Showing posts with label ဟတ်ဒစ် Clone ဆော့ဝဲလ်. Show all posts
Showing posts with label ဟတ်ဒစ် Clone ဆော့ဝဲလ်. Show all posts

Acronis True Image 2013

ကျနော်တို့ ကွန်ပျူတာထဲမှာ ရှိတဲ့ ဝင်းဒိုးကို Clone နည်းနဲ့ တခြားဟတ်ဒစ်တခုထဲကို copy ကူးထည့်ဖို့ဆိုရင်တော့ ဒီဆော့ဝဲလ်နဲ့ အဆင်ပြေပါတယ်..။ အရင်လက Acronis True Image 2013 ISO ဖိုင်လေးတင်ပေးခဲ့ဖူးပါတယ်..။ ISO ဖိုင်နဲ့တုန်းက ကွန်ပျူတာကို ပိတ်ပြီး Boot ထဲကနေ ဝင်ပြီး အသုံးပြုရတဲ့နည်းမို့ နည်းနည်းရှုပ်ပါတယ်..။ အခုဒီကောင်လေးကတော့ Acronis True Image 2013 Setup ဖိုင်လေးမို့ ကွန်ပျူတာ ပိတ်ပြီး အသုံးမပြုတတ်တဲ့သူများအတွက် ဒီကောင်လေးကို မိမိတို့ စက်ထဲမှာ Install ထည့်ပြီး အသုံးပြုယုံပါပဲ..။ ဒီ Acronis True Image 2013 .exe ဖိုင်လေးကို သူငယ်ချင်း တစ်ယောက် တောင်းထားတာ နည်းနည်းကြာနေပါပြီ..။ သူ့ကွန်ပျူတာက ဟတ်ဒစ်တခုလုံးကို Origianl Windows နဲ့ Recovery အပိုင်းတွေကိုပါ External Hard Disk ထဲမှာ Clone နည်းနဲ့ copy ကူးပြီး သိမ်းထားဖို့ အတွက် ဒီဆော့ဝဲလ်လေးကို လိုအပ်နေတာပါ..။ ဒီနေ့တော့ ဒီကောင်လေးကို တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် crack ဖိုင်နဲ့ key တွေကို သီးသန့်ပြောင်းတင်ပေးထားတာဖြစ်ပြီး ဆော့ဝဲလ်ကိုတော့ မူရင်းဆိုဒ်က ဒေါင်းယူလို့ ရအောင် ဒါရိုက်လင့်နဲ့ ချိတ်ပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 260 MB ရှိပါတယ်..။ ဒီဆော့ဝဲလ်ကို ရှာတွေ့ခဲ့တာ တင်ပေးတဲ့သူရဲ့ မူရင်း Video ဖိုင်လေးနဲ့ crack / key ကိုအသုံးပြုပြီး ဖူးလုပ်နည်းလေးပါ ပါလာတဲ့အတွက် ကျနော် အောက်မှာ အဲ့ဒီ Video လေးကိုပါ ဒီပိုစ့်ကနေ ကြည့်လို့ ရအောင် Video ဖိုင်လေး ချိတ်ပေးထားပါတယ်..။ ဒီ Video လေးကို ကြည့်ပြီး ဒီဆော့ဝဲလ်ကို ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်ပါတယ်..။ အသုံးပြုနည်းကတော့ အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ Video ဖိုင်လေးတွေအတိုင်းပါပဲ..။ ဝင်းဒိုးဖွင့်ပြီး အသုံးပြုလို့ ရတဲ့အတွက် ဒီဆော့ဝဲလ်နဲ့ အဆင်ပြေမယ့် အသုံးပြုနည်း Video လေးကိုပါ ပိုစ့်ရဲ့ အောက်ဆုံးမှာ ကြည့်လို့ ၊ လေ့လာလို့ ရပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး၊ Video ဖိုင်လေးတွေကို လေ့လာလိုက်ရင် အဆင်ပြေပါတယ်..။ 

Acronis True Image Home 2013.16.0 Build 5587 BootCD



Acronis True Image Home 2013 နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ Bood CD ဖြစ်တဲ့အတွက် ဒီကောင်လေးကို အသုံးပြုဖို့ဆိုရင်တော့ ဒီဒေါင်းလော့ဖိုင်လေးထဲက ISO ဖိုင်လေးကို CD တချပ်နဲ့ အခွေ Burn ပြီးမှ အသုံးပြုလို့ ရမှာဖြစ်ပါတယ်..။ အသုံးပြုတဲ့ အခါမှာလည်း ဝင်းဒိုးပိတ်ပြီး အသုံးပြုရမှာ ဖြစ်တဲ့အတွက် ကျနော်ဒီကောင်လေးကို လေ့လာလို့ ရအောက် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ Video ဖိုင်လေးတွေ ရှာပြီး ချိတ်ပေးထားပါတယ်..။ အသုံးမပြုတတ်သေးတဲ့ သူများကတော့ သေချာလေ့လာပြီးမှ အသုံးပြုဖို့ သတိပြုစေချင်ပါတယ်..။ အရင်ကျနော်အသုံးပြုဖူးတာက 2011 ထုတ် ဗါးရှင်း၊ အခုဒီကောင်လေးက နောက်ဆုံးထွက်လေး ပြန်ရှာပြီးတင်ပေးထားတဲ့ 2013 ထုတ်ပါ..။ အရင်ကောင်လေးနဲ့ Features တွေ နည်းနည်း ကွဲတဲ့အတွက် အသုံးပြုတဲ့အခါမှာ နည်းနည်းလေးကွဲပါတယ်..။ ဒါကြောင့် သေချာလေ့လာပြီးမှ အသုံးပြုသင့်ပါတယ်..။ အမှားတခုဖြစ်တာနဲ့ မိမိစက်ရဲ့ ဟတ်ဒစ်တခုလုံး Format ချပြီးသား ဖြစ်သွားပါလိမ့်မယ်..။ ကျနော်လည်း ဒီလို ကြုံခဲ့ဖူးပြီ ဖြစ်လို့ နောက်လူတွေကို ဒီလို အမှားတွေမဖြစ်ရအောင် သေချာလေ့လာပြီးမှ အသုံးပြုဖို့ အကြံပေးခဲ့ချင်ပါတယ်..။ ဒီကောင်လေးမှာ ဟတ်ဒစ်နဲ့ ပါတ်သက်လို့ အသုံပြုလို့ ရတဲ့ Features တွေ အများကြီးပါတဲ့ အတွက်လူသုံးများ ၊ လူကြိုက်များတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ အခုဒီပိုစ့်အတွက်တော့ ဟတ်ဒစ်ကို Clone လို့ ခေါ်တဲ့ ဝင်းဒိုးတခုလုံး ၊ ဟတ်ဒစ်တခုလုံး Bootable ဖြစ်အောင်၊ ဟတ်ဒစ်၂ခုနဲ့  ဟိုဘက်၊ဒီဘက် copy ကူးတတ်အောင်အတွက် အောက်မှာ Video ဖိုင်လေးတွေ လေ့လာလိုက်ရင် အသုံးပြုတတ်သွားပါလိမ့်မယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ part-1 / part-2 ၂ခုပေါင်းရင် 270 MB ရှိပါတယ်..။ 

Related Posts Plugin for WordPress, Blogger...