Windows XP Professional SP3 x86 ( Black Edition )

ဒီ Windows XP Black Edition အခွေလေးကတော့ 28.2.2014 နေ့က Update ထွက်လာတာလေးပါ..။ ဝင်းဒိုးခွေတွေ တင်ပေးဖို့ တောင်းဆိုထားတဲ့ သူများရှိတဲ့အတွက် ဒီ Windows XP အခွေလေးကို အရင်တင်ပေးလိုက်ပါတယ်..။ နောက်ရက်တွေမှာတော့ Windows 8.1 အခွေတွေကို ဆက်လက်တင်ပေးပါအုန်းမည်..။ ဒီ Windows XP Black Edition အခွေကို 240 MB စီနဲ့ အပိုင်း ၃-ပိုင်းခွဲတင်ပေးထားပါတယ်..။ အပိုင်းသုံးပိုင်းစလုံး ဒေါင်းယူပြီးရင် အပိုင်းတစ်ကနေ ဖိုင်ဖြည်ချလိုက်ရင် Windows XP Black Edition ISO အခွေကို ရရှိပါပြီ..။  ပြီးရင်တော့ CD တစ်ချပ်နဲ့ အခွေ Burn ပြီး မိမိတို့ လိုအပ်တဲ့စက်မှာ ဝင်းဒိုး တင်လို့ရပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။

Microsoft Office Professional Plus 2013 - (64-bit EN-US)

 Microsoft Office Professional Plus 2013 (64-bit) ဗါးရှင်းကို ဖိုင်တွေခွဲတင်လို့ ပြီးသွားပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ အပိုင်းတစ်ပိုင်းကို 260 MB စီနဲ့ အပိုင်း ၄-ပိုင်း ခွဲတင်ပေးထားပါတယ်..။ ဖိုင်တွေ ပြန်ပေါင်းနည်းက အပိုင်း ၄-ပိုင်းစလုံးကို ဒေါင်းယူပြီးရင် အပိုင်း-၁ ကနေ ဖြည်ချလိုက်ရင် အဆင်ပြေပါတယ်..။ Activate ဖြစ်အောင် လုပ်နည်းက မနေ့ကတင်ပေးထားတဲ့ Microsoft Office Professional Plus 2013 (32-bit) ဗါးရှင်းမှာ ရေးပေးထားတဲ့ KMSpico 9.2.1.0 Install Edition ဆော့ဝဲလ်နဲ့ လုပ်နည်းအတူတူပါပဲ..။ 

Microsoft Office Professional Plus 2013 - (32-bit EN-US)

 Microsoft Office 2013 ကို တင်ပေးဖို့ တောင်းထားတဲ့ သူငယ်ချင်းတွေများပါတယ်..။ ဒီနေ့တော့ အချိန်ရတုန်း ဖိုင်တွေခွဲတင်လို့ ပြီးသွားပြီဖြစ်လို့ Microsoft Office 2013 - 32-bit ဗါးရှင်းကို အရင် တင်ပေးလိုက်ပါတယ်..။ 64-bit ကိုတော့ နောက်ရက် ဖိုင်တွေတင်လို့ ပြီးတဲ့နေ့မှပဲ ထပ်တင်ပေးပါမည်..။
 စာစီစာရိုက်အတွက် Microsoft Office Word ၊ စရင်းဇယားတွေ ပြုစုဖန်တီးဖို့ Microsoft Office Excel ၊ Video Effect တွေနဲ့ GIF ဖိုင်တွေ ဖန်တီးယူလို့ လွယ်ကူတဲ့ Microsoft Office Power Point စတဲ့ အသုံးဝင်တူးတွေအပြင် တခြားအသုံးပြုလို့ ရတဲ့ Tool ပေါင်းများစွာကို ဒီဆော့ဝဲလ်ထဲမှာ ရရှိအသုံးပြုလို့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးကို Install ထည့်တဲ့အချိန်မှစပြီး Activate လုပ်ပြီးတဲ့အချိန်ထိ အင်တာနက်ကို ပိတ်ထားလိုက်ပါ..။ ဒီကောင်လေးကို Activate ဖြစ်ဖို့အတွက် အရင်တစ်ပါတ်က တင်ပေးထားခဲ့တဲ့ KMSpico 9.2.1.0 Install Edition ဆော့ဝဲလ်လေးနဲ့ အဆင်ပြေပါတယ်..။ ဒီဆော့ဝဲလ်တွေ အားလုံးဟာ လက်ရှိကျနော်အသုံးပြုနေတဲ့ ဆော့ဝဲလ်တွေပဲ ဖြစ်ပါတယ်..။ ဒါကြောင့် KMSpico 9.2.1.0 Install Edition ဆော့ဝဲလ်လေးဟာ Microsoft Office 2013 အပြင် Windows 8 / 8.1 တွေကိုပါ Active ဖြစ်ပါတယ်..။ ဒီပိုစ့်မှာ Activate ဖြစ်အောင် လုပ်ပုံတွေကို၊ ပုံတွေနဲ့ မပြပေးတော့ပဲ အရင် KMSpico 9.2.1.0 Install Edition ဆော့ဝဲလ်ပိုစ့်မှာပဲ ပြန်ကြည့်ပေးပါ..။
 Microsoft Office 2013 ကို အသုံးပြုလို့ ရတဲ့ ဝင်းဒိုး ဗါးရှင်းတွေကတော့ Windows 7 နဲ့ Windows 8 / 8.1 တို့မှာပဲ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာလည်း လိုအပ်တဲ့ System Requirements တွေကို Microsoft ကုမ္ပဏီမှာ ဖေါ်ပြထားတဲ့အတိုင်း ပြန်လည်ဖေါ်ပြပေးထားပါတယ်..။ အသုံးလိုတဲ့သူများကတော့ ဖိုင်တွေမပျက်ခင် အမြန်သာဒေါင်းယူထားကြပါဗျာ..။ ဖိုင်တစ်ခုစီကို 250 MB စီနဲ့ အပိုင်းသုံးပိုင်း ခွဲတင်ပေးထားပါတယ်..။ ဘယ်ဆိုဒ်ကပဲ ဒေါင်းယူယူ အပိုင်းသုံးပိုင်းပြည့်ရင် အပိုင်းတစ်ကနေ ဖိုင်ဖြည်ချလိုက်ပါ..။ ဒါဆိုရင် Microsoft Office Professional Plus 2013 - 32-bit ကို ရရှိ အသုံးပြုနိုင်ပါပြီ..။

Single Language ဖြစ်နေတဲ့ ဝင်းဒိုးတွေမှာ မိမိတို့ အသုံးပြုလိုတဲ့ Language (English) သို့ ပြောင်းနည်း

 အခုဖေါ်ပြတဲ့နည်းကတော့ အင်တာနက်ရှိတဲ့ နေရာတွေမှာမှ အဆင်ပြေမယ့် လုပ်နည်းပါ..။ တချို့မိတ်ဆွေများ ကြုံဖူးပါလိမ့်မယ်..။ English ဘာသာနဲ့ မဟုတ်တဲ့ ဝင်းဒိုးတွေမှာ တရုတ်ဘာသာ၊ ဂျပန်ဘာသာ၊ ထိုင်းဘာသာ စသဖြင့် Single Language နဲ့ တင်ထားတဲ့ ဝင်းဒိုးတွေမှာ ဆိုရင် တခြား Language နောက်တစ်မျိုးကို ပြောင်းသုံးလို့ မရနိုင်ပါဘူး..။ အဲ့လိုဖြစ်နေတဲ့ ဝင်းဒိုးတွေမှာ ဆိုရင်တော့.. မိမိတို့ ပြောင်းသုံးလိုတဲ့ English ဘာသာ ရဖို့ဆိုရင် ဒီပိုစ့်က လုပ်နည်းလေးနဲ့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။ 
ကျန်ခဲ့တဲ့ နှစ်ပါတ်လောက်က ကျနော့် သူငယ်ချင်းတစ်ယောက်က Windows 8.1 တစ်ခွေယူလာပေးပါတယ်..။ ကျနော်ဝင်းဒိုးတင်ကြည့်တော့ ဆွီဒင်ဘာသာနဲ့ ဖြစ်နေတယ်..။ သူလည်း မရွေးတတ်လို့ တွေ့ရာယူလာတာလို့ ပြောပါတယ်..။ Single Language ဖြစ်နေတော့ E-လို ပြန်ပြောင်းဖို့လည်း မရတဲ့အတွက် ဒီအတိုင်းပဲ ဝင်းဒိုးတင်လိုက်ရတယ်..။ ဝင်းဒိုးတင်ပြီးတော့မှ ဒီပိုစ့်က နည်းအတိုင်း လုပ်ပေးလိုက်မှ English ဘာသာကို ပြောင်းလို့ ရသွားပါတယ်..။ ဒါကတော့ ကြုံကြိုက်လာလို့ လိုက်ရှာရင်း အဆင်ပြေတဲ့ လုပ်နည်းလေးမို့.. ဒီလိုကြုံတဲ့သူများ ရှိခဲ့ရင် အလွယ်တကူ အသုံးပြုလို့ ရအောင် ပိုစ့်တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်..။ ဟိုးအရင်တုန်းက အကိုတစ်ယောက် Cbox မှာ မေးဖူးပါတယ်.. သူသုံးနေတဲ့ ဝင်းဒိုးက ဂျပန်ဘာသာဖြစ်နေလို့ E-လို ပြောင်းသုံးချင်တာတဲ့..။ အဲ့တုန်းကတော့ ကိုယ်တိုင်မကြုံဖူးသေးလို့ လုပ်နည်းကို မရေးပေးဖြစ်ခဲ့ပါ..။ အခုတော့ ဒီလုပ်နည်းကို နောက်ပိုင်းလူများ အလွယ်တကူ အသုံးပြုလို့ ရအောင် ပုံလေးတွေနဲ့ အောက်မှာ တဆင့်စီ ရှင်းပြပေးထားပါတယ်..။

KMSpico 9.2.1.0 Install Edition

ဒီ Activator လေးက Windows 8.1/8/7/2008/2012 နဲ့ Office 2010/2013 တို့ကို Active ဖြစ်အောင် လုပ်ပေးနိုင်တဲ့ကောင်လေးပါ..။ အရင်တင်ပေးခဲ့ဖူးတဲ့ ဗါးရှင်းက Windows 8.1 ကို မနိုင်တဲ့အတွက် ဒီနောက်ထွက် ဗါးရှင်းလေးကို ထပ်တင်ပေးလိုက်တာပါ..။ ကျန်ခဲ့တဲ့တစ်ပါတ်က ကျနော့်စက်မှာ Windows 8.1 တင်ပြီး.. ဒီကောင်လေးနဲ့ Activate လုပ်ယူလို့ အဆင်ပြေသွားတဲ့ ဗါးရှင်းလေးပဲဖြစ်ပါတယ်..။ အသုံးပြုနည်းက အရင်ပိုစ့်က နည်းအတိုင်းဖြစ်ပြီး.. ဒီပိုစ့်မှာလည်း ပုံလေးတွေနဲ့ အသုံးပြုတတ်အောင် ပြန်လည် ပြပေးထားပါတယ်..။ ဒီကောင်လေးကို ဖွင့်ပြီး အသုံးပြုတော့မယ်ဆိုရင်တော့ Antivirus တွေနဲ့ ဝင်းဒိုး Firewall ကို ပိတ်ထားပြီးမှ အသုံးပြုလို့ အဆင်ပြေမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.8 MB ရှိပါတယ်..။

Internet Download Manager 6.19 Build 3 Final

 IDM နောက်ဆုံး Update လေးပါ..။ Update ထွက်နေတာ ၃၊၄ ရက်လောက် ရှိသွားပါပြီ..။ ဒီနေ့မှပဲ တင်ပေးဖြစ်ပါတယ်..။ Browser တွေ Update တက်သွားတိုင်း IDM တွေ အလုပ်မလုပ်တော့တဲ့အတွက် ဒီလို IDM နောက်ဆုံးထွက်လေးတွေကို Install ထပ်ထည့်ပေးမှ IDM ကို အသုံးပြုလို့ ရတာပါ..။ နောက်ဆုံး Update ကို Install ထည့်ပြီးရင်တော့ ဖူးသုံးလို့ မရတော့ပဲ Serial Key တောင်းပါတယ်..။ အဲ့လိုဖြစ်နေတဲ့ သူများကတော့ ဒီနောက်ဆုံး Update ဖိုင်လေးထဲမှ crack or patch နဲ့ ဖူးဖြစ်အောင် ပြန်လုပ်ပေးပြီး ဆက်ပြီး အသုံးပြုလို့ ရပါတယ်..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ patch ဖိုင်လေးနဲ့ crack ဖိုင်လေး ၂-မျိုးကို ပေါင်းထည့်ပေးထားပါတယ်..။ ဖူးဖြစ်အောင် လုပ်နည်းတွေက Blog ညာဘက် အပေါ်ဆုံးမှာ တင်ပေးထားတဲ့ ပိုစ့်တွေ အတိုင်းပါပဲ..။ crack နဲ့ ဖူးဖြစ်အောင် လုပ်မယ့်သူများကတော့ အောက်ကပုံမှာ ပြပေးထားတဲ့ crack ၂-ခုကို ထည့်ပေးပြီး ဖူးလုပ် အသုံးပြုနိုင်ပါတယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။

Windows 7 နှင့် Windows 8 တွေမှာ ဆော့ဝဲလ်မလိုပဲ CMD Command ဖြင့် WIFI ပြန်လွှင့်နည်း


ကျနော် အခုတလော ကိစ္စတွေများပြီး အလုပ်တွေရှုပ်နေလို့ ပိုစ့်တွေလည်း ပုံမှန်မတင်ပေးဖြစ်ပါ..။ ကျနော်အသုံးပြုနေကျ အင်တာနက်ကလည်း 3G ကနေ 4G ကို Upgrade မြှင့်တယ်ဆိုပြီး လိုင်းတွေ အားလုံးကြောင်နေလို့ လိုင်းဖွင့်တိုင်း အသုံးပြုလို့ မရတဲ့အချိန်က ပိုများပါတယ်..။ လိုင်းမကောင်းသေးတဲ့အတွက် ဆော့ဝဲလ်တွေ Upload တင်ပေးဖို့ အဆင်မပြေသေးလို့ ဒီလုပ်နည်းလေးကိုပဲ အချိန်ရတုန်းလေး အားလုံးပဲ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်..။ ဒီ WIFI ပြန်ထုတ်နည်းက Windows 8 နဲ့ Windows 7 တွေမှာ ကျနော် အသုံးပြုပြီး အဆင်ပြေတဲ့ နည်းလေးပဲ ဖြစ်ပါတယ်..။ လုပ်နည်းက သိပ်တော့ မခက်ပါဘူး..။ အောက်မှာ ပုံလေးတွေနဲ့ ကြည့်ပြီး လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ Laptop တွေမှာတော့ အားလုံး အဆင်ပြေစေမှာ ဖြစ်ပြီး.. PC (Desktop) တွေမှာ ဆိုရင်တော့ Wireless Card ဆိုက်ထားတဲ့ WIFI အသုံးပြုလို့ ရတဲ့ စက်တွေမှာပဲ အဆင်ပြေမှာပါ..။ အရင်တုန်းကတော့ Connectify Pro ဆော့ဝဲလ်မျိုးတွေကို အသုံးပြုပြီးမှ WIFI ထုတ်လို့ ရတာဖြစ်ပြီး၊ အခုကတော့ ဆော့ဝဲလ်မလိုတော့ပဲ CMD ထဲမှာ စာကြောင်းအနည်းငယ် ရိုက်ထည့်ပြီး Setting မှာ လိုအပ်တာလေးတွေ လိုက်ပြောင်းပေးလိုက်ရင် မိမိတို့ စက်ကနေ WIFI ပြန်ထုတ်ယူပြီး ဖုန်းတွေနဲ့ တခြား ကွန်ပျူတာတွေမှာ အင်တာနက်ကို ကောင်းစွာအသုံးပြုလို့ ရသွားပါပြီ..။ အသုံးလိုတဲ့သူများအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

Zapya 2.1.0 Final - ကွန်ပျူတာနှင့် Android ဖုန်းများ Bluetooth မလိုပဲ ဆက်သွယ်လို့ရပြီ

 ဒီဆော့ဝဲလ်လေးကို သူငယ်ချင်းတစ်ယောက်က တင်ပေးဖို့ တောင်းထားတာ အနည်းငယ် ကြာသွားပါပြီ..။ အခုတလော ကျနော်အသုံးပြုနေတဲ့ အင်တာနက် Connection က လုံးဝကို မကောင်းတဲ့အတွက် ကျနော့် Blog ကို ပြန်ကြည့်ဖို့တောင် အတော်လေး ခက်ခဲနေပါတယ်..။ ဖိုင်တွေတင်ပေးဖို့ဆိုတာ ပိုဝေးပေါ့..။ အခုတောင် အားတုန်း Wifi ရှိတဲ့ သူငယ်ချင်းတို့ရဲ့ နေရာတွေ လိုက်ပြီး အသုံးပြုနေလို့ ဒီနေ့ ဒီပိုစ့်ကို တင်ပေးဖြစ်တာပါ..။ 
ဒီဆော့ဝဲလ်လေးက Bluetooth နဲ့ အသုံးပြုရသလိုပဲ.. Bluetooth မရှိတဲ့ ကွန်ပျူတာတွေအတွက် အတော်လေး အဆင်ပြေစေပါတယ်..။ PC (Desktop) တွေမှာဆိုရင်တော့ Wifi သုံးလို့ရအောင် Wireless Card စိုက်ထားတဲ့ PC တွေနဲ့ D-Link လို USB ပေါက်ကနေ အသုံးပြုလို့ရတဲ့ External Wireless Card တပ်ဆင်ထားတဲ့ PC တွေမှာဆိုရင် ဒီကောင်လေးကို အသုံးပြုလို့ အဆင်ပြေပါတယ်..။ မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေနဲ့ ဆော့ဝဲလ်ဖိုင်တွေကို ကွန်ပျူတာနဲ့ ဖုန်းတွေ (သို့) ဖုန်းအချင်းချင်းပါ Bluetooth နည်းတူ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ အားသာချက်က ဖိုင်တွေပို့တဲ့အခါ Bluetooth ထက် အဆပေါင်းများစွာ ပိုမြန်ပါတယ်..။ ကွန်ပျူတာတွေမှာ ဆိုရင်တော့ Wifi ပါ ပြန်လည် ထုတ်လွှတ်ပေးနိုင်ပါတယ်..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ကွန်ပျူတာအတွက် ဖိုင်အပြင် Android စမတ်ဖုန်းတွေအတွက်ပါ ဖိုင် ၂-ခုကို ပူးတွဲ တင်ပေးထားပါတယ်..။ Android ဖုန်းတွေအတွက်ကတော့ Playstore မှာ ဝင်ယူလို့လည်း ရပါတယ်..။ Playstore ဝင်လို့ မရတတ်တဲ့ Android ဖုန်းတွေအတွက်တော့ ဒီဒေါင်းလော့ဖိုင်ထဲမှ APK ဖိုင်လေးကို ဖုန်းထဲမှာ Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ ဟိုးအရင်တုန်းက ဗါးရှင်းက တရုတ်စာသားတွေနဲ့ ဖြစ်လို့ ဘယ်လို စသုံးရမှန်းမသိခဲ့ကြပါဘူး..။ အခုဒီဗါးရှင်းလေးမှာတော့ E-လိုနဲ့ Update ထွက်လာတာဖြစ်လို့ ကျနော်တို့အတွက် အသုံးပြုရ အဆင်ပြေစေပါတယ်..။ အသုံးပြုလိုတဲ့ ဖုန်းတွေနဲ့ ကွန်ပျူတာတွေမှာ ဒီဆော့ဝဲလ်ကို ၂-နေရာစလုံး ထည့်ထားပြီးမှ အသုံးပြုလို့ ရမှာပါ..။ အောက်မှာလည်း ကျနော့် ကွန်ပျူတာနဲ့ဖုန်း အသုံးပြုထားတဲ့ ပုံလေးတွေကို ပြပေးထားလို့ လေ့လာကြည့်ရင်း အသုံးပြုတတ်သွားပါလိမ့်မယ်..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.7 MB ရှိပါတယ်..။
Related Posts Plugin for WordPress, Blogger...