Classic Shell v3.6.2 For Windows 8 Start Menu Button



Skins for the start menu

ဒီကောင်လေးက Windows 8 မှာ Windows 7 လို Start Menu Button လေး ပေါ်အောင်လုပ်ပေးနိုင်တဲ့ ကောင်လေးပါ..။ အပေါ်ပုံမှာ ပြထားသလို ဒီဇိုင်းမျိုးစုံ သူ့ရဲ့ Setting ထဲကနေ ပြောင်းပြီး အသုံးပြုနိုင်ပါတယ်.. ဒီကောင်လေးကို Install ဆွဲထည့်ပေးလိုက်ယုံပါပဲ.. Windows 8 မှာ Start Menu လေးပေါ်နေမှာ ဖြစ်ပါတယ်..။ မနေ့က သူငယ်ချင်းတစ်ယောက်က Windows 8 တင်ထားပြီး ပြန်မပိတ်တတ်လို့ Shut Down နေရာဘယ်လိုရှာရလဲ ဆိုတာနဲ့ အောက်ကပုံလေးအတိုင်း ပြပေးလိုက်ပါတယ်.. မသိသေးတဲ့သူများလည်း Windows 8 မှာ Shut down / Sleep / Restart နေရာတွေကို အောက်ကပုံလေးအတိုင်း Setting ကနေ ဝင်ပြီးအသုံးပြုလို့ ရပါတယ်.. Windows 7 တင်တုန်းက Driver တွေပျောက်တတ်ပေမယ့် အခု Windows 8 မှာ Driver တွေ မပျောက်ပဲ အားလုံးအလုပ်လုပ်လို့ တမျိုးတော့ စိတ်ချမ်းသာရပါတယ်.. ဝင်းဒိုးတင်တဲ့ အချိန်ကလည်း Windows 7 တင်တာထက်ကို ပိုမြန်ပါတယ်.. နောက်ပြီး Startup နဲ့ Shut down မှာလည်း Windows 7 ထက်ကိုပိုပြီး သိသိသာသာမြန်ပါတယ်.. Windows 8 မှာ ဒီဇိုင်းတမျိုးပြောင်းပြီး ထုတ်ထားတာဖြစ်တဲ့ အတွက် Windows 7 လို Start Menu မပါတော့ပါဘူး.. ကျနော့်လို Start Menu လေးနဲ့ အသုံးပြုချင်တဲ့သူများအတွက် ကျနော်ရှာတွေ့ထားပြီး အသုံးပြုလို့ ရတဲ့ ကောင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 7.3 MB ရှိပါတယ်.. 




ဒီဆော့ဝဲလ်လေးကို အသုံးမပြုခင် Setting ကနေ ဝင်ပြီး Shut down / Sleep / Restart တွေကို ဝင်ရှာလို့ ရပါတယ်.. အောက်ကပုံ



ဒီကောင်လေးကို Install ဆွဲပြီးရင်တော့ ဒီကောင်လေးရဲ့ Setting ဘောက်စ်လေး ပေါ်နေမှာပါ.. မပေါ်ခဲ့ရင်တော့ အောက်ကပုံအတိုင်း Start နေရာမှာ Right Click ထောက်ပြီး Setting ကို ကလစ်လိုက်ရင် ရပါတယ်..


အေက်ကပုံတွေအတိုင်း မိမိတို့ ကြိုက်တဲ့ စတိုင်လေးတွေကို ပြောင်းပြီး အသုံးပြုနိုင်ပါတယ်.. 






ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...