Avira Free Antivirus 2013 ကတော့ ဒီ November လထဲမှာ Update ထွက်လာတဲ့ နောက်ဆုံးထွက်လေးပါ.. အရင်တုန်းကလည်း Avira Free Antivirus 2012 တင်ပေးခဲ့ ဖူးပါတယ်.. အဲ့ဒီပိုစ့်မှာ ဒီကောင်လေးကို အသေးစိတ် အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ လုပ်ပြပေးခဲ့ပြီးပါပြီ.. ဒီဆော့ဝဲလ်ကို အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ဒီနေရာကနေ ပြန်သွားကြည့်နိုင်ပါတယ်.. အသုံးပြုနည်း အတူတူပါပဲ.. ဒီပိုစ့်မှာလည်း Update လုပ်ရမယ့် နေရာနဲ့ Scan လုပ်ရမယ့်နေရာတွေကို အရင်ပိုစ့်က ပုံတွေအတိုင်း ပြန်လည်ဖေါ်ပြ ပေးထားပါတယ်.. ဒီိကောင်လေးကတော့ လူကြိုက်များတဲ့ နာမည်ကြီး Antivirus တခုပါပဲ..။ ဒီဗါးရှင်းကတော့ Free Version လေးပါ.. နောက်ပိုင်း Premium Version တွေ ရလာခဲ့ရင် ထပ်တင်ပေးပါအုန်းမယ်.. အခုတော့ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 101 MB.. မူရင်းလင့်ကနေပဲ ဒေါင်းလို့အဆင်ပြေအောင် လင့်ပြန်ချိတ်ပေးထားပါတယ်..။
Photoshine v4.2.0 (ဓါတ်ပုံတွေကို ဘက်ဂရောင်း လှလှလေးတွေနဲ့ ဒီဇီုင်းမျိုးစုံ ဖန်တီးရအောင်)
25 Nov 12, 06:13 PM
ဇော်ဇော်: နောက်ပြီး photoshine software ကလေးကီးမမှန်ဘူး ဖြစ်နေတယ် သူနဲ့ အဆင်ပြေမဲ့ကီးလေးပြန်တင်ပေးနော်
ဇော်ဇော်: နောက်ပြီး photoshine software ကလေးကီးမမှန်ဘူး ဖြစ်နေတယ် သူနဲ့ အဆင်ပြေမဲ့ကီးလေးပြန်တင်ပေးနော်
ဒီိဆော့ဝဲလ်အတွက် Key တွေကို အရင်တုန်းကလည်း ခဏခဏ ရှာဖူးပါတယ်.. ရလာတဲ့ Key တွေက အဆင်မပြေပါဘူး.. ဒီနေ့တော့ ဒီကောင်လေးကို ပြန်ရှာတော့ သူ့အတွက် patch နဲ့ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုလို့ ရမယ့်ကောင်လေး ရလာပါတယ်..။ ကျနော်စမ်းကြည့်တော့ အဆင်ပြေတာနဲ့ ဒီ Photoshine ဆော့ဝဲလ်ကို patch ဖိုင်နဲ့အတူ တင်ပေးလိုက်ပါတယ်.. မိမိတို့ရဲ့ ပုံလေးတွေကို နောက်ခံဒီဇိုင်းမျိုးစုံနဲ့ ဖန်တီးချင်တဲ့သူများအတွက် ဒီိကောင်လေးက လူတိုင်းကြိုက်လို ဖြစ်နေပါတယ်..။ သူ့ထဲမှာ ထည့်ပေးထားတဲ့ Patch နဲ့ဖူးဖြစ်အောင် လုပ်နည်းကို အရင်ပိုစ့်တွေမှာလည်း လုပ်ပြပေးခဲ့ပြီးပါပြီ.. ဒီပိုစ့်မှာတော့ Patch ဖိုင်ထည့်နည်းက အရင်ပိုစ့်တွေနဲ့ အတူတူပဲဆိုပေမယ့် နည်းနည်းလေး ပိုလာလို့ ကျနော်ပုံလေးတွေနဲ့ ပြန်ပြပေးလိုက်ပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 29.8 MB ရှိပါတယ်..
Hiren's Boot CD 15.2
ဒီကောင်လေးကို အစ်ကိုတစ်ယောက် အရင်တုန်းက တောင်းထားဖူးပါတယ်.. ကျန်ခဲ့တဲ့ ရက်က ကျနော်စမ်းကြည့်ရင် အဆင်ပြေတာလေးမို့ ပြန်တင်ပေးလိုက်ပါတယ်.. နောက်ဆုံးထွက် Update အသစ်လေးပါ.. ဖိုင်ဆိုဒ်တော့ နည်းနည်းများတဲ့ အတွက် မူရင်းဆိုဒ်ကပဲ ဒါရိုက်လင့်နဲ့ ချိတ်ပေးထားပါတယ်..။ ဒီကောင်လေးရဲ့ အသုံးဝင်တာတာတွေကတော့ အများကြီးပါပဲ.. မိမိတို့စက်မှာ Password ပေးထားပြီး မမှတ်မိတော့လို့ ပြန်ဖွင့်မရတာ.. အဲ့ဒီအတွက် Windows Password ဖြုတ်တာ၊ Data Recovery လို့ခေါ်တဲ့ ပျက်သွားတဲ့ ဝင်းဒိုးထဲက Data တွေကို ပြန်ယူတာ.. စသဖြင့် ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်.. အသုံးပြုပုံကို အောက်မှာ Video ဖိုင်လေးတွေ ချိတ်ပေးထားပါတယ်.. စက်ပိတ်ပြီး လုပ်ရမှာ ဖြစ်တဲ့အတွက် ပုံတွေနဲ့ လုပ်ပြဖို့ အဆင်မပြေပါဘူး.. ဒီဖိုင်ကို အခွေကူးတာကိုတော့ အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်.. အခွေကူးဖို့ CD အသစ်တချပ်လိုပါတယ်.. ဒီကောင်လေးရဲ့ အညွှန်းကို English ဆိုဒ်တွေမှာ ရေးထားတဲ့အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။
Hiren's BootCD - All in one Dos Bootable CD roomates has all these utilities: Antivirus Tools, archivers, Backup Tools, BIOS / CMOS Tools, Browsers / File Managers, Cleaners, Editors / Viewers, filesystems Tools, Hard Disk Tools, MBR (Master Boot Record) Tools, Ms Dos Tools, Network Tools, Optimizers, Partition Tools, Password Tools, Process Tools, Recovery Tools, Registry Tools, Remote Control Tools, Security / Encryption Tools, Startup Tools, System Information Tools, Testing Tools, tweakers, etc .
လိုအပ်တဲ့သူများးကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 592 MB ရှိပါတယ်..
လိုအပ်တဲ့သူများးကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 592 MB ရှိပါတယ်..
Power Point Viewer 12.0.4518
ဒါကတော့ မိတ်ဆွေတစ်ယောက်ဆီက ပို့လာတဲ့ ပုံတွေကို ဖွင့်ကြည့်ဖို့ လိုက်ရှာရင်း ရလာတဲ့ Power Point Viewer လေးပါ.. ကျနော့်စက်မှာ ကျန်ခဲ့တဲ့တပါတ် ဝင်းဒိုးပြန်တင်ပြီးကတည်းက Microsoft Office တခုမှ မထည့်ရသေးပါဘူး.. ဒါကြောင့်ဒီ Power Point နဲ့လုပ်ထားတဲ့ ပုံတွေကို ဖွင့်ကြည့်လို့ မရတဲ့အတွက် ဒီ Power Point Viewer လေးထည့်မှ ပုံတွေကို အလွယ်တကူ ကြည့်လို့ရသွားပါတယ်.. Power Point နဲ့ လုပ်ထားတဲ့ ပုံတွေရဲ့ ပုံဖေါ်မတ်က PPTX File ဆိုပြီး ပုံရဲ့ဖ်ါမတ်ကို ပြထားပါတယ်.. မိမိတို့ စက်ထဲမှာ Microsoft Office တခုမှ ထည့်မထားရသေးရင်တော့ ဒီလိုဖိုင်ဖေါ်မတ်ကို ဖွင့်ကြည့်လို့ မရနိုင်ပါဘူး.. Microsoft Office ကဖိုင်ဆိုဒ်ကြီးလို့ပဲ ဖြစ်ဖြစ် ၊ အလွယ်တကူ ရှာမရလို့ပဲ ဖြစ်ဖြစ် အခက်ခဲကြုံနေရင်တော့ ဒီ Power Point Viewer လေးကို ဆောင်ထားလိုက်ပါ.. အဆင်ပြေသွားပါလိမ့်မယ်..။ ဒီကောင်လေးကို Install ထည့်ပေးလိုက်ယုံပါပဲ.. Power Point ဖေါ်မတ်နဲ့ ဖန်တီးထားတဲ့ PPTX File ဖေါ်မတ် ပုံတွေကို အလွယ်တကူ ဖွင့်ကြည့်လို့ ရသွားပါလိမ့်မယ်.. အောက်မှာလည်း ပုံ၂ခုယှဉ်ပြထားပါတယ်.. Power Point Viewer မထည့်ရသေးခင်ကပုံနဲ့ ထည့်ပြီးမှ ပေါ်လာတဲ့ပုံ ၂ခုကို တွဲပြထားပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 25.4 MB ရှိပါတယ်..
Cyberlink Powerdirector 9.00.2330
21 Nov 12, 06:14 PM
ဇော်ဇော်: cyberlink powerdirector 9.0 software လေးလိုချင်လို့ အကိုဆိုဒ်မှာတင်ပေးထားပေမဲ့ ဒေါင်းမရဘူး
ဇော်ဇော်: cyberlink powerdirector 9.0 software လေးလိုချင်လို့ အကိုဆိုဒ်မှာတင်ပေးထားပေမဲ့ ဒေါင်းမရဘူး
25 Nov 12, 06:12 PM
ဇော်ဇော်: အကိုအားရင် powerdirector videoediting software လေးပြန်တင်ပေးပါလားအကိုရေ
ဇော်ဇော်: အကိုအားရင် powerdirector videoediting software လေးပြန်တင်ပေးပါလားအကိုရေ
Powerdirector 9 Video Editing ဆော့ဝဲလ်ကို ပြန်တင်ပေးလိုက်ပါပြီ.. အပိုင်းအားလုံး ၇ပိုင်း ခွဲပြီး တင်ပေးထားပါတယ်.. ဖိုင်ဖြည်ရင်တော့ New Folder တခုဖွင့်ပြီး အပိုင်းအားလုံးကိုထည့် ပြီးရင် အပိုင်းတစ်ကနေ ဖြည်ချလိုက်ရင် ကျန်တဲ့အပိုင်းတွေပါ ပြည်သွားပါလိမ့်မယ်. အောက်မှာလည်း လုပ်တတ်အောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. လိုအပ်တဲ့သူများကတော့ တခါတည်း ဒေါင်းယူထားလိုက်ပါဗျာ.. နောက်တခါပြန်တင်ပေးဖို့ မလွယ်လို့ပါ.. ဒီဖိုင်တွေအားလုံးကို ရတဲ့အချိန်လေးမှာ တင်ပေးထားတာဖြစ်လို့ ၃ရက်လောက် အချိန်ပေးရပါတယ်..
အခုတလော ဖိုင်တင်ရတာ အတော်လေး အဆင်ပြေတာကတော့ Rapidshare ဆိုဒ်ပါပဲ.. အရင်တင်နေကျ ဆိုဒ်တွေက ဖိုင်ဆိုဒ်ကြီးရင် သိပ်အဆင်မပြေတော့ဘူး.. ဒါကြောင့် ဒီဖိုင်တွေအားလုံးကို Rapishare မှာပဲ တင်ပေးလိုက်ပါတယ်.. သူ့ရဲ့ဆိုဒ်ကို Update လုပ်ထားတာဖြစ်လို့ ဒေါင်းရတာလည်း အရင်ကထက်ပို အဆင်ပြေပါတယ်.. ဖိုင်တင်ရတာလည်း ပိုကောင်းသွားတယ်.. တောင်းထားတဲ့ Photoshop တွေကိုလည်း အဲ့ဒီဆိုဒ်မှာပဲ တင်ပေးဖြစ်တော့မယ် ထင်ပါတယ်.. အခုဒီ Cyberlink Powerdirector 9 Video Editing ဆော့ဝဲလ်ကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ အပိုင်းတပိုင်းကို 100 MB စီခွဲပြီး ၇ပိုင်းတင်ပေးထားပါတယ်..။ ဒီဆော့ဝဲအသုံးပြုပုံကို စာအုပ်လေးတင်ပေးထား ရှိပါတယ်.. ဒီလင့်ကနေ ဝင်ယူလိုက်ပါ..။
Xilisoft Video Converter Ultimate v7.6.0 build 20121027
23 Nov 12, 10:14 PM
Hein Htet: အစ်ကိုရေ Defraggler key လေး နဲ့ software များအတွက် Keys လေးလိုချင်လို့
Hein Htet: အစ်ကိုရေ Defraggler key လေး နဲ့ software များအတွက် Keys လေးလိုချင်လို့
23 Nov 12, 03:28 PM
Hein Htet: အစ်ကို ရေ xillisoft video ultimate Key လေးပေးပါ
Hein Htet: အစ်ကို ရေ xillisoft video ultimate Key လေးပေးပါ
Defraggler ဆော့ဝဲလ်ကိုတော့ နောက်ရက်တွေ အဆင်ပြေတဲ့အခါ တင်ပေးထားပါမယ်..။ အခု ဒီဆော့ဝဲလ်ကို Key သက်သက်မပေးတော့ပဲ ဆော့ဝဲလ်နဲ့ အသုံးပြုပုံပါ တွဲတင်ပေးလိုက်တာ ဖြစ်တဲ့အတွက် တခြားလိုအပ်တဲ့သူများလည်း အသုံးပြုရ အဆင်ပြေသွားပါလိမ့်မယ်.. ဒီကောင်လေးရဲ့ အသုံးပြုပုံက Any Video Converter နဲ့တူပါတယ်.. ဒီကောင်လေးမှာက ပိုပြီး Format စုံတာ တွေ့ရပါတယ်.. Apple ကထုတ်တဲ့ Iphone, Ipad, Tablet မျိုးစုံ၊ Android ဖုန်းတွေအတွက် ဖေါ်မတ်မျိုးစုံ၊ Windows Phone, Black Berry, Mobile Phone ဖေါ်မတ်မျိုးစုံ ပြောပြလို့တောင် ကုန်မှာမဟုတ်တော့ပါဘူး.. ဒီကောင်လေး တခုရှိနေယုံနဲပ ဖေါ်မတ်အားလုံးနီးပါး ပြောင်းပေးလို့ ရပါတယ်.. အောက်မှာ ကျနော်သီချင်းတပုဒ်ကို နမူနာလုပ်ပြထားပါတယ်.. သူ့ရဲ့အညွှန်းအတိုင်း လုပ်ပြပေးထားတာပါ.. အသုံးပြုရတာလည်း လွယ်လို့ အားလုံးကြိုက်ကြမယ်လို့ ထင်ပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 35.1 MB ရှိပါတယ်..
TeamViewer 8 Beta and TeamViewer 7 Portable
ဒီ TeamViewer ဗါးရှင်း၂ခုက ဒီလထဲမှာမှ ရှေ့ဆင့်နောက်ဆင့် အသစ်ထွက်လာတဲ့ နောက်ဆုံးထွက် Version တွေပါ.. ဒီဗါးရှင်း၂ခုစလုံးကို မိမိတို့စက်ထဲ ထည့်ပြီး တန်းသုံးယုံပါပဲ.. Free ပေးသုံးတဲ့ ကောင်လေးတွေပါ.. အရင်တုန်းက တင်ပေးခဲ့တဲ့ TeamViewer Enterprise 7.0.14563 က ဖရီးမဟုတ်တဲ့အတွက် crack နဲ့ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုကြရတာပါ.. crack တွေ patch တွေ မထည့်တတ်တဲ့သူများအတွက် ဒီလို Free Version တွေကလည်း အသုံးဝင်လှပါတယ်.. မိမိတို့ကွန်ပျူတာကနေ တခြားကွန်ပျူတာတလုံးကို အင်တာနက်ကနေ လှမ်းကြည့်ပေး၊ ပြင်ပေးလို့ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ ဒီဗါးရှင်းမှာ ကျနော် တော်တော်များများ စမ်းသုံးမိပါတယ်.. အများကြီးအသုံးပြုလို့ ရတဲ့အတွက် အရင်ကထက် ပိုသဘောကျမိပါတယ်.. အောက်မှာ ကျနော် အသုံးပြုထားတာတွေကတော့ Chat Room တွေပါ ပါတယ်.. စာရိုက်လို့ရမယ် (မြန်မာလို မရသေးပါ) ၊ Voice Call ရတယ်၊ Video Call လည်းရတယ်.. နောက်တခုက ဟိုဘက်ကစက်ကို မိမိစက်ကနေ Restart ချပြီး Safe Mode ထဲထိ ဝင်ပြီး လိုက်လုပ်ပေးလို့ ရပါသေးတယ်.. အောက်မှာ ကျနော်အသုံးပြုပြထားပါတယ်.. ဒါပေမယ့် တခု သတိပြုရမှာက ဒီကောင်လေးကို Install ထည့်ခါနီး၊ ဖိုင်ဖြည်တဲ့ အခါတွေနဲ့ ဒီကောင်လေးကို အသုံးပြုတော့မယ့်အချိန်တွေမှာ မိမိတို့စက်ထဲမှာ ရှိတဲ့ Antivirus Programs တွေကို လုံးဝပိတ်ပေးထားရပါမယ်.. နောက်ပြီး မိမိတို့ စက်ရဲ့ Windows FireWall ကိုလည်း ပိတ်ပေးထားရပါမယ်.. အဲ့ဒီကောင်တွေ ပိတ်ထားပြီးမှ ဒီဆော့ဝဲလ်ကို ကောင်းကောင်းအသုံးပြုလို့ ရမှာ ဖြစ်ပါတယ်.. အဲ့လိုမှ မဟုတ်ရင်တော့ ဆော့ဝဲလ်ကို ဖိုင်ဖြည်လိုက်တာနဲ့ Antivirus က ဒီဆော့ဝဲလ်ကို ဗိုင်းရပ်စ်ဆိုပြီး မှားဖျက်ပါလိမ့်မယ်.. အသုံးပြုတဲ့အခါမှာလည်း Antivirus က ခဏခဏပိတ်ပစ်မှာမို့ ၁၀ မိနစ်တခါလောက် Connection ပြတ်ကျနေပါလိမ့်မယ်.. နောက်ပြီး FireWall ကလည်း အင်တာနက်ကနေ ဒီဆော့ဝဲလ်လှမ်းချိတ်တဲ့အခါမှာ လက်မခံတဲ့အတွက် ချိတ်လို့မရ ဖြစ်နေပါလိမ့်မယ်.. ဒီဆော့ဝဲလ်ရဲ့ ဖွဲ့စည်းပုံက ဟတ်ကာဆော့ဝဲလ်တွေနဲ့ တူနေလို့ Antivirus တို့ Windows FireWall တို့က ဗိုင်းရပ်စ်ထင်ပြီး ဖျက်ပစ်တာတို့ ၊ အသုံးပြုတာကို လက်မခံတာတို့ ပြုလုပ်နေခြင်းပဲ ဖြစ်ပါတယ်.. အဲ့လိုမျိုး ကြုံရပါလိမ့်မယ်.. ဒါကြောင့် ဒီ TeamViewer ဆော့ဝဲလ်ကို အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး Antivirus ပရိုဂရမ်နဲ့ Windows FireWall ကို ပိတ်ထားပြီးမှ အသုံးပြုပါ.. အဲ့လိုဆိုရင် ဒီဆော့ဝဲလ်ကို ကောင်းကောင်းမွန်မွန် အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ..
Wise Folder Hider 1.2.9
ဒီကောင်လေးကတော့ Folder တွေ File တွေနဲ့ USB Drive တွေကို Password နဲ့ လော့ချပြီး သိမ်းထား ၊ ဝှက်ထားလို့ ရတဲ့ ကောင်လေးပါ.. Free ဆော့ဝဲလ်လေးရလာလို့ ဖိုင်ဆိုဒ်လည်း သေးတဲ့ အတွက် ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုလို့ ကောင်းတဲ့ ဆော့ဝဲလ်လေးမို့ တင်ပေးလိုက်ပါတယ်.. အရင်တုန်း တင်ပေးထားပြီးသား Folder Lock 7.0.6 လည်း အသုံးပြုလို့ ရပါတယ်..။ ဒီကောင်လေးက ဖရီးလေးမို့ ထပ်တင်ပေးလိုက်တာပါ.. အောက်မှာ အသုံးပြုပုံကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 1.6 MB ရှိပါတယ်..
Subscribe to:
Posts (RSS)




