ဒီနေ့တော့ Photoshop နဲ့ စာလုံး Design လေးဖန်းတီးပုံကို photoshop အခြေခံလေးတွေ လိုချင်နေတဲ့ သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါတယ်..။ သူငယ်ချင်းတွေကလည်း ခဏခဏနပူနစာ တိုက်နေတာနဲ့ မသိသေးတဲ့ သူများနဲ့ အဝေးကသူငယ်ချင်းတွေအတွက် ဒီနေ့ဒီပိုစ့်လေး ကိုတင်လိုက်ရပါတယ်.. လုပ်ပုံလုပ်နည်းကတော့ သိပ်မခက်ပါဘူး..။ အသေးစိတ်ရှင်းပြထားလို့ ပုံတွေတော့ နည်းနည်းများတယ်..။ အပေါ်ကပုံလေးကို ဘယ်လိုဖန်တီးလဲဆိုတာ ကိုတင်ပြသွားပါမယ်..
အရင်ဆုံး Photoshop ရဲ့ File ကနေ New .. အဲဒီကနေ Photo စာရွက်တခုကို စယူပါမယ်..။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..
အောက်ပုံမှာတော့ စာရွက်ဖြူကို အရောင်တင်မှာဖြစ်တဲ့အတွက် ပုံလေးတွေကြည့်ပြီး အဆင့်ဆင့်နှိပ်သွား ပေးလိုက်ပါ..
အောက်ပုံအတိုင်း 3 နေရာက Simple ကိုကလစ်လိုက်ပါ..
အပေါ်ပုံအတိုင်း OK ပေးလိုက်ရင်.. ဆေးရောင်ခြယ်ထားတဲ့ အကွက်လေးတွေ ပြောင်းသွားတာကို အောက်ပုံအတိုင်း မြင်ရပါလိမ့်မယ်.. ပြီးရင်တော့ အောက်ပုံက အနီဝိုင်းထားတဲ့အတိုင်း မိမိတို့ စိတ်ကြိုက် အရောင်တခုကို ကလစ်လိုက်ပါ..
ပြီးရင်တော့ အောက်ပုံအတိုင်း မောက်စ်မျှားဖြင့် ဖိဆွဲပါ..။
ဒါဆိုရင် နေထိုးနေတဲ့ ဒီဇိုင်းလေး စာရွက်တရွက်ရလာပါပြီ... အောက်ကပုံမှာတော့ စာစရေးပါတော့မယ်..။ ဒါကြောင့် နံပါတ်စဉ်တိုင်းနှိပ်သွားပြီး စာလုံးအရောင်ရွေး... စာရေးပါ..
စာလုံးအရောင်နဲ့ စာရေးတာကို အောက်ပုံမှာ ဆက်ကြည့်ပါ..
စာလုံတွေကို စိတ်ကြိုက်ပုံဖေါ်ဖို့ ဆိုရင်တော့ Type ကိုပြောင်းပေးရပါတယ်.. လုပ်နည်းကို အောက်ပုံမှာ ဆက်ကြည့်လိုက်ပါ..
Type ကိုနှိပ်ပြီးရင်တော့ အောက်ပုံအတိုင်း စာလုံးကို စိတ်ကြိုက်ပြောင်းလို့ ရပါပြီ..
အပေါ်ပုံအတိုင်း ပြီးရင်တော့ စာလုံးကသိပ်မလှသေးပါဘူး.. ဒါကြောင့် အောက်ပုံမှာပြထားတဲ့ အတိုင်း သွားလိုက်ပါ..
Inner Glow ရဲ့ ဘောက်စ်ပေါ်လာရင် အောက်ပုံအတိုင်း ပြောင်းလဲပေးလိုက်ပါ..။ ဒီနေရာမှာ ဒီပုံအတိုင်း လိုက်လုပ်ရမယ်လို့ မဆိုလိုပါဘူး..။ မိမိတို့ မျက်စိနဲ့ ကြည့်လို့ အဆင်ပြေမယ့် စတိုင်လေးတွေကို ပြောင်းလဲ ရင်လည်း ရပါတယ်..။ စိတ်ကြိုက်လုပ်ပါ.. ပြီးရင်တော့ OK နှိပ်လိုက်ပါ..
အောက်ကပုံမှာတော့ လေယာတခုပွါး လိုက်ပါ.. Ctrl+Alt+Down Arrow နဲ့ လေယာပွါးပါမယ်.. ရှော့ကပ် ကီးကိုနှိပ်လိုက်ရင်တော့ အောက်ပုံအတိုင်း Lwinminbo Copy လေယာ တခုထွက်လာပါပြီ..
အောက်ကပုံကတော့ Copy ထွက်လာတဲ့ လေယာကို ပြောင်းပြန်လှန်ချမှာ ဖြစ်ပါတယ်.. ဆက်ကြည့်လိုက်ပါ..
အပေါ်ပုံအတိုင်းပြီးရင်တော့ အောက်ကပုံမှာ လေယာကွက်ထဲက စောစောန အောက်ဆွဲလှန်လိုက်တဲ့ လေယာနဲ့ သက်ဆိုင်တဲ့ Opacity မှာ အနည်းငယ်လျှော့ပေးပါ.... အောက်ရောက်နေတဲ့ စာသားရဲ့ အရောင်ကို လျှော့ပေးမှာဖြစ်ပါတယ်..
Fill မှာလည်း မိမိတို့ မျက်လုံးနဲ့ ကြည့်လို့ အဆင်ပြေမယ့် အနေအထားထိ လျှော့ပေးပါ..
ပြီးရင်တော့ အောက်ပုံမှာ နောက်ထပ်စာတကြောင်း ထပ်ရိုက်ပါမယ်.. ဆက်ကြည့်လိုက်ပါ.. နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..
အပေါ်ပုံအတိုင်း စိတ်ကြိုက်ရေးပြီးရင်တော့ Layer ကနေ Type ကိုကလစ်ပေးပါ.. အောက်ပုံ
ပြီးရင်တော့ Design စာလုံးကို အနားကွပ်လေး ထည့်မှာဖြစ်တဲ့အတွက် .. အောက်ပုံအတိုင်းဆက် နှိပ်သွားလိုက်ပါ..
Stoke ဘောက်စ်ပေါ်လာရင် အောက်ပုံအတိုင်း အရောင်ရွေးပေးပါ.. ပြီးရင် Ok နှိပ်ပါ..
အောက်ပုံအတိုင်း Design စာလုံးမှာ ဘောင်ကွပ်ပြီးသားမြင်ရပါပြီ...
ဒီနေရာမှာ တခုကျန်ခဲ့ပါတယ်.. ဘာလဲဆိုတော့ အပေါ်မှာ Lwinminbo Layer နဲ့ Lwinminb Copy Layer နှစ်ခုကို အပေါ်အောက်ညီအောင် ကြည့်ကောင်းအောင် ညှိပေးဖို့ပါ..။ ဒါကြောင့် အဲဒီအဆင့်ကို ဒီနေရာမှာ ပြန်လုပ်ပါမယ်.. Layer ဘောက်စ်ထဲက Lwinminbo Copy လေယာကို တချက်ကလစ်ပါတယ်..
လေယာကို ကလစ်ပြီးရင် အောက်ပုံအတိုင်း ဆက်နှိပ်သွားပါ..
အပေါ်ပုံအတိုင်း ညီအောင်ညှိပြီးရင်တော့ Enter တချက်ခေါက်ပေးပါ.. ဒါဆိုအောက်ကပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..
စာလုံး ဒီဇိုင်း လုပ်တာပြီးဆုံးသွားပါပြီ.. အောက်ကပုံကတော့ ကျနော့် စိတ်ကြိုက် ပုံလေးတွေကို ဖြတ်ထည့် ထားတာပါ.. ဓါတ်ပုံ ဖြတ်ကပ်လုပ်တာကိုတော့ နောက်တင်တဲ့ ပိုစ့်မှာ ဆက်ကြည့်ကြပါဗျာ..
အောက်ကအဆင့်တွေကတော့ လေယာတွေ ပေါင်းပြီး သိမ်းတာပါ..။ မသိသေးတဲ့သူများကတော့ ဓါတ်ပုံဆိုဒ်နဲ့ သိမ်းတာကို ဆက်ကြည့်ပေးပါ..။ A,B နေ၇ာတွေကနေ လေယာတွေကို ပေါင်းပါမယ်..
ဒီပုံတွေအတိုင်း အဆင့်ဆင့် နှိပ်သွားပြီးရင်တော့ မိမိတို့ ပြုလုပ်လိုက်တဲ့ ပုံလေးဟာ Desktop မှာရောက်လာပါပြီ..
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..
အင်မတန်ကောင်းမွန်ပြီးလွယ်ကူရှင်းလင်းအောင်ပြသထားတဲ့ ပို့စ်တခုဖြစ်ပါတယ် ။ တန်ဖိုးရှိလှပါတယ် ။ ပိုပြီးပြည့်စုံသွားစေလိုတဲ့သဘောနဲ့တခုလောက်ဖြည့်ပေးပါရစေ။
ReplyDeleteText စာလုံးတွေရွေးတဲ့အခါမှာ သာမာန်စာလုံးထက်စာရင် Body Text စာလုံးတွေကိုရွေးပေးတာပိုလို့ကောင်းပါတယ်။ Body Text
ဆိုတာက ဒုထူတဲ့စာလုံးကိုပြောတာပါ ၊ အဲဒါကလဲ မခက်ပါဘူး ။Font List ထဲမှာကြည့်လိုက်ရင် ထူပြီး ထင်းကနဲမြင်နေရတဲ့ဖောင့်
ထူထူကြီးတွေဟာ Body Text တွေပဲ ဖြစ်ပါတယ် ၊ ဒုရှိတဲ့ အခါကျတော့ Effect လုပ်တဲ့အခါ ဖောင်းကြွလုပ်တဲ့အခါ ပိုအဆင်ပြေပါတယ် ။ သာမန်ဖောင့်တွေကျတော့ ဖောင်းကြွလုပ်ဖို့ဆွဲထုတ်ရင်ဒုပါးတဲ့အတွက် သိပ်မသိသာလှဘူး ၊ အဆင်ပြေပြည့်စုံနိုင်ကျပါစေ
အကို
ReplyDeleteလွင်မင်းဗိုလ် ကွန်ပြူတာ အခြေခံနည်းပညာ ဆိုတဲ့ခေါင်းစီးစာတန်းကိုရွှေရောင်လင်းလက်နေအောင်ဘယ်လိုရေးတာလည်း
သိချင်ပါတယ်ခုလိုလေးတင်ပြပေးပါလားခင်ဗျာ
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်လိုက်တာရှင် မတတ်တာလေးတတ်သွားပြီ အဲ့လိုလုပ်ချင်နေတာကြာပေါ့
ReplyDeleteလူကြီးမင်းရေ verify code လေးတော့ ဖျောက်ထားပေးပါအုံး ကော်မန့် ပေးရတာ ကောင်းအောင်
ကျေးဇူးပါ ဆရာ ရယ် အခုလိုတင်ပေးလိုက်တဲ့ အတွက်အရမ်းကိုကျေးဇူးတင်ပါတယ်ဗျာ နောက် photoshop နဲ့ ပါတ်သတ်တဲ့ ဒါထက်ကောင်းတာလေးတွေရှိရင်တင်ပေးပါနော် ကျေးဇူးတင်ပါတယ်
ReplyDeleteကျေးဇူးတင်ပါတယ်
ReplyDeleteကျေးဇူးပါခင်ဗျာ Photoshop နည်းပညာကို အရမ်းကိုစိတ်ဝင်စားလို့ လေ့ လာနေတဲ့ သူပါ။ ဒါပေမယ့်  အပြင်သင်တန်းတွေတက်ဖို့ အဆင်မပြေတော့  အကို့ ဆိုဒ်ကိုပဲ အားကိုးနေရတာပါ နောက်လဲဒီထက် အောင်မြင်ပါစေခင်ဗျာ
ReplyDeleteကျေးဇူးအထူးတင်ရှိပါတယ်ဆရာ တတ်ချင်နေတာကြာပြီ ဆက်လက်ကြိုးစားနိုင်ပါစေခဗျာင်္း နည်းနည်းတော့တောင်းဆိုချင်ပါတယ် ကျွှန်ပ်တို့ လိုမှတ်ညဏ်နည်းတဲ့သူတွေအတွက် ဗွီဒီယိုဖိုင်လေးတွေနဲ့ လုပ်ပေးပါလားခဗျာင်္း
ReplyDeleteကျိုက်သွားပြီဗျာ
ReplyDeleteဒီထက် ရိုးရှင်းတာတောင် ဒီလောက်မရှင်ဘူး လို့တောင်ထင်မြင်မိပါတယ်ဗျာ...
ကိုလွင်မင်ဗိုလ် ရဲ့ စေတနာ နှင့် ပင်ပန်းအနစ်နာခံ မှုကိုတော့ လေးစားမိပါတယ်ဗျာ ....။
ကျွန်တော်ကတော့ အားလုံး ယူသွားပြီဗျို့
ဒီ ဒီဇိုင်း လုပ်ခါမှ next ကို တစ်ချက်ချင်း နှိပ်ပြီးတော့ ကြည့်ရင်း လုပ်သွားတော့မယ်ဗျာ ...
ကျေးဇူးအရမ်းတင်ပါတယ်ဗျာ ......။
ကောင်းလိုက်တာနော်ကျေးဇူးတင်လိုက်တာဘာပြောရမှန်တောင်မသိတော့ဘူး
ReplyDeleteကျေးဇူးပါ ဆရာ ရယ် အခုလိုတင်ပေးလိုက်တဲ့ အတွက်အရမ်းကိုကျေးဇူးတင်ပါတယ်ဗျာ နောက် photoshop နဲ့ ပါတ်သတ်တဲ့ ဒါထက်ကောင်းတာလေးတွေရှိရင်တင်ပေးပါနော် ကျေးဇူးတင်ပါတယ်
ReplyDeleteအစ်ကိုနည်းပညာနောက်ထပ်များများဖြန့်ဝေနိုင်ပါစေဗျာ ။
လွင်မင်းဗိုလ် ကွန်ပြူတာ အခြေခံနည်းပညာ ဆိုတဲ့ခေါင်းစီးစာတန်းကိုရွှေရောင်လင်းလက်နေအောင်ဘယ်လိုရေးတာလည်း
ReplyDeleteသိချင်ပါတယ်ခုလိုလေးတင်ပြပေးပါလားခင်ဗျာ
လွင်မင်းဗိုလ် ကွန်ပြူတာ အခြေခံနည်းပညာ ဆိုတဲ့ခေါင်းစီးစာတန်းကိုရွှေရောင်လင်းလက်နေအောင်ဘယ်လိုရေးတာလည်း
ReplyDeleteသိချင်ပါတယ်ခုလိုလေးတင်ပြပေးပါလားခင်ဗျာ ကျွန်တော် အရမ်းတတ်ချင်လို့ပါ ကိုလွင်မင်းဗိုလ်