Showing posts with label Computer နှင့် Browser ကိုမြန်စေမယ့် Tools များ. Show all posts
Showing posts with label Computer နှင့် Browser ကိုမြန်စေမယ့် Tools များ. Show all posts

CCLEANER PRO/BUSINESS EDITION 3.25.1872 FINAL

 ဒီကောင်လေးကတော့ Ccleaner Business Edition နဲ့ Professional Edition ၂မျိုးပါတဲ့ ကောင်လေးပါ..။ ဒီကောင်လေးအတွက် ဒေါင်းလော့ဖိုင်ထဲမှာ Crack နဲ့ Key လေးထည့်ပေးထားပါတယ်..။ အရင်တုန်းက တင်ပေးခဲ့တဲ့ ကောင်လေးတွေက Free ဗါးရှင်းလေးတွေပါ.. အခုဒီကောင်လေးကတော့ ဖရီးမပေးတဲ့ ကောင်လေးပါ.. ဖရီးမပေးတာကို ဖရီးရအောင် ကျနော်တို့ Crack နဲ့ လုပ်ပြီး Key ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ.. အောက်မှာ ကျနော်လုပ်ထားတဲ့ ပုံလေးတွေကို ကြည့်ပြီး အသုံးလိုတဲ့သူများ လိုက်လုပ်ကြည့်လိုက်ရင် အဆင်ပြေပြေ အသုံးပြုလို့ ရသွားပါလိမ့်မယ်..။ ဒီကောင်လေးက ဘာအတွက်အသုံးဝင်လဲဆိုတာ အရင်ပိုစ့်အဟောင်းတွေမှာလည်း ရှင်ပြခဲ့ပြီးပါပြီ.. အဓိကကတော့ မိမိတို့ရဲ့စက်ကို လေးစေတဲ့ အမှိုက်တွေကို ရှင်းလင်းပေးတဲ့နေရာမှာ အတော်လေးကောင်းပါတယ်..။ အင်တာနက်တက်တဲ့ Browser တွေထဲက အမှိုက်တွေကိုပါ ရှင်းလင်းပေးတာ ဖြစ်လို့ ဒီကောင်လေးကို အသုံးပြုတဲ့အခါတိုင်း Browser တွေကို ပိတ်ထားပြီးမှ အသုံးပြုပေးပါ..။ အခုဒီပိုစ့်မှာတော့ Crack နဲ့ Key ထည့်ထားပြီး.. (Crack နဲ့ Key ထည့်တဲ့ အချိန်မှာ အင်တာနက်လိုင်း ပိတ်ထားပါ) အသုံးပြုပုံ အစုံအလင်ကို အရင်တုန်းက ပိုစ့်မှာ ဒီနေရာကနေ ပြန်ကြည့်ပေးပါ.. အသုံးပြုနည်းအတူတူပါပဲ.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.1 MB ရှိပါတယ်.. ဖိုင်နာမည်ကို ဖရီးဂိမ်းနာမည် ပြောင်းတင်ပေးထားပါတယ်..။

TuneUp Utilities 2013

 

ဒီိကောင်လေးက ကျနော်တို့ရဲ့ကွန်ပျူတာကို အဲရာတွေနဲ့ အမှိုက်တွေရှင်းပေးနိုင်တဲ့ ၊ ကျနော်တို့ရဲ့ စက်ကို ပိုမိုမြန်ဆန်အောင် လုပ်ပေးနိုင်တဲ့ ကောင်လေးပါ..။ Registry အဲရာတွေ၊ Brocken ဖြစ်သွားတဲ့ ရှော့ကပ်တွေ၊ ဝင်းဒိုးထဲမှာရှိနေတဲ Free Space ကိုရှင်းပေးပါလိမ့်မယ်.. နောက်ပြီး Browsser တွေမှာရှိနေတတ်တဲ့ အမှိုက်တွေကိုလည်း ရှင်းပေးမှာဖြစ်တဲ့အတွက် မိမိတို့ အင်တာနက်သုံးတဲ့အခါ ပိုမိုမြန်ဆန်စေမှာပါ..။ နောက်တခုက ဟတ်ဒစ်ထဲမှာရှိနေတဲ့ ရှုပ်ပွနေတဲ့ ဖိုင်တွေကိုလည်း ပြန်လည်စီပေးပါလိမ့်မယ်.. အောက်မှာတော့ သူ့ဆိုဒ်မှာရေးထားတဲ့ အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။
TuneUp Utilities 2013. What’s new.
NEW! TuneUp Disk Cleaner 2013: the professional cleaner for your PC
NEW! TuneUp Browser Cleaner 2013: erases browser traces reliably
MORE POWERFUL! TuneUp Registry Cleaner and TuneUp Shortcut Cleaner
NEW! TuneUp Live Optimization 2.0: stops resource-hungry applications even more effectively
• Now supports Windows® 8: TuneUp Utilities 2013 works with Microsoft's brand-new Windows® 8.
• 1-Click Maintenance and Automatic Maintenance: A total of four tweaked and enhanced trace removal tools - TuneUp Disk Cleaner, TuneUp Browser Cleaner, TuneUp Registry Cleaner, and TuneUp Shortcut Cleaner - make 1-Click Maintenance and Automatic Maintenance more powerful than ever before.
• TuneUp Process Manager: The new TuneUp Process Manager displays easy-to-understand names and information on all background processes, giving you a better overview of your PC. And the special 'Heat Zone' feature highlights particularly demanding programs in colour.
ဒီကောင်လေးထဲမှာ crack ဖိုင်လေးတွေ ထည့်ပေးထားပါတယ်..။ Crack လေးတွေအားလုံးကို copy ယူပြီ သူ့ရဲ့Installဖိုဒါလေးထဲမှာ သွားထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 28.3 MB ရှိပါတယ်..။ အောက်မှာတော့ ကျနော်ပုံလေးတွေနဲ့ လုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူများ ဆက်ကြည့်ပေးပါ..။

Advanced System Care Pro 5.3.0



Advanced System Care Pro 5.3.0  နောက်ဆုံး Update လေးရလာလို့ တင်ပေးလိုက်ပါတယ်..။ သူ့အတွက် အထဲမှာ ကီးလေးပါထည့်ပေးထားပါတယ်..။ ဒီကောင်လေး လုပ်ပေးနိုင်တာတွေကတော့ Malware Removal, Registry Fix, Shortcut Fix, Privacy Sweep, Junk Files Clean စတာတွေကို ထိထိရောက်ရောက် လုပ်ပေးနိုင်ပါတယ်..။ External ကင်မရာတပ်ပြီး သုံးရတဲ့ စက်တွေမှာ တခါတလေ VZO ချက်တဲ့ အခါမျိုးတွေမှာ ကင်မရာ အလုပ်မလုပ်တာတို့ ၊ အသံထွက်တဲ့ နေရာက မိုက်ပုံမှိန်နေလို့ အသံမလာတဲ့ အခါမျိုးတွေမှာ ဒီကောင်လေးကို အလုပ်ပေးလုပ်ပြီး.. အပေါ်မှာ ရေးပြထားတဲ့ စာ၅ကြောင်း နေရာတွေမှာ No Problem ဖြစ်သွားပြီဆိုရင် စက်ကို Restart ချ ၊ ပိတ်ပြီးပြန်ဖွင့်လိုက်ရင် အသံမလာတာတို့၊ External ကင်မရာ မပေါ်တာတို့ စတဲ့ ပြဿနာတွေကို ပြန်လည် ကောင်းမွန်စေပါတယ်..။ ဒါကတော့ လက်တွေ့ လုပ်ခဲ့လို့ သိခဲ့တာလေးတွေကို ပြန်လည် မျှဝေလိုက်တာပါ..။ နောက်ထပ်ကောင်းတာတွေ အများကြီးရှိပါတယ်..။ ဒီလိုတန်ဖိုးရှိတဲ့ ဆော့ဝဲလ်လေးတွေကို အားလုံးပဲ ဆောင်ထားသင့်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်က လင့်တွေကနေသာ ဒေါင်းယူ သွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 26 MB ရှိပါတယ်..။

Advanced System Care V3.7.3


ဒီကောင်လေးကတော့ ကျနော်အမြဲသုံးဖြစ်ခဲ့တဲ့  Advanced System Care လေးပါ..။ ဗါးရှင်း အဟောင်းလေး ဆိုပေမယ့် ကောင်းလွန်းလို့ ဒီနေ့ထိ သိမ်းထားတုန်းပါ.. ကီးတွေ ပါတ်ခ်ျတွေ ဘာတခုမှ ထည့်ပေးဖို့ မလိုပါဘူး..။ Free Software လေးပါ..။ Up date အသစ်တွေလည်း အများကြီး ထွက်နေပါတယ်..။ နောက်ပိုင်းမှာတော့ Up date ထွက်တိုင်း တင်ပေးသွားမှာပါ..။ ဒါပေမယ့် Update တွေမှာ မလိုချင်တဲ့ အပို ဆော့ဝဲလ်တွေ ပါလာတတ်လို့ သိပ်မကြိုက်ပါဘူး.. ဒါကြောင့် အဟောင်းလေးကို အရင်တင်ပေးလိုက်တာပါ..။ သုံးရတာလည်း လွယ်ပါတယ်.. ဒီကောင်လေးက ဝင်းဒိုးထဲမှာရှိတဲ့ error တက်နေတဲ့ ဖိုင်တွေ ဆော့ဝဲလ်တွေကို ပြန်လည်ကောင်းမွန်စေပါတယ်..။ အရင်တုန်းက ကျနော်ကိုယ်တွေ့ ကြုံခဲ့တဲ့ error တခုကို ဒီကောင်လေးနဲ့မှ အဆင်ပြေသွားပါတယ်..။ ဘယ်လိုအဲရာလည်းဆိုတော့ ကျနော်အရင်တုန်းက သုံးတဲ့ စက်အဟောင်း တစ်လုံးမှာ မြန်မာစာရိုက်ရင် စာလုံး ၄၊၅လုံးရိုက်ပြီးတိုင်း နောက်ထပ်ရိုက်တဲ့ စာလုံးတွေက ကွက်ရှင်မတ်တွေ(???????) ဖြစ်ဖြစ် ကုန်ပါတယ်.. စက်ကို ဘယ်လိုပဲ သန့်ရှင်းရေးလုပ်လုပ် ၎င်းအဲရာက ပျောက်မသွားပါဘူး..။ နောက်တော့ ဆရာသမားဆီရောက်မှ ပြောပြတော့ ဒီဆော့ဝဲလ်လေးနဲ့ လုပ်ကြည့်ခိုင်းပါတယ်..။ ဒီကောင်လေးကို သုံးပြီး စက်ကို Restart ချပေးလိုက်ပါတယ်..။ ကျနော်ဖြစ်နေတဲ့ မြန်မာစာရိုက်လို့ ပေါ်တဲ့ ကွက်ရှင်မတ်(?????) အဲရာက လုံးဝပျောက်သွားပါတယ်..။ အဲဒီကတည်းက ဒီကောင်လေးကို ကျနော် တော်တော် သဘောကျသွားပါတယ်..။ ဒါကြောင့်လည်း ဒီနေ့ထိ သုံးနေတုန်းပါ..။ သူလုပ်ပေးနိုင်တာတွေက အများကြီးပါ..။ စာရှည်နေလို့ ဒီမှာရေးမပြတော့ ပါဘူး.. အောက်က အသုံးပြုပုံ ပြထားတဲ့ ပုံတွေမှာပဲ ဖတ်ကြည့်လိုက်ပါဗျာ.. ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 9.6 MB ရှိပါတယ်..

CCleaner v3.19 Software Free Download


CCleaner လေးကတော့ မိမိတို့ စက်ထဲက အမှိုက်တွေကို ရှင်းပေးတဲ့ နေရာမှာ အတော်လေး ကောင်းပါတယ်.. လူသုံးများတဲ့ နာမည်ရှိတဲ့ ဆော့ဝဲလ်တခုပါပဲ..။ သုံးရတာလည်း လွယ်ပါတယ်.. သုံးနည်းကို အောက်မှာ ပုံလေးနဲ့ပါ ပြထားပါတယ်.. နောက်ပြီး ကျနော်တို့ နေ့စဉ်သုံးနေတဲ့ Browser တွေဖြစ်တဲ့ Mozilla တို့ Chrome တို့ အပြင် တခြား Browser တွေကိုပါ ဒီကောင်လေးက Support လုပ်ပေးပါတယ်..။ ဒါကြောင့် အဲဒီ Browser တွေထဲမှာရှိနေတဲ့ မလိုအပ်တဲ့ အမှိုက်တွေကိုလည်း ရှင်းပေးတာဖြစ်တဲ့ အတွက် ဒီကောင်လေးကို နေ့စဉ်သုံးပေခြင်း အားဖြင့် အင်တာနက်လိုင်း တက်တာကို မြန်ဆန်စေမှာ ဖြစ်ပါတယ်..။ မနေ့ကမှ Update အသစ်ထွက်လာတာလေးကို တင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားကြပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.7 MB ရှိပါတယ်..။
Related Posts Plugin for WordPress, Blogger...