတို့ စက်ထဲကို ဒီကောင်လေး Install ထည့်ပြီး အသုံးပြုရမှာပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အသုံးပြုတတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 442 KB ပဲ ရှိပါတယ်..။
Wise Care 365 Pro 2.74.216 Final
Wise Care 365 Pro 2.74.216 Final ဗါးရှင်းလေးကတော့ System Tool လေးတခု ဖြစ်ပြီးတော့ အသုံးပြုလို့ ရတဲ့ Features တွေ တော်တော်လေး များပါတယ်..။ ဒီကောင်လေးရဲ့ လုပ်ဆောင်ပုံတွေက Advanced System Care တို့လို၊ CCleaner တို့လို ပါပဲ..။ ဒီကောင်လေးမှာက အသုံးပြုလို့ရတဲ့ Features တွေ ပိုစုံတာ တွေ့ရပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အနည်းငယ်ကို ပုံလေးတွေနဲ့ ပြပေးထားပြီး အားလုံး အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ကိုယ်တိုင်ပဲ တဆင့်စီ လေ့လာပေးရမှာပါ..။ ဒီဗါးရှင်းလေးကို ဖူးသုံးလို့ ရအောင် patch နဲ့ keygen နှစ်မျိုးနဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်..။ patch ကို အရင် ထည့်ပြီးမှ keygen ကို အသုံးပြုပေးရမှာပါ..။ ဒါတွေ လုပ်ပေးပြီးရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။
ကွန်ပျူတာနဲ့ Browser တွေ လေးနေ ၊ နှေးနေတယ်ဆိုရင်တော့ ဒီလို System Tool လေးတွေကို အသုံးပြုပေးလိုက်ရင် မိမိတို့ရဲ့ ဝင်းဒိုးဟာ ပြန်လည် မြန်ဆန်လာမှာ ဖြစ်ပါတယ်..။ အသုံးမပြုခင် အရင်ဆုံး Restore Points လေးတွေ ဖန်တီးထားသင့်ပါတယ်..။ Recover ဖြစ်အောင်လို့ပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8 MB ရှိပါတယ်..။
Partition Wizard Home Edition 5.0 Portable
22 Aug 13, 08:02 PM
အောင်ဇော်သန်း: အကို ၀င်းဒိုး XP မှာ partition ခွဲပြီး ၀င်းဒိုး 7 တင်ချင်လိုပါခင်ဗျား ၀င်းဒိုး xp တွက် partition ခွဲတဲ့ဆော့(၀ဲ)ရှီရင် တင်ပေးပါခင်ဗျား ဘယ်လိုခွဲပြီး ဘယ်လိုတင်တယ် ဆိုတာလေးကို ရှင်းပြပေးပါဦး
22 Aug 13, 08:04 PM
အောင်ဇော်သန်း: အကိုလိုရာဆန္ဒပြည့်စုံပါစေ
Windows 7 မှာ ဟတ်ဒစ်ကို ဆော့ဝဲလ်မလိုပဲ အပိုင်းတွေ ခွဲထုတ်လို့ ရပေမယ့်.. Windows XP မှာဆိုရင်တော့ ဆော့ဝဲလ်နဲ့မှ ဟတ်ဒစ်ကို အပိုင်းတွေ ခွဲထုတ်လို့ ရတာပါ..။ ဒါကြောင့် ဟတ်ဒစ်ကို အပိုင်းခွဲဖို့ အတွက် ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရလွယ်တဲ့ ဒီ Portable လေးကို တင်ပေးလိုက်ပါတယ်..။ ၂-ချက်တောက်ပြီး တန်းသုံးယုံပါပဲ..။ အရင်တုန်းကလည်း Setup ဗါးရှင်းလေးတွေ တင်ပေးဖူးပါတယ်..။ လင့်တွေပျက်ကုန်ပြီဖြစ်လို့.. ဒီ Partition Wizard Home Edition 5.0 Portable လေးကလည်း အသုံးပြုရ အဆင်ပြေတဲ့အတွက် ဟတ်ဒစ်အပိုင်းခွဲတတ်အောင်ပါ ပုံလေးတွေနဲ့ ပြန်ပြပေးလိုက်ပါတယ်..။ အရင်တုန်းက ပိုစ့်တွေမှာလည်း အပိုင်းခွဲတာ၊ ခွဲပြီးသား အပိုင်းတွေ ပြန်ပေါင်းတာ စတဲ့ နည်းတွေကို အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြပေးထားတဲ့ပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ အခု ဒီ Portable လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။
iTunes 11.0.5.5 Final - Apple ဖရီးအကောင့်ဖွင့်နည်း
iTunes 11.0.5.5 Final နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ ဒီ iTunes ဆော့ဝဲလ်ကတော့ Apple ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ iPhone , iPad နဲ့တခြား Apple ပစ္စည်းတွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုတဲ့ အခါမှာ မရှိမဖြစ်လိုအပ်ပါတယ်..။ အခုနောက်ပိုင်းမှာ မြန်မာပြည်သားများလည်း iPhone / iPad တွေကို အသုံးပြုလာကြတာ တွေ့နေရပါတယ်..။ ဒီနေရာမှာ ဘာတွေလိုအပ်လာသလဲဆိုတော့ အဓိကကတော့ Apple store ထဲကို ဝင်ဖို့.. Android ဖုန်းတွေမှာလို Gmail အကောင့်နဲ့ ဝင်လို့မရတာပါပဲ..။ Apple store ထဲကို ဝင်ပြီး ဖရီးဂိမ်းတွေနဲ့ တခြား ဖရီး App တွေ ဒါင်းယူဖို့ ဆိုရင် Apple အကောင့်နဲ့ ဝင်မှ ယူလို့ရမှာ ဖြစ်ပါတယ်..။ Apple ဖရီးအကောင့်ဖွင့်တာလည်း မဖွင့်တတ်ရင်၊ စည်းကမ်းတွေ နားမလည်၊ သိမထားရင် လုံးဝ အကောင့်ဖွင့်လို့ မရပါဘူး..။ ကျနော့် သူငယ်ချင်းရဲ့ သူငယ်ချင်းကတော့ iPad ဝယ်လာပြီး ဖရီးအကောင့်ကို ဆိုင်မှာ ဖွင့်ခိုင်းတာ မလေးငွေ-၈၀ ပေးလိုက်ရပါတယ်..။ ငွေဈေး-၃၀၀ နဲ့ဆို မနည်းဘူးနော့်..။ ၂-သောင်းကျော် ပေးလိုက်ရတယ်..။ ဖရီးအကောင့်ဖွင့်တာတောင် ပိုက်ဆံပေးရတယ်ဆိုတော့ မဟုတ်သေးဘူး..။
အရင်တုန်းက ကျနော့် Blog မှာ ကျနော့် ဆရာဘုန်းကြီးဦးတေဇ ပိုစ့်တခု တင်ပေးခဲ့ဖူးပါတယ်..။ Apple အကောင့်ဖရီးရအောင်ဖွင့်နည်းပါ..။ အဲ့ဒီပိုစ့်ကို ကျန်ခဲ့တဲ့ တပါတ်က သူငယ်ချင်းတစ်ယောက်လည်း iPhone 5 ဝယ်လာလို့ အဲ့ဒီပိုစ့်အတိုင်း လုပ်တာ သိပ်နားမလည်ဘူးဆိုပြီး ကျနော့်ဆီရောက်လာ ပြန်ပါတယ်..။ သူအကောင့်ဖွင့်တာ မရလို့ ကျနော့်ကို ဖွင့်ခိုင်းပါတယ်..။ သူကတော့ စည်းကမ်းတွေ မသိလို့ ဖွင့်မရတာပါ..။ ဒါနဲ့ ကျနော်လည်း အဲ့ဒီပိုစ့်အတိုင်း ဖွင့်ပေးလိုက်တာ ရသွားပါတယ်..။ ဆရာတော် ဦးတေဇရဲ့ ပိုစ့်မှာက စာတွေနဲ့ ရှင်းပြထားတာ မဟုတ်တော့ ဒီဆော့ဝဲလ်လိုအပ်တယ်ဆိုတာ မပါဘူးလေ..၊ နောက်ပြီး စည်းကမ်းတွေလည်း ထည့်မရေးပေးထားတော့ လူသစ်တွေအနေနဲ့ အဆင်မပြေပြန်ဘူး..။ ဒါကြောင့်မို့ ကျနော် ဒီနေ့တော့ ဒီ iTunes 11.0.5.5 နောက်ဆုံးထွက် ကိုပါ ဒေါင်းယူလို့ ရအောင် မူရင်းလင့်နဲ့ ချိတ်ပေးထားပြီး Apple ဖရီးအကောင့်ကိုပါ အလွယ်တကူ ဖွင့်တတ်သွားအောင် ပုံလေးတွေနဲ့ အပြင် စည်းကမ်းချက်တွေကိုပါ စာတွေနဲ့ တဆင့်စီ ရေးပြပေးထားပါတယ်..။ နည်းပညာလေ့လာလိုက်စားနေတဲ့ သူများအတွက် မသိမဖြစ် သိထားသင့်တဲ့ ၊ တတ်ထားသင့်တဲ့ ပိုစ့်တခုပါပဲ..။ ဒီ iTunes ဆော့ဝဲလ်ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေကနေ မိမိတို့ရဲ့ ဝင်းဒိုးဗါးရှင်းအလိုက် 32-bit (or) 64-bit တွေကို ရွေးယူလိုက်ပါဗျာ..။ Apple ဖရီးအကောင့်ဖွင့်တတ်အောင်ပါ ပုံလေးတွေနဲ့ စည်းကမ်းချက်တွေကိုပါ ဆက်ကြည့်နိုင်ပါတယ်..။
ClipConverter 1.1.0 Final (YouTube မှသီချင်းများ ဒေါင်းလော့ယူနည်း၊ ဖေါ်မတ်ပြောင်းနည်း)
ဒီကောင်လေးကတော့ Youtube ကသီချင်းတွေကို ဒေါင်းယူပေးနိုင်သလို ဖေါ်မတ်ပါ တခါတည်း ပြောင်းလဲပေးနိုင်ပါတယ်..။ ကျနော် စမ်းသုံးရင်း အတော်လေး အဆင်ပြေတဲ့ ဒီကောင်လေးကို အားလုံးပဲ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုရလွယ်ပေမယ့် မလုပ်တတ်တဲ့ သူများအတွက် အဆင်ပြေစေရန် ပုံလေးတွေဖြင့် တဆင့်စီ ပြပေးလိုက်ခြင်းပါ..။ No One ဆိုတဲ့ သီချင်းကတော့ Youtube ကနေ IDM အပြင် တခြား ဒေါင်းလော့ဒါတွေနဲ့ပါ ဒေါင်းယူလို့ မရပါဘူး..။ အခုဒီကောင်လေးနဲ့ အလွယ်တကူ ဒေါင်းယူလို့ ရသွားပါပြီ..။
တချို့ သီချင်းတွေဟာ Upload တင်သူရဲ့ ဒေါင်းယူဖို့ Yes မပေးထားရင် IDM လို ဒေါင်းလော့ဒါတွေနဲ့ ဒေါင်းယူလို့ မရနိုင်ပါဘူး..။ တချို့ သီချင်းတွေကျတော့ IDM ကီးတောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ အခါမျိုးတွေနဲ့၊ မိုဇီလာလို Browser တွေ Update တက်သွားတဲ့အခါ IDM လို ဒေါင်းလော့ဒါတွေ Update မမှီတဲ့အခါမျိုးတွေမှာလည်း သီချင်းတွေကို ဒေါင်းယူလို့ မရနိုင်ပြန်ပါဘူး..။ ဒေါင်းလော့ယူလို့ မရအောင် ပိတ်ထားတဲ့ သီချင်းတွေကို တခြားနည်းတွေနဲ့ ဒေါင်းယူလို့ ရနိုင်သလို ၊ ဒီဒေါင်းလော့ဒါလေးကို အသုံးပြုပြီးတော့လည်း ဒေါင်းယူနိုင်ပါတယ်..။ လုပ်နည်းကလည်း လွယ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ ဒီ ဒေါင်းလော့ဒါ (Converter) လေးကို အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 22.5 MB ရှိပါတယ်..။
Subscribe to:
Posts (RSS)






